Codeigniter
How to change CI's config value?
Saturday, 25 September 2010 20:51
ကျွန်တော် ဒီ Post ကတော့ CI Tutorial တစ်ခုမဟုတ်ပေမယ့် Coding ရေးရင်းတွေ့တဲ့ အကြောင်းအရာလေး တစ်ခုကို ပြောပြပါမယ်။ ဒီလိုပါ CI ရဲ့ application\config\config.php မှာ configuration value တွေသိမ်းတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ တစ်ချို့ setting တွေက True ဖြစ်ဖို့ လိုအပ်သလိုနေပေမယ့် တစ်ချို့ Plugin တွေသုံးလိုက်တဲ့ အခါ FALSE ဖြစ်မှ အလုပ်လုပ်ကြတယ်။
ဥပမာ အနေနဲ့ ကတော့
$config['enable_query_strings'] = FALSE; အဲဒီ value က Default အနေနဲ့က FALSE ဖြစ်ပါတယ်။ Project Requirement အရ AJAX ကိုပေါင်းထည့်လိုက်တော့ TRUE လို့ပြင်ပေးမှ အလုပ်လုပ်တယ်ဗျာ။ ဒါပေမယ့် အဲဒီလိုပြင်ပေးလိုက်တဲ့ အကျိုးသက်ရောက်မှုက CI Pagination မှာသွားဖြစ်တာကိုတွေ့ ရတယ်။ အဲ
ဒီတော့ လုပ်နိုင်တာက Pagination Code တွေကို ပြင်ရင်ပြင် မဟုတ်ရင်တော့ configuration value တွေကို လိုအပ်သလို ကစားပေးဖို့ပဲ ဖြစ်ပါတယ်။ configuration value တွေကို ပြင်ပေးတဲ့ နည်းကပိုလွယ်ပြီး အလုပ်ရှုပ် သက်သာစေပါတယ်။ ဒါကြောင့် အဲဒီ value တွေကို ပြင်ချင်တယ်၊ controller (or) views files တွေထဲကနေ override လုပ်ချင်တယ်ဆိုရင်တော့ $this->config->set_item('enable_query_strings', 'FALSE');
//your code here
//after finish your code, you need to reset value for other stuff
$this->config->set_item('enable_query_strings', 'TRUE');
အဲလိုမျိုးလေးပြောင်း config value တွေကို လိုအပ်ရင် ပြောင်းပေးလို့ ရတယ်ဗျာ။ ဒီတစ်ပတ်တော့ CI Post အသစ်ရေးနိုင်မယ် မထင်တော့ဘူး။ ခုထိရုံး အလုပ်မပြီးလို့လုပ်ပေးနေရတယ်။
ဒါကြောင့် အသစ် မရေး ဘူးလားလို့ မေးတဲ့သူတွေကို ကျွန်တော်တောင်းပန်ပါတယ်ဗျာ။
Experience ရှိလာရင် MVC ကိုပြောင်းသင့် မပြောင်းသင့် ?
Saturday, 18 September 2010 19:32
ကျွန်တော် ဒီ Post ကတော့ MVC တွေကို ဘာကြောင့် ပြောင်းသုံးသင့် သလဲ ဆိုတာကို Programmer ရဲ့ ရှုတောင့် တစ်ခုထဲကနေ ကြည့်ပြီး ပြောင်းသင့် မပြောင်းသင့် ဆိုတာလေးကို ရေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Pure PHP Script တွေရေးနေရာ ကနေ MVC ကိုပြောင်းချင်တယ် ဆိုပြီး မေးတဲ့ သူတွေကိုလဲ ဒီ POST လေးကိုပဲ ဖတ်စေချင်ပါတယ်။ ကျန်တဲ့ Technical Point of View တွေမပါပဲ Programmer Point of View ကနေပဲ ရေးထားတာဖြေစ်ပါတယ်။ ကျွန်တော် CodeIgniter Post တွေမစခင်တုန်းက MVC အကြောင်းလေး ဒီမှာပြော ထားတာတော့ ရှိပါတယ်။
ကျွန်တော်တို့ PHP စပြီးရေးခါစက ဒါမျိုး Coding လေးတွေကို ရေးခဲ့ကြတာ မှတ်မိမယ် ထင်ပါတယ်။ <?php include_once “db.php”;
$sql = “select * from pages where status=’live’ and type=’home’ limit 1”;
$result = mysql_query($sql);
while($data = mysql_fetch_object($result)){
$title = $data->title;
$css = $data->css;
$bodycopy = $data->bodycopy;
$kw = $data->keywords;
$desc = $data->description;
} ?>
<html>
<head>
<title><?php echo $title; ?></title>
<link href=”<?php echo $css; ?>” rel=”stylesheet” type=”text/css”/>
<meta name=”keywords” value=”<?php echo $kw;?>”/>
<meta name=”description” value=”<?php echo $desc?>”/>
</head>
<body>
<?php include_once “topnav.php”;?>
<div id=”wrapper”>
<h1><?php echo $title;?></h1>
<p><?php echo nl2br($bodycopy);?></p>
</div>
<?php include_once “footer.php”;?>
</body>
</html>
အဲလိုရေးလို့ မှားလား ဆိုရင် မမှားပါဘူးဗျာ။ ဒါအပြင် ကျွန်တော်တို့ Project မှာ လိုအပ်တဲ့ CSS, JS, Images လေးတွေ ထည့်ပေး လိုက်မယ် ဆိုရင်ပဲ Running Stable ကိုရောက်သွားပြီး Client ကိုပြမယ်။ Client ကလည်း သူလိုချင်တဲ့ Design လေးနဲ့ Functionality လေးရမယ် ဆိုရင် Client လည်း ပျော်သည် ပျော်သည်။ Programmer လည်း ပျော်သည် ပျော်သည်ပေါ့။

အင်း..... ဒီလိုနဲ့ပဲ ၆လ လောက်ကြာတော့ Client က သူ့ Business ပေါ်မူတည်ပြီး Database ထဲမှာ Fields အသစ်လေးတွေ ထည့်ချင်လာတယ်။ ပြီးတော့ Design လေးကိုလည်း နဲနဲလေး ပြောင်းချင်တယ်လို့ ပြောပါပြီ။ Programmer ကလည်း ဒီ Project ပြီးလို့ နောက် Projects တွေဆက်လုပ် နေတုန်းClient request အရ သူ့ Project ကိုပြန်ကြည့်လိုက်တော့ အဆင်မပြေတာတွေကို တွေ့ရပါပြီ။ Field တိုးလို့ SQL ကိုပြောင်းမယ် ဆိုတော့ Design Stuff တွေနဲ့ ရောနေ၊ ဒီလိုပဲ Design ကိုပြောင်းမယ် ဆိုတော့လည်း Database accessing PHP Code တွေနဲ့ ရောနေတာ ကိုတွေ့ ရပြန်ပေါ့။
Programmer ကလည်း လက်ရှိ အလုပ်တွေက တစ်မျိုး ဒီ Project ကို enhancement လုပ်ရမှာ တစ်မျိုးနဲ့ စဉ်းစား ခေါင်းရှုပ်နေတုန်း Client က ထပ်ပြောပါပြီ။ Record မှားဖြတ်မိလို့ Home Page မှာ Error တက်နေ ပြီးတဲ့ အမြန်ပြင်ပေးပါတဲ့။ ပြန်ကြည့် လိုက်တော့ Database ထဲက ဖတ်တဲ့ နေရာမှာ Error Handling လုပ်မ ထားလို့ ဖြစ်တာကို သိလိုက်ပါတယ်။

Programmer လည်း ခေါင်းကျိန်းနေပြီး Quick Fix နည်းလမ်းလေးတွေကို လိုက်ရှာရင်း ဒီလိုလေး ပြောင်းဖို့ စဉ်းစားလိုက်တယ်ဗျာ။ <?php <?php
function fetchHomePage(){
$sql = “select * from pages where status=’live’ and type=’home’ limit 1”;
$result = mysql_query($sql);
while($data = mysql_fetch_object($result)){
$hp[‘title’] = $data->title;
$hp[‘css’] = $data->css;
$hp[‘bodycopy’] = $data->bodycopy;
$hp[‘kw’] = $data->keywords;
$hp[‘desc’] = $data->description;
}
if (count($hp)){
return $hp;
}else{
$hp[‘title’] = “Welcome to our web site!”;
$hp[‘css’] = “default.css”;
$hp[‘bodycopy’] = “This is our web site!”;
$hp[‘kw’] = “welcome”;
$hp[‘desc’] = “our cool site”;
return $hp;
}
} ?>
include_once “db.php”;
include_once “functions.php”;
$home = fetchHomePage();
?>
<html>
<head>
<title><?php echo $home[‘title’]; ?></title>
<link href=”<?php echo $home[‘css’]; ?>” rel=”stylesheet” type=”text/css”/>
<meta name=”keywords” value=”<?php echo $home[‘kw’];?>”/>
<meta name=”description” value=”<?php echo $home[‘desc’]?>”/>
</head>
<body>
<?php include_once “topnav.php”;?>
<div id=”wrapper”>
<h1><?php echo $home[‘title’];?></h1>
<p><?php echo nl2br($home[‘bodycopy’]);?></p>
</div> <?php include_once “footer.php”;?>
</body>
</html>
ဒီ အဆင့်မှာ ဆိုရင်တော့ Database Function တွေအတွက် function.php ကိုခွဲထုတ်ထား သလို Layout Design အရလည်း topnav.php နဲ့ footer.php စသည်ဖြင့် ပိုပြီး Flexible ဖြစ်ကာ အမှားခံနိုင် အောင်လည်း ပြင်လိုက်ပါပြီ။ Folder Structure လေးတွေကိုလည်း သေသေချာလုပ်ပေး လိုက်မယ်ဆိုရင် ဒီအဆင့်ဟာ တကယ်ကိုသပ်ရပ်တဲ့ Coding Standard တစ်ခုကို ရသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။
![]()
ဒီလိုနဲ့ Client လိုချင်တဲ့ အတိုင်းလေး ရသွားပြန်လို့ Version Upgrade လုပ်ပြီး Site ကို launch လုပ်လိုက်ပြန်သော်လည်း Programmer စဉ်းစားမိနေတာက နောက်တစ်ခါ requirement အသစ်တွေနဲ့ သူ့ Site ကိုထပ်ပြင်ချင်တယ် ဆိုရင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပဲဖြစ်ပါတယ်။ ဒီ Version လေးကလည်း တော်တော်တန်တန် ခရီးရောက်လာချိန်၊ Site ကို User တွေကလည်း ဝင်လာ Site Traffic ကလည်းတတ်လာ နေပြီးဖြစ်တော့ Client ကလည်း User တွေအသုံးဝင်မယ့် တခြား Features တွေကို စဉ်းစားမိလာပြန်တယ်။
ဒီတစ်ကြိမ် သူလုပ်ချင်တာတွေက ပြောမယ်ဆိုရင် Render Calendar View တွေ, RSS Feedsတွေ၊Record အရမ်းများတဲ့ Page တွေမှာ Pagination၊ URL တွေကိုလည်း User Friendly ပြောင်းချင်၊ languages ကိုလည်း နှစ်ခုလောက်ထားချင် စသည် ... စသည်ဖြင့်ပေါ့။
Programmer ကလည်း အရင်ထဲက သူတွေးထားတဲ့ အတိုင်း Client ကပြောင်းချင် ပြန်ပြီဆိုတော့ Brain Storming ထပ်လုပ်ရပြီပြန်ပြီ။ Programmer ဆုပ်ကိုင်ထားတဲ့ ခံယူချက်က Where there's a will there's a way ပေါ့။

Time Line ကကပ်နေတော့ Feature တွေကို အစနေလဲမ ရေးချင်၊ သူများ ရေးထားပြီးသား Coding တွေကို ဟိုတစ်စ ဒီတစ်စ လိုက်ပေါင်းထည့်ရင်လဲ Coding Standard ကိုစဉ်းစား ရတဲ့ အပြင် Security Issue တွေကိုလည်း ထည့်တွက်ရပါတယ်။ Googling လုပ်ရင်း MVC Pattern Framework တွေကိုတွေ့ လာပြီး Client Requirements နဲ့ ချင့်ချိန်ပြီး သုံးသင့်မသုံးသင့်ကို စဉ်းစားတော့ Framework တွေမှာ Client လိုချင်တဲ့ Feature တွေကို support လုပ်တဲ့ Library တွေ၊ helper တွေပါနေပါတယ်။ Programmer လည်း Framework တွေရဲ့ tutorial တွေကိုကြည့် Wiki တွေကို overall ဖတ်ကြည့်ပြီး လုပ်နိုင်မယ် ဆိုတဲ့ confidence ရှိလာပါပြီ။ Project ကြီးလာလို့ Team နဲ့ ဝိုင်းရေးရင်လည်း Coding Structure ကို အလွယ်တကူ ထိန်းလို့လဲ ရနိုင်ပါတယ်။ ဒါအပြင် နာမည်ကြီး Framework တွေရဲ long term support နဲ့ community တွေကိုလည်း ရိပ်စားမိလာပါတယ်။ နောက်ဆုံးတာ့ Next Phrase Enhancement တွေကိုTime Line အတိုင်း လုပ်နိုင်မယ် ဖြစ်ကြောင်း Client ကို Reply ပြန်လိုက် ပါတော့တယ်။
ကဲ .... ဒီလောက်ဆိုရင်တော့ Pure PHP ကနေ experience ရှိလာပြီး ဆိုရင် MVC ကိုပြောင်းလဲ ရေးသင့် မရေးသင့် ဆိုတာကို Programmer Point of View ကနေ ကြည့်ပြီး တစ်စုံတစ်ခု ရသွားမယ် ဆိုရင်း ရေးရကြိုးနပ်ပါပြီဗျာ။
(မှတ်ချက်။ ။ ကျွန်တော် ပြောသော MVC Framework ဆိုသည်မှာ CodeIgniter ကိုပြောချင်တာ မဟုတ်ပါ။ ကိုယ့်နဲ့ သင့်တော်မှာကိုရွေးချယ်ကာ သုံးကြည့်နိုင်ပါတယ်။ ကျွန်တော် အတွက်တော့ CI ဟာ So Far So Good! ပါပဲ။ Framework တွေရဲ့ List တွေကို အောက်မှာ ကြည့်နိုင်ပါတယ်။ )

Sorting Tabular Data in CodeIgniter
Saturday, 11 September 2010 15:24
ကျွန်တော် CI Project မှာ Table Column တွေကို Click လိုက်ရင် Sort လုပ်ပေးတဲ့ Sortable Feature လေးကို ထည့်ချင်လို့ လိုက်ရှာနေရင်း အဆင်ပြေချင်တော့ Nettuts မှာ CI Series Day-16 ထွက်လာတယ်။ အဲဒီ Tutorial လေးက တော်တော်လေး ရိုးရှင်းပြီး အထောက်အကူပြုတာကြောင့် ပြန်လည်မျှဝေ လိုက်ပါတယ်။ အရင်ဆုံး အနေနဲ့ Pagination Concept ကိုတော့ သိထားဖို့ လိုပြီး မသိသေးရင်လည်း ဒီမှာ ကျွန်တော်ရေးထားတာ ရှိပါတယ်။ ဒါကြောင့် ဒီ Post မှာ Pagination အကြောင်းတွေကို ပြန်မရှင်းတော့ပဲ Sorting လုပ်တာကိုပဲ အဓိကထားပြောပါမယ်။ ဒီ Post ကိုစမ်းကြည့်ဖို့ Dummy Data လိုအပ်တဲ့ Data တွေကို ဒီမှာ Download ရယူနိုင်ပါတယ်။ တကယ်လို့များ အဲဒီ link မှာအဆင်မပြေရင်တော့ comment ပေးထားနိုင်ပါတယ်။ အဲဒီ Dummy Data မရှိပဲ စမ်းလို့ မရတာကြောင့် ဖြစ်လို့ အဲဒီ unzip လုပ်ပြီးတဲ့ အခါ sakila-data.sql နဲ့ sakila-schema.sql တွေကို sakila database ထဲကို ထည့်ပေးဖို့ လိုတယ်ဗျာ။ အဲဒီ Database ထဲက တကယ်သုံးမှာကတော့ film_list ဆိုတဲ့ table တစ်ခုထဲပဲ ဖြစ်ပါတယ်။ Dummy Data ရပြီးရင်တော့ Configuration ကိုတော့ သင့်တော်သလို ပြင်လိုက်ပါ။ <?php $data['fields'] = array(
1) Creating Controller
ထုံးစံအတိုင်း file name ကိုတော့ film.php လို့ပေးပြီး Film ဆိုတဲ့ Controller တစ်ခု အရင်ဆောက်လိုက်ပါမယ်။ အဲဒီ Controller ထဲမှာ display ဆိုတဲ့ function လေးတစ်ခုရှိမယ်ဗျာ။
class Films extends Controller {
function display($sort_by = 'title', $sort_order = 'asc', $offset = 0) {
$limit = 20;
$data['fields'] = array(
'FID' => 'ID',
'title' => 'Title',
'category' => 'Category',
'length' => 'Length',
'rating' => 'Rating',
'price' => 'Price'
);
$this->load->model('Film_model');
$results = $this->Film_model->search($limit, $offset, $sort_by, $sort_order);
$data['films'] = $results['rows'];
$data['num_results'] = $results['num_rows'];
// pagination
$this->load->library('pagination');
$config = array();
$config['base_url'] = site_url("index.php/films/display/$sort_by/$sort_order");
$config['total_rows'] = $data['num_results'];
$config['per_page'] = $limit;
$config['uri_segment'] = 5;
$this->pagination->initialize($config);
$data['pagination'] = $this->pagination->create_links();
$data['sort_by'] = $sort_by;
$data['sort_order'] = $sort_order;
$this->load->view('films', $data);
}
}
ဒီ Function လေးကိုကြည့်မယ် ဆိုရင်တော့ $sort_by, $sort_order, $offset တွကို pagination နဲ့ sorting function အတွက် parameter ယူထားတာတွေ့ ရပါမယ်။
'FID' => 'ID',
'title' => 'Title',
'category' => 'Category',
'length' => 'Length',
'rating' => 'Rating',
'price' => 'Price'
);
ဒါကတော့ Table ထဲက Column တွေနဲ့ View မှာ User ကိုပြမယ့် Column Name တွေကို Mapping လုပ်တာ ဖြစ်ပါတယ်။ ကျန်တဲ့ Code တွေကတော့ Pagination အကြောင်းနဲ့တွေ ဖြစ်လို့ Pagination တုန်းက ရှင်းပြထားပြီး ဖြစ်တာကြောင့် ကျော်လိုက်ပါမယ်။ Controller ထဲကနေ Film_model ကိုခေါ်ထားတာကြောင့် Model ကိုဆက်လိုက်ရအောင်။ <?php
2) Creating Model
ကျွန်တော် Film_model.php ဆိုတဲ့ Film_model ထဲမှာ search function လေးရှိပါမယ်။
class Film_model extends Model {
function search($limit, $offset, $sort_by, $sort_order) {
// results query
$q = $this->db->select('FID, title, category, length, rating, price')
->from('film_list')
->limit($limit, $offset)
->order_by($sort_by, $sort_order);
$ret['rows'] = $q->get()->result();
// count query
$q = $this->db->select('COUNT(*) as count', FALSE)
->from('film_list');
$tmp = $q->get()->result();
$ret['num_rows'] = $tmp[0]->count;
return $ret;
}
}
$ret ထဲကို parameter တွေအရ run လို့ရလာတဲ့ Result Array ရယ်၊ Total Record Count ကိုထည်ြ့ပီး Return ပြန်ထားတာကို တွေ့ရပါမယ်။
Model မှာ သုံးသွားတဲ့ Database Library ထဲက Function တွေကို မသိရင်တော့ CodeIgniter Database Library ကိုပြန်ဖတ် စေလိုပါတယ်။ ဒါဆိုရင်တော့ view အပိုင်းလေးကို ဆက်လိုက်ရအောင်။
<!DOCTYPE HTML> <div> <?php foreach($films as $film): ?> <?php if (strlen($pagination)): ?>
3) Creating View
Controller ရဲ့ နောက်ဆုံး Line မှာ $this->load->view('films', $data); ဆိုပြီး View ကိုခေါ်ထားလို့ film.php ဆိုပြီး view တစ်ခုဆောက်လိုက်ပါမယ်။
<html lang="en-US">
<head>
<title>Films</title>
<meta charset="UTF-8">
</head>
<body>
<div>
Found <?php echo $num_results; ?> films
</div>
<table>
<thead>
<th>ID</th>
<th>Title</th>
<th>Category</th>
<th>Length</th>
<th>Rating</th>
<th>Price</th>
</thead>
<tbody>
<?php foreach($films as $film): ?>
<tr>
<?php foreach($fields as $field_name => $field_display): ?>
<td>
<?php echo $film->$field_name; ?>
</td>
<?php endforeach; ?>
</tr>
<?php endforeach; ?>
</tbody>
</table>
<?php if (strlen($pagination)): ?>
<div>
Pages: <?php echo $pagination; ?>
</div>
<?php endif; ?>
</body>
</html>
View Code လေးကိုကြည့်မယ် ဆိုရင်တော့ Total Records တွေကိုပြဖို့ပါ။
Found <?php echo $num_results; ?> films
</div>
<thead></thead> နှစ်ခုကြားမှာ Model ထဲက ဆွဲထားတဲ့ Fields တွေအတိုင်း Table Column Name တွေကို ပြထားပါတယ်။
ဒီနေရာကတော့ Controller ထဲက Pass လုပ်လိုက်တဲ့ Data တွေကို foreach သုံးပြီး ပြန်ရိုက်ပြတာ ဖြစ်ပါတယ်။
<tr>
<?php foreach($fields as $field_name => $field_display): ?>
<td>
<?php echo $film->$field_name; ?>
</td>
<?php endforeach; ?>
</tr>
<?php endforeach; ?>
အောက်ဆုံးကတော့ Pagination ကိုပြဖို့ပါ။
<div>
Pages: <?php echo $pagination; ?>
</div>
<?php endif; ?>
ဒီအဆင့်ထိပြီးလို့ Browser မှာ Run ကြည့်မယ် ဆိုရင်တော့ ဒီလိုလေးမြင် ရပါလိမ့်မယ်။

Sortable Feature မထည့်ရသေးတာကို သတိပြုမိမယ်လို့ ထင်ပါတယ်။ ခုထိပြီးသွားတာကတော့ Data Retrieve လုပ်ပြီး Pagination နဲ့ ပြန်ပြတဲ့ အပိုင်းပဲဖြစ်ပါတယ်။ Sortable ဖြစ်ဖို့ Code ကိုအနည်းငယ် ပြင်ဖို့လိုပါတယ်။ $sort_order = ($sort_order == 'desc') ? 'desc' : 'asc';
4) Editing to existing model file
Model မှာ ပိုပြီး safe ဖြစ်သွားအောင် ဒီ code ၃ ကြောင်းကိုဖြည့် ပေးလိုက်ပါမယ်။
$sort_columns = array('FID', 'title', 'category', 'length', 'rating', 'price');
$sort_by = (in_array($sort_by, $sort_columns)) ? $sort_by : 'title';
ဖြည့်လိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ User က URL parameter တွေကို ပြင်လိုက်ရင်တောင် error မတတ်စေဖို့ ထည့်လိုက်တာ ဖြစ်ပါတယ်။ $sort_order ကတော့ string value တစ်ခုပဲ ဖြစ်တာကြောင့် If-Else ပုံစံလေးမျိုးနဲ့ စစ်နိုင်ပေမယ့် $sort_columns ကတော့ တစ်ခုထက်ပိုတာကြောင့် array ပုံစံနဲ့ in_array function သုံးပြီးစစ် ပါမယ်။ နောက်ဆုံး ဖြစ်သွားမယ့် Model Code ကတော့ <?php <style> <thead> <?php echo anchor("index.php/films/display/$field_name/" .
class Film_model extends Model {
function search($limit, $offset, $sort_by, $sort_order) {
$sort_order = ($sort_order == 'desc') ? 'desc' : 'asc';
$sort_columns = array('FID', 'title', 'category', 'length', 'rating', 'price');
$sort_by = (in_array($sort_by, $sort_columns)) ? $sort_by : 'title';
// results query
$q = $this->db->select('FID, title, category, length, rating, price')
->from('film_list')
->limit($limit, $offset)
->order_by($sort_by, $sort_order);
$ret['rows'] = $q->get()->result();
// count query
$q = $this->db->select('COUNT(*) as count', FALSE)
->from('film_list');
$tmp = $q->get()->result();
$ret['num_rows'] = $tmp[0]->count;
return $ret;
}
}
တဆက်ထဲပဲ View ကိုပါဆက်ပြင် လိုက်ရအောင်။
5) Editing to existing view file
ကြည့်ပျော်ရှုပျော် ဖြစ်သွားအောင် ဒီ CSS လေးကို အရင်ထည့် လိုက်ပါမယ်။
* {
font-family: Arial;
font-size: 12px;
}
table {
border-collapse: collapse;
}
td, th {
border: 1px solid #666666;
padding: 4px;
}
div {
margin: 4px;
}
.sort_asc:after {
content: "▲";
}
.sort_desc:after {
content: "▼";
}
</style>
ပြီရင်တော့ <thead></thead> ကြားထဲမှာ ရှိနေတဲ့ Table Column ကိုရိုက်ပြတဲ့ Code လေးတွေကို နဲနဲ ပြင်လိုက်ပါမယ်။ ပထမ အဆင့်မှာ ရိုးရိုးရှင်းရှင်း ရိုက်ပြထားတဲ့ နေရာတွေမှာ ဒီလိုလေး ပြင်လိုက်ပါမယ်။
<?php foreach($fields as $field_name => $field_display): ?>
<th <?php if ($sort_by == $field_name) echo "class=\"sort_$sort_order\"" ?>>
<?php echo anchor("index.php/films/display/$field_name/" .
(($sort_order == 'asc' && $sort_by == $field_name) ? 'desc' : 'asc') ,
$field_display); ?>
</th>
<?php endforeach; ?>
</thead>
foreach ကတော့ Controller ထဲမှာ Mapping လုပ်ထားတဲ့ array ထဲကနေ User ကို Display ပြမယ့် Column Name တွေကို ရိုက်ပြတာပါ။
<th <?php if ($sort_by == $field_name) echo "class=\"sort_$sort_order\"" ?>> ကတော့ asc လား desc လားပေါ်မူတည်ပြီး CSS ကို ပြောင်းလဲ ပေးဖို့ သုံးသွားတဲ့ Code ပဲဖြစ်ပါတယ်။ Table columns တွေကို link ထည့်ရမှာ ဖြစ်လို့ anchor ကိုသုံး link ထည့်ပေး လိုက်ပါမယ်။
(($sort_order == 'asc' && $sort_by == $field_name) ? 'desc' : 'asc') ,
$field_display);
?>
User က Column တစ်ခုကို ပထအကြိမ် Click ရင် asc နောက်တခါ ထပ်ပြီး click မယ်ဆိုရင် desc အဖြစ်ပြောင်းလဲ ပေးဖို့ Flip-Flop လုပ်ထားတဲ့ Code ပဲဖြစ်ပါတယ်။ ဒီတစ်ကြိမ်ပြန် Run ကြည့်မယ် ဆိုရင်တော့ Sortable ပါပြီး ပိုကြည့်ကောင်းမယ့် Table တစ်ခုကို မြင်ရမှာ ဖြစ်ပါတယ်။

asp.net မှာ setting ထဲမှာ ပြင်ပေးလိုက်တာနဲ့ auto generate ထွက်သွားမယ့် Code ကို PHP မှာ ရေးနေ ရပါ လာလို့ တော့စဉ်းစားမိပါတယ်။
ကျွန်တော် အတတ်နိုင်ဆုံး ရှင်းအောင် ရေးထားပေမယ့် ဖတ်ပြီးနားမလည်ရင်တော့ comment လေးတွေထားခဲ့ နိုင်ပါတယ်။ အမှန်အတိုင်းပြောရရင် ဒီ Post ကိုရေးရတာ သိပ်အားမရဘူးဗျာ။
Nettuts ရဲ့ Article မှာတော့ Video လေးပါတာကြောင့် ဖတ်ပြီး မရှင်းရင်လဲ သူ့ Video လေးကို ဆက်ကြည့် နိုင်ပါတယ်။
Ref: http://net.tutsplus.com/tutorials/php/codeigniter-from-scratch-displaying-sorting-tabular-data/
CKEditor in CodeIgniter
Sunday, 29 August 2010 22:32
ကျွန်တော် ဒီ Post မှာ CKEditor ကို CodeIgniter မှာ ဘယ်လိုပေါင်း ထည့်မလဲ ဆိုတဲ့ Tutorial ကိုရေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် CI မှာ Helper တွေ၊ Library တွေကို ဘယ်လိုပေါင်းထည့်လို့ ရတယ် ဆိုတာကို ရေးထားတဲ့ ဒီ Post ကိုအရင် ဖတ်ထားဖို့ လိုပါတယ်။
CI ထဲကို ပေါင်းထည့်မယ့် CKEditor အကြောင်းလေး ဗဟုသုတ အဖြစ် နဲနဲကြည် လိုက်ရအောင်။ CKEditor ဆိုတာကတော့ Web ပေါ်မှာ user friendly ဖြစ်အောင် လုပ်ပေးထားတဲ့ WYSIWYG editor အမျိုးအစားပဲ ဖြစ်ပါတယ်။ WYSIWYG ကဆိုတာကတော့ What-You-See-Is-What-You-Get ကိုပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Word ထဲမှာ Font Size, Font color, Font Style တွေ၊ Number & Bullet တွေ၊ Table Format တွေကို အလွယ်တကူ လုပ်နိုင် သလိုမျိုး Web Page တွေမှာ CKEditor ကိုသုံးပြီး လုပ်နိုင်ပါတယ်။ Web based ဖြစ်တာကြောင့် Word ကိုတော့ Feature တွေအကုန် ယှဉ်လို့ မရပေမယ့် အသုံးဝင်တဲ့ Editor တစ်ခု ဖြစ်တာကတော့ အသေအချာပါပဲ ခင်ဗျာ။ CKEditor ဆိုတာကတော့ 2003 လောက်ထဲက စတင်ခဲ့တဲ့ FCKEditor ရဲ့ new generation အဖြစ် 2009 မှာပြောင်းလဲ ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ခုချိန်မှာ Google မှာ FCKEditor လို့ရှာရင်လဲ CKEditor ကိုပဲ တွေ့ရပါ လိမ့်မယ်။

အဲဒီ အသုံးဝင်တဲ့ကို CI ထဲကို ဘယ်လို ပေါင်းထည့် မလဲ ဆိုတာ ဆက်ကြည့် ရအောင်။
1) Download CKEditor
ဒီမှာ CKEditor ကို အရင် Download လုပ်ဖို့ လိုပါတယ်။
2) Create folder in CI for CKEditor
Download လုပ်ထားတဲ့ Folder ကိုဖွင့် လိုက်လို့ _samples ၊ _sources folder တွေကိုတွေ့ ခဲ့ရင်တော့ အဲဒီ Folder တွေ မရှိလည်း အလုပ်လုပ်တာမို့ Delete လုပ်ပြစ်ရင် ပိုကောင်းပါတယ်။ မလုပ်လဲ ပြသနာ မရှိသော်လည်း server ပေါ်အတင်အချတွေမှာ အချိန်ကြာတာတွေ ဖြစ်စေနိုင်ပါတယ်။ ပြီးရင်တော့ js folder ကို system folder နဲ့ level တူဆောက်ပေးပြီး အဲဒီအောက်မှာ ckeditor ဆိုပြီး နောက် folder တစ်ခုထပ်ဆောက်ပြီး ခုနက _samples ၊ _sources folder တွေ Delete လုပ်ပြီး ကျန်နေတဲ့ files တွေ၊ folders တွေ အားလုံးကို အဲဒီ အောက်မှာ copy ကူးပြီး ထည့်လိုက်ပါ။ Folder Structure ကိုကြည့်မယ် ဆိုရင်တော့

3) Add CKEditor Helper in CI
ဒီအဆင့်မှာ helper file ရေးရမှာ ဖြစ်လို့ application/helpers အောက်မှာ file အသစ် တစ်ခု ရေးပြီးထည့် ပေးရပါမယ်။ ဒီမှာ ရေးပြနေရင် အရှည်ကြီး ဖြစ်သွားမှာ စိုးတာကြောင့် ဒီနေရာမှာ Download လုပ်ပြီး application/helpers ကိုထည့်ပေး လိုက်ပါ။ File name ကိုတော့ ckeditor_helper.php လို့ပေး လိုက်ပါ။ အဲဒီ file ကို ဖွင့်ကြည့်မယ် ဆိုရင် CKEditor ကိုသုံးရန် လိုအပ်တဲ့ Function တွေကို စုရေးထားတာ တွေ့ရပါမယ်။ Author ရေးထားတဲ့ အတိုင်းသုံးရတာ အဆင်ပြေနေတဲ့ အတွက်ပြင်နေဖို့ မလိုပါ။
4) Create Controller
ကျွန်တော်ထည့်လိုက်တဲ့ helper ကိုပြန်ခေါ်ဖို့ Controller ကိုဆက် လုပ်ပါမယ်။ ckeditor.php လို့ နာမည်ပေးပြီး ဒီ code လေးကိုထည့် ပေးလိုက်ပါ။ <?php
class Ckeditor extends Controller {
public $data = array();
public function __construct() {
parent::Controller();
$this->load->helper('url'); //You should autoload this one ;)
$this->load->helper('ckeditor');
//Ckeditor's configuration
$this->data['ckeditor'] = array(
//ID of the textarea that will be replaced
'id' => 'content',
'path' => 'js/ckeditor',
//Optionnal values
'config' => array(
'toolbar' => "Full", //Using the Full toolbar
'width' => "550px", //Setting a custom width
'height' => '100px', //Setting a custom height
),
//Replacing styles from the "Styles tool"
'styles' => array(
//Creating a new style named "style 1"
'style 1' => array (
'name' => 'Blue Title',
'element' => 'h2',
'styles' => array(
'color' => 'Blue',
'font-weight' => 'bold'
)
),
//Creating a new style named "style 2"
'style 2' => array (
'name' => 'Red Title',
'element' => 'h2',
'styles' => array(
'color' => 'Red',
'font-weight' => 'bold',
'text-decoration' => 'underline'
)
)
)
);
}
public function index() {
$this->load->view('ckeditor', $this->data);
}
}
$this->load->helper('ckeditor'); ကတော့ ခုနလုပ်ထားတဲ့ helper file ကိုပြန်ခေါ်တာ ပါတယ်။
CKEditor အတွက်လိုအပ်တဲ့ configuration, styles စတာတွေကို လိုချင်တဲ့ အတိုင်းရေးပြီး $this->data['ckeditor'] ဆိုပြီး array ထဲကို ထည့်လိုက်ပါတယ်။
id - CKEditor ရဲ့ ID ပါ။
path - CKEditor Source တွေကို Download ချပြီး js folder အောက်ထားခဲ့တာ မှတ်မိမယ် ထင်ပါတယ်။ အဲဒီ path ကိုပြောတာပါ။
config - ဒီမှာတော့ toolbar, width, height စတာတွေကို လိုအပ်သလို parameter ပေးနိုင်ပါတယ်။
style - CKEditor မှာ style ဆိုတဲ့ dropdown လေးရှိနေပြီး ကိုယ့်ရေးထားပြီးသားကို select လုပ်ပြီး style dropdown ထဲကနေ style တစ်ခုခုကိုရွေးတာနဲ့ auto ပြောင်းသွားပါမယ်။ အဲဒီ dropdown ထဲမှာပေါ်မယ် style တွေအတွက် ရေးထားခြင်း ဖြစ်ပါတယ်။
အားလုံးပြီးသွားတော့ view ကိုခေါ်ရင်း အဲဒီ data array ကိုထည့်ပေး လိုက်ပါတယ်။
$this->load->view('ckeditor', $this->data);
5) Create View
နောက်ဆုံး အဆင့်အနေနဲ့ ckeditor.php ဆိုတဲ့ view ကိုဆောက်ပြီး ဒီ code လေးထည့်ပေး လိုက်ပါ။ သုံးသွားတဲ့ display_ckeditor function ကနေ ckeditor_helper.php ထဲမှာ ရေးထားပြီးသားကို ခေါ်လိုက်တာ ဖြစ်ပါတယ်။
ဒါကတော့ Googling လုပ်ရင်း ရှာတွေ့တာ လေးကို ပြန်ရေး ထားတာ ဖြစ်လို့ တခြားနည်း တစ်ခုခုနဲ့ CI ထဲပေါင်းထည့်တာ ရှိရင်လည်း comment မှာရေးထား ခဲ့နိုင်ပါတယ်။
Ref: http://kromack.com/developpement-php/codeigniter/ckeditor-helper-for-codeigniter/
Extend in CodeIgniter Framework
Saturday, 28 August 2010 22:23
ဒီ Post မှာ အဓိကထားပြီး ရေးမှာ ကတော့ CodeIgniter Framework ပေါ်မှာ ရှိနေပြီးသား Library, Helper တွေနဲ့ မလုံလောက် ရင် ဖြစ်စေ၊ ကိုယ့် Project Requirement အရ ရေးထည့်ဖို့ လိုလာရင် ဖြစ်စေ Library, Helper အသစ်တွေကို ဘယ်လိုထည့် မလဲ ဆိုတာကို ဖြစ်ပါတယ်။ တစ် နည်း အားဖြင့် CI Framework ကိုဘယ်လို Extend လုပ်မလဲ ဆိုတာလဲ ဖြစ်ပါတယ်။ ကျွန်တော် ရေးထားပြီးသား CI Post တွေကို ပြန်ဖတ်ချင်ရင်တော့
-
CodeIgniter and MVC for Beginners
-
Structure and Configuration of CodeIgniter
-
CodeIgniter Database Library
-
CodeIgniter Form Helper
-
Simple Data Entry in CodeIgniter
-
Pagination with CodeIgniter
-
File upload in CodeIgniter
How to add own Helper
Okay အရင်ဆုံး helper တစ်ခုဘယ်လို ပေါင်းထည့် မလဲ ဆိုတာလေး ကြည့်ရအောင်။ CI Structure မှာ application နဲ့ system ရှိနေပြီး Built-In Library တွေ၊ Helper တွေအားလုံးက system အောက်မှာပဲ ရှိတယ်ဗျာ။ ကိုယ့် အသစ်ထည့် ချင်တာကို အဲဒီ Folder တွေအောက်မှာ သွားမထည့် ရပါဘူး။ ဒါဆိုဘယ်မှာ ထည့်ရမလဲ ဆိုတော့ ... application folder အောက်မှာလည်း helpers, libraries folder တွေရှိနေပါတယ်။ အဲဒီမှာ ထည့်ပေးရပါမယ်။

ကျွန်တော်ကတော့ helpers folder အောက်မှာ calculation_helper.php ဆိုပြီး php file အသစ်တစ်ခု ဆောက်လိုက်တယ်။ အဲဒီမှာ မှတ်သား စရာ တစ်ခုကတော့ file name မှာ နောက်က _helper ဆိုတာပါရပါမယ်။ ဆိုလိုတာကဗျာ abc_hepler.php, xyz_helper.php စသည်ဖြင့် ရှေ့က ဖြစ်ချင်တာ ဖြစ်ပြီး နောက်က _helper.php နဲ့ ဆုံးပေးရမယ်။ ပြီးတော့ ရေးနေကြအတိုင်းပဲ function ရေးလို့ ရပါတယ်။ ကျွန်တော်ကတော့ function add_value ကိုရေးထားလိုက်ပါတယ်။
<?php
function add_value($val1,$val2){
return $val1 + $val2;
}
အဲဒီ Code ကို Controller ထဲက ခေါ် ကြည့်ဖို့ controller တစ်ခုကို ဆက်ပြီးဆောက်မယ်။
<?php
class Test extends Controller{
function calculate(){
$this->load->helper('calculation');
$val1 = 5;
$val2 = 3;
echo "Result is " . add_value($val1,$val2);
}
}
test.php ဆိုပြီး နာမည်ပေး လိုက်မယ်ဗျာ။ ဒါက ခုန ကျွန်တော်ရေးထားတဲ့ Helper calculation ကို loading လုပ်တာပါ။ $this->load->helper('calculation');
ကျွန်တော် လုပ်ထားတာ calculation_helper ဖြစ်ပေမယ့် ပြန်ခေါ်တော့ _helper မပါတော့ပါဘူး။ တကယ်လို့ ကိုယ့်က abc_helper.php ကိုလုပ်ထားခဲ့ မယ်ဆိုရင်တော့ $this->load->helper('abc'); ပေါ့ဗျာ။ Browser ကနေ ဒီလို Run လိုက်မယ် ဆိုရင်တော့
http://localhost:8888/ci_extend/index.php/test/calculate/
နှစ်ခု ပေါင်းထားတဲ့ result ကိုမြင်ရဖို့ သုံးသွားတဲ့ add_value ဆိုတာကတော့ calculation_helper.php ထဲက ခေါ်သွားတာ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ CI မှာ Helper အသစ်တစ်ခု ဘယ်လိုထည့် မယ်ဆိုတာ Idea အကြမ်းတော့ ရမယ် ထင်ပါတယ်။ 
How to add own Library
Library အသစ်တစ်ခု ဘယ်လိုပေါင်းထည့် မလဲ ဆိုတာကို ဆက်ပြီး ကြည့်လိုက်ရအောင်။ application အောက်က libraries folder မှာ ကိုယ်ထည့် ချင်တဲ့ library အသစ်တစ်ခုကို ထည့်ပေးရမယ်။ ကျွန်တော်က hello ဆိုတဲ့ Library ကိုထည့် ဖို့ ဒီလိုလေး ရေးလိုက်တယ်ဗျာ။ file name ကတော့ hello.php ပေါ့ဗျာ။ <?php
class hello{
function message(){
echo "How are you?";
}
}
?>
အဲဒီမှာ class hello ဆိုရင် ရပါပြီ။ controllers တွေ model တွေရေးတုန်းကလို extends လုပ်စရာမလိုပါ။ ကျွန်တော်ရေးထားတဲ့ message ကို controller ကနေ သုံးကြည့်ဖို့ ခုနကျွန်တော် ရေးထားပြီးသား controller file ဖြစ်တဲ့ test.php မှာ ဒီ code လေးကို ထပ်ပေါင်းလိုက်ရအောင်။
function hello_lib(){
$this->load->library('hello');
$this->hello->message();
}
ပြီးရင်တော့ Browser ကနေ ဒီလိုလေး run ကြည့်မယ် ဆိုရင်တော့ http://localhost:8888/ci_extend/index.php/test/hello_lib/
"How are you?" ဆိုတဲ့ message ကိုမြင်ရမှာ ဖြစ်ပါတယ်။
How to use resource from existing Libraries
အဲဒီ ကိုယ်ထည့်လိုက်တဲ့ Library မှာ ရှိနေပြီးသား library တွေထဲက value တွေ function တွေကို ပြန်သုံးချင်ရင်ရော ဘယ်လို လုပ်မလဲ ဆိုတာလေးကို ကြည့်ရအောင်။ ခုန ရေးထားတဲ့ Library ထဲမှာ ဒီ code လေးကိုထည့် ကြည့်မယ်နော်။
function message(){
echo "How are you?";
$this->load->library->('config');
}
အရင် အရင် တွေတုန်းက controllers, models တွေထဲကနေ အဲလို သုံးရင် error မတတ်ပေမယ့် ခုချိန်မှာတော့ ဒီလို error တတ်မယ်ဗျာ။

ဘာလိုလဲ ဆိုတော့ $this က point လုပ်နေတာက hello class ကိုဖြစ်နေလိုပဲ ဖြစ်ပါတယ်။ ဒီတော့ super class object ကိုပြန်ယူပေးဖို့ လိုပါတယ်။ အဲဒါကြောင့် Library ကို ဒီလိုလေး ပြင်လိုက်မယ်။
<?php
class hello{
var $CI;
function hello(){
$this->CI = & get_instance();
}
function message(){
echo "How are you?";
$this->CI->load->library('config');
echo "My Languages is " . $this->CI->config->item('language');
//$this->load->library->('config');
}
}
?>
Class ထဲမှာ သုံးဖို့ CI ဆိုတဲ့ variable ထဲကို $this->CI = & get_instance(); ဆိုပြီး super object ကို Reference(&) ယူလိုက်ပါတယ်။ အဲဒါကြောင့် ဒီနေရာတွေမှာ $this->CI->load->library('config'); လို့ပြန်သုံးတဲ့ အခါ error မတတ်တော့ပဲ သုံးလို့ ရသွား တာ ဖြစ်ပါတယ်။ နောက် Post မှာ CKEditor Library ကိုဘယ်လို ပေါင်းထည့် မလဲ ဆိုတာ ရေးပါမယ်။ ဖတ်ပြီး နားမလည်တာ မှားနေတာ မရှင်းတာတွေ ရှိနေရင်လည်း comment ပေးဆွေးနွေး ပေးဖို့ တောင်းဆိုပါတယ်။ 
Ref: http://net.tutsplus.com/tutorials/php/codeigniter-from-scratch-extending-the-framework/
More Articles...
Page 2 of 4
«StartPrev1234NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)