[X] Choose Font Here

CodeIgniter and MVC for Beginners

ကျွန်တော် အားတဲ့ အချိန်လေးတွေမှာ CodeIgniter(CI) သုံးပြီး ကိုယ်ပိုင် application လေးတစ်ခု ရေးနေတာ ရှိပါတယ်။ ဒါကြောင့် လုပ်ရင်း

ကိုင်ရင်း ရလာတဲ့ experience လေးတွေကို share လုပ်သွားချင်ပါတယ်။ ကျွန်တော်ကို CI နဲ့ပတ်သက်ပြီး chat ထဲမှာ လာလာမေးသူတွေကို

လည်းဖြေပြီးသား ဖြစ်သွားပါမယ်။ ကျွန်တော်ကိုယ်တိုင်လည်း CI note တစ်ခု ကောင်းကောင်းရသွားတာပေါ့။ ဘာမှ မစခင် အရင်ဆုံး ဝန်ခံထား

ချင်တာက ကျွန်တော် CI ကို မကျွမ်းကျင်ပါ။ အပေါ်ယံလောက် သိနေတာကို မကြေနပ်လို့ အခု ကိုယ်ပိုင် project လေးတစ်ခု လုပ်ပြီး ပိုလေ့လာ

ချင်လို့ပါ။  အရင်ဆုံး CI ကိုမသွားခင်မှာ (Model View Controller,MVC) ရဲ့ အလုပ်လုပ်ပုံကို ကြည့်ရအောင်။ ကျွန်တော်တို့ MVC မသုံးပဲ code

ရေးတဲ့ အခါ php, html, js တွေအပြင် css တွေပါရောညှပ်နေတာကို တွေ့ရပါတယ်။ application တစ်ခုဆိုတာ develop လုပ်ပြီး ပြစ်ထားလို့

ရတာမျိုး မလုပ်လေတော့ customer requirement တွေအရ ပြူပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ပေးရပါတယ်။ အဲဒီလို လုပ်ပေးရတဲ့ အခါ UI

ပဲပြောင်းတာ ဖြစ်ချင် ဖြစ်မယ်၊ business logic ကိုပြောင်းပေးရတာမျိုး ဖြစ်ချင်ဖြစ်မယ်၊ ဒါကတော့ requirement အတိုင်းပေါ့။ မကောင်းတာက

UI ပြောင်းရင် code ကိုထိ၊ code ကိုပြောင်းရင် UI ကိုပြန်ထိနဲ့ ပြောမယ်ဆိုရင် ဂျာအေး သူအမေရိုက် ဖြစ်နေတယ်။ ဒီတော့ MVC ကိုစဉ်းစားလာ

ကြတယ်။ MVC ကိုသုံးချင်အားဖြင့် development time မှာလည်း ပိုမြန်လာပြီး နောက်ပိုင်း maintenance လုပ်ရတာလည်း လွယ်လာပါတယ်။

ကျွန်တော်တို့ အခု အရေးတယူလုပ်ပြောနေတဲ့ MVC က late 1970s and early 1980s ကျွန်တော် မမွေးခင်ထဲက ကပေါ်နေတယ်ဆိုပဲ။

http://en.wikipedia.org/wiki/Model–view–controller

ဒီတော့ ကျွန်တော်က PHP သမားဆိုတော့ MVC framework တစ်ခုခုကိုရွေးရပါတော့မယ်။ ပြောမယ်ဆိုရင် အားလုံးကို ကြိုက်တယ်။ CI

ကိုလွယ်လို့ အရင်စမ်းတဲ့ သဘောပါပဲ။ အချိန်ရရင် နာမည်ကြီး framework တွေကို အကုန်စမ်းမယ်။  ဒီမှာ PHP based framework တွေကို

ကြည့်နိုင်ပါတယ်။

Okay What ’ s Model - View - Controller? ဆိုတာကြည့် လိုက်ရအောင်



Models - Models maintain data.( database နဲ့ access လုပ်ရတဲ့ အပိုင်းတွေကို ရေးလေ့ရှိတယ်။ ကိုယ် project ရဲ့ business logic

တွေအားလုံးက model ထဲမှာပဲ ရှိတယ်။ )

Views - Views display data and user interface elements. ( user အမြင် user interface အားလုံးက views ထဲမှာ ရှိတယ်။ )

Controllers - Controllers handle user events that affect models and views. ( user ရဲ့ event တွေကို ကြည့်ပြီး model တွေ၊

view တွေကိုခေါ်ပေးတာ controller ဖြစ်တယ်။ )

အရိုးရှင်း ဆုံးမြင်အောင်ကြည့်မယ် ဆိုရင်

User Input and Traffic Control = Controller
Processing = Model
Output = View



MVC အခြေခံ သဘောလေးပြီးတဲ့နောက် CI ကိုဆက်လိုက်ကြရအောင်။

How to set up CI at local?
အရင်ဆုံး ဒီမှာ download လုပ်လိုက်ပါ။ ပြီးရင် unzip လုပ်ပြီး ကိုယ့်ရဲ့ web server အောက်က www folder အောက်ကို ထည့်လိုက်ပါ။

folder name ကိုတော့ blog လို့ပဲပေး လိုက်ကြရအောင်

ဒီဟာကတော့ folder structure ပုံပါ။ တကယ် အလုပ်လုပ်ရမှာ က အနီဝိုင်းထားတဲ့ application folder အောက်က controllers, models,

views တွေပဲ ဖြစ်ပါတယ်။  အရင်ဆုံး system\application\config အောက်က config.php မှာ ကိုယ် application ကို run ဖို့ set up လုပ်

ပေးရမယ်။ 

$config['base_url']    = "http://localhost/blog/";


လောလောဆယ် config.php တခုကိုပဲ ပြင်ပါမယ်။ database နဲ့ ချိတ်တော့မှ database.php ကို configuration ဆက်ပြင်ပါမယ်။

Okay ဒီ set up ပြီးရင် http://localhost/blog/ ကို run လိုက်လို့ ဒီလို welcome message မြင်ရရင် CI အလုပ်လုပ်ပါပြီ။ 



ကိုယ်ဟာကို simple code လေးရေးကြည့်ရအောင်လားဗျာ။  ဒီ code လေးကို copy လုပ်ပြီး system/application/controllers/

အောက်မှာ myblog.php ဆိုပြီး သိမ်းလိုက်ပါ။

<?php
class myblog extends Controller {
function index()
{
$tutorial['my_tutorial'] = array('Download CodeIgniter', 'Install in Local Machine', 'Understand MVC', 'Create your First Application');
$tutorial['title'] = "CodeIgniter Tutorial";
$tutorial['heading'] = "You Will Know";
$this->load->view('myblogpage', $tutorial);
}
}
?>



ဒါလေးကို system\application\views အောက်မှာ myblogpage.php ဆိုပြီး သိမ်းပါ။


<html><head>
<title><?php echo $title;?></title>
</head>
<body>
<h2><?php echo $heading;?></h2>
<p><strong>My Todo List</strong></p>
<ul>
<?php foreach($my_tutorial as $item):?>
<li><?php echo $item;?></li>
<?php endforeach;?>
</ul>
</body>
</html>



ပြီးရင်တော့ http://localhost/blog/index.php/myblog ဆိုပြီး run လိုက်ရင် ဒါမျိုးပေါ်လာပြီ ဆိုရင်တော့ ဒီ example အလုပ်လုပ်ပါပြီ။


နားပါဦးမည်။

ဆက်ဖတ်သင့်သော Articles

Comments (5)
  • Thiha  - ကျွန်တော်ညွှန်းမယ်ဗျို့

    ကျွန်တော် ဒီပို့စ်ကိုလည်း ညွှန်းချင်ပါတယ် :D

  • admin  - Re: Thiha

    ဟုတ်ကဲ့ ကိုသီဟရေ ညွန်းပါ။ ကျွန်တော်လည်း ဆက်ရေးပါ အုံးမယ်။ :D

  • thet paing soe  - ဆက်ရေးပါ့ဗျို့

    ကျွန်တော် က CodeIgniter ကို စကြည့် မလို့။ အတော်ပဲ။

  • admin  - Re: thet paing soe

    ဟုတ်ကဲ့ ကျွန်တော် ဆက်ရေးသွားမှာပါ။ ဒီမှာ 2nd post ပါ။ ဖတ်ကြည့်ပါအုံး။

  • Pyae Phyo Maung Maung  - Best Post

    သူငယ်ချင်းရေ ..
    Post က ကောင်းလွန်းလို့ နောင်တစ်ကြိမ် ထက်လာပြီး Comment ပေးသွားပါတယ် ။

    Nice Research !!!!

Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
:D:angry::angry-red::evil::idea::love::x:no-comments::ooo::pirate::?::(
:sleep::););)):0
Security
Please input the anti-spam code that you can read in the image.

Login Form

Categories Table View

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch