CodeLobster IDE for CodeIgniter
Friday, 25 June 2010 23:56
ကျွန်တော် Window ပေါ်မှာ CodeIgniter ရေးဖို့ IDE တစ်ခုဖြစ်တဲ့ CodeLobster နဲ့ မိတ်ဆက်ပေးချင်တယ်။ ကျွန်တော် CI ရေးတော့
auto completion၊ auto suggestion စတဲ့ features တွေကိုလိုချင်မိပါတယ် CI စရေးတုန်းက notepad++ နဲ့ စရေးပေမယ့် coding
အမြန်ရေး ချင်လာတဲ့ အခါ IDE တစ်ခုလို လာပါတယ်။ notepad++ က CI syntax တွေကို မသိဘူးဗျာ။ အဲဒီ အတွက် ကျွန်တော်
Notepad++ မှာ QuickText plug-in ကိုသုံးပြီး ဖြေရှင်း ကြည့်ပါသေးတယ်။ CI syntax တွေကို ကိုယ်လိုသလို့ QuickText.ini မှာ
ထည့်ပေး နိုင်ပေမယ့် ရှိသမျှ လိုက်ထည့်ပေးရမှာ မလွယ်ပါဘူး။ ဒါအပြင့် QuickText on လိုက်ရင် Notepad++ ရဲ့ default tab ခုန်တာ
တွေက အလုပ် မလုပ်တော့ပြန်ဘူး။ ကျွန်တော် သေချာမလုပ်တတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ ဒါကြောင့် နောက် အဆင်ပြေ
နိုင်မယ့် IDE or text editor တစ်ခုကို အရှာအဖွေ ထွက်ခဲ့ ပါတယ်။ ဒီလိုနဲ့ CodeLobster ဆိုတဲ့ IDE ကိုတွေ့ ခဲ့ပါတယ်။ CodeIgniter
plug-in ကိုဝယ်ခိုင်းနေတော့ ကျွန်တော် လက်လျော့ပြီးခါမှ mmtuts ရဲ့ QA မှာ တစ်ယောက်က CodeLobster ကိုသုံးတယ်ပြောတော့မှ
Try Again လုပ်ရင်း free serial key ကို request လုပ်နိုင်တယ်ဆိုတာ သိလိုက်ရတယ်။ Install လုပ်တာကတော့ ပုံမှန် အတိုင်းလေးပဲ
လုပ်ပေးရုံပဲ။ Install ပြီးတဲ့ အခါ CodeLobster ကို run လိုက်ရင် serial key request လုပ်နိုင်တာကို တွေ့ပါလိမ့်မယ်။ request လုပ်ပြီး
တဲ့ အခါ ကိုယ် mail ထဲရောက်လာတဲ့ user name နဲ့ serial key ကိုထည့်ပေးလိုက်ရင် ရပါပြီ။ အဲဒါဆိုရင်တော့ CI ရေးဖို့ IDE တစ်ခုရပါပြီ။
Coding ရေးတဲ့အခါ အဆင်ပြေပုံလေးကို နဲနဲ ဆက်ရေးချင်ပါတယ်။ model ရေးတဲ့ အခါ constructor ရေးဖို့ အောက်ကလိုမျိုး auto detect
သိနေတယ်။
constructor ရေးဖို့ auto detect သိပုံ
ရေးထားပြီးသား model တွေကို ပြန်ခေါ်တဲ့ အခါမှာလဲ အဆင်ပြေလှပါတယ်။
model တွေကို auto detect သိပုံ
Database library ထဲက methods တွေကို သုံးချင်အခါမှာလည်း auto suggestion လိုက်လုပ်ပေးတာကိုတွေ့နိုင်ပါတယ်။
Database library ထဲက methods တွေကို သိပုံ
Database library ထဲက methods တွေကို သိပုံ
ဒါတွေကြောင့် ဒီ IDE ကို window ပေါ်မှာ codeIgniter ရေးဖို့ ညွှန်းလိုက်ချင်ပါတယ်။ တကယ်လို့ စာဖတ်သူ အနေနဲ့လည်း အဆင်ပြေမယ့်
IDE ရှိခဲ့မယ် ဆိုရင် ပြန် comment ပေးခဲ့ နိုင်ပါတယ် ခင်ဗျာ။
-
2010-07-05 12:17:32 |SAdministrator| admin
Hi MP,
I think CL is really cool for CI on window. But I am still not sure to compare with textmate on Mac.
-
CodeLobster ကိုကျွန်တော်လည်းကြိုက်တယ်ဗျ။ ဒါပေမယ့် CI plug-in ကိုဝယ်ခိုင်းနေလို့ မသုံးဖြစ်တာ။ CI plug-in ကို free serial ရတယ်ဆိုတော့ စမ်းကြည့်လိုက်ဦးမယ်။ ကျေးဇူးပါ။ Dream weaver မှာလည်း CI အတွက် plug-in ရှိတယ်။
@Mg Pyone
ကျွန်တော် ခုလက်ရှိ NetBeans သုံးနေပါတယ်။ ဒါပေမယ့် CI plug-in ကိုဝယ်ခိုင်းနေတယ်။ အလကား ရတဲ့နည်းလေးရှိရင် သိချင်ပါတယ်။ အဓိက auto complete လိုချင်တာပါ။ typing err: တွေများလွန်းလို့ပါ။
| < Prev | Next > |
|---|
Latest Post
Login Form
Categories Table View
- Reader's Conner (103)
- PHP (45)
- Joomla CMS (36)
- Codeigniter (10)
- jQuery (6)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)

btw, don't you like NetBeans ? .. AFAIK, it's the still the best for php and C++ ,
ehh.. I think CodeLobster is .NET =D