Zack Notes
Github Demo for Mac
Written by Zack Monday, 09 January 2012 16:50
If you want to use Github with GUI on Mac, this youtube will be very useful for you. Here you can download for Github installer.
Chaung Tha Beach
Written by Zack Friday, 16 December 2011 19:50
စင်္ကာပူ မှာနေတုန်းက East Coast တို့ Sentosa တို့ရောက်ရင် ဖန်တီးထားတဲ့ကမ်းခြေအတုတွေ ကိုမြင်ရင် တကယ့်သဘာဝ အလှအပစစ်စစ်တွေ နဲ့ပြည့်နှက်နေတဲ့ ချောင်းသာကမ်းခြေကို သတိရမိတယ်။ အဲဒါကြောင့်ပြန်တုန်း ချောင်းသာရဲ့အလှအပ၊ ဒေသခံတွေရဲ့လုပ်ကိုင်စားသောက် ရတဲ့ဘ၀ကို ခဏတာသွားကြည့်ဖြစ်တယ်။ အရင်ဆုံးပြောချင်တာက သဲစစ်စစ်၊ ကျောက်ဆောင်စစ်စစ်၊ ပင်လယ်လေစစ်စစ်၊ လှိုင်းစစ်စစ်တွေကို စီးရတာလောက် ကျေနပ်စရာမရှိတော့ဘူး။ ညနေစောင်းကမ်းခြေမှာ ၀က်သားဒုတ်ထိုး၊ လက်ဖက်သုပ်လေးစားရတာကလည်းဇိမ်ပဲဗျာ၊ ကမ်းခြေတလျှောက်စက်ဘီးစီးမလား၊ မြင်းစီးမလားရသေးတယ်။
ချောင်းသာရောက်ရင်တော့ ဆက်ပြီးသွားချင်သပဆိုရင်တော့ ကျောက်မောင်နှမရယ်၊ တခြားကျွန်းတွေအနေနဲ့ဆိုရင်တော့ ဖိုးကုလားကျွန်းရယ်၊ သဲဖြူကျွန်းရယ်ဆိုပြီးရှိပါသေးတယ်။ ကျောက်မောင်နှမဘက်ကိုတော့ ဆိုင်ကယ်နဲ့ နာရီဝက်လောက်မောင်းသွားရင်ရပြီ၊ ကမ်းခြေ တလျှောက်မှာပင်လယ်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့ အေးမြလက်ဆက်တဲ့လေကိုရူရင်း အစီအရီယိမ်းထိုးပြီးကနေ သယောင်အုန်းပင်တန်းတွေကို တငေးတမောပဲဗျာ၊ ပင်လယ်ကမ်းစပ် သဲသောင်ပြင်ကနေလည်း ဆိုင်ကယ်ဆင်းမောင်းလို့ရတယ်ဗျ။
ချောင်းသာကနေ ကျောက်မောင်နှမဘက်သွားတဲ့လမ်းတလျှောက်မှာ တကယ့်ကိုသဘာဝစစ်စစ်အလှအပတွေကို တ၀ကြီးမြင်တွေ့ရပါလိမ့်မယ်။ ဖိုးကုလားကျွန်းဘက်ကိုသွားချင်တယ်ဆိုရင်တော့ Hotel Max ဘေးမှာစက်လှေဆိပ်ရှိပါတယ် ဖိုးကုလားကျွန်းရဲ့တောင်ထိပ်ပေါ်က ဘုရားလေးကနေ သဲဖြူကျွန်းဘက်ကိုလည်းမျှော်ကြည့်နိုင်ပါတယ်။ အဲဒီဆုတောင်းပြည့်စေတီလေးကို သွားတဲ့လမ်းတစ်လျှောက်မှာ တံငါအိမ်တွေ၊ ကလေးတွေ၊ ခွေးတွေပြေးလွှားဆော့ ကစားနေတာဟာ ကျေးလက် သဘာဝလေးကိုလည်း ခဏတာမြင်တွေ့ ရနိုင်ပါတယ်။
ခွေးနဲ့ပက်သက်လို့ လိုက်ပို့တဲ့ကောင်လေးပြောပြက “အကိုရေ ဒီကျွန်းကိုဧည့်သည်လာရင်ခွေးတွေကသိတယ် ဧည့်သည်တွေကမုန့်ကျွေး၊ အုန်းရည်သောက်ပြီး အုန်သီးလေးတွေကျွေးတာနဲ့တင် ခွေးတွေကပျော်နေတာ၊ ချောင်းသာဘက်အခြမ်းကခွေးတွေဆိုရင် လာတည်းတဲ့ဧည့်သည်တွေနဲ့ မိတ်ဆွေဖွဲ့ပြီး အဲဒီဧည့်သည်တွေမပြန်မချင်း အဲဒီမှာနေပြီး ဧည့်သည်တွေရေကူးတာတို့၊ ဈေးသွားဝယ်တာတို့ဆိုရင် အခန်းဝမှာစောင့်နေပေးတယ်၊ ဧည့်သည်တစ်ဖွဲ့ပြန်သွားရင်တော့ နောက်ဧည့်သည်ကိုလိုက်ရှာတက်တယ်” တဲ့။ ရှိနေတဲ့ပတ်ဝန်းကျင်ပေါ်မှုတည်ပြီးခွေးတစ်ကောင်တောင် သူ့ရဲ့ဝမ်းစာအရေး ကိုဖြေရှင်းနေပုံလေး သဘောကြပြီးပြုံးမိလို့နေပါတယ်။
သဲဖြူကျွန်းကိုသွားမလို့လုပ်ပေမယ့်လေအရမ်းကြမ်းလို့စက်လှေမထွက်တဲ့အတွက် မသွားဖြစ်လိုက်လို့ ဖိုးကုလားကျွန်းပေါ်ကနေ လှမ်းမျှော်ကြည့်ရင်း ပဲဖြေသိမ့်လိုက်ရပါတယ်။
ဒေသခံအများစုကတော့ ချောင်းသာကမ်းခြေကြီးကိုမှီတည်ပြီးလုပ်ကိုင်စားသောက်ကြပါတယ်။ သို့သော်လည်း မိုးတွင်းကာလတွေမှာ ခရီးသွား ဧည့်သည်တော့ မလာသလောက်ဖြစ်သွားတာကြောင့် ဒေသခံတချို့မှာ ပုသိမ်ဘက်သွားသူသွား၊ တခြားမြို့တွေဆီ သွားပြီးကြုံရာ ကျပန်းလုပ်ကြရတယ်။
ချောင်းသာရွာထဲကဈေးဆိုင်တွေကိုလိုက်ကြည့်ရင်း အုန်းသီးနဲ့မျောက်ပုံလေးတွေထုဆစ်ထားတဲ့ “မျောက်အုန်းသီး” အရုပ်တွေကိုတွေ့လာ ရတယ်။ ချောင်းသာမှာ “မျောက်အုန်းသီး” လုပ်သူ ၄ ယောက် ၅ ယောက်လောက်ရှိတယ် ဆိုတော့ အဲဒီထဲမှာ “မျောက်အုန်းသီး” ကိုချောင်းသာကမ်းခြေနဲ့စတင်မိတ်ဆက်ပေးခဲ့တဲ့ ကိုကြည်ခိုင် ဆိုသူ ကိုရအောင်ရှာပြီး စကားပြောဖြစ်သေးတယ်။ သူကမန္တလေးဘက်က ပန်းချီပန်းပုကျောင်းမှာ ခဏနေရင်း စကျင်ကျောက်နဲ့ဆင်းတုတော်တွေထုတာကို လေ့လာခွင့်ရခဲ့တယ်။ နောက်ပိုင်းပန်းရံလုပ်လိုက်၊ သံချည်သံကွေး လုပ်လိုက်လုပ်နေရင်း အုန်းသီးနဲ့ မျောက်ပုံထုထားတာလေးကို သူတွေ့သွားပြီး စမ်းလုပ်ကြည့်တာကနေရ သွားတော့ချောင်းသာကို ၀မ်းရေးအတွက် ဆင်းလာတယ်လို့သိရပါတယ်။ အရုပ်ထုလို့ရတဲ့အုန်းသီးက တစ်ပင်မှာတစ်လုံးရဖို့မလွယ်ဘူးဗျ။ အုန်းသီးထဲမှာလုံးဝအရည်မရှိစေရဘူး၊ အညှောက်ပေါက်လာတာ တို့ဘာတို့လည်း မဖြစ်မယ့်အုန်းသီးမျိုးကိုချောင်းသာတ၀ိုက် သာပေါင်းဘက်တွေအထိဆင်းပြီး ၀ယ်ယူရတာဗျာ။
ကျွန်တော်ဝယ်ပြီးအားပေးလာတဲ့ မျောက်အုန်းသီး အရုပ်လေးများ
သာမန်ထုနေတဲ့မျောက်ရုပ်ဆိုရင်တစ်ကောင်ကို ၂ နာရီလောက်ထု ရတယ်၊ ၀ယ်သူကတောင်းဆိုလို့ အခြားအရုပ် လုပ်ပေးပါဆိုရင်လည်း လုပ်ပေးပါတယ်။ အုန်းသီးနဲ့အရုပ်ထုလုပ်တဲ့ အနုပညာကိုမြတ်နိုးတဲ့လူတစ်ယောက်ပဲဗျ။ ကျွန်တော်ဆိုလို့တာက သူ့ဒီ အနုပညာကို ချစ်လို့ သူ့အသက်မွေးဝမ်းကြောင်း သူ့တတ်ထားတဲ့ အနုပညာနဲ့ တည်ဆောက်ထားတယ်လို့ ပြောချင်တာပါ။ တစ်ချို့တွေက တကယ်မမြတ်နိုး မခုံမင်ပဲ သူများလုပ်လို့ ဒါမှ မဟုတ် ဝမ်းရေးကြောင့် စတာတွေကြောင့် အနုပညာကို ရှေ့တန်းတင်ပြီး လုပ်စားနေကြသူတွေနဲ့ ကွဲပြားတာကို သူ့မျက်နှာမှာ ပေါ်လွင်နေပါတယ်။ ဆိုင်တွေမှာဆို ဈေးကြီးတယ်ဗျ၊ ရွာထဲက မျောက်အုန်းသီးလုပ်တဲ့ပညာရှင် ကိုကြည်ခိုင် အိမ်လို့သာမေးပြီး သွားဝယ်ဖို့ အကြံပေးပါတယ်ဗျာ။
ချောင်းသာရဲ့ သဘာဝ အလှအပတွေကတော့ ပြောမဆုံးနိုင်အောင်ကို ရှိပါတယ်။ အဲဒီလို လှပတဲ့ ကမ်းခြေမှာ အစိုးရကပေးထားတဲ့ လျှပ်စစ်မီးမရှိဘူးလို့ သိလိုက်ရချိန်မှာ အတော်ကိုအံ့ဩသွား ရပါတယ်။ အော် ဒါမျိုး သဘာဝ အလှအပ အရင်းအမြစ်တွေ ရှိနေရဲ့နဲ့ အစိုးရကသာ ထိရောက်တဲ့ ပန့်ပိုးမှုတွေသာ ဘယ်လောက်ကောင်းမလဲဗျာ။ လမ်းပန်းဆက်သွယ်ရေးက အစပေါ့ဗျာ။ သွားတဲ့ ခရီးသည်တင်ကားတွေ နဲ့ တောင်တတ်တောင်ဆင်း ဂငယ်ကွေ့တွေက ကြောက်တတ်သူ အတွက် အသည်းယား စရာပါပဲ ခင်ဗျာ။
ပုဂံ post မှာရေးထားတဲ့ အတွေးလေးနဲ့ပဲ အဆုံးသက်လိုက်ချင်ပါတယ် .. ချောင်းသာရေ ခဏတော့ နေရစ်ဦး.... ပြန်တွေ့တာပေါ့ကွာ..
ဆယ့်နှစ်ရာသီလုံး ခရီးသွားတွေလာနိုင်အောင် လုပ်ပေးထားမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ လို့တွေမိပါတယ်။ ဒီလိုမျိုး ရာသီဥတုတွေကို ကျွန်တော်တို့ မြန်မာတွေဘာကြောင့် မတွန်းလှန်ပဲ ဘာလို့နေနေကြရတာလဲဗျာ။ Singapore ဆိုရင် အမြဲလိုလိုမိုးတွေရွာ နေတယ်။ Finland၊ Norway စတဲ့ ဥရောပတိုင်းပြည်တွေမှာ ဆိုရင် ဆောင်းရာသီရောက်ရင် ၄လလုံးလုံး နေကို လုံးဝမမြင်ရတာတွေရှိတယ်။ ကျွန်တော်တို့ဆီမှာ အဲလောက်ထိ ရာသီဥတုမဆိုးသေးတာ သေချာတယ်ဗျာ။ လုပ်နိုင်တဲ့ မျိုးချစ် ပညာရှင်တွေနဲ့ လုပ်ပိုင်ခွင့် အာဏာရှိသူတွေက ကိုယ့်တိုင်းပြည် တကယ်တိုးတတ်အောင်လုပ်မယ် ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ဘာကြောင့် မတိုးတတ်ရမှာလဲဗျာ။
Bagan Trip Part 3 (Nyaung Oo)
Written by Zack Friday, 16 December 2011 17:21
ညောင်ဦးရဲ့အလှအပတွေကိုပြောမယ်ဆိုရင်တော့ချန်ထားလို့မရတာက “ကျောက်ကူးဥမင်” နဲ့ “နတ်သမီးကမ်းပါး” ပဲဖြစ်ပါတယ်။ သည်နေရာ ကတော့ ညောင်ဦးမြို့ အပြင်လေးမှာတင် ရှိနေပြီး ပုဂံမြို့သစ်ကနေ သွားမယ်ဆိုရင်တော့ ၄၅ မိနစ်ဝန်းကျင်လောက် ကားနဲ့သွားရပါတယ်။ ထူးခြားတာက ဂူဘုရားအတွင်းမှာရှိတဲ့ ဥမင်လိုဏ်ခေါင်းတွေပဲဖြစ်ပါတယ်။
ဒီဥမင်လိုဏ်ခေါင်း ၂ ခုက ပုဂံက ရွှေစည်းခုံ နဲ့ အာနန္ဒာ တွေဆီပေါက်တယ်။ ၁၉၇၅ မြေငလျင်ကြောင့်လမ်းပိတ်သွားရတာ။
နတ်သမီးချောက်ကမ်းပါးကတော့ ကျောက်ကူးဥမင်ကနေ ၁၅ မိနစ်သာသာလမ်းလျှောက်သွားရပါတယ်။ မိုးတွင်းဆိုရင် ရေစီးကြမ်းတဲ့သဲချောင်းပေါ့ဗျာ။
နတ်သမီးချောက်ကမ်းပါးအလှအပပုံကိုမြင်တွေ့ရပုံ။
ညောင်ဦးဆိပ်ကမ်းကနေစက်လှေနဲ့ဧရာဝတီမြစ်အတိုင်းလာမယ်ဆိုရင်လည်းရတယ်ဗျာ။ ဒီနေရာမှာ စက်လှေကပ်ပြီးကျောက်ကူးဥမင်ကို လမ်းလျှောက်သွားနိုင်ပါတယ်။
ဧရာဝတီရဲ့နေ ညိုချိန်အလှများ
Bagan Trip Part 1 မှာ ရွှေဆံတော်ပေါ်ကနေ နေဝင်ချိန်အလှကို ရေးခဲ့တာ ရှိပါတယ်။ အဲဒီနေညိုချိန်အလှလေးကို ဧရာဝတီမြစ် အလယ်ကနေ ကြည့်ချင်လို့ ၊ ဧရာဝတီရဲ့ နေဝင်ဆည်းဆာကို မြင်တွေ့ချင်လွန်းလို့ စက်လှေငှါးပြီး ထပ်သွားခဲ့ပါသေးတယ်။ ဧရာဝတီရဲ့ အလှအပတွေ ကိုသေသေချာချာ ခံစားကြည့်ချင်တယ်ဆိုရင် ဧရာဝတီမြစ်ကြီးကိုကျော်ပြီး တန့်ကြည်တောင်တွေ အပေါ်မေးတင်နေတဲ့ ညနေ နေ၀င်ချိန်ကို မေ့ထားလို့ လုံးဝမရဘူးဗျ။ အဲဒီအချိန်ကို ဓါတ်ပုံရိုက်ချင်ရင် စက်လှေငှားပြီးမြစ်လယ်လောက်ကနေထိုင်စောင့်နေသင့်ပါတယ်။
အဲဒီအချိန်မှာမြစ်တစ်ဖက်ကမ်းကရွာတွေရဲ့ယာခင်းမီးရှို့ပြီးတက်လာတဲ့ မီးခိုးမျှင်တန်းလေးတွေကိုလည်း နေ၀င်ချိန်မှာလွမ်းစရာမြင်ကွင်းလေးပါ။ တဖက်ကမ်းရွာထဲကဖွင့်တဲ့ တွံတေးသိန်းတန်သီချင်းကိုလည်းကြားနေရသေးတယ်။ မြစ်ကမ်းနဖူးက ၀ါးကျောင်းဘုန်းကြီးကျောင်းကလည်းဘုရားရိပ်၊ တရားရိပ်နဲ့အေးချမ်းဖွယ်အတိကိုမြင်တွေ့ရနိုင်ပါတယ်။
ကျွန်တော်တို့အဲဒီလိုနေရာတွေကနေ မွန်းကြပ်တဲ့မြို့ပြဘ၀ထဲကို ပြန်လာချင်စိတ်လုံးဝကို မရှိတော့တာဗျာ။
ပုဂံသူ၊ ပုဂံသားတို့ရဲ့သမုဒ္ဒရာဝမ်းတစ်ထွာဘ၀များ
ပုဂံ-ညောင်ဦးပတ်ဝန်းကျင်တွေကိုလျှောက်သွားရင်းဒေသခံတွေရဲ့လုပ်ကိုင်စားသောက်ကြ ပုံတွေကိုလည်းသိလာရတယ်။ စရောက်ရောက်ခြင်း ပစ္စည်းလေးတွေ ၀ယ်ချင်လို့ဈေးမေးလိုက်တော့ ထင်ထားတာထက်များနေတာ ကိုတွေ့ရတယ်။ နောက်ပိုင်းသွားရင်း သိလာတာက ရောင်းဝယ်လုပ်ကိုင် စားသောက်နေကြသူတွေက မိုးအပြီးနွေမရောက်ခင်ပွင့်လင်း ရာသီလေးကိုပဲမှီခိုစားသောက်နေကြရတယ် ဆိုတာပါပဲ။
မြင်းလှည်းငှား စီးတော့လည်းမြင်းလှည်း ဆရာက “မိုးတွင်းဆိုရင်တစ်ခါတစ်လေမြင်းစားဖို့တောင် မရတဲ့နေ့တွေရှိတယ်” လို့ပြောတယ်။ စက်လှေဆရာကလည်း “မိုးတွင်း ၀ါဆိုဝါခေါင်ဆိုရင် နိုင်ငံခြားသားတွေမလာတော့ဘူး ဧပြီလောက်ရောက်တော့လည်း အရမ်းပူလို့မလာပြန်ဘူး အဲလိုအချိန်ဆိုရင် စက်လှေတွေလျှော့ပစ်ရတယ်။ ဆောင်းရာသီအချိန်လေးပဲလုပ်ကိုင်စားသောက်လို့ကောင်း တာ” လို့ပြောပြန်ရောဗျာ။
ဘုရားတွေရှေ့မှာ အညာဒေသထွက် စားစရာတွေဖြစ်တဲ့ပုန်းရည်ကြီး၊ ဇီးတော်ဖီ၊ ထန်းလျှက် စတာတွေရောင်းနေကြသူတွေကိုမြင်နိုင်သလို ဘုရားစောင်းတန်းတွေအတွင်းမှာလည်း မြန်မာမှု အနုပညာပစ္စည်းတွေဖြစ်တဲ့ယွန်းအသုံးအဆောင်၊ ၀ါးနဲ့လုပ်ထားသောလက်ဆောင်ပစ္စည်းများ၊ ပန်းပုအရုပ်လေးများအပြင် ဧရာဝတီမြစ်ကြမ်းပြင်ကရတဲ့သဲတွေနဲ့ဆွဲတဲ့ “သဲပန်းချီ” တွေကိုလည်း ဘုရားတိုင်းလိုလိုမှာ မြင်တွေ့ရနိုင်ပါတယ်။
ဆယ့်နှစ်ရာသီလုံး ခရီးသွားတွေလာနိုင်အောင် လုပ်ပေးထားမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ လို့တွေမိပါတယ်။ ဒီလိုမျိုး ရာသီဥတုတွေကို ကျွန်တော်တို့ မြန်မာတွေဘာကြောင့် မတွန်းလှန်ပဲ ဘာလို့နေနေကြရတာလဲဗျာ။ Singapore ဆိုရင် အမြဲလိုလိုမိုးတွေရွာ နေတယ်။ Finland၊ Norway စတဲ့ ဥရောပတိုင်းပြည်တွေမှာ ဆိုရင် ဆောင်းရာသီရောက်ရင် ၄လလုံးလုံး နေကို လုံးဝမမြင်ရတာတွေရှိတယ်။ ကျွန်တော်တို့ဆီမှာ အဲလောက်ထိ ရာသီဥတုမဆိုးသေးတာ သေချာတယ်ဗျာ။ လုပ်နိုင်တဲ့ မျိုးချစ် ပညာရှင်တွေနဲ့ လုပ်ပိုင်ခွင့် အာဏာရှိသူတွေက ကိုယ့်တိုင်းပြည် တကယ်တိုးတတ်အောင်လုပ်မယ် ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ဘာကြောင့် မတိုးတတ်ရမှာလဲဗျာ။
ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ၊ နည်းပညာပိုင်းဆိုင်ရာတွေခေတ်မမှီ၊ ချို့တဲ့နေသော်လည်း ပုဂံသူ၊ ပုဂံသားတို့ရဲ့ လူနေမှုပုံစံက ရိုးရှင်းအေးချမ်းလှတယ်လို့ခံစားမိတယ်။ မနက်မိုးလင်းရင် ဘုရားဖူးတွေကိုဈေးရောင်းမယ်။ တခြားဝန်ဆောင်မှုတွေပေးပြီးပိုက်ဆံရှာကြတယ်၊ ညနေစောင်းရင် ဧရာဝတီမြစ်ကြီးကို စက်လှေလေးနဲ့ကူးပြီးပြန်သူကပြန်၊ စက်ဘီ ဆိုက်ကယ်လေးတွေနဲ့ပြန်သူကပြန်လို့ ညနေ ရ နာရီလောက်ဆိုရင် မိသားစုစုံတဲ့ ထမင်းဝိုင်းလေးကိုစားနေကြတာကို တွေ့ရတယ်။
( ကိုယ်က အပြင်ပန်းကနေ အေးချမ်းနေတယ်လို့ ထင်သော်လည်း .... လူသဘာဝက ကိုယ့်ဝမ်းနာတာ ကိုယ်ပဲသိ ဆိုသလိုမျိုး အပြင်ဘက်ကနေ တခဏတာ အမြင်လေးနဲ့တော့ 100% တော့ သုံးသပ်လို့တော့ ဘယ်ရမလဲ )
အခုလိုအချိန်မှာတော့ ဒီလောက်ကျန်နေတဲ့မြန်မာမှု အနုပညာလက်ရာမြောက်တဲ့ စေတီ ပုထိုး၊ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်ဇရပ်တွေဟာ ရှေးကာလ မင်းနေပြည်တော် ပုဂံရွှေပြည်ခေတ် လောက်တုန်းကဆိုရင် ဘယ်လောက်ထိများ တင့်တယ်သာယာနေမလဲဆိုတာကတော့---------
Bagan Trip Part 2
Written by Zack Friday, 16 December 2011 16:10
မြစ်ကြီးဧရာဝတီ၏အလှအပသဘာဝများ
ပုဂံရဲ့အလှအပတွေကိုပြောရင်ချန်ထားလို့မရတာက “ဧရာဝတီ” ပါ ဧရာဝတီရဲ့ရှုမညီးဖွယ် သဘာဝအလှအပတွေကိုကိုယ်တိုင်မြင်တွေ့ခံစားလိုက်ရမှ ကျွန်တော်တို့နိုင်ငံရဲ့ ရတနာတစ်ပါးဖြစ်တဲ့ မြစ်မင်းဧရာဝတီကို ဘယ်တော့မှမသစေချင်ဘူး၊ ဘယ်တော့မှလည်းမဆုံးရှုံးစေချင်ဘူး။ ဘူးဘုရားကနေ တန့်ကြည်တောင်ဘက်ကို စက်လှေလေးနဲ့ ကူးသွားချိန်မှာဧရာဝတီရဲ့ အလှအပတွေကိုမြင်ရနိုင်ပါတယ်။
မြစ်အတွင်းဓါတ်ပုံ
မြစ်ထဲကနေ ပုဂံကို ပြန်ကြည့်ရင်လည်း လွမ်းစရာကောင်းအောင်ငေးမောကြည့်နေတဲ့ ပုဂံကိုတွေ့ရပါလိမ့်မယ်။
စင်္ကာပူက မြစ်လို့ဆိုပြီးလှစီးနေတဲ့သူတွေကိုခေါ်သွားပြီးပြချင်မိတယ်။ တန့်ကြည်တောင်ပေါ် ကိုရောက်သွားရင်လည်း ဧရာဝတီရဲ့အလှအပအကွေ့အကောက် တွေကို အပေါ်စီးကနေကြည့်လို့ရနိုင်ပါတယ်။
အဲဒီလိုသဘာဝအလှအပတွေအပြင်အညာဒေသရဲ့လူနေမှုစရိုက်လေးတွေကိုလည်းညောင်းဦးကနေ ပုပ္ပါးတက်သွားတဲ့လမ်းပေါ်မှမြင်နိုင်ပါတယ်။
- နွားအသုံးပြုပြီး မြေပဲဆီကြိတ်နေပုံ
- တောအရက်ချက်နေပုံ
- ထန်းလျက်ပြုလုပ်နေပုံ
- နွားစာစဉ်းတဲ့ပုံ
- ထန်း လှီးဓား
- ထန်းတောများရဲ့အလှ
မြန်မာပြည်အလယ်ပိုင်းဒေသအပူပိုင်းဇုံရဲ့အိုအေစစ်လိုတင်စားခေါ်ဝေါ်တဲ့ တောင်တော်ပုပ္ပါးကအေးချမ်းလှပါပေတယ်။ ဒါကြောင့်လည်းသူတော်စင်တွေ ဒီလိုအရပ်မှာတရားကျင့် ပျော်မွေ့ တယ်လို့ထင်မိပါတယ်။ ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ရာဇဝင်ဇတ်လမ်းတွေထဲက လမ်းတွေ၊ ဂူတွေ၊ တောင်ကလပ်တွေကို အပြင်မှာ တွေ့လိုက်ရတော့ ခရီးပန်းတာတွေ အလိုလိုပျောက်သွားတယ်လို့ ခံစားရပါတယ်
- တောင်တက်လမ်းတစ် လျှောက်ရှိမျောက်များ
- ပုပ္ပါးတောင်ပေါ်မှ စေတီတော်မြတ်
- ပုပ္ပါးတောင် အနီးတဝိုက် အလှအပများကို မြင်တွေ့ရပုံ
Bagan Trip Part 1
Written by Zack Sunday, 11 December 2011 13:47
ကျွန်တော်မြန်မာနိုင်ငံကိုပြန်ရင်း မမျှော်လင့်ပဲ ပုဂံကိုရောက်သွားတယ်။ စပြီးရောက်ရောက်ခြင်းပဲသတိရသွားမိတာလေး တစ်ခုက တိုက်စိုးရဲ့ဧရာဝတီ စာအုပ်ထဲက စကားလေးပဲ ဖြစ်ပါတယ်
ပုဂံကို လာရမယ်ဆိုတော့ ကျွန်တော် မကြည်နူးမိပါဘူး၊ အခုရောက် လာလို့ အံဩစရာတွေကို တွေ့ရတော့မှ မရောက်မိဘဲများ သေသွားရရင် ခက်ရချည်ရဲ့လို့ အောက်မေ့မိတယ်
ဟုတ်ပါတယ် ဗမာမှန်ရင်တော့ မသေခင်ပုဂံကိုသွားပြီးလေ့လာသင့်ပါတယ်။ ကျွန်တော်တို့ ရှေးမြန်မာတွေ ဘယ်လောက်အထိ ဖန်တီးနိုင်စွမ်းအား မြင့်မားမှု၊ အနုပညာခံစားမှု အားကောင်းပုံတွေကို မျက်ဝါးထင်ထင်မြင်ရပါလိမ့်မယ်။ ဂူဘုရားတွေ အတွင်းမှာ လေ၀င်လေထွက်ကောင်းအောင် တည်ဆောက်ထားပုံ Architecture တွေကလည်း လေးစားလောက်ပါပေတယ်။
၁။ ဓမ္မရာဇက ဘုရားအတွင်းရှိ ရေထွက်ပေါက်တစ်ခု
၂။ အာနန္ဒာဘုရားအတွင်းရှိသစ်သားတံခါးကြီးများ
၃။ အာနန္ဒာဘုရားအပြင်ဘက်အုတ်ဖြင့်ပြုလုပ်ထားသောပန်းပုလက်ရာများ
၎။ သထုံပြည့်ရှင်မင်းကြီး အကျဉ်းချခံနေပုံကိုဖေါ်ကျူးတည်ထားသော မနူဟာဘုရားကြီး
၅။ စွယ်တော်ဋ္ဌာပနာထားသော ရွှေစည်းခုံစေတီတော်မြတ်ကြီး
၆။ ဧရာဝတီကမ်းနဖူးက ဘူးဘုရား
၇။ ရွှေဆံတော် ဘုရားရဲ့ လှေခါး ၅၅ ထစ်ကို တက်ပြီးသွားရင်တော့ အခုလို့ လှပတဲ့ ပုဂံရဲ့ နေဝင်ဆည်းဆာကို မြင်တွေ့ ရပါမယ်
၈။ လက်ညိုးထိုးမလွဲရှိနေတဲ့ ဘုရား၊ စေတီပုထိုးတွေဟာ ညနေ နေ၀င်ချိန်လေးမှာ အရမ်းကိုလှတယ်ဗျာ။
၉။ ကျွန်တော်သွားတဲ့နေ့က တန်ဆောင်မုန်းလပြည့်နေ့ညဖြစ်တာကြောင့် လ က နေ၀င်ပြီး တာနဲ့ စောစောလေးထွက်လာပုံကိုလည်းမြင်ရ ပါတယ်
R.I.P Steve | Memory of Steve
Written by Zack Thursday, 06 October 2011 17:38
ဒီနေ့ မနက် အလုပ်လုပ်ဖို့ mail တွေစစ်ဖို့ Safari ကိုဖွင့်လိုက်ချိန်မှာ Steve Jobs(1955 - 2011) ဆိုတာကိုတွေ့ပြီး လုံးဝကို မယုံနိုင်အောင် ဖြစ်သွားတယ်။ အဲဒီမှာ မယုံနိုင်လို့ ပုံကို Click လိုက်တယ် ဆိုရင်ပဲ Apple ကနေ တရားဝင် Steve သေသွားပြီ ဆိုတာကို ထုတ်ပြန်ထားတဲ့ စာလေးကို ဖတ်လိုက်ရတယ်။


တကယ်ကို မယုံလောက်အောင် ဖြစ်သွားပြီး ခဏတာ ပြောစရာ စကား မရှိလောက်အောင်ကို ဆွံ့အ သွားရပါတယ်။ သူ့ကျန်းမာရေး
အခြေအနေကြောင့် အနားယူသွားပြီး နောက်ပိုင်း ဘာသတင်းမှ ထပ်မကြားတော့ပဲ ရုတ်တရက်ကြီး သေပြီ ဆိုတာကို သိလိုက်ရတာလဲ ပါပါတယ်။ ထပ်ပြောရရင် မနေ့ တနေ့ကမှ iPhone 4S ကိုလဲ Apple ကနေ officially စတင်မိတ်ဆက်ထားတာ ဆိုတော့ အဲဒီ အကြောင်းလေး စိတ်ဝင်တစား ရှိနေတုန်း ခုလို သတင်းကြီး ဖတ်လိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ Steve သေဆုံးချိန်မှာ အသက်က ၅၆ ဆိုတော့ ပြောမယ်ဆိုရင် နောက်နှစ်ပေါင်း ၂၀ လောက်ကိုကောင်းကောင်း နေနိုင်သေးပါတယ်။ နေရာစုံ၊ နယ်ပယ်စုံမှာ လူတော်တွေ ဖန်းတီးရှင်တွေ ဘာကြောင့် အကြွေစောရတယ်ဆိုတာကိုလဲ မေးခွန်း ထုတ်မိတယ်ဗျာ။ ???
Steve အကြောင်းတတ်လာတဲ့ link တွေကိုသွားပြီ သတင်းတွေ သူ့အမှတ်တရတွေကို လိုက်ဖတ်ရင် အချိန်တောင် တော်တော်လေးကုန်သွားတယ်။ ကျွန်တော် Blog စရေးတုန်းက Reader's corner ဆိုပြီး category လေးတစ်ခုဖွင့်ပြီး စိတ်ဝင်စားတဲ့ သတင်းလေးတွေကို အဲဒီအောက်မှာ ရေးလေ့ရှိတယ်။ ပထမဆုံး စပြီး ရေးဖြစ်ခဲ့ Steve အကြောင်းပါ။ တခြား Web Site တွေမှာ ရေးထားတာတွေ ရှိတော့ အတော်များများ သိနေပြီးသား Steve အကြောင်းလေးတွေပါ။
- First Story | Sceond Story | Third Story
ပထမ story ကိုဖတ်လိုက်ရတော့ Steve ငယ်ဘဝ အဖေမရှိပဲမွေးပြီး မိခင်ကလည်း မွေးစားမယ့် သူတွေကို စွန့်ပြစ်ခဲ့တာကို ဂရုဏာသက်မိ ရပါတယ်။ မွေးစားမိဘတွေရဲ့ နောက်ထောက်ပံမှုနဲ့ ကောလိပ်ကျောင်းသား ဘဝ ဖြတ်သန်း ရုန်းကန်ခဲ့ ရပုံကလည်း လေးစား အားကျစရာပါ။ Steve ငယ်ငယ်က ပုံလေးတွေတွေ့လို့ တင်လိုက်ပါတယ်။

ဒုတိယ ပုံပြင်မှာတော့ အသက် ၂၀ အရွယ်မှ သူ့ရဲ့ သူငယ်ချင်း Wozniak(Woz) အတူ ကားဂိုထောင်ထဲမှာ သူ့တို့ယုံကြည်တဲ့ macintosh ကိုစပြီး အသက်သွင်းခဲ့တယ်။ ဒီ ပုံလေးကတော့ အမှတ်တရပေါ့။

ပိုပြီး အသေးစိတ်သိချင်ရင်တော့ အဲဒီ အချိန်လောက်တုန်းကအကြောင်းကို Documentary အဖြစ်ရိုက်ထားတဲ့ Pirates of Silicon Valley ကိုကြည့်သင့်တယ်
နောက်ပိုင်း သူ့အသက် ၃၀ လောက်မှာ သူ့တည်ထောင်ခဲ့တဲ့ Apple ကနေ အလုပ်ပြုတ်သွားပြီး စိတ်ဓါက် မကျပဲ Next တို့ Pixar တို့ကို တည်ထောင်ခဲ့ပုံကလည်း ဘဝ အနိမ့်အမြင့်တွေကြား အောင်မြင်လုပ်နိုင် တာကို လေးစားမိပါတယ်။ ဒီပုံလေးတွေက Steve ရဲ့ Next + Pixar တွေမှာ အလုပ်လုပ်နေချိန်က အမှတ်တရ ရှိနေစေမယ့် ပုံလေးတွေပါပဲ။



နောက်ဆုံး ပုံပြင်မှာ သူ့အဓိကထားပြောသွားတာကတော့ သူ့မှာ ဖြစ်နေတဲ့ ရောဂါပေါ်မှာ အခြေခံပြီး ပြောပြသွားတဲ့ သေခြင်းတရား အကြောင်းပါ။ နောက်ပြီး သိရတာက Steve က ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တယ် ဆိုတာပါပဲ။ ဒီနေရာ လေးမှာ ထပ်ဖတ်နိုင် ပါတယ်။
ကျွန်တော် ကြိုက်တဲ့ စာကြောင်းလေး တစ်ချို့ပေါ့
"If today were the last day of my life, would I want to do what I am about to do today?" Your time is limited, so don't waste it living someone else's life. Don't be trapped by dogma ― which is living with the results of other people's thinking. Don't let the noise of others' opinions drown out your own inner voice. And most important, have the courage to follow your heart and intuition. They somehow already know what you truly want to become. Everything else is secondary.
I'm convinced that the only thing that kept me going was that I loved what I did. You've got to find what you love.
And the only way to do great work is to love what you do. If you haven't found it yet, keep looking. Don't settle. As with all matters of the heart, you'll know when you find it. And, like any great relationship, it just gets better and better as the years roll on. So keep looking until you find it. Don't settle.
Stay Hungry. Stay Foolish
နည်းပညာလောကမှာ revolution ဆန်ဆန် products တွေကို ထုတ်လေ့ရှိတဲ့ အခုတော့ သူ့မက်မောတွယ်တာရာတွေကို ကျောခိုင်းလို့ သွားရပုံကိုလည်း သံဝေဂ ရမိပါတယ်။ Obama ကလည်း "The World Has Lost a Visionary” လို့ပြောခဲ့တာကိုလည်း ဒီမှာ ဖတ်ကြည့်နိုင် ပါတယ်။ Steve ရဲ့ နောက်ဆုံး WWDC 2011 မှာ iCould အကြောင်းပြောသွားတဲ့ ပုံလေးတွေကို အမှတ်တရ တင်လိုက်ပါတယ်။ ဒါဟာသူ့ရဲ့ တကယ်ကို နောက်ဆုံး Keynote ဖြစ်သွားပြီ ပေါ့ဗျာ။


ဒါကတော့ ကမ္ဘာ အရပ်ရပ်က Steve အတွက် ဆုတောင်းကြတဲ့ ပုံလေးတွေပါ။ လူသေသွား ခဲ့ပါပြီ သို့သော် နာမည်ကား ဆက်လက်ရှင်သန်နေမှာ သေချာပါတယ်


============================================================================================================
Steve ရေ R.I.P ပါ။ ကောင်းရာ သုကတိ လားမယ်ဆိုတာ သိပေမယ့် ထပ်ပြောပါရစေ ကောင်းရာသုကတိ လားပါစေ နည်းပညာ သူရဲကောင်းကြီးရေ
============================================================================================================
(ကျွန်တော်ငယ်ငယ်က ခံစားခဲ့ရဘူးတဲ့ ပုံစံတူ Feeling တစ်ခု အကြောင်းပေါ့)
လူတစ်ယောက်ရဲ့ ဖန်တီးမှု အနုပညာကို လွမ်းဆွတ် ခံစားမိတာ အခု လူလတ်ပိုင်း အရွယ်မှာ ဒါဟာ ပထမဆုံးပါ။ ဘဝမှာ ဆိုရင်တော့ ဒုတိယပါ့။ ငယ်ငယ်တုန်းက လမ်းထဲကို လာရောင်းတဲ့ ဗူပေါင်းသည်ကြီး ပျောက်သွားတုန်းက တစ်ခါ ဒီလိုမျိုး ခံစား ရဘူးတယ်။ ပြောရမယ် ဆိုရင် လမ်းထဲကို တခြား ရက်ကွက်တွေက လာရောင်းတဲ့ ဗူပေါင်းသည်တွေက အများကြီး ရှိသော်လည်း ကျွန်တော်တို့ ကလေးတွေ အားလုံး ဝယ်ပြီး အားပေးချင်တဲ့ ဗူပေါင်းသည်က ခြေထောက် တစ်ဘတ် မရှိတော့တဲ့ ဦးလေးကြီး ဆီကပါ။ စစ်ပြန်ကြီး တစ်ယောက်လို့လည်းပြောကြတယ်။ သူ့ကို ကျွန်တော်တို့တွေ့ချင်တာက သူ့ဆီမှာ ပါလာတဲ့ ဗူပေါင်း အရုပ်တွေက တခြားသော အရုပ်သည်တွေ့နဲ့ မတူဘူးဗျ။ တစ်ခါလာရင် တစ်မျိုး အသစ်အသစ်တွေ ပါလာတတ်လို့ ကျွန်တော်တို့ ကလေးတွေ မုန့်မစားပဲ စောင့်ဝယ်လေ့ ရှိတဲ့ ဦးလေးကြီးပေါ့။ သူ့လာရင် သိသာတယ် လမ်းထိပ်ကကောင်တွေက အရုပ်သည်ကြီး လာပြီဟေ့လို့ အားရဝမ်းသာ အော်လိုက်ပြီ ဆိုရင် ကျွန်တော်တို့ သိလိုက်ပါပြီ။ လမ်းထဲက ကလေးတွေ ဆူညံသွားတယ်။ အဲလိုနဲ့ နောက်ပိုင်း အဲဒီ ဦးလေးကြီး မလာတော့တာ တော်တော်လေး ကြာသွားတယ်ပေါ့။ ကျွန်တော်တို့တွေလဲ အရုပ်အဟောင်းလေးတွေနဲ့ ကစားရင် စောင့်နေကြတယ်။ နောက်ပိုင်း လူကြီးတွေကို မေးကြည့်တော့ အဲဒီ ရက်ကွက်တွေကလာတဲ့ ဈေးသည်တွေပြောတာ အဲဒီ ဦးလေးကြီး ငှက်ဖျားပြန်ထလို့ ဆုံးသွားပြီတဲ့။ ကျွန်တော်တို့ အားလုံး သစ်ပင်အောက်မှာ အရုပ်အဟောင်းလေးတွေ ကိုယ်စီကိုင်ပြီး အဲဒီနေ့က ကစားဖို့ စိတ်မပါတဲ့ နေ့ပေါ့။ သူ့အရုပ်လေးတွေကို မရနိုင်တော့ဘူး ဆိုတဲ့ ဝမ်းနည်းတာ အခု လည်း IT revolution လုပ်နိုင်စွမ်းရှိသူ့ရဲ့ magic ဆန်ဆန် products လေးတွေကို ကြည့်ချင် မြင်ချင်နေသေးတဲ့ စိတ်ရယ်၊ နေနိုင်သေးတဲ့ အရွယ်မှာ အသေစောတာကိုပေါင်းပြီး ခံစားမိပါတယ်။ ငယ်ငယ်တုန်းကလိုမျိုး ခံစားမှုလေးပါ။
Ref :
http://ipost.christianpost.com/news/steve-jobs-dead-was-he-christian-10197/
http://www.allaboutbusiness.sg/forum/viewtopic.php?f=2&t=255
http://abcnews.go.com/Technology/steve-jobs-dies-apple-chief-innovated-personal-computer/story?id=14383813
http://news.stanford.edu/news/2005/june15/jobs-061505.html
Ref :
http://ipost.christianpost.com/news/steve-jobs-dead-was-he-christian-10197/
http://www.allaboutbusiness.sg/forum/viewtopic.php?f=2&t=255
http://abcnews.go.com/Technology/steve-jobs-dies-apple-chief-innovated-personal-computer/story?id=14383813
http://news.stanford.edu/news/2005/june15/jobs-061505.html
More Articles...
Page 1 of 43
«StartPrev12345678910NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)