Zack Notes

Programming is Art of Thinking

Written by Zack Friday, 14 May 2010 12:41

  ကျွန်တော် တလောက Myanmar Tutorials မှာ IT နဲ့ lateral thinking ဆက်ဆက်ပုံ အကြောင်းကို

  ဖတ်လိုက်ရပါတယ်။ ဖတ်ပြီးတော့ ကျွန်တော် ဆက်စဉ်းစားမိတာက programmer တစ်ယောက်ရှူထောင့်ကနေ

  ကြည့်ရင် programming မှာရော တခြား ဘယ်လို thinking  တွေရှိသေးလဲ ဆိုတာပဲ ဖြစ်ပါတယ်။

  Programming မှာ တခြားသော thinking တွေလည်း ရှိနေသောကြောင့် ဒီ post ကို

Programming is Art of Thinking လို့ အမည်တပ်လိုက်ပါတယ်။ ဘာ Thinking တွေလဲ ဆိုတာ ဆက်သွားလိုက်ရအောင်

1) Breakthrough Thinking ( ဖောက်ထွက်တွေးနည်း )

Programmer တစ်ယောက်အနေနဲ့ သမရိုးကျတွေကနေ ဖောက်ထွက်တွေးတောတက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဟိုးအရင်တုံးက

javascript ကိုသာ form validation တွေမှာ သုံးကျပေမယ့် ခုနောက်ပိုင်းမှာ AJAX, jQuery စတာတွေက အစားထိုး နေရာယူလာတာကို

တွေ့ရပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် Breakthrough Thinking ကို အခြေခံပြီး ပိုကောင်းမွန်တဲ့ result တွေရလာအောင် လုပ်ခဲ့တဲ့ ဥပမာ

တစ်ခုပဲ ဖြစ်ပါတယ်။ Forum တွေကနေ QA based site ပြောင်းလာတာလဲ ဒီသဘောပဲ ဖြစ်ပါတယ်။

2) Productive Thinking ( အသစ်မျှော် စဉ်းစားနည်း )

ရှေ့ဘာပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလဲ ဘာတွေကို ပြင်ဆင်ထားမလဲ ဆိုတာလဲ Programmer တစ်ယောက်ရဲ့ Thinking ထဲမှာ ပါပါတယ်။

ဘာလို့လဲ ဆိုရင် ငါဟာ VB 4.0, VB 6.0 ဆရာကြီးပဲကွဆိုပြီး အသစ်တွေကို မပြင်ဆင်ပဲ နေခဲ့မယ်ဆိုရင် market demand အရ သူဟာ

နောက်ကျ ကျန်နေခဲ့ပါလိမ့်မယ်။ ဒီနေရာမှာ Cross Question တစ်ခု ရှိတာက ဒီလောက် လျင်လျင်မြန်မြန်ပြောင်းလဲနေတဲ့ ခေတ်မှာ

အသစ်တိုင်းကို ဘယ်လိုလိုက်နိုင်မလဲ ဆိုတာ ဖြစ်ပါတယ်။ ဒီအတွတ် 3Ps ကို based လုပ်ပြီး ဆုံးဖြတ် ရပါမယ်။ အဲဒါတွေကတော့

- Possible ( ဖြစ်နိုင်စရာ ရှိသော )

- Probable ( ဖြစ်တန်ရာသော )

- Preferable ( ဖြစ်သင့်ဖြစ် ထိုက်သည်ဟု ယူဆရသော )

3) Lateral Thinking ( ဖြန့်ထွက်တွေးနည်း )

Programming ရေးရာတွင် ဖြစ်စေ၊ error တစ်ခုခုကို ရှင်းရာမှာ ဖြစ်စေ Lateral Thinking မရှိရင် အချိန်ကုန်၊ လူပန်း အကျိုးမရှိ ဖြစ်တတ်

ပါတယ်။ ကျွန်တော်တို့ က ပြသနာ တခုနဲ့တွေရင် ဘောင်အတွင်းကနေပြီး လုံးချာလည် စဉ်းစားတက်ကျလိုပါပဲ။ တကယ်တော့  ပြသနာ

အပြင်ကနေထွက်ပြီး စဉ်းစားမယ်ဆိုရင် solution ကရှိနေပြီးသားပါ။ Lateral Thinking အတွက် ရိုးရှင်းပြီး အကောင်းဆုံး ဥပမာကတော့

အစက် ကိုးခုကို မျဉ်း လေးကြောင်းနဲ့ ထိအောင်ဆွဲရမှာ ဖြစ်ပါတယ်။ ဆွဲတဲ့ အခါမှာလည်း ဘောပင်ကို မကြွပဲ တစ်ချက်ထဲနဲ့ ဆွဲရမှာ ဖြစ်ပါတယ်။

Myanmar Tutorials post မှာလည်း ဒီ ဥပမာကို ပဲပေးထားပါတယ်။ စိတ်ဝင်စားရင် ဒီမှာ စဉ်းစားကြည့်နိုင်ပါတယ်။



 
4) Innovative (or) Creative Thinking ( ထွင်တွေးနည်း )

21 ရာစု နည်းပညာခေတ်ကို ဖြတ်သန်းနေရာမှာ Idea Alternative တွေမကြာ ခဏဆိုသလို ဖြစ်ပါတယ်။ အဲဒါတွေဟာ Innovative (or)

Creative Thinking တွေပေါ်မူတည်ပြီး Technology, Products အသစ်တွေ  ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ကြည့်မယ်ဆိုရင် သာမန် mobile

တွေကနေ  Smart phone, PDA Phone, iPhone တွေရဲ့ အဆင့်ဆင့် ပြောင်းလဲလာပုံကို မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း Programmer

တစ်ယောက် အတွက် Creative Thinking ကောင်းဖို့လည်း လိုပါတယ်။

 
အဲဒါတွေကတော့ Programming မှာ ကျွန်တော် သိထားသလောက် Thinking တွေပဲဖြစ်ပါတယ်။ How to Think, What to Think,

Why to Think တွေနဲ့ Art of Thinking ရဲ့ အလှအပကို မြင်နိုင်ကျပါစေ။ သူငယ်ချင်းတို့ အမြင်မှာ တခြား Thinking တွေ ရှိနေအုံးမယ်

ဆိုရင်လည်း Comment ပေးပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

 

ဒီ post ကို ဖတ်တဲ့ အခါ comment လေးတွေကိုပါ ဆက်ဖတ်စေလိုပါတယ်။ တခြား thinking တွေကိုလည်း comment ပေးဆွေးနွေး

ထားကြလို့ သူတို့တွေရဲ့ မူရင်းလေး အတိုင်း ဖတ်ကြည့်နိုင်ပါတယ်။


 

 

People.Joomla.Org

ဒီနေ့ ကျွန်တော် Facebook ဝင်လိုက်တော့ JoomlaTutorial ကနေ People.Joomla.Org 

ဆိုတာကို  သိလိုက်ရတယ်။ ဒီနေရာလေးကိုဝင်ကြည့် လိုက်တော့ Joomla developer တွေ၊ user

တွေကို စုပေးထားတဲ့ community portal လေးဖြစ်ပါတယ်။  Joomla နဲ့ ပတ်သက်နေသူ ဆိုရင်တော့

အဲဒီမှာ account ဖွင့်ထားပြီး Joomla နဲ့ ဆိုင်တဲ့ Latest news တွေ၊ Event တွေ ပြီးတော့ Tutorial

တွေကိုပါ သိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော် ထင်တာ ဒီ people.joomla.org ကို

Community Builder ဆိုတဲ့ extension လေးကို သုံးထားပုံ ရတယ်။ အဲဒီ extension က

social network တွေကို support လုပ်ပြီ ခုချိန်ထိတော့ Non-Commercial ပေးနေတုန်းပါပဲ။



 

Joomla! administration Basics (Joomla 1.0)

ဒီ Post ကအဟောင်း ဖြစ်ပါတယ်။ ဒီ post ကို ကြည့်လို့ မရလို့ ပြန်တင်ပေးပါ ဆိုပြီး comment ပေးလို့ first page ဖြစ်အောင်လုပ်လိုက်တာပါ။ တကယ်တော့ ရှိနေပါတယ်။ ကျွန်တော် ရေးပြီးသား post တွေကို မဖြတ်ပြစ်ပါဘူး။ နောက်များမှာ ရေးပြီးသား post တွေကို ရှာချင်တယ်ဆိုရင် ဘယ်ဘက် အခြမ်းက category အောက်မှာ ကြိုက်နှစ်သက်ရာ category ကိုရွေးပြီး ရှိထားပြီးသား post တွေကို ပြန်ရှာနိုင်ပါတယ်။

Joomla ရဲ့  Site Administration က နေ့ စဉ်အလိုက် Up-to-date ဖြစ်တဲ့ Content တွေကို Upload လုပ်လို့ ရတယ်။ ပြီးတော့ ကိုယ့်ရဲ့  Site ထဲမှာ ရှိနေတဲ့ Users တွေကို Management လုပ်လို့ ရတယ်။ နောက်တစ်ခုကတော့ မိမိ Site မှာ သုံးမယ့် Components တွေ၊ Modules တွေ၊ Templates တွေ ကို Install လုပ်ပေးလို့ ရတယ်။

 

Read more: Joomla! administration Basics (Joomla 1.0)

 

Google Analytic Module in Joomla 1.5

Wednesday, 12 May 2010 17:29

Joomla မှာ Google Analytic လုပ်နိုင်တဲ့ module လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Web Site တစ်ခု လုပ်ပြီးသွားရင် ကိုယ်လုပ်ထားတဲ့ Site ရဲ့ statistic ကို သိချင်ကျပါတယ်။

ဒီအတွက် Google ရဲ့ Free Services တစ်ခု ဖြစ်တဲ့ Google Analytic ကိုသုံးနိုင်ပါတယ်။

 

ဒီမှာ register လုပ်နိုင်ပါတယ်။ register လုပ်ပြီးရင် ဒီလိုမျိုး code လေးတစ်ခု ရပါမယ်။  UA-13XXXXXX-X

Joomla မှာ ဒီ code လေးကို သွားထည့် ပေးဖို့ လိုတယ်ဗျာ။ ဒါကြောင့် ဒီ module လေးကို အရင် install လုပ်လိုက်ပါ။

ပြီးရင် module manager ထဲကနေ အဲဒီ module ကိုသွားလိုက်ပါ။ ညာဘတ်က module parameters မှာ

Analytics _uacct code ဆိုတာရှိတယ်။ ခုန ရလာတဲ့ code လေးကို ထည့်ပေးပြီး module ကို enable လုပ်လိုက်ပါ။

Front-End မှာတော့ ဘာမှ ထွေထွေထူးထူး မမြင်ရပါဘူး။ ကိုယ် Site Statistic ကိုသိချင်ရင်တော့

https://www.google.com/analytics/ ကို login ဝင်ပြီး ကြည့်နိုင်ပါတယ်။

 

Work and Play

Written by Zack Tuesday, 11 May 2010 13:33

  မနက်လင်းတာနဲ့ အလုပ်သွား၊ ညနေ ပြန်ရောက် ရေချိုး၊ ထမင်းစား ပြီးတော့ စာလေးဘာလေး

 နဲနဲဖတ်၊ ဘုရားရှိခိုးပြီး အိပ်ယာဝင်ပေါ့။ ဒီလို life style ကို တစ်ရက်လည်း မဟုတ်၊ နှစ် ရက်လည်း

မဟုတ်၊ တစ်လလည်း မဟုတ်၊ နှစ်လလည်း မဟုတ်၊ နှစ်တွေကြာလာတော့ စိတ်ပျက် ငြီးငွေ့လာမိပါတယ်။ ကျွန်တော် ဖတ်နေတဲ့

Quite Mind ထဲမှာ အဲဒါနဲ့ ပတ်သက်ပြီး ရေးထားတဲ့ Article တစ်ခုကို ဖတ်မိလို့ share လိုက်ပါတယ်။

Title က အလုပ်နဲ့ အပျော်အပါး ကစားခုန်စား ပါ။

 


 
All work and no play make Jack and Jill dull kids.
(Traditional Saying )(Adapted)
 


အလုပ်ချည်းပဲလုပ်ရပြီး ပျော်ပါးစရာမရှိတဲ့အတွက် Jack နဲ့Jill က ထိုင်းမှိုင်းတဲ့က လေးတွေ ဖြစ်ကြရတယ်။

ဒီဆိုရိုးစကားက အင်္ဂလန်နိုင်ငံ စက်မှုတော်လှန်ရေးအခါ (၁၉) ရာစုကပေါ်ထွက်ကဲ့ ဟန် တူပါတယ် ကလေးတွေက

အလုပ်တွေ အဆမတန် လုပ်ကြရတဲ့အတွက် ကစားဖို့အချိန် မရှိခဲ့ကြပါဘူး။ Oliver Twist ဆိုတဲ့ ကလေးရဲ့ ဘ၀မျိုး ဖြစ်ပါတယ်။

 

ကျွန်ပ်တို့ခေတ်မှာ အလုပ်နဲ့အနားယူကစားခြင်း ဟန်ချက်ညီဖို့က လူကြီးတွေအ တွက် အဓီကဖြစ်နေပါတယ်။ မိသားစုတွေ

ရှိကြတဲ့ ရူပဗေဒပညာရှင်တွေကို မေးကြည့်ပါ။ အလုပ်စွဲခြင်း ( Workaholism ) တွေ ကောင်းကောင်းရှင်သန်နေကြပါတယ်။

အလုပ်စွဲလမ်းခြင်းက အလုပ်ကြိုးစားခြင်းနဲ့ မတူပါဘူး။ သူက အာသာဆန္ဒပြင်းပြင်းနဲ့ အရက်စွဲသလို စွဲခြင်းဖြစ်ပြီး

ထိန်းချုပ်မှုကင်းမဲ့နေတတ်ပါတယ်။ Jack တို့ Jill တို့ကိုဉာဏ်တုံး စေသလိုသက် ရောက်မှုရှိပါတယ်။

 

လူတိုင်းက အလုပ်စွဲနေခြင်းတွေ ပျံ့နှံ့နေပြီဆိုတာ အသိအမှတ်ပြုကြပါတယ်။ လူ တိုင်းလည်း ပြစ်တင်ဝေဖန်နေကြတယ်။

ဒါပေမဲ့ ကျွန်ပ်တို့လိုလားတဲ့ ဟန်ချက်ညီခြင်းကိုတော့ ရယူနိုင်ခြင်း မရှိပါဘူး။ ဒီလို ၀မ်းနည်းစရာအဖြစ်ကို ကျွန်ပ်တို့ ဘယ်လို

ဖြစ်လို့ ကြုံကြရပါသ လဲ။ တိကျတဲ့ အဖြေကို ရယူလိုပါတယ်။ အဖြေက ရိုးရိုးစင်းစင်းလေး။ “အနားယူ၊ ကစား တာများများလုပ်ပါ”

ဆိုတာာ ဖြစ်နိုင်ပါလိမ့်မယ်။

 

ပြေလည်သွားအောင် မိမိကိုယ်မိမိ မေးခွန်းတွေမေးပါ။ သင်ဘယ်လိုအပန်းဖြေသလဲ ဘယ်သူတွေနဲ့လဲ။ အားကစားတွေရော

လုပ်ရဲ့လား။ မေ့ကုန်ပြီလား။ ပြသာနာမရှိပါဘူး။ ကလေးတွေ ကစားတာကို သွားကြည့်ပါ။ ပြီးတော့ သူတို့ထဲမှာ ၀င်ပါဖို့

ခွင့်တောင်းပါ။ သတိမမူမိတဲ့ ရိုးရိုးအကြောင်းလေးတစ်ခု ရှိပါတယ်။ အလုပ်နဲ့အပန်းဖြေခြင်း ဟန်ချက်ညီအောင် ပြုလုပ်ဖို့

အထူးခက်ခဲတယ်ဆိုတာပါပဲ။ လက်တွေ့ဘ၀မှာ အလုပ်နဲ့ သီး သန့်ဘ၀ရဲ့ တောင်းဆိုချက်တွေညီမျှအောင် မဖန်တီးနိုင်ကြပါဘူး။

သူ့ဘာသာသူတော့ ဖြစ်ပေါ်မလာပါဘူး။ သင့်ရဲ့ တန်ဖိုးတွေ၊ ဦးစားပေးမှုတွေ၊ ရည်ရွယ်ချက်နဲ့ အစီအစဉ်အလိုက် ဖြစ်အောင်

ဖန်တီးရမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ အလုပ်ကပဲ အနိုင်ရသွားမှာပါပဲ။


ဒီနေ့ အပန်းဖြေကစားပါ။ အစီအစဉ်တွေ ပြုလုပ်ဖို့ လိုအပ်ပါသလား။


Quite Mind Article

1) Quite Mind

2) A Little Time for relax



 

FaceBook Like Feature in Joomla 1.5

Monday, 10 May 2010 18:08

Joomla မှာ ကိုယ်ရေးတဲ့ post တွေကို FaceBook ထဲမှာ လိုမျိုး Like ဆိုတာမျိုး လုပ်ချင်တယ်ဆို ရင်တော့ ဒီ extension လေး

နှစ်ခုက အကူအညီပေးပါမယ်။

1) jLike (Plugin)

2) Verge Facebook Like Button (Module)

ကျွန်တော် recommend လုပ်ချင်တာကတော့ jLike plugin ပဲဖြစ်ပါတယ်။  plugin ကိုသုံးခြင်အားဖြင့် post တစ်ခုပြီး တိုင်း auto

တတ်လာမှာ ဖြစ်ပြီး module သုံးရင်တော့ အဲလိုဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော် Site မှာ သုံးထားတာလည်း plugin 

ပဲဖြစ်ပါတယ်။ install လုပ်ပြီး enable လုပ်ပြီး သုံးကြည့် နိုင်ပါတယ်။

 

Page 8 of 30

«StartPrev12345678910NextEnd»

Login Form

Categories Table View

RSS Feed

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

mod_joomtouch

Version Iphone

Version Iphone by JoomTouch