Zack Notes
Quick question to me?
Written by Zack Monday, 03 January 2011 20:31
ကျွန်တော် Site မှာ QA ပုံစံမျိုး လုပ်လို့ရတဲ့ extension တစ်ခုကိုထည့်ထားပါတယ်။ ဘာကြောင့်ထည့်ထားရသလဲဆိုရင်တော့
ကျွန်တော် Site ကိုလာဖတ်နေတဲ့သူ တစ်ဦးဖြစ်တဲ့ ကိုအောင်အောင်က အကြံပြုထားပါတယ်။ တစ်ချို့ comment မှာမေးထားတာတွေက ရေးထားတဲ့ အကြောင်းအရာ နဲ့ မကိုက်တဲ့ဟာမျိုးတွေ ဖြစ်နေတာမျိုးတွေ ဖြစ်နေတယ်။ ဒါကြောင့် QA ပုံစံမျိုးလေး ရှိရင် အဆင်ပြေနိုင်မယ်လို့ အကြံပြုပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်လည်း အဲလိုလွဲနေတာမျိုးတွေကို တွေ့ပါတယ်။ ကျွန်တော် QA ကိုမထည့်ထားတာက ကျွန်တော် Site က community မရှိဘူးဗျ။ အဖြေတွေက တစ်ဦးတစ်ယောက်ထဲရဲ့ အမြင်မျိုးပဲ ဖြစ်နေပါလိမ့်မယ်။ နောက်ပြီး community QA တွေလိုမျိုးလဲ မြန်ချင်မှ မြန်လိမ့်မယ်။ အဲဒါတွေကို လက်ခံနိုင်တယ် ဆိုလို့ ကတော့ မေးလို့ရပါတယ်။ ကျွန်တော်သိထားတာကို ပြောပြမယ်။ မသိတာရှိရင်လည်း ဝိုင်းရှာပေးမယ်ဗျာ။
မေးချင်တယ် ဆိုရင်တော့ menu မှာ Quick Question to me? ဆိုတာလေးကို click လိုက်ပါ။ ကိုယ်မေးချင်တဲ့ category ကိုရွေးပြီး Question တင်နိုင်ပြီး ကိုယ့်ကြိုက်တဲ့ Answer ကိုလဲ "Best Answer" အနေနဲ့ ရွေးပေးနိုင်ပါတယ်။ Answer submit လုပ်ရင်လဲ email notify ရနိုင်မှာ ဖြစ်ပါတယ်။ မေးခွန်းတင်ဖို့ register လုပ်ဖို့တော့ လိုတာပေါ့ ... အဲဒီ Joomla Extension ကိုတော့နောက် Post တစ်ခုမှာ details ရေးပါမယ်။
World of Warcraft + Xbox Kinect
Written by Zack Monday, 03 January 2011 10:50
World of Warcraft နဲ့ Xbox Kinect ပေါင်းစပ်ပြီး magic ဆန်ဆန် game တွေဆော့နိုင်တော့မယ်ဆိုရင် သင်ယုံပါသလား? ဒါတွေတွေကို လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၀၀ ဝန်းကျင်လောက်ကပြောရင်တော့ စိတ်ကူးယဉ်ဆန်မှုတွေ ဖြစ်နိုင်သော်လည်း ခုချိန်မှာဒါတွေ တကယ်ဖြစ်လာနေပါပြီဗျာ။ အောက်က video လေးကိုကြည့်လိုက်ပါ။
University of Southern California က Xbox Kinect ကို Institute for Creative Technologies က ဖန်တီးလိုက်တဲ့ Flexible Action and Articulated Skeleton Toolkit (FAAST) လို့ခေါ်တဲ့ technology တွေကိုပေါင်းစပ်လိုက်တဲ့ အခါ အဲဒီလို အလန်းစား ပေါင်းစပ်မှုတွေ ဖြစ်လာခဲ့ ပါတယ်။ FAAST ရဲ့ လုပ်ဆောင်နိုင်စွမ်းကတော့ လူကိုယ်ခန္ဓာ အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုတွေကို sensors ကနေ capture လုပ်ပြီး keyboard input တွေအဖြစ်ပြောင်းလဲပေးခြင်းပဲ ဖြစ်ပါတယ်။ လောလောဆယ် FAAST က window ပေါ်မှာပဲ ရနိုင်သေးပေမယ့် linux အတွက်ကို develop လုပ်နေတယ်လို့ သိရပါတယ်။ Game လောထဲကို dynamic motion controls တွေဘယ်လောက် အတိုင်းအတာ အထိ ဝင်ရောက်လာ မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ။
jQuery Basic Functions
Written by Zack Sunday, 02 January 2011 19:00
ကျွန်တော်ဒီ post မှာ jQuery ရဲ့ အခြေခံ function လေးတွေဖြစ်တဲ့ fadeOut(), fadeIn(), hide(), show() စတဲ့ function လေးတွေ အသုံးပြုပုံ ကို ရေးမှာဖြစ်ပါတယ်။
Syntx ကတော့ - $(selector).fadeOut(speed,callback) ပါ Speed parameter ကို milliseconds နဲ့ဖေါ်ပြလို့ရတယ်
ဥပမာ 1sec =1000 , slow လို့သုံးလို့လည်းရတယ်, fast ဆိုတဲ့ value လည်းရတယ် , normal ကတော့ auto ပါ
ဒါဆို ရေးကြည့်မယ် paragraph အားလုံးကို 1sec နဲ့ callback မပါဘဲ fade out လုပ်ကြည့်မယ် <html>
<head>
<script type="text/javascript" src="jquery-1.4.4.min.js"></script>
<script type="text/javascript">
$(function() {
$(‘a’).click(function() {
$(“p”).fadeOut(1000)
});
});
</script>
</head>
<body>
<p>This is a paragraph</p>
<a href=“#”>Fade out</a>
</body>
</html>
fadeIn(), hide(), show() တွေကလည်းအလားတူပါဘဲသုံးလို့ရပါတယ်
$("p").fadeIn(1000) $("p").fadeIn(fast) <script type="text/javascript" src="jquery-1.4.4.min.js">
$("p").hide(1000)
$("p").show(1000)
1000 နေရာမှာ slow , fast ဆိုတဲ့ value လည်းသုံးလို့ရသေးတယ်
callback parameter မသုံးတဲ့ ပုံစံကို သဘောပေါက်နားလည်လိမ့်မယ်ထင်ပါတယ်။
ပြီးခဲ့တဲ့ function တွေကို callback parameter နဲ့ပါသုံးကြည့်မယ်ဆိုရင် ဒီလိုပါ
<script type="text/javascript">
$(function() {
$(".button1").click(function() {
$("p").fadeOut(1000, function() {alert("fade out")
});
});
$(".button2").click(function() {
$("p").fadeIn(1000, function() {alert("fade in")
});
});
$(".button3").click(function() {
$("p").hide(1000, function() {alert("hide")
});
});
$(".button4").click(function() {
$("p").show(1000, function() {alert("show")
});
});
});
</script>
</head>
<body>
<p>This is a paragraph</p>
<button class="button1">Fade out</button>
<button class="button2">Fade in</button>
<button class="button3">Hide</button>
<button class="button4">Show</button>
</body>
</html>
ကျွန်တော်ရေးထားတာတွေကို ဒီ link မှာသွားစမ်းနိုင်ပါတယ်။
Goodbye 2010, Welcome 2011
Written by Zack Saturday, 01 January 2011 00:00
2010 နှစ်ကုန်ပိုင်းနားမှာ အလုပ်တွေကလည်းများ တစ်ခါတစ်လေ စိတ်ညစ်လိုက်၊ တစ်ခါတစ်လေ စိတ်ဓါတ်ကျလိုက်၊ တစ်ခါတစ်လေ အချိန်မရလိုက်နဲ့ စာကောင်းကောင်းမရေးဖြစ်ဘူး ဖြစ်သွားတယ်။ တကယ်တော့ အဲလိုတွေ ဖြစ်လာမယ်ဆိုတာကို ကြိုတွေးမိခဲ့ပေမယ့်လည်း စိန်ခေါ်မှုလို့ ယူဆလိုက်ရင် လုပ်ကြည့်လိုက်ချင်တဲ့ စိတ်ကြောင့် စိတ်ပန်းလူပန်းတွေဖြစ်ခဲ့ရတယ်။ တစ်ချို့အရာတွေက 2011 အထိကို မပြတ်သေးပဲပါလာသေးတယ်။ ကျွန်တော် weekend မှာ အလုပ်တစ်ခုကို ၁၅နာရီ ပြည့်အောင်လုပ်ပေးနေရတာမျိုး ရှိလို့ တစ်ခါတစ်ရံမှာ post အသစ်မတင်နိုင်ရင် ဖြစ်စေ comment တွေကို reply တွေမလုပ်နိုင်ရင် ဖြစ်စေ တောင်းပန်ပါတယ်။ အလုပ်တွေအဲလောက်လုပ်လို့ ပိုက်ဆံတွေ အများကြီး ရလိမ့်မယ်လို့တော့မထင်လိုက်ပါနဲ့ဗျာ။ တစ်ချို့အရာတွေက ဝါသနာကြောင့်ရယ် အနာဂတ်ကြောင့်ရယ်တွေ ကြောင့် အဿပြာကို ခဏမေ့ထား လိုက်ရတာမျိုးတွေရှိပါတယ်။
ကျွန်တော့် အတွက်တော့ 2010 ကလုပ်သလောက် အကျိုးမရှိ ၂ခါ အမြဲပြန်လုပ် ရတယ်။ အလုပ်ပြောင်းဖို့လုပ်လိုက်သေးတယ်။ offer ၅ ခုရတယ်။ ကိုယ့်နဲ့သင့်တော်မယ်ထင်တဲ့ အလုပ်ကိုပြောင်းရွေးလိုက်ပြီးမှ EP reject ဖြစ်သွားတယ်။ Pass သက်တမ်းကလဲ ကုန်ခါနီးတာကြောင့် လက်ရှိ company က EP renew လုပ်တော့ approve ဖြစ်သွားတယ်။ တစ်ကယ်စိတ်လေတယ်ဗျာ။ 2010 မှာဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ အမှားတွေကနေ သင်ခန်းစာတွေ ထုတ်ယူပြီး 2011 အတွတ် အသင့်ပြင်ထားပါတယ်။ မပြီးသေးတဲ့ အလုပ်တွေကို တစ်ခုချင်းပြီးသွားအောင် အရင်လုပ်မယ်။ jQuery စထားတာတွေကို အဆုံးသတ်မယ်။ ကိုယ်ပိုင် iPhone app တစ်ခုလောက်စပြီး လုပ်ကြည့်ပြီး ရောင်းကြည့်မယ်။ Titanium အကြောင်းတွေကို သိထားသလောက် ဆက်ရေးသွားဖို့လဲ အစီအစဉ်ရှိပါတယ်။
Font ကတော့ ခုလောလောဆယ် ဇော်ဂျီပဲ default ဆက်သုံးပါမယ်။ ဒါပေမယ့် OnTheFlyConvertor ကိုထည့်ပေးထားလို့ Unicode နဲ့လည်း အစဉ်ပြေနိုင်ပါတယ်။ ခုချိန်မှာ ကွန်ပျူတာတိုင်းက Unicode Font ကိုသုံးနေကြတာမှ မဟုတ်သေးပဲ၊ နောက်ပြီး cyber cafe ကနေသုံးနေတဲ့သူတွေကလဲ ဇော်ဂျီ ကပိုအဆင်ပြေနိုင်တာမို့ ခုလောလောဆယ်တော့ ဇော်ဂျီကိုပဲ ခဏတာ ဆက်သုံးပါမယ်။ အားလုံးလဲ Unicode Font သုံးပြီး Mac အတွက် Converter တွေလဲ stable ဖြစ်သွားရင်တော့ ကျွန်တော်လဲ ပြောင်းပါမယ်။
နှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေဗျာ။

Person Of The Year 2010
Written by Zack Thursday, 16 December 2010 16:49
2010 ရဲ့ Person Of The Year(TIME) ကို အသက်အငယ်ဆုံး ဘီလီယံနာ Mark Zuckerberg ကရသွားတာကိုတွေ့ရပါတယ်။ 500 million သောလူများရဲ့ Second Life လို့ခေါ်ဆိုနိုင်လောက်တဲ့ Facebook ဆိုတဲ့ Social Network ကိုတည်ထောင်ခဲ့တဲ့ Mark Zuckerberg ဟာသူ့ရဲ့ပိုင်ဆိုင်မှု အများစုကို ဆင်းရဲချို့တဲ့သူတွေကို လှူဒါန်းမယ်ဆိုတာလည်း မကြာသေးခင်က သတင်း ထွက်ခဲ့ပါသေးတယ်။

CodeIgniter Tutorials Collection at NetTuts+
Written by Zack Thursday, 16 December 2010 12:42
Nettuts+ က CodeIgniter Tutorials တွေစုထားတဲ့ Post တစ်ခုဖြစ်ပါတယ်။ CodeIgniter သုံးနေသူတွေ အဖို့ တကယ်ပဲ အသုံးဝင်မယ့် စုစည်းမူပဲ ဖြစ်ပါတယ်။ စကားမစပ် ကျွန်တော်ကတော့ scratch ကို CodeIgniter နဲ့ ရေးရတာကို တော်တော်လေးကြိုက်သွားပြီဗျာ။ ရုံးက Portal Project တစ်ခုက ready made တွေနဲ့ အဆင်မပြေလို့ CodeIgniter နဲ့ရေးလိုက်တာပြီးတော့မယ်။ ကျွန်တော်ပြောချင်တာက စရေးတုန်းက အဲဒီ Nettuts+ Tutorials တွေကို ဖတ်ပြီးရေးလိုက်တာကြောင့် တကယ်ကို အဖိုးတန် Tutorials တွေပဲဖြစ်ပါတယ်။
More Articles...
Page 9 of 43
«StartPrev12345678910NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)