Zack Notes
Tools for Kid's Coding
Written by Zack Saturday, 21 August 2010 13:21
ကျွန်တော်တို့တွေ Programming ကို သေချာတတ်မြောက်ဖို့ အရေးကြီးတဲ့ အရာတွေက
Thinking တွေ၊ Concept တွေပဲ ဖြစ်ပါတယ်။ အဲဒါတွေကို သေချာမသိပဲအာဂုံဆောင်
နေမယ်ဆိုရင်တော့တကယ်လက်တွေ့မှာ အသုံးမဝင်တဲ့ အပြင် ဒုက္ခ ရောက်သွားနိုင်တဲ့
အနေအထား ရှိပါတယ်။ ဒါကလည်း လေ့လာသင်ယူ သူတွေကိုပဲ အပြစ်ပြောလို့ မရ
ဘူးလို့ ထင်ပါတယ်။ ကျွန်တော် Programming ကိုစလုပ်တဲ့ ၂၀၀၁/၀၂ လောက်တုန်း
ကဆရာပြော လိုက်တဲ့ lopping တွေ၊ IF-ELSE တွေကို လေ့ကျင့်ဖို့ resource ဆိုလို့
စာရွက်လောက်သာ ကိုယ့်မှာ ရှိနေတာကိုး။ ဒါကြောင့် လည်းစိတ်မဝင်စားသူတွေ အဖို့ စာမေးပွဲအောင်ရေး အတွက် အာဂုံဆောင်
အဆင့်မှာပဲ ဆုံးခန်းတိုင် သွားတာတွေကို ကျွန်တော်တွေ့ဖူးပါတယ်။ Programming ရဲ့ Thinking တွေ Conpect တွေ Mathematical
and Momputational ideas တွေ ကို အလွယ်တကူရဖို့ Tools တွေ၊ Resource တွေကို တကယ်ပဲ
မရှိတော့ဘူးလား??? ရှိတာပေါ့ဗျာ ![]()
ကျွန်တော်တို့တွေ အကြောင်း အမျိုးမျိုးကြောင့် မသိခဲ့ မသုံးနိုင်ခဲ့တာတွေ ကိုပြောမနေတော့ပဲ နောက်မျိုးဆက်တွေ သိပြီး သုံးနိုင်အောင်
လုပ်တာ ပေးကြတာပေါ့ဗျာ။ အနောက်နိုင်ငံတွေမှာ ၈နှစ် အထက်ကလေးတွေကို Programming သင်ကြားရာမှာ သုံးတဲ့ Tools တွေ
အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော် Tools တွေအကြောင်းကို မစခင် Microsoft's K-12 Computer Science
Academic Relations Manager ဖြစ်တဲ့ Alfred Thompson ရဲ့ အဆိုလေးကို အရင်ဖတ်ကြည့် စေချင်ပါတယ်။
We need to get students interested in computer science and that has to be done at an early age before they decide (incorrectly) that they can't do computer science or that it is dull and boring
1. Scratch
Scratch ဆိုတာကတော့ MIT Media Lab ကနေ ၈နှစ် အထက်ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ graphical programming
language ပဲဖြစ်ပါတယ်။ ၂၀၀၇ မှာ စပြီး release လုပ်ခဲ့တဲ့ scratch ဟာ ခုလက်ရှိချိန်မှာ Projects ပေါင်း one million
ရှိနေပြီး ဖြစ်ပါတယ်။ Scratch ကိုသုံးပြီး ကိုယ်ပိုင် animations, games, music, and art တွေကို ဖန်တီးကာ web ပေါ်မှာ
share နိုင်ပါပြီ။ Sharing project တွေကို download လုပ်ပြီး remix လည်းလုပ်နိုင်ပါတယ်။ Scratch ကိုလေ့လာ ချင်တယ် ဆိုရင်တော့
ဒီမှာ Free Download လုပ်နိုင်ပြီး Scratch Wiki ကို လည်းဖတ်ကြည့် နိုင်ပါတယ်။ ဒါကတော့ Scratch Developer တွေ၊
သုံးနေတဲ့ ကျောင်းသား ကလေးငယ်တွေရဲ့ video လေးပါ။
2. App Inventor
Google ကနေပြီး andriod သုံးစွဲသူတွေကို သာမန် user အဆင့်ကနေ creator လုပ်နိုင်အောင် ဖန်တီးပေးထားတဲ့
application လေးတစ်ခု ဖြစ်တယ်လို့ Professor Harold Abelson ပြောခဲ့တဲ့ အတိုင်း သာမန် user တွေ ဘယ်လောက်
လုပ်ဆောင်နိုင်တယ် ဆိုတာ အောက်က video လေးကို ကြည့်ရင် သိပါလိမ့်မယ်။ Beta version သာရှိနေတဲ့ App Inventor ရဲ့
Activity တွေကို ဒီမှာ ဖတ်နိုင်ပါတယ်။
3. Alice
နောက်နာမည်ကြီး တစ်ခုကတော့ Carnegie Mellon University က Product တစ်ခုဖြစ်တဲ့ Alice ဆိုတဲ့ open source 3D
programming ပဲဖြစ်ပါတယ်။ Alice မှာ Graphic တွေကို drag & drop တွေနဲ့ပဲ object-oriented၊ event-driven program တွေကို
လွယ်ကူစွာ ဖန်တီးနိုင် ပါတယ်။ ကိုယ့်မှာ Thinking နဲ့ Concept ရှိမယ်ဆိုရင် အလွယ်တကူ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ သူလည်းပဲ
Free ရနိုင်ပြီး platform အတော်တော် များများ ပြောမယ်ဆိုရင် (Win,Lunix,Mac) တွေအားလုံးမှာ အလုပ်လုပ်ပါတယ်။ ဒါကတော့
Carnegie Mellon University က Alice's developer တွေပြောပြထားတဲ့ video လေးတစ်ခုဖြစ်ပါတယ်။
4. Small Basic
Microsoft ရဲ့ Small Basic ကတော့ "Programming is Fun" လို့ဆိုထားပြီး သူရဲ့ user friendly ဖြစ်တဲ့ development
environment တွေအပြင် များပြား ပြည့်စုံတဲ့ Library Files တွေကြောင့် ကိုယ်ပိုင် game တစ်ခု၊ application တစ်ခုကို
ဖန်တီး နိုင်ပါတယ်။ ကိုယ်ဖန်တီးထားတဲ့ program လေးကို သူငယ်ချင်းတွေကို share ချင်ရင်လည်း ကိုယ့် Blog, Website မှာ
ရှိနေတာကို Silverlight player နဲ့ ကစားနိုင်ပါတယ်။ ဒါအပြင် Small Basic ဟာ .net ရဲ့ အခြေခံ concept တွေစုစည်းထား
တာကြောင့် နောက်ပိုင်း .net ကိုဆက်ပြီး လေ့လာ ချင်သူတွေ အတွက် ပိုသင့်တော် မယ်ထင်ပါတယ်။
5. Kodu
သူလည်းပဲ Microsoft ရဲ့ Product တစ်ခု ဖြစ်ပြီး Xbox ပေါ်မှာ run နိုင်မယ့် games တွေကို ဖန်တီး နိုင်မယ့် programming
environment တစ်ခု ဖြစ်ပါတယ်။ Kodu မှာ classical programming languages တွေလို့ လုပ်ဆောင်နိုင်တဲ့ အပြင် Icon based နဲ့
program အလွယ်တကူ ရေးလို့ ရအောင် လုပ်ဆောင်ထား တာကြောင့်လည်း နာမည်ကြီး ဖြစ်နိုင်ပါတယ်။ Game တစ်ခုဖန်တီးဖို့
ဘယ်လောက်လွယ်တယ် ဆိုတာ 2009 CES မှာ Microsoft ကပြသွားတဲ့ Video လေးဖြစ်ပါတယ်။
6. Lego Mindstorms
ဒီတစ်ခါတော့ software application တစ်ခုမဟုတ်ပဲ programmable robotics တစ်ခုဖြစ်တဲ့ robot လေးတစ်ခုဖြစ်ပါတယ်။
ဒါလေးကတော့ ကလေးငယ် လေးတွေအတွက် ပိုပြီး အဆင်ပြေ သင့်တော် မယ်လို့ ထင်ပါတယ်။
Computer Science ကပေးတဲ့ logic, critical thinking, problem solving တွေဟာ ဘယ် field မှာ မဆို apply ပြန်လုပ်နိုင်ပြီး
baseline တစ်ခု အနေနဲ့ ရှိနေတာကြောင့် နောက်မျိုးဆက်တွေကို ဒီလို Programming ကိုလေ့လာ သင်ယူဖို့ လွယ်ကူစေမယ့်
Tools/Programming တွေကို ပြောပြကြရ အောင်လာဗျာ။ MMTuts မှာလည်း ကိုသီဟရေးထားတဲ့ ဒီ Article နှစ်ခုကို ဆက်ပြီး
ဖတ်စေချင်ပါတယ်။
Ref: http://www.readwriteweb.com/archives/4_tools_for_teaching_kids_to_code.php
Google Font API
Written by Zack Friday, 20 August 2010 21:01
Google Font API ကို သုံးချင်တဲ့ သူတွေ အတွက် ဒီ videos လေးတွေ ကြည့်သင့်ပါတယ်။ အသုံးပြုပုံကို ကျွန်တော်ရေးရင်တောင်
ရှုပ်သွားနိုင်တယ်။ Video ထဲမှာ လုပ်ပြသွားတာ အရမ်း ရှင်းလင်းပါတယ်။ တစ်ခုပဲ ကိုယ့် custom font ကိုတော့ Google Font
Directory ထဲထည့်လို့ မရဘူးဗျာ။ 
NTFS in Mac
Written by Zack Sunday, 15 August 2010 10:37
ကျွန်တော်တို့ Mac ပေါ်မှာ External Hard Disk တွေကို တက်လိုက်တဲ့ အခါ read only ပဲဖြစ် တတ်ပါတယ်။ Mac က HFS
(Hierarchical File System) ကိုသုံးပါတယ်။ External Hard Disk တွေက များသော အားဖြင့် NTFS (New Technology
File System) တွေဖြစ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့ နည်းလမ်းတွေကို လိုက်ရှာတော့။
1) Mac ရော၊ Window မှာပါ အဆင်ပြေမယ့် FAT ကိုပြောင်းခြင်း
ဒီနည်းကတော့ Hard Disk ထဲ data တွေရှိနေရင် အဆင်မပြေဘူးဗျ။ ဒီမှာ ဖတ်ကြည့်ပြီး လုပ်ကြည့်နိုင်ပါတယ်။
2) MacFuse ကိုသုံးခြင်း
NTFS တွေကို FAT ပြောင်းစရာ မလိုပဲ RW ရအောင် လုပ်ပေးထားတဲ့ third party တစ်ခုပဲဖြစ်ပါတယ်။ ဒီမှာ MacFuse ကို
download လုပ်ပြီး အရင်ထည့်ပါ။ ပြီးရင်တော့ NTFS-3G Read/Write Driver ကို ဒီမှာ ဆက် download လုပ်ပြီး ထည့်ပေး
ရပါမယ်။ ပြောမယ်ဆိုရင် နှစ်ခု install လုပ်ဖို့ လိုပါတယ်။ ဒီ link ကတော့ reference လုပ်ဖို့ အဆင်ပြေမယ်။
3) Command ကိုသုံးခြင်း
Command သုံးပြီး ပြောင်းမယ် ဆိုရင်တော့ ဒီ video လေးကောင်းတယ်။
ကျွန်တော်သိသလောက် ပြောထားတာ ဖြစ်လို့ ဒီထက်ပိုကောင်း တာလေးတွေ ရှိရင်လည်း ပြောကြပါ။
Run IE on Mac
Written by Zack Sunday, 15 August 2010 00:25
Mac ပေါ်မှာ IE ကို install လုပ်ချင်တယ် ဆိုရင် ဒီ youtube movie လေးကို ကြည့်လိုက်ပါ။
File upload in CodeIgniter
Written by Zack Saturday, 14 August 2010 21:50
ဒီ Post မှာတော့ CI နဲ့ File/Image Upload တင်တဲ့ အကြောင်းကို ရေးမှာ ဖြစ်ပါတယ်။ ကျွန်တော် ရေးထားပြီးတဲ့ CI Post
အားလုံးကို ပြန်ဖတ်ချင်တယ် ဆိုရင်တော့
-
CodeIgniter and MVC for Beginners
-
Structure and Configuration of CodeIgniter
-
CodeIgniter Database Library
-
CodeIgniter Form Helper
-
Simple Data Entry in CodeIgniter
-
Pagination with CodeIgniter

PHP မှာ File Upload လုပ်တဲ့ concept ကိုတော့ သိထားဖို့ လိုပါတယ် ခင်ဗျာ။ ဒီတော့ w3schools ရဲ့ ဒီ Article လေးမှာ ပြန်ကြည့် နိုင်ပါတယ်။
အဲဒါကို CI သုံးပြီး ဘယ်လို ပြန်ရေးမလဲ ကြည့်ရအောင် 
1) Change in config.php and autoload.php
config.php မှာ သင့်တော်သလို ပြင်ပေးပြီး autoload.php မှာလဲ $autoload['helper'] ထဲကို file,form,url တွေထည့် ပေးရမယ်။
<html>
2) Create View
fileupload_view.php
<head>
<title>FIle Upload Tutorial By CodeIgniter</title>
</head>
<body>
<?
echo form_open_multipart('fileupload');
echo form_upload('userfile');
echo form_submit('upload', 'Upload');
echo form_close();
?>
</body>
</html>
ဒါကတော့ Form helper ကိုသုံးပြီး view တစ်ခုကို create လုပ်တာ ဖြစ်ပါတယ်။ ကျွန်တော် Form helper ကိုရေးတုန်းက
ရှင်းထားပြီး ဖြစ်လို့ usage တွေကို ထပ်မရှင်းချင်တော့ပါ။ ဒီမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။
3) Create Controller
View ကိုခေါ်ဖို့ controller တစ်ခု လုပ်ပါမယ်။ fileupload.php လို့ လုပ်လိုက်ပါမယ်။ Code ကတော့ <?php
class Fileupload extends Controller {
function index() {
$this->load->view('fileupload_view');
}
}
ဒီအဆင့် ပြီးလို့ run ကြည့်ရင်တော့ ဒီလိုမြင်ရမယ်ဗျာ။

4) Create Model
file upload လုပ်တဲ့ Code တွေအားလုံးကို model ထဲမှာမယ်လို့ စိတ်ကူးလို့ model တစ်ခုကို create လုပ်တာ ဖြစ်ပါတယ်။
တကယ်လို့ controller ထဲမှာပဲ ဆက်ချင်ရင်လဲ ရတယ်ဗျာ။ application နဲ့ level တူ "upload" folder နဲ့ အဲဒီအောက်မှာ
"thumbs" folder ကို create လုပ်ထားဖို့ လိုပါတယ်။

fileupload_mod.php is here:
<?php
class Fileupload_mod extends Model {
function Fileupload_mod() {
parent::Model();
}
function do_fileupload() {
$config['upload_path'] = './upload/';
$config['allowed_types'] = 'gif|jpg|png';
$this->load->library('upload', $config);
if (!$this->upload->do_upload())
{
$error = array('error' => $this->upload->display_errors());
echo $error;
}
else
{
$image_data = $this->upload->data();
}
$config = array(
'source_image' => $image_data['full_path'],
'new_image' => './upload/thumbs',
'maintain_ration' => true,
'width' => 150,
'height' => 100
);
$this->load->library('image_lib', $config);
$this->image_lib->resize();
}//do_fileupload
}
အားလုံးပြီးသွားရင်တော့ controller code ကိုဒီလိုလေး ပြန်ပြင် ပေးလိုက်ရအောင်။ model ကိုခေါ်ထားတဲ့ code တွေရှိလို့ ဒီလိုလေး ပြင်လိုက်မှ
perfect ဖြစ်သွားပါမယ်။
<?php
class Fileupload extends Controller {
function index() {
$this->load->model('Fileupload_mod');
if ($this->input->post('upload')) {
$this->Fileupload_mod->do_fileupload();
}
$this->load->view('fileupload_view');
}
}
ဒါကတော့ upload library ကို loading လုပ်ဖို့ လိုအပ်တဲ့ parameter တွေကို $config ထဲကို ထည့်ပါတယ်။
ကိုယ့် requirement အရ လိုအပ်တဲ့ preference variable တွေကို ဒီဇယားမှာ ကြည့်နိုင်ပါတယ်။

$this->upload->do_upload ဒါဆိုရင်တော့ upload လုပ်သွားပြီဗျာ။ error တက်ရင်တော့ error ကို ရိုက်ပြမယ်။ error မရှိရင်တော့
thumbnail image တစ်ခုကို ဆက်ပြီး create လုပ်ကြည့်မယ်။ မဖြစ်မနေ လုပ်ရမှာတော့ မဟုတ်ပါဘူး။ တကယ်လို့ ကိုယ့်က image
ကို thumbnail အတွက်ပါ လိုချင်တယ် ဆိုရင်တော့ ဒီလိုလုပ်ပေးရပါမယ်။
$this->load->library('image_lib', $config);
$this->image_lib->resize();
image_lib library ကို load လုပ်ဖို့ $config variable ထဲကို လိုအပ်တာတွေကို တစ်ခါပြန်ပြီး ထည့်ပါတယ်။ thumbnail လုပ်ဖို့လိုအပ်တဲ့
'source_image' => $image_data['full_path'], ခုန upload လုပ်ထားတဲ့ image ရဲ့ path ကိုပြောတာပါ။
'new_image' => './upload/thumbs', thumb image ကိုထားမယ့် နေရာပါ။
'maintain_ration' => true, original image ရဲ့ ratio ကိုဆက်ပြီး maintain လုပ်မလုပ်ပါ။
'width' => 150, thumb image ရဲ့ width
'height' => 100 thumb image ရဲ့ height
ဒါဆိုရင်တော့ Thumb image ကိုပါ create လုပ်သွားပြီဗျာ။ upload နဲ့ thumb folder တွေမှာ upload လုပ်ထားတဲ့ image တွေကို
ကြည့်နိုင်ပါတယ်။ ကျွန်တော် လုပ်ထားတဲ့ code ကိုဒီမှာ down ပြီးတော့ စမ်းကြည့်နိုင်ပါတယ်။ အဆင်ပြေ ပါစေဗျာ။
Share me for Joomla 1.5
Written by Zack Saturday, 14 August 2010 00:09
Joomla မှာ Facebook, Buzz, Twitter စတဲ့ Social Networks တွေမှာ ကိုယ့် Article ကို Share လုပ်ချင်တော့ ဒီ
Plugin လေးကကောင်းတယ်ဗျ။

http://extensions.joomla.org/extensions/social-web/republish/11283
More Articles...
Page 1 of 30
«StartPrev12345678910NextEnd»Latest Post
Login Form
Categories Table View
- Reader's Conner (103)
- PHP (45)
- Joomla CMS (36)
- Codeigniter (10)
- jQuery (6)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
