[X] Choose Font Here
Zack Notes
Joomla 1.5 Installation Guide
Written by Zack Thursday, 19 November 2009 09:23
ဒီ POST ကတော့ Joomla 1.5 အတွက် installation ကိုရေးထားတာ ရေးထားတာဖြစ်ပါတယ်။ ခုကျွန်တော် install
လုပ်တဲ့ version ကတော့ 1.5.15 Full Packag ပါ။ ဒီမှာ Download ရယူနိုင်ပါတယ်။ 1.0 installation guide ကိုတော့
ဒီမှာ ဖတ်နိုင်ပါတယ်။ ရှိပါတယ်။
htdocs အောက်ထဲကို joomla15 ဆိုပြီး download လုပ်ထားတဲ့ zip ကို extract လုပ်လိုက်ပါ။
Step1>>
http://localhost/joomla15/installation/index.php ကို Browser ကနေ RUN လိုက်ပါ။
ဒီအဆင့်ကတော့ Language Selection လုပ်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ Default အတိုင်းပဲပေါ့။
ပြီးရင် Next ကို Click လိုက်ပါ။
S1
Step 2>>
Check လုပ်တာပဲ ဖြစ်ပါတယ်။ Next ကိုပဲ Click လိုက်ပါ။ တော်တော်များများ စက်တွေကတော့ Default နဲ့ အတိုင်းနဲ့ ပဲ
အဆင်ပြေပါတယ်။
S2
Step3>>
ဒီအဆင့်ကတော့ License ကို Check တာ ဖြစ်ပါတယ်။ Next ကိုပဲ Click လိုက်ပါ။
Step4>>
Database ရဲ့  Setting ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။
S4
Step5>>
ဒီအဆင့်ကလည်း FTP access အတွက် Setting ကို Check တာပဲ ဖြစ်ပါတယ်။ Default အတိုင်းပဲ ထားပြီး
Next ကို Click လိုက်ပါ။ ဒီ Setting က Hosting ထဲကနေပြီး ပြန်ပြင်လို့ ရပါတယ်။
Step6>>
Site ရဲ့  Administrator အတွက် Password, Site Name စတာတွေကို ထည့်ပေးရတဲ့ အဆင့်ဖြစ်ပါတယ်။
ဒီအဆင့်မှာပဲ တစ်ခု သတိပြုစေချင်တာကတော့ အခုလုပ်မယ့် Site က 1.0 base နဲ့ ရှိပြီးသားကို 1.5 Migrate
လုပ်ချင်တယ်ဆိုရင်တော့ အောက်မှာ ရှိနေတဲ့ Setting တွေကို ပြုပြင်ရပါမယ်။
အခုကတော့ စပြီး Install လုပ်တာဆိုတော့ အဲ့ဒါတွေ ကို ထားလိုက်လို့ ရပါတယ်။
ဒီအဆင့်မှာပဲ Sample Data တွေကို Install လုပ်ချင်တယ် ဆိုရင်တော့ "Install Sample Data" ဆိုတဲ့ Button
ကို Click လိုက်ပါ။
Step7>>
ဒီ အဆင့်ကိုရောက်ရင်တော့ Installation က အားလုံးပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီလိုပုံနဲ့ Message အနီရောင်ကို
တွေ့ ရပါလိမ့်မယ်။ သတိပြုစေချင်တာကတော့ Installation Folder ကို Delete လုပ်ပေးရမှာ ဖြစ်ပါတယ်။
S7
အားလုံးပြီးလို့ Front-End (or) Public Site ကိုသွားလိုက်ရင် ဒီလိုမြင်ရပါမယ်။ ကျွန်တော် Setting အရကတော့
Browser မှာ http://localhost/joomla15/index.php အဲလိုရိုက် လိုက်ရင် ဟော့ဒီလို Front-End (or) Public Site
တတ်လာပါမယ်။
FE
Administrator Site ကိုသွားချင်ရင်တော့ http://localhost/joomla15/administrator/index.php
ပေါ့ဗျာ။ login page တက်လာရင်တော့ Installation ကို အောင်မြင်စွာပြီး ဆုံးပြီး ဖြစ်ပါတယ်။
BE
PHP Meetup NOV 2009, Singapore
Written by Zack Saturday, 07 November 2009 19:19
ဒီ PHP Meetup event ကို Facebook မှာ တွေ့ ပြီး စိတ်ဝင်စားတာနဲ့     ကျွန်တော်တို့ သူငယ်ချင်းတစ်စု
သွားရောက်ပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ တက်ရောက်တဲ့ လူအရေအတွက်ကတော့ ၁၀၀ မပြည့်ပေမယ့် Speaker
တွေ ပြောသွားတဲ့ Topic လေးတွေက ကျွန်တော်အဖို့ တော့ အတော်လေးဗဟုသုတရခဲ့ပါတယ်။ ဒါမျိုးတွေကို
စာအုပ်လိုက်ဖတ်နေရင် တော်တော်လေးကို အချိန်ပေးရမှာကို ၂နာရီလောက်အတွင်းမှာ overall သဘောတရားကို
သိလိုက်ရတာ အမြတ်ပါပဲ။
1) Native iPhone Development 101
ဒီ Topic ကို ပြောသွားတဲ့သူကတော့ Sasmito Adibowo ဆိုတဲ့ အိန္ဒိယနွယ်ဖွား အမျိုးသား တစ်ဦးဖြစ်ပါတယ်။
- iPhone Application Development လုပ်ဖို့ ဘာတွေလိုမလဲ?
(i) Mac OS
(ii) iPhone SDK (Free Download ပါ။ 2.5GB လောက်တော့ ရှိပါတယ်။)
(iii) iPhone (or) iPod Touch (Emulator ရှိတယ်ဆိုပေမယ့် တကယ့် Device ပေါ်မှာ တင်ပြီး test
                                        လုပ်ဖို့ အတွက် လိုပါတယ်။)
(iv) Developer Membership ($99/year ဖြစ်ပါတယ်။)
- Development Tools
(i) Objective –C/C+ ကတော့ အဓိက သုံးရမယ့် Programming Language ဖြစ်ပါတယ်။
(ii) Javascript ကို ခြေခံထားသော Javascript Object Notation (JSON) ကတော့ Built in အနေနဲ့ Support
လုပ်ပါတယ်။ ဒါ့အပြင် CoCoa ဟုခေါ်သော GUI ကို Support လုပ်သော Library လည်း ရှိပါတယ်။ GUI တွေကို
Drag & Drop နဲ့ ဆွဲပြီး ထည့်လို ရပါတယ်။
(iii) Soap ကိုတော့ 3rd party အနေနဲ့ ခေါ်သုံးနိုင်ပါတယ်။
သူပြောတဲ့ အထဲမှာ ဒီ Slide လေးကတော့ iPhone Application ထဲမှာ JSON ဘယ်လို အလုပ်လုပ်တယ်ဆိုတာက
ိုရှင်းပြသွားတဲ့ Example တစ်ခုပဲ ဖြစ်ပါတယ်။
1
သဘောကတော့ Application ကနေ Server ကို http request တစ်ခု လုပ်လိုက်တဲ့အခါမှာ JSON Format ကို
Response ပြန်ပေးလိုက်ပါတယ်။ UIWebview က JS interpreter ကနေပြီး Data Value တွေ အဖြစ်ပြောင်းလိုက်ပြီး
နောက်ဆုံးမှာ ကိုယ့် Application ဆီကို ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။
ဒါကတော့ ကျွန်တော် သိခဲ့ရတဲ့ Word Flow တစ်ခုပဲ ဖြစ်ပါတယ်။
- What can do AND Can’t Do in iPhone App
နေရာတိုင်းမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ အတိုင်းပဲ iPhone မှာလည်း လုပ်နိုင်တာနဲ့ မလုပ်နိုင်တာလေးတွေ ရှိပါတယ်။
ဒီအောက်က ပုံလေးမှာ ကြည့်လိုက်ပါ။
2
3
- Selling Application in Apple Store
ကိုယ့်ရဲ့ Application Development လုပ်ပြီးတဲ့ အခါမှာ Apple Store မှာ ၀င်ရောင်းချင်တဲ့ အခါမှာ အောက်မှာ
ပြောထားတဲ့ အချက်တွေ လိုအပ်ပါတယ်။
4
-  Beyond the App Store
တွေကို သုံးနိုင်ပါတယ်။ အဲ့ဒါတွေကတော့ -Admob, Pinch Media, OpenFeint တွေပဲ ဖြစ်ပါတယ်။
iPhone slide show အပြည့်အစုံကို ဒီ link မှာ ကြည့်နိုင်ပါတယ် ခင်ဗျာ။
http://www.slideshare.net/sas199/native-phone-development-101
2) Andrioid Application Development
ဒီ Topic ကို ပြောသွားတဲ့သူကတော့ Leong Hean Hong ဆိုတဲ့ တရုတ်လူလတ်ပိုင်းတစ်ယောက်ပဲ ဖြစ်တယ်။
ကျွန်တော်အထင်တော့ အသက် 26, 27 ၀န်းကျင်လောက်တော့ရှိပါတယ်။ Andrioid ကတော့ Java ကို အခြေခံထားပြီးတော
့IDE အနေနဲ့ ကတော့ MOTODEV DTUDIO ဆိုတာကို အသုံးပြုနိုင်ပါတယ်။ Window Platform ပေါ်မှာပဲ
Application ကို ရေးနိုင်ပါတယ်။ လက်ရှိ Andrioid သုံးထားတဲ့ Phone တွေကတော့ အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။
5
Application Market အနေနဲ့ ကတော့ iPhone Market လောက်မတွင်ကျယ်သေးဘူးလို့ ထင်ပါတယ်။ iPhone
မှာကတော့ Application ပေါင်းကလည်း  50K+ ရှိနေပြီ ဖြစ်ပါတယ်။ ဒါတွေကတော့ Android ရဲ့ လက်ရှိ Market Places
ဖြစ်ပါတယ်။ Google Android Market, Slideme, Motorola တို့ ဖြစ်ပါတယ်။ Android မှာတော့ Application ကို
Background Service အနေနဲ့  RUN လို့ ရတာကတော့ iPhone နဲ့ ကွာတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ တူတဲ့
အချက်ကိုတော့ JSON ကို Support လုပ်တာပဲ ဖြစ်ပါတယ်။ ကိုယ့် Application ကို ရောင်းချဖို့ Registration Fee
ကတော့  $25/year ပဲ ဖြစ်ပါတယ်။
Android slide show အပြည့်အစုံကို ဒီ link မှာ ကြည့်နိုင်ပါတယ် ခင်ဗျာ။
http://docs.google.com/present/view?id=ddrmbzz7_80hc93x3fx
3) PhoneGap
PhoneGap ဆိုတဲ့ Topic ကို ပြောသွားတဲ့သူကတော့ Philosophy in Programming Society က Michael Cheng
ဆိုတဲ့ သူပဲ ဖြစ်ပါတယ်။ သူလည်း အသက် ၃၀ ကျော်လောက်ရှိမယ်ထင်ရသော တရုတ်တစ်ယောက်ပဲ ဖြစ်ပါတယ်။
သူပြောလိုက်တော့မှ PhoneGap ဆိုတာကို သိသွားပြီး အထက်က ပြောခဲ့ပြီးတဲ့ Topic တွေထက် ပိုပြီး စိတ်ဝင်စားသွား
တစ်ယောက်အနေနဲ့ Study လုပ်မယ်ဆိုရင် ပိုပြီး လွယ်ကူနိုင်တာကို တွေ့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ HTML, JS,
JQUERY စတာတွေသုံးပြီး SDK တွေကို သုံးထားတာ မတွေ့ ရပါဘူး။ ဒါကတော့ PhoneGap Development နဲ့ ဆိုင်တဲ့
ပုံလေးတစ်ခုဖြစ်ပါတယ်။
6
ဒီ Code Sample ကတော့ Geo-location ကိုပြတဲ့ Sample ပဲ ဖြစ်ပါတယ်။
7
ဒီမှာကြည့်မယ်ဆိုရင် Coding Style ဟာလက်ရှိ ရေးနေတဲ့ JS ပုံစံနဲ့ တော်တော်လေးကို ဆင်တူနေတာ
တွေ့ နိုင်ပါတယ်။ ဒါကြောင့်ပြောတာပါ။ Study လုပ်ဖို့ ပိုပြီး လွယ်ကူနိုင်တယ်လို့ ။ဒါကတော့ Phone Gap ရဲ့
Supported Featured ပဲ ဖြစ်ပါတယ်။
8
PhoneGap က Opensource တစ်ခုဖြစ်ပြီး သူရဲ့ official site ကတော့  www.PhoneGap.com
ပဲ ဖြစ်ပါတယ်။ Wiki Site ကတော့ http://phonegap.pbworks.com ဖြစ်ပါတယ်။ အဲ့ဒီ Wiki Link မှာကတော့
tutorials တွေလည်း ရှိပါတယ်။
စာကလည်း တော်တော်လေးရှည်သွားပြီဗျာ။ အဲ့ဒါတွေကတော့ PHP Meetup မှာ ကျွန်တော်သိခဲ့တဲ့အကြောင်း
အရာလေးတွေကို ပြန်လည် မျှဝေခြင်းပဲ ဖြစ်ပါတယ်။ စာအရှည်ကြီးကို သည်းခံပြီး ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
PhoneGap slide show အပြည့်အစုံကို ဒီ link မှာ ကြည့်နိုင်ပါတယ် ခင်ဗျာ။
http://www.slideshare.net/sgphpug/mobile-web-dev
ဒီအကြောင်းအရာကိုပဲ ကိုစေတန် ရဲ့ ဒီ POST မှာလည်း ဖတ်ကြည့်နိုင်ပါတယ်။
Dynamically collapse or expend DIV Section
Written by Zack Sunday, 01 November 2009 15:15
Web 2.0 မှာ DIV တွေ ကို တော်တော်လေးတွင်တွင်ကျယ်ကျယ် သုံးလာတာကို တွေ့ ရပါတယ်။ ဒီမှာပဲ
ကိုယ့်ရဲ page ပေါ်မှာ user Friendly ဖြစ်အောင် လုပ်လာကြတာကိုလည်း တွေ့ ရပါတယ်။ ဒါ့အပြင် Dynamically effect
တွေကိုလည်း ဖန်တီးလာကြာတာကို တွေ့ ရပါတယ်။ ဒီ POST ကလည်း page ပေါ်မှာ ရှိနေတဲ့ DIV section တစ်ခု
ကို JavaScript သုံးပြီး collapse or Expend effect တစ်ခုကို ထည့်မှာ ဖြစ်ပါတယ်။တစ်ကယ်တော့ div ရဲ့  display မှာ
“none” နဲ့  “block” ကို JavaScript ထဲကနေပြီး ကစားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဒီ Sample ရဲ့  Code ပဲ ဖြစ်ပါတယ်။
<html>
<body>
Some text before
<div id=tbl name=tbl >
<table border=1>
<tr><td>test</td></tr>
<tr><td>test</td></tr>
<tr><td>test</td></tr>
</table>
</div>
some text after
<script language="JavaScript" type="text/javascript">
function sizeTbl(h) {
var tbl = document.getElementById('tbl');
tbl.style.display = h;
}
</script>
<br>
<a href="javascript:sizeTbl('none')">Hide</a>
<a href="javascript:sizeTbl('block')">Expand</a>
</body>
</html>
ကစားတာကို တွေ့ ရပါလိမ့်မယ်။ ဒီ link မှာ စမ်းကြည့်နိုင်ပါတယ်။
PDF in PHP
Written by Zack Sunday, 01 November 2009 15:10
ကျွန်တော့် ဒီ POST မှာ comment ပေးပြီး PHP PDF အကြောင်း မေးထားလို့ Googling လုပ်ကြည့်လိုက်တော့
ဒီဟာလေးတွေကို သွားတွေ့ ပါတယ်။ PHP ကနေ PDF ဖိုင်တစ်ခု Create လုပ်ချင်တယ်ဆိုရင် php_pdf.dll ဆိုတဲ့ DLL
ဖိုင်တစ်ခု လိုပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီ DLL ဖိုင်ကို လိုက်ရှာပြီး ext folder ထဲကို ထည့်ပြီး စမ်းကြည့်တာ
အလုပ်မလုပ်တာကို တွေ့ ရတယ်။ ကျွန်တော်လည်း ဒီ DLL ဖိုင်ကို တခြား site တွေမှာလည်း လိုက်ရှာပြီး စမ်းကြည့်
စမ်းသပ်နိုင်ပါသည်။ ကျွန်တော်ကတော့ စမ်းပြီးပါပြီ။ သူ့ မှာ PDF လုပ်ဖို့ အတွက် class ဖိုင် နှစ်ခုရှိပါတယ်။
အဲ့ဒီ class တွေကို ခေါ်သုံးပြီး PDF ကို create လုပ်ပါတယ်။ Cool
Default php File in Apache
Written by Zack Sunday, 25 October 2009 11:19
ဒါကတော့ ကျွန်တော့် Site ကို ဖတ်တဲ့ မသိသေးတဲ့ ဘော်ဘော်တွေ အတွက်ပါ။ သိပြီးသားသူများအနေနဲ့ ကတော့
အလွန်ကို လွယ်ပြီး ရယ်စရာကောင်းသော Post လေးတစ်ခု ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် မသိသေးတဲ့
သူတစ်ယောက်အတွက် ရည်ရွယ်ပြီး ရေးလိုက်ရပါတယ်။ ဒီလိုပါ တစ်နေ့ ကျွန်တော် သူငယ်ချင်းတစ်ယောက်က
သူ့ Localhost မှာ RUN လိုက်ရင် index.php File က default အဖြစ်တက်မလာဘူးလို့ ပြောတယ်။
http://localhost/ myproject/ ဆိုပြီး Browser မှာ RUN လိုက်ရင် myproject ထဲမှာ ရှိတဲ့ index.php ကို
စပြီး RUN ချင်တာ ဖြစ်ပါတယ်။ အခုဟာက index.php ကို မ RUN ပဲ ရှိသမျှ directory, file တွေကို ပြနေတာပဲ
ဖြစ်ပါတယ်။ ဒီတော့ ဒီ issue ကို ဘယ်လိုပြင်ရမလဲ ဆိုပြီး ကျွန်တော့်ကို မေးပါတယ်။ ဒါကတော့ Apache Setting
မှာ ပြင်ရမှာ ဖြစ်ပါတယ်။ Apache ထဲက conf ဆိုတဲ့ Folder ထဲကို သွားလိုက်ပါ။ ပြီးရင် httpd.conf ဆိုတဲ့ File ကို
Notepad, Notepad++, textpad စတဲ့ဟာ တစ်ခုခုနဲ့ ဖွင့်လိုက်ပါ။ ပြီးရင်တော့ Line 211 ကို သွားလိုက်ပါ။
ဒီ code ကို တွေ့ ပါလိမ့်မယ်။
<IfModule dir_module>
DirectoryIndex index.html
</IfModule>
အဲ့ဒီမှာ ဒီလိုလေး ပြင်ပေးလိုက်ပါ။
<IfModule dir_module>
DirectoryIndex index.php
</IfModule>
ပြီးရင်တော့ Apache Service ကို restart ချဖို့ မမေ့ပါနဲ့ ။ နို့ မို့ ဆိုရင် ပြင်ထားတာ
effect မဖြစ်ဘဲ နေပါလိမ့်မယ်။ တစ်ခုပြောချင်တာက ကျွန်တော့် သူငယ်ချင်း Install လုပ်ထားတာကတော့ xampp,
wamp တို့ မဟုတ်ပါဘူး။ ဒါမျိုး တွေမှာတော့ ဒီလို case မျိုးကို တွေ့ ရခဲလှပါတယ်။ အထက်မှာ ပြောခဲ့တဲ့အတိုင်း
ပြင်လိုက်ရင်တော့ ဒီ issue လေးက OK သွားပါပြီ။
Form Validation Using JQuery
Written by Zack Tuesday, 13 October 2009 15:04
ဒီ POST ကတော့ Form မှာ ရှိနေတဲ့ Value တွေကို JQuery သုံးပြီး validation စစ်တာကို ရေးမှာ ဖြစ်ပါတယ်။
သာမန်အားဖြင့်တော့ Form validation တွေကို Javascript သုံးပြီး Client Site မှာ တင် စစ်ကြတာ များပါတယ်။
ဥပမာအားဖြင့် Blank စစ်တာတို့ ၊ email format မှန်မမှန်စစ်တာတို့ ၊ combox တို့ List box တို့ ကို select လုပ်မလုပ်
စစ်တာတို့ စတာတွေကို Client site မှာတင် validation စစ်နိုင်ပါတယ်။ သို့ ပေမယ့် တစ်ခါတစ်ရံမှာ value တစ်ခုကို
Server Site ရောက်မှ စစ်လို့ ရမယ့် အခြေအနေမျိုးကို ကြုံလာနိုင်ပါတယ်။ အဲ့လို စစ်ရင် မရဘူးလားဆိုတော့ ရပါတယ်။
ဒါပေမယ့် ပြဿနာတစ်ခုက ကိုယ် “Form” ပေါ်မှာ Key In လုပ်ထားတဲ့ Data တွေက Server Site ကနေ Validation Fail
ဖြစ်လို့ ပြန်လာရင် အကုန်လုံး ပျောက်ကုန်မှာ ဖြစ်ပါတယ်။ ကိုယ့် Form ပေါ်မှာ Field လေးက သုံးလေးခုလောက်ဆိုရင်တော
User ကပြန်ဖြည့်ရလဲ ပြဿနာ မဟုတ်ပေမယ့် Fields တွေက ၁၀ ခု၊ ၁၅ ခု လောက်ဆိုရင်တော့ User အဖို့ ပြန်ဖြည့်ဖို့ ရာ
ဘယ်လိုမှ စိတ်ကျေနပ်နိုင်စရာ မရှိပါဘူး။
ဒီ့ အတွက် PHP မှာ JQUERY, AJAX ကိုသုံးပြီး ကိုယ်စစ်ချင်တဲ့ Fields ကို Server Site ကို ပေးပြီး စစ်လို့ ရပါပြီ။ ဒီအတွက်
User အနေနဲ့ Validation Fail ဖြစ်လည်း Key In လုပ်ထားတဲ့ Value တွေက ပြန်ဖြည့်စရာမလိုပဲ ဆက်လက်ရှိနေမှာ ဖြစ်ပါ
တယ်။ ဒီအတွက် User Friendly ပို ဖြစ်လာတာကို တွေ့ ရမယ်။ ကိုယ့် application ကို သုံးနေတဲ့ User စိတ်ကျေနပ်မှုရှိစေ
ခြင်းကလည်း ကိုယ့် Product တစ်ခု အောင်မြင်ခြင်းတွေထဲက အဓိက ကျလှတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အခု web 2.0 ရဲ့
trend ထဲမှာ User တို့ ရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုပေးလာပြီး ကိုယ့် Application တွေက အောင်မြင်အောင် လုပ်လာကြတာတော့
မျက်မြင်သာဓက တစ်ခုပဲ ဖြစ်ပါတယ်။
ဒီ sample လေး အလုပ်လုပ်ပုံကို တစ်ချက်ရှင်းပြပေမယ်။ Javascript, AJAX, PHP အခြေခံတော့ရှိမှ သဘောပေါက်မယ်လို့ 
ထင်ပါတယ်။ ဒါမှလည်း ကိုယ့် Project ထဲကို လိုသလိုထည့်ပြီး သုံးနိုင်ပါလိမ့်မယ်။
ဒီမှာ Source Code ကို Download ချပြီး Folder ကို ဖွင့်လိုက်ပါ။ index.php ဆိုတာကို မြင်ရပါမယ်။ အဲ့ဒီထဲမှာကတော့
HTML Form ရှိပါတယ်။ ဒီ Form ကို Submit လုပ်လိုက်တာနဲ့  check.js ကို လှမ်းပြီး RUN ပါလိမ့်မယ်။ ဒီ JS file ထဲမှာ
JQuery ကိုသုံးပြီး Form Validation စစ်ထားတာကို မြင်တွေ့ နိုင်ပါတယ်။ ဒီ sample မှာ အခရာ အကျဆုံးကတော့
check.js file ပဲဖြစ်ပါတယ်။ သူကနေမှ တဆင့် check.php ကိုတဆင့်ခေါ်ပြီး user key က လုပ်လိုက်တဲ့ value က
Database ထဲမှာ ရှိမရှိဆိုတာကို ထပ်ပြီး စစ်ပါတယ်။ check.php ထဲမှာ Database နဲ့ connect လုပ်ပြီး return ပြန်ပေးထား
တဲ့ code ကို တွေ့ နိုင်ပါတယ်။ ဒီ return value ကို JQuery ထဲကနေပြန်ဖမ်းပြီး ရှိပြီးသားလား၊ မရှိသေးဘူးလား ဆိုတာကို
စစ်တာ ဖြစ်ပါတယ်။ ကျွန်တော်ရှင်းထားတာကို Folder ဖွင့်ပြီး File တစ်ခုချင်းစီပါဖွင့်ပြီး တွဲကြည့်မယ်ဆိုရင် ပိုပြီး
နားလည်သဘောပေါက်ပါလိမ့်မယ်။ ဒါ့အပြင် ဒီမှာလည်း testing လုပ်ကြည့်နိုင်ပါတယ်။ Database ထဲမှာ ရှိပြီးသား
Record နှစ်ခုကို List ထဲမှာ ပြထားပေးပါတယ်။ ဒါမှလည်း  email already exist ဆိုတာကို စစ်ရတာ ပိုပြီးလွယ်ကူမှာ
ဖြစ်ပါတယ်။
ကျွန်တော် ရေးထားတာ မရှင်းရင် ဖြစ်စေ၊ ထပ်ပြီး သိချင်တာရှိရင် ဖြစ်စေ comment ပေးပြီး ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။
Page 28 of 43
«StartPrev21222324252627282930NextEnd»
Login Form
Categories Table View
RSS Feed
JoomlaWatch Stats 1.2.9 by Matej Koval
Facebook Share
Share on facebook
Accordion FAQ
mod_joomtouch
Version Iphone
Version Iphone by JoomTouch