Zack Notes
iDhamma1.4 is ready for update
Written by Zack Tuesday, 02 August 2011 16:58
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ပြီးခဲ့တဲ့ iDhamma1.3 ရဲ့ မေတ္တာသုတ် မှာ audio button တွေပျောက်သွားတာကို အရင်ဆုံး ကျွန်တော်တောင်းပန် ချင်ပါတယ်။ အခု iDhamma1.4 မှာ အဲဒီ bug ကို fixed လုပ်လိုက်ပြီး ဖြစ်လို့ အဆင်ပြေသွားမှာပါ။ Content အသစ်တစ်ခု ဖြစ်တဲ့ ရှစ်ပါး သီလ ကိုလည်း ထည့်ထားပါတယ်။ ယခု ဝါတွင်းကာလရဲ့ ဥပုပ်နေ့မျိုးတွေမှာ အသုံးတဲ့ပါလိမ့်မယ် ခင်ဗျာ။ ခုဆိုရင် iDhamma ကို version ၄ ကြိမ် update လုပ်ခဲ့ပြီး နောက်ဆုံးပါဝင်တဲ့ တရားတော်တွေကတော့
# ဓာရဏ ပရိတ်
# ဓမ္မစကြာ
# ပရိတ်ကြီး ၁၁ သုတ် + ရွတ်ဖတ်ရခြင်း အကျိုး
- ပရိတ်နိဒါန်း
- မင်္ဂလသုတ်
- ရတနာသုတ်
- မေတ္တသုတ်
- ခန္ဓသုတ်
- မောရသုတ်
- ၀ဋ္ဋသုတ်
- ဓဇဂ္ဂသုတ်
- အာဋာနာဋိယသုတ်
- အင်္ဂုလိမာလသုတ်
- ဗောဇ္ဈင်သုတ်
- ပုဗ္ဗဏှသုတ်
# ပဋ္ဌာန်း တရားတော်
- ပဋ္ဌာန်း တရားတော် အကျဉ်း
- ပဋ္ဌာန်း တရားတော် အကျယ်
# တရားတော်များ
- ဘုရားဂုဏ်တော်
- တရားဂုဏ်တော်
- သံဃာ့ဂုဏ်တော်
- ဂုဏ်တော်ကွန်ချာ
- ရှစ်ပါးသီလ
# မေတ္တာပို့များ
- မေတ္တာသုတ်လာ မေတ္တာပို့
- ဒိဿဖရဏ မေတ္တာပို့
- ရှေးရိုးစဉ်လာ မေတ္တာပို့
# အမျှဝေ
အသံပျောက်သွားလို့ feedback ပေးကြတဲ့သူများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရင်ပြောခဲ့တဲ့ အတိုင်း အချိန်ပေါ်မူတည်ပြီး အကောင်းဆုံးကြိုးစားပြီး version upgrade လုပ်သွားပါမယ် ခင်ဗျာ။ iPhone version ကိုခဏရပ်ပြီး Android Version ဖြစ်တဲ့ DhammaDroid ကိုအချိန်ပြန်ပေးပါမယ်။ မကြာခင်မှာလည်း iPad version ထွက်လာ ပါလိမ့်မယ်။ အဆင်ပြေမယ်ဆိုရင် comment တွေ၊ rating တွေ၊ feedback တွေလုပ်ပေးကြပါအုံး ... ကျေးဇူးပါ
iDhamma1.3 is ready for update
Written by Zack Thursday, 21 July 2011 10:24
iDhamma1.3 update ရပါပြီ ခင်ဗျာ။ ဒီ version မှာတော့ content အသစ် ၂ ခု ထပ်ဖြည့်တာပဲ ရှိပါတယ်။ iPad version အတွက် အချိန်ခွဲပေးထားလို့ Feature အသစ်မထည့် နိုင်တာကို တောင်းပန်ပါတယ်။ အဆက်ထည်း ပြောချင်တာကတော့ iPad version ကိုလည်း Submit လုပ်ပြီးသွားပြီ ဖြစ်လို့ Apple App Store ရဲ့ result ကိုစောင့်နေပါတယ်။ အခု အသစ်ပါလာတဲ့ ၂ ခုကတော့
၁) ပရိတ် မရွတ်ခင် စရွတ်လေ့ ရှိတဲ့ "ပရိတ် နိဒါန်း"
၂) မေတ္တာပို့နည်း အသစ် တစ်ခု "ရှေးရိုးစဉ်လာ မေတ္တာပို့"
အားလုံးကို ကျေးဇူးတင်ပါတယ်။ အရင်လိုပဲ အစဉ်ပြေတယ်ဆိုရင် rating တွေ၊ comment တွေပေးပါလို့ တောင်းဆိုပါတယ်။
TestFlight with Titanium
Written by Zack Tuesday, 19 July 2011 21:41
TestFlight ဆိုတာကတော့ iOS application တွေကို Beta Version အဖြစ် Distribute လုပ်ပြီးစမ်းကြည့်နိုင်အောင်ကူညီပေးတဲ့ Third Party Application ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ App Development လုပ်ထားတဲ့ Mac ရဲ့ iTunes နဲ့စမ်းချင်တဲ့ Devices တွေကို ချိတ်ပြီး install လိုက်လုပ်ရမလိုဖြစ်နေပါတယ်။ ရုံးအတွင်းက Devices တွေကိုအဆင်ပြေစေနိုင်ပေမယ့်location မတူတဲ့နိုင်ငံတွေမှာစမ်းကြည့်ချင်တာမျိုးတွေဖြစ်လာခဲ့ရင် TestFlight ကိုသုံးနိုင်ပါတယ်။ (TestFlight ကို Marketing ဆင်းသလိုတောင်ဖြစ်နေပြီ )
TestFlight ကို xcode (3,4) တွေနဲ့ချိတ်ပြီးအသုံးပြုပုံကို ဒီမှာ (xCode3, xCode4) ဖတ်ကြည့်နိုင်ပါတယ်။ Google မှာရှာကြည့်မယ်ဆိုရင်လည်း တခြား Link တွေရှိနိုင် ပါသေးတယ်။သို့သော် (Titanium + TestFlight) အတွက်ဆိုရင်တော့လုံးဝကိုမတွေ့မိပါခင်ဗျာ။ ကျွန်တော်လည်း လိုက်လုပ်ကြည့်ရင်း ကိုယ်တိုင်ရှာတွေ့သွားတဲ့ နည်းလေးကို Share လုပ်ပါမယ်။
(1) Sending TestFlight Invitation Mail
TestFlight account ကို Login ၀င်ပြီးတဲ့အခါ ကိုယ့် App ကို တခြားသူရဲ့ Device ပေါ်မှာစမ်းကြည့်ဖို၌အရင်ဆုံး Invite email ကို send ရပါမယ်။ Invite Mail ကိုလက်ခံတဲ့သူက အဲဒီ Mail ကို iPhone, iPad, iPod စတဲ့စမ်းကြည့်ချင်တဲ့ Devices ပေါ်ကနေဖွင့်ပြီး Register လုပ်ပေးဖို့လိုပါတယ်။ အဲဒီလိုလုပ်ပေးရခြင်းအဓိကရည်ရွယ်ချက်ကတော့ App စမ်းမယ့် Device ရဲ့ ID ကိုလိုချင်လို့ဘဲဖြစ်ပါတယ်။
ကိုယ် Invite လုပ်လိုက်တဲ့သူက Register Successful ဖြစ်တယ်ဆိုရင်တော့TestFlight မှာ ဒီလိုပြန်မြင်ရပါမယ်။
Device ID ကိုရပြီးတဲ့အခါ အဲဒီ Devices အတွက် Provisioning Profile တစ်ခုကို Create လုပ်ပေးဖို့အတွက် Apple Developer Portal ကိုသွားရပါမယ်။
(2) Provisioning Profile ကို Create လုပ်ခြင်း
ပထမဆုံးအဆင့်အနေနဲ့ Ad Hoc Distribute လုပ်ဖို့အတွက် Provisioning Profile အသစ်တစ်ခုကိုထပ်လုပ်ပေးဖို့လိုပါတယ်။ အရင်ဆုံးအဆင့် ၁ မှာရထားတဲ့ Device ID အရ Device အသစ်တစ်ခုကိုထည့်ပေးရပါမယ်။

Provisioning Profile ကို Create လုပ်တဲ့အခါခုနက Device ကိုပြန်ပြီး Select လုပ်ပေးရပါမယ်။ကိုယ်စမ်းစေချင်တဲ့ Devices တွေအားလုံးကို Select လုပ်ပေးနိုင်ပါတယ်။

(3) Add Provision Profile ကို Titaniun Studio တွင်ပေါင်းထည့်ခြင်း
Developer Portal ကနေပြီး Provisioning Profile ကို Download လုပ်လိုက်ပါ။ ပြီးရင်တော့ Titanium Studio ထဲကနေ "Distribute – App Store" ဆိုတဲ့ Button ကို Click လိုက်ပါ။

ဒီနေရာမှာတော့ ခုနတုန်းကရထားတဲ့ Provisioning Profile ကိုပြန်ရွေးပေးဖို့လိုပါတယ်။

ပြီးရင်တော့ Finish Button ကို Click လုပ်လိုက်ပါ။ Titanium Studio ကနေကိုယ့် App ကို Achieved လုပ်ပြီးသွားတဲ့အဆင့်ထိ ကူညီလုပ်ဆောင်ပေးလိမ့်မယ်။ Successful ဖြစ်သွားရင်တော့ xcode Organizer ပေါ်လာပြီး Achieved Application မျာကိုယ့် Application ကိုမြင်ရပါလိမ့်မယ်။ စမ်းမယ် App ကို Achieved Application မှာရွေးပြီ share button ကို click လိုက်ပါ။

ပြီးသွားရင်တော့ “Save to Disk” ဆိုတဲ့ Button လေးကိုClick လိုက်ပါ။ သူကဘယ်နေရာမှာ Save မလဲဆိုပြီးမေးတာရင်တော့ ကိုယ်သိမ်းချင်တဲ့ Folder တစ်ခုခုမှာ Save လိုက်ပါ။
(4) Buit from TestFlight
ခုနတုန်းကရထားတဲ့ ipa file ကို TestFlight မှာပြန်ပြီး Upload လုပ်ပေးရပါမယ်။ Builds ကို အရင် click လိုက်ပါ။

ကံမကောင်းလို့ ဒီလို error မြင်ရင်တော့Provisioning Profile လုပ်တဲ့အဆင့်မှာတစ်ခုခုမှားနေလို့ ဖြစ်ပါတယ်။ များသောအားဖြင့်မှားတက်တာကတော့ Ad Hoc ရွေးတဲ့နေရာဘဲဖြစ်ပါတယ်။

Successful Upload ဖြစ်သွားတဲ့အခါဘယ်Device တွေမှာစမ်းချင်တယ်ဆိုတာကိုတော့နောက်ဆုံးအဆင့်မှာ Tester တွေကိုရွေးပေးနိုင်ပါတယ်။
(5) Install at Devices
Test လုပ်မယ့် Device ကနေTestFlight Email ကိုဖွင့်ပြီး Install လုပ်ပေးဖို့လိုပါတယ်။ Super Easy ကိုခေါ်နိုင်ပါတယ်။ "Install” Button လေးကိုClick လိုက်တဲ့အခါ install လုပ်မှာသေချာလားဆိုတဲ့ alert Install လုပ်နေတဲ့ Progress လေးကိုမြင်နိုင်ပြီးSuccessful Install ဖြစ်သွားရင်တော့Happy Ending ဘဲဖြစ်ပါတယ်။ ကိုယ်စမ်းကြည့်ချင်တဲ့ Device ပေါ်မှာ App Icon လေးကိုမြင်တွေ့နိုင်ပါတယ်။
How to reset Joomla Admin Password
Written by Zack Sunday, 10 July 2011 17:14
ဒီနည်းကတော့ တစ်ခုတည်းသော Adminstrator password ကို reset ချတဲ့နည်းတစ်ခုဘဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က Joomla1.0 ထဲကနေ အခုထိအသုံးဝင်နေဆဲ နည်းလမ်းလေးဘဲဖြစ်ပါတယ်။ Youtube လေးကိုကြည့်လိုက်ပါ။ phpmyadmin database ထဲကိုဝင်ပြီး manually reset/update လုပ်ပေးတဲ့နည်း ဖြစ်ပါတယ်။
Upgrade Joomla 1.5 to 1.6
Written by Zack Sunday, 10 July 2011 17:00
ခုမဟုတ်သေးရင်တောင် မကြာသောအချိန်မှာတော့ Joomla 1.6 ကို Upgrade လုပ်ချင်လာကြပါလိမ့်မယ်။ ဒီနေရာမှာမေးစရာရှိတာက 1.6 ကို migrate မလုပ်ဘူးဆိုရင်ရော ဘာဖြစ်မှာလဲပေါ့။ ဟုတ်ပါတယ် မပြောင်းလဲလည်း ဘာမှမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Joomla1.0 လိုမျိုးတစ်ချိန်မှာ 1.5 ကလည်း သေသွားမှာ သေချာပါတယ်။ အဲဒီအချိန်ရောက်လာရင် extensions တွေရှာမရတော့ရင်ဘယ်လိုလုပ်မလည်း။ ခုချိန်မှာတော့ Joomla1.5 အတွက် community ကကောင်းနေသေးတော့ Migrate မလုပ်သေးလဲရသေးတယ်လို့ဆိုနိုင်ပါတယ်။ ကျွန်တော်လိုက်ရှာထားတဲ့ extension တွေကို Migrate အတွက်ဝေမျှ ချင်ပါတယ်။
jUpgrade
ဒီ component ကိုသုံးမယ်ဆိုရင်တော့ Core Components (or) modules တွေကို upgrade လုပ်သွားပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ (Database + လက်ရှိ files) တွေကို Backup သေချာအောင်လုပ်ထားဖို့ဘဲဖြစ်ပါတယ်။ ဒီ Youtube လေးမှာပြထားတာပိုရှင်းတယ်။
ARRA User Export Import
ARRA Component ကိုသုံးမယ်ဆိုရင်တော့ Joomla1.5 ထဲက user တွေကို 1.6 ထဲကို migrate လုပ်သွားနိုင်ပါတယ်။ ကိုယ် Website က user access တွေကို အဓိကထားပြီးထုပ်တဲ့ Community Site မျိုးဆိုရင်တော့ အရင်က user access Level တွေအတိုင်း မှန်အောင်လုပ်နိုင်လားဆိုတာကိုသေချာစစ်ဆေးဖို့လိုပါတယ်။ ဒါကတော့ Youtube Video လေးပါ။
တကယ်တော့ ကျွန်တော်သိထားတဲ့ ရိုးရှင်းတဲ့ concept တစ်ခုကတော့ core တွေကို migrate လုပ်တဲ့ extension တစ်ခုခုကိုသုံးပြီး core တွေကိုအရင် migrate လုပ်ပါ။ ဥပမာ- jUpgrade လိုမျိုးပေါ့။ ဒါမှမဟုတ်ရင်လည်း Joomla Migration မှာရှာပြီး Download လုပ်ယူနိုင်ပါတယ်။ Core တွေ successful migrated ဖြစ်သွားရင်တော့ happy ending လို့မဆိုနိုင်သေးပါဘူး။ ကိုယ်သုံးထားတဲ့ extension တွေကိုဆက်ပြီး migrate လုပ်ပေးဖို့လိုပါတယ်။ တစ်ချို့ extension တွေကတော့ migrate script ကိုထုတ်ပေးပါတယ်။ မရှိရင်တော့ လုပ်လို့ရတဲ့ တစ်နည်းက Joomla1.6 based extension ကိုအရင် install လုပ်ပြီး Database script ကိုနောက်မှပြန်ထည့်တဲ့ နည်းဘဲဖြစ်ပါတယ်။ ကိုယ်သုံးတဲ့ ( Component + Module ) တွေရဲ့ Table တွေကိုရွေးပြီး အဟောင်း Database ကနေ Export လုပ်ပြီး Migrate လုပ်မယ့် Database အသစ်မှာ import ပြန်လုပ်ပေးနိုင်ပါတယ်။ phpmyadmin ကိုတော့ manually ကောင်းကောင်း သုံးတတ်ဖို့တော့ လိုပါတယ်။ နောက်ပိုင်း migrate extension ကောင်းကောင်းလေးတွေ ထက်တွေ့ရင်ထပ်ဖြည့်ရေးသွားပါမယ်။
How to detect front (or) inner page in Joomla 1.5 Template
Written by Zack Friday, 08 July 2011 12:38
ဒီ code snippet လေးကတော့ တခါတရံမှာ အသုံးဝင်ပါလိမ့်မယ်။ များသောအားဖြင့်တော့ Joomla Template တွေမှာအသုံးများပါတယ်။ ကိုယ့် Template မှာ Home Page (or) Front page မှာ Design တစ်မျိုး အထဲက Inner Page တွေမှာ တစ်မျိုး လုပ်ချင်တယ်ဆိုရင်တော့ ဒီ code လေးကအသုံးဝင်ပါတယ်။
<?php if(JRequest::getVar('view') == "frontpage" ){ ?>
<?php }else{ ?>
<?php } ?>
More Articles...
Page 2 of 43
«StartPrev12345678910NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)

