Finally iDhamma HD for iPad version is approved!
Wednesday, 03 August 2011 22:55
ဒီနေ့ည (iTC Mobile - iTune Connect) က notification ကိုမြင်လိုက်ရချိန်မှာ ကျွန်တော် အရမ်းပျော်သွားတယ်ဗျာ။ iPad version အတွက် သီးသန့်ရေးထားတဲ့ iDhamma HD approved ဖြစ်သွားလို့ပဲ ဖြစ်ပါတယ်။ ၂ ခါ တိတိ rejected ဖြစ်ထားလို့ approved ဖြစ်သွား တာကို မြင်လိုက် ရချိန်မှာ ပျော်သွားတာပါ။ Reject ဖြစ်ရခြင်းကတော့ Apple Native UI တွေကနေ ခွဲထွက်သွားတဲ့ UI တစ်ခုကို ဖန်တီးကြည့်ချင်တယ်။ ပြီးတော့ သုံးမယ့်သူအတွက်လည်း 2 Touch လောက်အတွင်း မြန်မြန်ဆန်ဆန် ဖတ်လို့ ရတဲ့ UI မျိုးလဲ ဖြစ်ရမယ်။ အပြင်ကောင်းတာ Apple ရဲ့ Standard Back/Home Button က App ရဲ့ ဘယ်ဘက် အပေါ်ထောင့်မှာ ရှိနေကြကို ညာဘက် အပေါ်ကို ပြောင်းလိုက်မိတယ်။ နောက်ပြီး App Name ကိုလည်း iDhammaiPad ဆိုပြီး ပေးလိုက်တာ iPad ပါလို့ သူ့ Trade Mark ကိုသုံးတယ် ဆိုပြီး ပထမ တစ်ခါ Reject ဖြစ်ပါလေရောဗျာ။
ပြင်စရာ ရှိတာ ပြင်လိုက်ပြီး ပြန်တင်တော့လည်း Portrait Orientation ကို (အပေါ် <> အောက်) ပြောင်းပြန်လှန်လို့ မရလို့ ဆိုပြီး ဒုတိယ အကြိမ် Reject ဖြစ်ပြန်တယ်။ iPad Screen Size ကကျယ်တော့ UI နဲ့ပတ်သက်ပြီး iPhone ထက်ပိုပြီး စဉ်းစားလိုက်ရတယ်။ Apple က ဘယ်လောက် အတိုင်းအတာတိ UI ကိုလုပ်ခွင့်ပေးတယ် ဆိုတာကိုလည်း သိလိုက်ရတယ်။ ဒါကတော့ ... နောက်ဆုံးတော့လည်း experience အဖြစ်ကျန်ခဲ့တဲ့ လုပ်ရင်းတွေ့ခဲ့ ရတဲ့ အဆင်မပြေမှု လေးတွေပါ။
- iDhamma HD ရဲ့ Home ပါ။ ကိုယ်ရွတ်ဖတ်ချင်တာကို Category အလိုက် အလွယ်တကူရွေးနိုင် ပါတယ်။
- ရွေးပြီးတဲ့ အခါ Detail View ထဲကို ရောက်သွားရင်တော့ အရင် iDhamma ကအတိုင်း Flip လုပ်ပြီး ဖတ်သွားနိုင်ပါတယ်။
- နဲနဲထူးခြားတာ ဆိုလို့ ရွတ်ဖတ်ရခြင်း အကျိုးတွေကို ကြည့်ချင်တယ် ဆိုရင် အပေါ်ညာဘက်ထောင့်မှာ Button လေးတစ်ခု ရှိပါတယ်။ Click လိုက်ရင် Popup ကျလာပြီး ပြပေးပါမယ်။ မကြည့်ချင်ရင်တော့ အဲဒီ button ကိုပြန် Click လိုက်ရင် ရပါတယ်။
- About ကိုတော့ Home Screen ညာဘက် အပေါ်က "i" ပုံစံ icon လေးကို click လိုက်ရင် တွေ့ရပါမယ်။
အခု ဒီ version မှာ အဆင်ပြေပြေ ဖတ်နိုင်အောင်ကို အဓိကရည်ရွယ်ပြီး လုပ်ထားတာ ဖြစ်လို့ တခြားသော Feature များကို လောလောဆယ် ထည့်ထားချင် မရှိသေးပါ ခင်ဗျာ။ ကျွန်တော် အချိန်ရရင် ရသလို့ အသုံးဝင် သင့်တော်မယ့် Feature တွေကို ပေါင်းထည့်သွားပါမယ်။ အသုံးပြုကြသူတွေ အနေနဲ့လည်း အဆင်ပြေမယ် ဆိုရင် comment တွေ၊ Feedback တွေ၊ Rating တွေပေးကြပါလို့ တောင်းဆိုပါတယ်။ တရားတော်တွေကတော့
# ဓာရဏ ပရိတ်
# ဓမ္မစကြာ
# ပရိတ်ကြီး ၁၁ သုတ် + ရွတ်ဖတ်ရခြင်း အကျိုး
- ပရိတ်နိဒါန်း
- မင်္ဂလသုတ်
- ရတနာသုတ်
- မေတ္တသုတ်
- ခန္ဓသုတ်
- မောရသုတ်
- ၀ဋ္ဋသုတ်
- ဓဇဂ္ဂသုတ်
- အာဋာနာဋိယသုတ်
- အင်္ဂုလိမာလသုတ်
- ဗောဇ္ဈင်သုတ်
- ပုဗ္ဗဏှသုတ်
# ပဋ္ဌာန်း တရားတော်
- ပဋ္ဌာန်း တရားတော် အကျဉ်း
- ပဋ္ဌာန်း တရားတော် အကျယ်
# တရားတော်များ
- ဘုရားဂုဏ်တော်
- တရားဂုဏ်တော်
- သံဃာ့ဂုဏ်တော်
- ဂုဏ်တော်ကွန်ချာ
# မေတ္တာပို့များ
- မေတ္တာသုတ်လာ မေတ္တာပို့
- ဒိဿဖရဏ မေတ္တာပို့
- ရှေးရိုးစဉ်လာ မေတ္တာပို့
# အမျှဝေ
iTunes URL : http://itunes.apple.com/us/app/idhamma-hd/id451679553?ls=1&mt=8
Feedback : idhamma.app@gmail.com [or] pyephyohan@gmail.com
iDhamma1.4 is ready for update
Tuesday, 02 August 2011 16:58
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ပြီးခဲ့တဲ့ iDhamma1.3 ရဲ့ မေတ္တာသုတ် မှာ audio button တွေပျောက်သွားတာကို အရင်ဆုံး ကျွန်တော်တောင်းပန် ချင်ပါတယ်။ အခု iDhamma1.4 မှာ အဲဒီ bug ကို fixed လုပ်လိုက်ပြီး ဖြစ်လို့ အဆင်ပြေသွားမှာပါ။ Content အသစ်တစ်ခု ဖြစ်တဲ့ ရှစ်ပါး သီလ ကိုလည်း ထည့်ထားပါတယ်။ ယခု ဝါတွင်းကာလရဲ့ ဥပုပ်နေ့မျိုးတွေမှာ အသုံးတဲ့ပါလိမ့်မယ် ခင်ဗျာ။ ခုဆိုရင် iDhamma ကို version ၄ ကြိမ် update လုပ်ခဲ့ပြီး နောက်ဆုံးပါဝင်တဲ့ တရားတော်တွေကတော့
# ဓာရဏ ပရိတ်
# ဓမ္မစကြာ
# ပရိတ်ကြီး ၁၁ သုတ် + ရွတ်ဖတ်ရခြင်း အကျိုး
- ပရိတ်နိဒါန်း
- မင်္ဂလသုတ်
- ရတနာသုတ်
- မေတ္တသုတ်
- ခန္ဓသုတ်
- မောရသုတ်
- ၀ဋ္ဋသုတ်
- ဓဇဂ္ဂသုတ်
- အာဋာနာဋိယသုတ်
- အင်္ဂုလိမာလသုတ်
- ဗောဇ္ဈင်သုတ်
- ပုဗ္ဗဏှသုတ်
# ပဋ္ဌာန်း တရားတော်
- ပဋ္ဌာန်း တရားတော် အကျဉ်း
- ပဋ္ဌာန်း တရားတော် အကျယ်
# တရားတော်များ
- ဘုရားဂုဏ်တော်
- တရားဂုဏ်တော်
- သံဃာ့ဂုဏ်တော်
- ဂုဏ်တော်ကွန်ချာ
- ရှစ်ပါးသီလ
# မေတ္တာပို့များ
- မေတ္တာသုတ်လာ မေတ္တာပို့
- ဒိဿဖရဏ မေတ္တာပို့
- ရှေးရိုးစဉ်လာ မေတ္တာပို့
# အမျှဝေ
အသံပျောက်သွားလို့ feedback ပေးကြတဲ့သူများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရင်ပြောခဲ့တဲ့ အတိုင်း အချိန်ပေါ်မူတည်ပြီး အကောင်းဆုံးကြိုးစားပြီး version upgrade လုပ်သွားပါမယ် ခင်ဗျာ။ iPhone version ကိုခဏရပ်ပြီး Android Version ဖြစ်တဲ့ DhammaDroid ကိုအချိန်ပြန်ပေးပါမယ်။ မကြာခင်မှာလည်း iPad version ထွက်လာ ပါလိမ့်မယ်။ အဆင်ပြေမယ်ဆိုရင် comment တွေ၊ rating တွေ၊ feedback တွေလုပ်ပေးကြပါအုံး ... ကျေးဇူးပါ
iDhamma1.3 is ready for update
Thursday, 21 July 2011 10:24
iDhamma1.3 update ရပါပြီ ခင်ဗျာ။ ဒီ version မှာတော့ content အသစ် ၂ ခု ထပ်ဖြည့်တာပဲ ရှိပါတယ်။ iPad version အတွက် အချိန်ခွဲပေးထားလို့ Feature အသစ်မထည့် နိုင်တာကို တောင်းပန်ပါတယ်။ အဆက်ထည်း ပြောချင်တာကတော့ iPad version ကိုလည်း Submit လုပ်ပြီးသွားပြီ ဖြစ်လို့ Apple App Store ရဲ့ result ကိုစောင့်နေပါတယ်။ အခု အသစ်ပါလာတဲ့ ၂ ခုကတော့
၁) ပရိတ် မရွတ်ခင် စရွတ်လေ့ ရှိတဲ့ "ပရိတ် နိဒါန်း"
၂) မေတ္တာပို့နည်း အသစ် တစ်ခု "ရှေးရိုးစဉ်လာ မေတ္တာပို့"
အားလုံးကို ကျေးဇူးတင်ပါတယ်။ အရင်လိုပဲ အစဉ်ပြေတယ်ဆိုရင် rating တွေ၊ comment တွေပေးပါလို့ တောင်းဆိုပါတယ်။
More Articles...
Page 4 of 85
«StartPrev12345678910NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)