Validating Numbers (and other Data Types)
Sunday, 03 January 2010 13:36
ဟိုတစ်နေ့ က Program ရေးရင်းနဲ့  PHP မှာ ရှိတဲ့ Data Type တွေကို စစ်တဲ့ helper Functions တွေကို List Down
လုပ်ကြည့်လိုက်မိတယ်။ အဲ့ဒါတွေကတော့
-is_array() -> Checks for array
-is_bool() -> Checks for Boolean
-is_float() -> Checks for float
-is_int() -> Checks for integer
-is_null() -> Checks for null
-is_numeric() -> Checks for integers and floats
-is_object() -> Checks for object
-is_string() -> Checks for string
အဲ့ဒါတွေကတော့ ကျွန်တော် သတိထားမိသလောက်လေးချရေးထားတာ ဖြစ်ပါတယ်။ လိုအပ်တာရှိရင်လည်း Comment ထဲမှာ
ရေးပေးခဲ့လို့ ရပါတယ်။
New Year's Resolution
Friday, 01 January 2010 05:07
ဒီ Article လေးကတော့ ဆရာတော် ဦးဇောတိကရဲ့ စိတ်ချမ်းသာဖို့လိုရင်းပါ စာအုပ်လေးထဲကနေ မူရင်း အတိုင်း copy လုပ်ပြီး
တင်လိုက်တာပါ။ ခုလက်ရှိ New Year အခြေအနေနဲ့လည်း တိုက်ဆိုင်နေတဲ့တွက်အားလုံးလည်း ကြိုက်မယ်လို့ ထင်ပါတယ်။
တကယ်တော့ ဒီ Article လေးက ကျွန်တော်တို့ မြန်မာ လူမျိုးတွေရဲ့ နှစ်သစ်ကူး သင်္ကြံအတွက်ရေးထား ပုံရပါတယ်။ ဘာပဲ ဖြစ်ဖြစ်
ကောင်းတဲ့အတွက် အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ်။
သူငယ်ချင်းရေ ... သတိရလို့ email ပို့ လိုက်ပါတယ်။
မကြာခင် သင်္ကြံကျတော့မယ်။ သင်္ကြံပြီးရင် နှစ်သစ်ကူးမယ်။ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ
နှစ်သစ်ကူးချိန် မတူကြဘူး။ အနောက်နိုင်ငံမှာ January တစ်ရက်နေ့  နှစ်သစ်ကူးတယ်။ နှစ်သစ်ကူးမှာ New Years Resolution
လို့ ခေါ်တဲ့ နှစ်သစ်ကူး အဓိဌာန် လုပ်လေ့ ရှိတယ်။ သူငယ်ချင်း ဘာအဓိဌာန် လုပ်မလဲ။ ငါတော့ နေ့ တိုင်း စိတ်ချမ်းသာအောင်
နေမယ်လို့ အဓိဌာန်လိုက်ပြီး နှစ်သစ်ကူးထိ မစောင့်တော့ဘူး။ ဘာဖြစ်လို့ စောင့်ရမှာလဲ။ ငယ်ငယ်က ဘွဲ့ ရပြီးရင် စိတ်ချမ်း
သာမယ်။ ဘွဲ့ ရပြီးတော့ အလုပ်ကောင်းကောင်းရရင် စိတ်ချမ်းသာမယ်။ အလုပ်ရပြီးတော့ ကိုယ်ချစ်တဲ့သူနဲ့ အိမ်ထောင် ပြုရ
ရင်စိတ်ချမ်းသာမယ်။ အိမ်ထောင်ကျပြီးတော့ သားသမီးနှစ်ယောက်ရရင် စိတ်ချမ်းသာမယ်။ ပြီးတော့ သားသမီးတွေ အရွယ်
ရောက်ရင် စိတ်ချမ်းသာမယ်။ သားသမီးတွေ အရွယ်ရောက်တော့ အလုပ်တွေ အဆင်ပြေမှ စိတ်ချမ်းသာမယ်။ ၀င်ငွေတိုးလာမှ
စိတ်ချမ်းသာမယ်။ ကိုယ်ပိုင် အိမ်အသစ်ကလေး ဆောက်ပြီးမှ စိတ်ချမ်းသာမယ်။ ကလေးတွေ ဘွဲ့ ရပြီးရင်တော့ စိတ်ချမ်းသာပြီး။
အဲဒီလို အဲဒီလို အကြောင်းပြချက်တွေနဲ့ နေလာလိုက်တာ ဒီအသက်ဒီအရွယ် ရောက်လာပြီး။
စိတ်ချမ်းသာဖို့ လိုအပ်ချက်တွေကို အကြောင်းပြနေရင် နှစ်ပေါင်းတစ်ရာ ကြာတောင်မှ လိုအပ်ချက်တွေ
ပြည့်စုံမှာမဟုတ်ဘူး။ ဒါကြောင့် စိတ်ချမ်းသာမှုကို ပထမ ဦးစားပေး ရွေးချက်လိုက်ပြီး။ ဘာအကြောင်းပြချက်မှ မလိုဘူး။
ဘာဖြစ်ရင်စိတ်ချမ်းသာမယ်။ ဘာရရင် စိတ်ချမ်းသာမယ်လို့ မတွေးတော့ဘူး။ ကျန်တာတွေက ရနိုင်တာ ရမယ်လို့ ယုံကြည်
ပါတယ်။ စိတ်ချမ်းသာမှုကတော့ အခုရမှ ဖြစ်မယ်။ အခုစိတ်ချမ်းသာနေရင် နောက်ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာတော့လည်း
ပိုပြီးစိတ်ချမ်းသာတာပေါ့။
စိတ်ချမ်းသာမှုအတွက် အကြောင်းပြချက်တွေ များနေရင် အဲဒီ အကြောင်းပြချက်တွေက ကိုယ့်ကို လွှမ်းမိုးနေမယ်။
ပြင်ပအကြောင်းတရားတွေနဲ့ လူတွေက ကိုယ့်အလိုအတိုင်း မဖြစ်နိုင်ဘူး။
ကိုယ့်စိတ်ချမ်းသာမှုက သူတို့ အပေါ်မူတည်နေရင် မရေရာတော့ဘူး။ မသေချာတော့ဘူး။ ကိုယ့်ဘ၀ကို သူတို
့လွှမ်းမိုးနိုင်အောင် ကိုယ်က ခွင့်ပြုထားသလို ဖြစ်နေမယ်။ ငါတော့ ငါ့ဘ၀ကို ပြင်ပကိစ္စတွေနဲ့ လူတွေက လွှမ်းမိုး
တာ နည်းနိုင်သမျှ နည်းအောင်နေမယ်။ ဒါမှ စိတ်ချမ်းသာအောင် နေလို့ ရမယ်။
ဘာပဲဖြစ်နေနေ စိတ်ချမ်းသာအောင်နေမယ်လို့ မှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရင် ပြင်ပအကြောင်းတရားတွေက
ကိုယ့်စိတ်ချမ်းသာမှုကို လွှမ်းမိုးခွင့် ချယ်လှယ်ခွင့် ပြုထားသလို ဖြစ်နေတယ်။ ခွင့်ပြုမှာလား။
စိတ်မချမ်းသာတာ ဘာကြောင့်လဲ။ ကိုယ့်စိတ်ချမ်းသာမှုဟာ ကိုယ်လက်ထဲမှာ မရှိလို့ ပဲ။ ကိုယ့်ဘ၀မှာ အင်မတန်
အရေးကြီးတဲ့ တန်ဖိုးကြီးတဲ့ စိတ်ချမ်းသာမှုကို ဘာဖြစ်လို့ သူများလက်ထဲ ထည့်ရမလဲ။ ဒါလောက် အရေးကြီးတဲ့ ကိစ္စကို
ကိုယ်တိုင်လုပ်တာ ကောင်းပါတယ်။ သူများနဲ့ မလွှဲသင့်ဘူး။ ငါ့စိတ်ချမ်းသာမှုကို ငါကိုယ်တိုင် လုပ်မယ်။ တခြား အရေးမကြီးတဲ့
ကိစ္စတွေကို သူများနဲ့ လွှဲသင့်ရင် လွှဲမယ်။ ဒါကြောင့် သူငယ်ချင်းကို အကြံပေးပါတယ်။ New Years Resolution ကို
မလုပ်ရသေးရင် ဘာပဲ ဖြစ်ဖြစ် စိတ်ချမ်းသာအောင် နေ့ တိုင်း နာရီတိုင်း နေမယ်။ လို့ အဓိဌာန်လိုက်ပါ။
ဘာပဲ ဖြစ်နေနေ စိတ်ချမ်းသာအောင် နေလို့ ရတယ် ဆိုတာကို နားလည်ပါ။ ဒါဟာ အစမှာတော့ မဖြစ်နိုင်ဘူးလို့ 
ထင်စရာပဲ။ ယုံယုံကြည်ကြည်နဲ့ လုပ်ပါ။ စိတ်ချမ်းသာမှု စိတ်ဆင်းရဲ မှု တော်တော်များများဟာ ကိုယ်က ကြုံတွေ့ ရတဲ့ အခြေအနေကို
အဓိပ္ပာကောက်ပုံပေါ်မှာ မူတည်နေပါတယ်။ ကိုယ် ရသင့်တဲ့ အခွင့်အရေးကို မရတဲ့အခါ မတရားဘူး။ မမျှတဘူးလို
့တွေးတတ်တယ်။ ရသင့်တဲ့အခွင့်အရေးကို မရတာထက် ရသင့်တဲ့ စိတ်ချမ်းသာမှုကို မရတာက ပိုပြီး နစ်နာပါတယ်။
ကိုယ့်ကိုယ်ကို ကိုယ်စိတ်ချမ်းသာမှု ပေးနိုင်ရက်နဲ့ မပေးတာက ပိုပြီး ရက်စက်ရာ မကျဘူးလား။
ကိုယ်ရသင့်တဲ့ စိတ်ချမ်းသာမှုကို ကိုယ့်ဟာကိုယ်ရအောင် လုပ်နိုင်ရက်နဲ့ ရအောင် မလုပ်ရင် ကိုယ့်ကိုယ်ကို ကိုယ် မတရားရာ
ရောက်ရတော့မှာပေါ့။ သူများက ကိုယ့်အပေါ် မတရားတာ ရှိစေတော့ ကိုယ့်ကိုယ်ကိုကိုယ်တော့ တရားမှ ဖြစ်မယ်။ ဒါကြောင့်
ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ် ရအောင် စိတ်ချမ်းသာမှုကို မလွှမ်းမိုးနိုင်အောင် ဘယ်လို နေရမယ်၊ ဘယ်လို သဘောထားရမယ်
ဆိုတာကို သေသေချာချာ လေ့လာမှ ဖြစ်မယ် နော်။
အခြေအနေက ဘယ်လိုပဲဖြစ်နေနေ စိတ်ဆင်းရဲ နေတာဟာ ဘာမှ အကျိုးမရှိပါဘူး။ စိတ်ဆင်းရဲနေတဲ့ အတွက်
အခြေအနေ ပိုတောင် ဆိုးလာနိုင်သေးတယ်။ ဘာဖြစ်နေနေ စိတ်ချမ်းသာအောင်နေတာဟာ တရားတယ်။ စိတ်တည်ငြိမ်ချမ်းသာ
နေရင်ဆုံးဖြတ်ချက်မှန်မယ်။ စိတ်ဆင်းရဲနေရင် ဆုံးဖြတ်ချက်မှားမယ်။ အဲ့ဒါကြောင့် စိတ်တည်ငြိမ်အောင် စိတ်ချမ်းသာ
အောင် နေမယ်။တည်ငြိမ်နေရင် ချမ်းသာနေတယ်။ တွေ့ လာတဲ့ အဆင်မပြေမှုကို အကောင်းဆုံး ကိုင်တွယ်နိုင်အောင်
ကိုယ့်စိတ်ကို ချမ်းသာအောင် ထားရမယ်။ ဒါဟာ အားလုံးအတွက် အကောင်းဆုံးပဲ။ စိတ်ဆင်းရဲနေတာဟာ ဘယ်သူ့ 
အတွက်မှ အကျိုးမရှိဘူး။
ဘာပဲဖြစ်ဖြစ် မေးရမယ့် မေးခွန်းက ဘာလုပ်သင့်သလဲ။ ဘာလုပ်ရင် အကောင်းဖြစ်မလဲ ဆိုတဲ့ မေးခွန်းပဲ။
ခံစားချက်တွေ ပြင်းထန်ပြီး စိတ်ဆိုးနေမယ် ဒေါသဖြစ်နေမယ်၊ ၀မ်းနည်းနေမယ် ဆိုရင် ကိုယ့်အတွက် အကောင်းဆုံး
ဖြစ်အောင် မလုပ်နိုင်တော့ဘူး။ အဲဒါ ကိုယ့်ကိုယ်ကိုကိုယ် ပိုပြီးနစ်နာအောင် လုပ်သလိုဖြစ်တယ်။ စိတ်ကို အတတ်နိုင်ဆုံး
ချမ်းသာအောင်ထားပြီး လုပ်သင့်တာကို ဆက်လုပ်တာကပဲ ဥာဏ်ရှိတဲ့ အလုပ် ဖြစ်တယ်။ စိတ်တည်ငြိမ် ချမ်းသာနေရင်
အကောင်းဆုံးအဖြေကို ရတယ်။ အကောင်းဆုံးကို လုပ်နိုင်တယ်။
စိတ်ချမ်းသာအောင်နေနိုင်ရင် ကိုယ့်အတွက် ကိုယ်ပေးသင့်တာကို ပေးလိုက်ပြီ။ စိတ်ချမ်းသာနေရင် ကိုယ့်ပတ်ဝန်းကျင်မှာ
ရှိတဲ့ လူတွေ မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ စတဲ့သူတွေက ကိုယ့်ကို ပိုပြီး ချစ်ခင်မှုလေးစားမှုရှိတယ်။ စိတ်ချမ်းသာမှုဟာ ဆွဲဆောင်မှု
ရှိတယ်။ ဒါကြောင့် စိတ်ချမ်းသာနေတဲ့သူကို လူတွေ ပိုပြီး ခင်တယ်။ ချစ်တယ်။
ကိုယ်က စိတ်ချမ်းသာနေရင် ကိုယ့်စိတ်က လူတွေကို ပိုပြီး ခင်တယ်။ ပိုပြီး ကူညီချင်တယ်။ စိတ်ဆင်းရဲနေတဲ့အခါမှာ
သူများကို ကူညီချင်စိတ် သိပ်နည်းတယ်။ ငါ့ဒုက္ခနဲ့ ငါ အနိုင်နိုင်ပဲ၊ သွားစမ်းပါ လို့ ပြောချင်တယ်။ စိတ်ချမ်းသာနေရင် ဘာ
အကူအညီပေးရမလဲလို့  မေးချင်တယ်။ စိတ်ဆင်းရဲနေတဲ့သူ နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မချစ်နိုင်ဘူး။ နင့်ကြောင့်
ငါ စိတ်ဆင်းရဲရတာဆိုပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ဆင်းရဲအောင်ပဲ လုပ်မိနေတတ်တယ်။
စိတ်ငြိမ်းချမ်းနေတာဟာ စိတ်ချမ်းသာမှုအစစ်ပဲ။ စိတ်ငြိမ်းချမ်းနေတဲ့ အခါမှာ စိတ်ဆင်းရဲလို့ မရဘူး။ နှစ်သစ်ကူးမှာ
တစ်ယောက်ကိုတစ်ယောက် စိတ်ချမ်းသာအောင် ပြောချင်တယ်၊ ပေးချင်တယ်၊ ကျွေးချင်တယ်။ ကိုယ်က စိတ်တကယ် ချမ်းသာနေမှ
နောက်တစ်ယောက်ကို စိတ်ချမ်းသာစရာပြောနိုင်တယ်။ လုပ်ပေးနိုင်တယ်။ ကိုယ့်မှာရှိမှ ပေးနိုင်တယ်။ ဒါကြောင့် ပျော်အောင်နေပါ။
စိတ်ချမ်းသာအောင်နေပါ။ ငြိမ်းချမ်းအောင်နေပါ။
စိတ်ဆင်းရဲစရာကို ရှာပြီး မတွေးရင် စိတ်ချမ်းသာဖို့ မခက်ပါဘူး။ ကိုယ်က စိတ်ချမ်းသာအောင်နေတာဟာ
ကိုယ့်မိသားစု၊ ကိုယ့်အပေါင်းအသင်းနဲ့ လောကကြီးကို အကောင်းဆုံးလက်ဆောင် ပေးလိုက်တာပဲ။
စိတ်ချမ်းချမ်းသာသာနဲ့  လုပ်ပေးလိုက်တဲ့ကိစ္စဟာ အကောင်းဆုံး စိတ်ထားနဲ့ လုပ်ပေးလိုက်တာပဲ။
To Become a Web Developer (or) Designer
Saturday, 28 November 2009 14:53
ဒီ POST ကို ရေးဖြစ်တာကတော့ ကျွန်တော်ကို Web Developer ဖြစ်ချင်တယ် ဘာလုပ်ရမလဲ ဆိုပြီး မေးတဲ့လူတွေကို
ရည်ရွယ်ပြီး ရေးလိုက်တာပါ။ တစ်ခါတစ်လေ ရုံးချိန်မှာ Gtalk ကနေပြီး မေးတဲ့ အခါ ကျွန်တော် ကောင်းကောင်း Reply
မလုပ်နိုင်ခဲ့တာတွေ ရှိပါတယ်။ ဒီအတွက် ပြည့်ပြည့်စုံစုံ ဖြစ်သွားအောင် POST တစ်ခုအနေနဲ့  ရေးလိုက်ရပါတယ်။ အခု
ရေးမယ့် အကြောင်းအရာများသည် ဆရာလုပ်ပြီး Guide Line ပေးခြင်း မဟုတ်ဘဲ ကျွန်တော် သိထားသော Ideas များကို
ချပြခြင်းသာ ဖြစ်ပါတယ်။ ဆရာလုပ်သည်ဟု မယူဆစေလိုပါ။
For Web Designer
ကျွန်တော်ကတော့ Designer တစ်ယောက် မဟုတ်လေတော့ အကြမ်းဖျင်းအားဖြင့်သာ ပြောနိုင်ပါလိမ့်မယ်။ Designer
တစ်ယောက်အတွက် မသိမဖြစ် မတတ်မဖြစ်ကတော့ PhotoShop, Dreamweaver, Flash တို့ ပဲ ဖြစ်ပါတယ်။ ဒါ့အပြင်
Web Page ရေးတဲ့ အခါမှာ သုံးဖို့ အတွက် HTML, CSS, JQuery Plug-in စတာတွေကိုလည်း သိထားသင့်ပါတယ်။
Firefox ရဲ့ Plug-in တစ်ခုဖြစ်သော Firebug ကို သုံးပြီး Web Page တွေကို Trace လိုက်တတ်အောင်လည်း
လေ့ကျင့်ပျိုးထောင်သင့်ပါတယ်။ ကျွန်တော်သိထားတဲ့ PhotoShop Learning ကို မြန်မာလို ရေးထားတဲ့ Site ကတော့ ဒီမှာပါ။
http://designernagar.ning.com/group/designgroup
ကျန်တာတွေကတော့ Google မှာ လိုက်ရှာမယ်ဆိုရင် Sample တွေ အများကြီး ရှိပါတယ်။ ဒါကတော့ Design ပိုင်းနဲ့ 
ပတ်သက်ပြီး ကျွန်တော်သိထားသလောက်လေးပါ။Designer လုပ်ချင်သူတွေ အနေဖြင့် Template တွေရဲ့ Work Flow, Structure
စတာတွေကိုလည်း လေ့လာထားသင့်ပါတယ်။
For Web Developer
ဒီအပိုင်းကတော့ Programming တစ်ခုခုကို ပိုပြီး Focus ထားရပါလိမ့်မယ်။ ဒီအတွက်ကတော့ မိမိသန်တဲ့ Programming Language
တစ်ခုကို ရွေးချယ်ပြီး Strong ဖြစ်အောင် လုပ်စေချင်ပါတယ်။ .net သမားတွေကတော့ asp.net, java သမားတွေ ကတော့ J2EE,
စတာတွေ အပြင် အခုနောက်ပိုင်းမှာ ခေတ်စားလာသော PHP, Python, Perl, Ruby အစရှိသည့် Programming Language
တွေထဲက ကိုယ်နဲ့ သင့်တော်မယ့် ကောင်ကို အရင်ဆုံး စပြီး လေ့လာသင့်ပါတယ်။ ဒါမှ သင်ဟာ Programming ရေးနေရင်း
နဲ့ ပျော်တဲ့သူ တစ်ယောက်ဖြစ်သွားပါလိမ့်မယ်။ အရေးကြီးဆုံးက အဲ့ဒါပဲဗျာ။ Programming ကို ရေးနေရင်းနဲ့ စိတ်ထဲမှာ
ပျော်နေရင် Study လုပ်ရတာကို မပင်ပန်းတော့ဘူးပေါ့။ ဒါကြောင့် ပြောတာပါ။ ကိုယ့်နဲ့ ကိုက်ညီမယ့် Language ကို ရွေးချယ်ပြီး
စတင်လေ့လာသင့်တယ်လို့ ။ အရေးကြီးဆုံးသော အချက်ကတော့ Foundation ခိုင်ဖို့ ဖြစ်ပါတယ်။ Language တစ်ခုမှာ Foundation
ခိုင်သွားပြီဆိုရင် နောက် ဘယ် Programming Language ကို မဆို လေ့လာရတာ လွယ်ကူသွားပြီ ဖြစ်ပါတယ်။ ဘာကြောင့်လည်း
ဆိုတော့ အရေးကြီးဆုံးက Programming Logic, Algorithm, Concept ပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေ ခေါင်းထဲရှိနေရင်တော့
ကိုယ် အသစ် Study လုပ်ချင်တဲ့ Programming မှာ ရှိနေတဲ့ Syntax တွေကို လေ့လာလိုက်ရင် ရပါတယ်။ ဒီလို Study လုပ်ရာမှာ
လုပ်ပုံ လုပ်နည်းလေးကို နည်းနည်းလေး Share ချင်ပါတယ်။ ကျွန်တော်ကတော့ What, Why, How နဲ့ တစ်ခုခုကို ကြည့်ပါတယ်။
ဥပမာ- PHP ကို စပြီးလေ့လာမယ်ဆိုပါစို့ ဗျာ။
(၁) Basic Syntax တွေကို သေချာလေ့လာသင့်ပါတယ်။ ပြီးတော့ PHP ဆိုတာ ဘာလဲ "What" ဆိုတာကို သေချာသိသင့်ပါတယ်။
(၂) ပြီးရင်တော့ Looping တွေ၊ Conditional Statement တွေကို ဘာကြောင့်သုံးလဲ။ ဒါ့အပြင် အရေးကြီးတဲ့ Database
ချိတ်ဆက်တဲ့ အပိုင်းတွေကို ဘာကြောင့်သုံးတာလဲ စတဲ့ "Why" တွေကို လေ့လာသင့်ပါတယ်။
(၃) OK, ဒါတွေ အားလုံးကို ခြုံပြီး သဘောပေါက်သွားပြီ ဆိုရင်တော့ တစ်ကယ့် Real World Application တွေမှာ ဒါတွေကို ဘယ်လို Apply လုပ်လဲ ဆိုတဲ့ "How" ဆိုတာကို သွားသင့်ပါတယ်။
Study လုပ်တဲ့အခါမှာ Self-Study Style မျိုးကိုသာ လေ့ကျင့်ပျိုးထောင် သင့်ပါတယ်။ ဒါမှလည်း internet ပေါ်မှာ ရှိနေတဲ့
Resources တွေကို ကောင်းကောင်းအသုံးချတတ်သွားမှာ ဖြစ်ပါတယ်။ Self-Study လုပ်ဖို့ အတွက်ကတော့ Google ရှိပါတယ်။
ဒါပေမယ့် Google မှာ သိချင်တာတွေကို ဘယ်လို ရှာရမယ်ဆိုတာ မသိဘူးဆိုပြီး ကျွန်တော်ကို ပြောတဲ့သူတွေ ရှိပါတယ်။
အဲ့ဒါကတော့ လုံးဝကို စိတ်ဓါတ်မကျ နဲ့ ။ ကိုယ်သိချင်တဲ့ Keyword တွေကို ရိုက်ပြီးသာရှာ ထွက်လာတဲ့ Result URL တွေကို
တစ်ခုပြီး တစ်ခု လုပ်ဖတ်ကြည့်ပါ။ ဒီလိုနဲ့ နောက်ပိုင်းမှာ ဘယ်လို Keyword ကိုသုံးပြီး ရှာရမယ် ဆိုတာကို သိလာပါလိမ့်မယ်။
ဒါမှ မရသေးရင် Youtube မှာလည်း Learning Video တွေ ရှိပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာမျိုးဟာ ကိုယ့်ရှေ့ မှာ
ဒီပြဿနာမျိုး တက်ဖူးပြီးသားလူတွေ အများကြီးဆိုတာ ယုံပါဗျာ။ ကိုယ့်အားကိုယ်ကိုးပြီးသာ လိုက်ရှာကြည့်ပါ။ ဒီလို Study
လုပ်နေရင်းနဲ့ Normal Web Page လေးတွေ ရေးနိုင်လာတဲ့ အခါ CMS (Content Management System) တွေ ဘက်
ကိုဆက် ပြီးလေ့လာသင့်ပါတယ်။ CMS ကိုသုံးမယ်ဆိုရင် Scratch ကနေစပြီး ရေတာထက်ပို ပြီး မြန်ဆန်ပါတယ်။ ပြီးတော့
Security issue တွေကိုလည်း ဦးနှောက်စား စရာ မလိုတော့ပါဘူး။ ဒီနေရာမှာ ပြောချင်တာလေးက CMS မှာ က
အမျိုးအစားအများကြီး ရှိပါတယ်။ Popular ဖြစ်တာတွေကတော့
PHP
ASP.Net
Java
Python
စသည်ဖြင့် များစွာရှိပါတယ်။ ကိုယ်က ဘယ် CMS ကို အရင် Study လုပ်မယ်ဆိုတာ ကိုယ်လေ့လာထားတဲ့ Programming
Language ပေါ်မှာ မူတည်ပြီး စဉ်းစားသင့်ပါတယ်။ ပြီးရင် CMS ရဲ့ အထဲမှာ ရှိနေတဲ့ Framework အလုပ်လုပ်ပုံကိုလည်း
လေ့လာသင့်ပါတယ်။ ပြီးရင် ဘယ်လို customize လုပ်မလဲဆိုတာကိုလည်း ဆက်ပြီးလေ့လာသင့်ပါတယ်။ ဒါတွေ အပြင်
သူတို့ ရဲ့ Database Structure တွေကိုလည်း သိမှတ် အတုယူသင့်ပါတယ်။ CMS တစ်ခုကို ပိုင်ပြီးဆိုရင် နောက်တစ်ခုကို
ပြန်ပြောင်းပြီး လေ့လာရတာ မခက်တော့ပါဘူး။ ဒါကြောင့် CMS မှာလည်း Foundation ကို အရင် ခိုင်မာအောင် လုပ်စေချင်
ပါတယ်။ CMS တွေမှာ များသောအားဖြင့် ကတော့ Template ပိုင်းတွေကို Customize လုပ်ကြတာ များပါတယ်။ တစ်ခြား
Component , Modules တွေကိုလည်း Customize လုပ်ပါတယ်။ ဒါကြောင့် ကိုယ်လေ့လာတဲ့ CMS တစ်ခုမှာ ထဲထဲဝင်ဝင်
သေသေချာချာ သိသွားရင် တစ်ခြား CMS တွေရဲ့ ကျောရိုးကလည်း 70% လောက်က အတူတူပဲ ဖြစ်ပါတယ်။
အလုပ်လုပ်ရာမှာ လွယ်ကူစေဖို့အတွက် Framework တွေကိုလည်း လေ့လာထား သင့်ပါတယ်။ PHP Based မှာ ဆိုရင်တော့
CakePHP , Symfony , Codeigniter စတာတွေကတော့ နာမည်ကြီးပါတယ်။ Framework တွေကို လေ့လာမယ် ဆိုရင်တော့
Model View Controller သဘောကို နားလည် သဘောပေါက်သွားပါ လိမ့်မယ်။
ရေးရင်းနဲ့ စာကလည်း တော်တော်ရှည်သွားပြီ ဖြစ်လို့ နိဂုံးလေးချုပ်ပြီး အဆုံးသတ်ချင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး
Self-Study ရအောင် လုပ်မယ်ဆိုတဲ့ စိတ်လေးကို အရင်မွေးပါ။ ပြီးရင်တော့ ကိုယ့်ဆုံးဖြတ်ချက် အတိုင်း internet မှာ
Googling လုပ်ပါ။ အခုအချိန်မှာ IT နဲ့ ပတ်သက်ပြီး မြန်မာ Forum တွေ တော်တော်များများ ရှိနေပြီ ဖြစ်တဲ့ အတွက် အဲ့ဒီ
Forum တွေမှာ သိချင်တဲ့ အကြောင်းအရာကို လိုက်ရှာကြည့်ပါ။ ကျွန်တော့် Experience အရကတော့ ကျွန်တော်လိုချင်တဲ့
အဖြေဟာ English Forum တွေကနေပဲ ရတာများပါတယ်။ ဒါကြောင့် သူတို့ ရေးထားတာတွေကို သေချာဖတ်ပြီး စမ်းကြည့်ပါ။
သူများကို မမေးဘဲ ကိုယ့်ဟာကိုယ် ရှာလို့ တွေ့ တဲ့ အရသာကို မြည်းစမ်းကြည့်စေချင်ပါတယ်။ ဒါတွေ အားလုံးအတွက်
လိုအပ်တာလေး တစ်ခုပဲ ရှိပါတယ်။
အဲ့ဒါကတော့ " ငါ့ယုံကြည်ချက်ကို မရ ရအောင် လုပ်မယ်ဆိုတဲ့ စိတ်ကလေး " တစ်ခုပဲ ဖြစ်ပါတယ်။
More Articles...
Page 53 of 85
«StartPrev51525354555657585960NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)