How to Change SSH's password in iPhone
Wednesday, 25 November 2009 11:57
အခုရက်ပိုင်းတွေမှာ Jail Broken iPhone ထဲကို Virus/Worm တွေ ၀င်နေတယ်ဆိုတဲ့ သတင်းတွေကို
ဖတ်နေရပါတယ်။ Jail Break မလုပ်ထားတဲ့ iPhone တွေဆိုရင် ၀င်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့်လည်း
iPhone ဆိုရင် Jail Break လုပ်ထားမှ ကိုင်လို့ ကောင်းသယောင် ထင်မိပါတယ်။ ကျွန်တော်တို့  iPhone ကို Jail Break
လုပ်ပြီးတဲ့ နောက်မှာ Crak game တွေ သွင်းဖို့  တခြား Apple Store မှာ တရားဝင်မဟုတ်သော Application တွေကို
install လုပ်ဖို့  SSH ကို Cydia ကနေပြီး ဖွင့်ပေးဖို့ လိုလာပါတယ်။ SSH ကို Cydia ကနေ ဘယ်လို ဖွင့်တယ်ဆိုတာတော့
သိပြီးသားထင်လို့ မရေးတော့ပါဘူး။
အခုဝင်တဲ့ Worm ကတော့ Netherland ကနေပြီး စတင်ပျံ့ နှံ့ တယ်လို့ ဖတ်ရပါတယ်။ ဒီအကောင်ကတော့ ကျွန်တော်တို့ 
ဖွင့်ထားတဲ့ SSH ဆိုတဲ့ အပေါက်ကနေ ပြီး ၀င်လာတာ ဖြစ်ပါတယ်။ သူလုပ်နိုင် စွမ်းရည်ကတော့ botnet တစ်ခုလို owner
မသိခင်ချိန်မှာ Worm ရေးထားတဲ့ သူက ခိုင်းစေနိုင်တာပဲ ဖြစ်ပါတယ်။ အဓိက ကတော့ SSH မှာ Default က alpine
ဖြစ်နေတာကြောင့် ဒီ password ကို တခြားတစ်ခု ပြောင်းပစ်ခြင်းဖြင့် ဒီ Worm ကို တစ်စုံ တစ်ခု သော အတိုင်းအတာ အထိ
ကာကွယ်တားဆီးနိုင်ပါတယ်။
ဒီသတင်း အပြည့်အစုံကိုတော့ ဒီ link ၂ခုမှာ အသေးစိတ် ဖတ်ကြည့်နိုင်ပါတယ်။
1) Yahoo News
2) BBC News
ကဲ ဒီတော့ SSH password ကို Change ကြရအောင်။
1) Cydia ထဲကနေပြီး Mobile Terminal ကို Install လုပ်ပါ။ Cydia Search ထဲကနေ ဒီလို ရှာလို့ ရတယ်။
2) တွေ့ ရင်တော့ Install လုပ်လိုက်ပါ။ Install လုပ်ပြီးရင်တော့ Mobile Terminal ကို ဟောဒီလို မြင်နိုင်ပါတယ်။
3) Run လိုက်ရင်တော့ ဒီလို Screen ပေါ်လာပါလိမ့်မယ်။ အဲ့ဒီမှာ su root ကို ရိုက်ပြီး return ကို
press လုပ်လိုက်ပါ။
ပြီးရင်တော့ Default password ကို ရိုက်ပါ။များသောအားဖြင့်ကတော့ alpine ပါ။
4) password မှန်ပြီဆိုရင်တော့ ဒီလို Screen ကို မြင်ရပါမယ်။
5) password change ဖို့ command ကို passwd ဆိုပြီး ရိုက်ပေးရပါမယ်။
6) New Password လို့ ထည့်ဖို့ ဒီလို Screen ပေါ်လာပါလိမ့်မယ်။
အဲ့ဒီမှာပဲ Retype Password ကိုလည်း ထည့်ပေးရပါမယ်။
7) အားလုံးပြီးရင်တော့ သင့်ရဲ့ Source မှာ ဒီလို မျိုးလေး ကို မြင်ရပါမယ်။ ဒါဆိုရင်တော့
SSH Password ပြောင်းပြီးပြီ ဖြစ်ပါတယ်။ တစ်ကယ် စမ်းချင်ရင်တော့ WinSCP နဲ့ connect လုပ်ပြီး
တစ်ကယ်ပြောင်းမပြောင်း ကို Test လုပ်ကြည့်နိုင်ပါတယ်။
Multi-language content plug-in (or) JosLong (Joomla 1.5)
Sunday, 22 November 2009 10:09
ဒီ Plug-in ကတော့ ကိုယ်ရေးနေတဲ့ Content ထဲမှာ Language Switching ကို ထည့်ချင်တယ်ဆိုရင်တော့
အသုံးပြုနိုင်ပါတယ်။ ဒီ Plugin ကို အသုံးပြုရတာ အရမ်းကို ရိုးရှင်းပြီး သုံးရတာ လွယ်ကူတာကို တွေ့ ရပါတယ်။
administrator Site ကို သွားလိုက်ပါ။
1) Extensions >> Plugin Manager ကို သွားလိုက်ပါ။
2) JosLong ကို Click လိုက်ပါ။
3) ဒီနေရာမှာ Language ဘယ်နှစ်မျိုးသုံးချင်တယ်ဆိုတာကို Parameter အနေနဲ့ ထည့်ပေးရပါမယ်။
4) ပြီးရင်တော့ ဒီနေရာလေးကို သေချာဖတ်ဖို့ လိုပါတယ်။ ဆိုလိုတာကတော့ content ထဲမှာ ဟောဒီလိုလေး
ထည့်ပေးရပါမယ်။
[en] English Test[/en] -> English Text တွေကို [en]
[/en] ထဲမှာ ရေးပါ။
[mm] Myanmar Text [/mm]-> Myanmar Text တွေကို [mm] ..[/mm] ထဲမှာရေးပါ။
ပြီးရင်တော့ {Jos Long select } ဆိုတာလေးကို ထည့်ပေးရပါမယ်။
ဒီဟာလေးကတော့ Language Switching လုပ်ဖို့ အတွက် combo box လေးတစ်ခု အဖြစ်ပြောင်းပေး
သွားပါလိမ့်မယ်။
ဆိုလိုတာကတော့ ကိုယ် language switching လုပ်ချင်တဲ့ content မှာ ဒါမျိုးလေး ထည့်ပေးဖို့ပါ။
{joslang_select}
[en]English text[/en][ru]Russian text[/ru]
ပြီးရင် Front-End (or) Public Site မှာ Language Switching ထည့်ထားတဲ့ content ကို
Run ကြည့်လိုက်ပါ။ ဒီလိုလေးပေါ်လာမယ် ဆိုရင်တော့ အဆင်ပြေသွားပြီလို့ ပြောနိုင်ပါတယ်။
sh404SEF Component (Joomla 1.5 native)
Friday, 20 November 2009 09:17
ဒီ component ကတော့ Joomla CMS အဖို့ အရမ်းကို အသုံးဝင်တဲ့ component တစ်ခုပဲ
ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုရင် Joomla ရဲ့  Default အရ URL ဟာ SEO Friendly
မဖြစ်တာကို တွေ့ ရပါလိမ့်မယ်။
ဥပမာ>> Main Menu >> FAQ ကို click လိုက်မယ်ဆိုရင် URL ဟာ ဟောဒီလို ဖြစ်ပါတယ်။
http://localhost/joomla15/index.php?option=com_content&view=section&id=3&Itemid=41&lang=en
တစ်ကယ်လို့ ဒီ Component ကို install လုပ်ပြီး Enable လုပ်ပေးခဲ့မယ်ဆိုရင်တော့ URL ဟာ SEO Friendly ဖြစ်အောင်
ပြောင်းပေးသွားတာကို တွေ့ နိုင်ပါတယ်။
http://localhost/joomla15/index.php/Table/FAQs/
အခုဆိုရင် ဒီ Component ဟာ Commercial Version ကို ပြောင်းသွားပြီး ဖြစ်တဲ့အတွက် Free မရတော့ပါဘူး။
ကံကောင်းတာကတော့ Commercial Version မပြောင်းခင်မှာ ကျွန်တော် ဒီ Component ကို Download လုပ်ထားလိုက်
မိပါတယ်။ ဒီမှာ Share ထားပါတယ်။ ဒီ Component ကို သုံးမယ်ဆိုရင်တော့ sh404SEF Configuration ထဲမှာ setting
တွေကို ပြင်ပေးရပါလိမ့်မယ်။ အသေးစိတ်ကိုတော့ Install လုပ်ပြီးရင် Setting ထဲမှာ စမ်းကြည့်နိုင်ပါတယ်။
More Articles...
Page 54 of 85
«StartPrev51525354555657585960NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)