[X] Choose Font Here
PDF in PHP
Sunday, 01 November 2009 15:10
ကျွန်တော့် ဒီ POST မှာ comment ပေးပြီး PHP PDF အကြောင်း မေးထားလို့ Googling လုပ်ကြည့်လိုက်တော့
ဒီဟာလေးတွေကို သွားတွေ့ ပါတယ်။ PHP ကနေ PDF ဖိုင်တစ်ခု Create လုပ်ချင်တယ်ဆိုရင် php_pdf.dll ဆိုတဲ့ DLL
ဖိုင်တစ်ခု လိုပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီ DLL ဖိုင်ကို လိုက်ရှာပြီး ext folder ထဲကို ထည့်ပြီး စမ်းကြည့်တာ
အလုပ်မလုပ်တာကို တွေ့ ရတယ်။ ကျွန်တော်လည်း ဒီ DLL ဖိုင်ကို တခြား site တွေမှာလည်း လိုက်ရှာပြီး စမ်းကြည့်
စမ်းသပ်နိုင်ပါသည်။ ကျွန်တော်ကတော့ စမ်းပြီးပါပြီ။ သူ့ မှာ PDF လုပ်ဖို့ အတွက် class ဖိုင် နှစ်ခုရှိပါတယ်။
အဲ့ဒီ class တွေကို ခေါ်သုံးပြီး PDF ကို create လုပ်ပါတယ်။ Cool
Default php File in Apache
Sunday, 25 October 2009 11:19
ဒါကတော့ ကျွန်တော့် Site ကို ဖတ်တဲ့ မသိသေးတဲ့ ဘော်ဘော်တွေ အတွက်ပါ။ သိပြီးသားသူများအနေနဲ့ ကတော့
အလွန်ကို လွယ်ပြီး ရယ်စရာကောင်းသော Post လေးတစ်ခု ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် မသိသေးတဲ့
သူတစ်ယောက်အတွက် ရည်ရွယ်ပြီး ရေးလိုက်ရပါတယ်။ ဒီလိုပါ တစ်နေ့ ကျွန်တော် သူငယ်ချင်းတစ်ယောက်က
သူ့ Localhost မှာ RUN လိုက်ရင် index.php File က default အဖြစ်တက်မလာဘူးလို့ ပြောတယ်။
http://localhost/ myproject/ ဆိုပြီး Browser မှာ RUN လိုက်ရင် myproject ထဲမှာ ရှိတဲ့ index.php ကို
စပြီး RUN ချင်တာ ဖြစ်ပါတယ်။ အခုဟာက index.php ကို မ RUN ပဲ ရှိသမျှ directory, file တွေကို ပြနေတာပဲ
ဖြစ်ပါတယ်။ ဒီတော့ ဒီ issue ကို ဘယ်လိုပြင်ရမလဲ ဆိုပြီး ကျွန်တော့်ကို မေးပါတယ်။ ဒါကတော့ Apache Setting
မှာ ပြင်ရမှာ ဖြစ်ပါတယ်။ Apache ထဲက conf ဆိုတဲ့ Folder ထဲကို သွားလိုက်ပါ။ ပြီးရင် httpd.conf ဆိုတဲ့ File ကို
Notepad, Notepad++, textpad စတဲ့ဟာ တစ်ခုခုနဲ့ ဖွင့်လိုက်ပါ။ ပြီးရင်တော့ Line 211 ကို သွားလိုက်ပါ။
ဒီ code ကို တွေ့ ပါလိမ့်မယ်။
<IfModule dir_module>
DirectoryIndex index.html
</IfModule>
အဲ့ဒီမှာ ဒီလိုလေး ပြင်ပေးလိုက်ပါ။
<IfModule dir_module>
DirectoryIndex index.php
</IfModule>
ပြီးရင်တော့ Apache Service ကို restart ချဖို့ မမေ့ပါနဲ့ ။ နို့ မို့ ဆိုရင် ပြင်ထားတာ
effect မဖြစ်ဘဲ နေပါလိမ့်မယ်။ တစ်ခုပြောချင်တာက ကျွန်တော့် သူငယ်ချင်း Install လုပ်ထားတာကတော့ xampp,
wamp တို့ မဟုတ်ပါဘူး။ ဒါမျိုး တွေမှာတော့ ဒီလို case မျိုးကို တွေ့ ရခဲလှပါတယ်။ အထက်မှာ ပြောခဲ့တဲ့အတိုင်း
ပြင်လိုက်ရင်တော့ ဒီ issue လေးက OK သွားပါပြီ။
Form Validation Using JQuery
Tuesday, 13 October 2009 15:04
ဒီ POST ကတော့ Form မှာ ရှိနေတဲ့ Value တွေကို JQuery သုံးပြီး validation စစ်တာကို ရေးမှာ ဖြစ်ပါတယ်။
သာမန်အားဖြင့်တော့ Form validation တွေကို Javascript သုံးပြီး Client Site မှာ တင် စစ်ကြတာ များပါတယ်။
ဥပမာအားဖြင့် Blank စစ်တာတို့ ၊ email format မှန်မမှန်စစ်တာတို့ ၊ combox တို့ List box တို့ ကို select လုပ်မလုပ်
စစ်တာတို့ စတာတွေကို Client site မှာတင် validation စစ်နိုင်ပါတယ်။ သို့ ပေမယ့် တစ်ခါတစ်ရံမှာ value တစ်ခုကို
Server Site ရောက်မှ စစ်လို့ ရမယ့် အခြေအနေမျိုးကို ကြုံလာနိုင်ပါတယ်။ အဲ့လို စစ်ရင် မရဘူးလားဆိုတော့ ရပါတယ်။
ဒါပေမယ့် ပြဿနာတစ်ခုက ကိုယ် “Form” ပေါ်မှာ Key In လုပ်ထားတဲ့ Data တွေက Server Site ကနေ Validation Fail
ဖြစ်လို့ ပြန်လာရင် အကုန်လုံး ပျောက်ကုန်မှာ ဖြစ်ပါတယ်။ ကိုယ့် Form ပေါ်မှာ Field လေးက သုံးလေးခုလောက်ဆိုရင်တော
User ကပြန်ဖြည့်ရလဲ ပြဿနာ မဟုတ်ပေမယ့် Fields တွေက ၁၀ ခု၊ ၁၅ ခု လောက်ဆိုရင်တော့ User အဖို့ ပြန်ဖြည့်ဖို့ ရာ
ဘယ်လိုမှ စိတ်ကျေနပ်နိုင်စရာ မရှိပါဘူး။
ဒီ့ အတွက် PHP မှာ JQUERY, AJAX ကိုသုံးပြီး ကိုယ်စစ်ချင်တဲ့ Fields ကို Server Site ကို ပေးပြီး စစ်လို့ ရပါပြီ။ ဒီအတွက်
User အနေနဲ့ Validation Fail ဖြစ်လည်း Key In လုပ်ထားတဲ့ Value တွေက ပြန်ဖြည့်စရာမလိုပဲ ဆက်လက်ရှိနေမှာ ဖြစ်ပါ
တယ်။ ဒီအတွက် User Friendly ပို ဖြစ်လာတာကို တွေ့ ရမယ်။ ကိုယ့် application ကို သုံးနေတဲ့ User စိတ်ကျေနပ်မှုရှိစေ
ခြင်းကလည်း ကိုယ့် Product တစ်ခု အောင်မြင်ခြင်းတွေထဲက အဓိက ကျလှတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ အခု web 2.0 ရဲ့
trend ထဲမှာ User တို့ ရဲ့ လုပ်ပိုင်ခွင့်တွေကို ပိုပေးလာပြီး ကိုယ့် Application တွေက အောင်မြင်အောင် လုပ်လာကြတာတော့
မျက်မြင်သာဓက တစ်ခုပဲ ဖြစ်ပါတယ်။
ဒီ sample လေး အလုပ်လုပ်ပုံကို တစ်ချက်ရှင်းပြပေမယ်။ Javascript, AJAX, PHP အခြေခံတော့ရှိမှ သဘောပေါက်မယ်လို့ 
ထင်ပါတယ်။ ဒါမှလည်း ကိုယ့် Project ထဲကို လိုသလိုထည့်ပြီး သုံးနိုင်ပါလိမ့်မယ်။
ဒီမှာ Source Code ကို Download ချပြီး Folder ကို ဖွင့်လိုက်ပါ။ index.php ဆိုတာကို မြင်ရပါမယ်။ အဲ့ဒီထဲမှာကတော့
HTML Form ရှိပါတယ်။ ဒီ Form ကို Submit လုပ်လိုက်တာနဲ့  check.js ကို လှမ်းပြီး RUN ပါလိမ့်မယ်။ ဒီ JS file ထဲမှာ
JQuery ကိုသုံးပြီး Form Validation စစ်ထားတာကို မြင်တွေ့ နိုင်ပါတယ်။ ဒီ sample မှာ အခရာ အကျဆုံးကတော့
check.js file ပဲဖြစ်ပါတယ်။ သူကနေမှ တဆင့် check.php ကိုတဆင့်ခေါ်ပြီး user key က လုပ်လိုက်တဲ့ value က
Database ထဲမှာ ရှိမရှိဆိုတာကို ထပ်ပြီး စစ်ပါတယ်။ check.php ထဲမှာ Database နဲ့ connect လုပ်ပြီး return ပြန်ပေးထား
တဲ့ code ကို တွေ့ နိုင်ပါတယ်။ ဒီ return value ကို JQuery ထဲကနေပြန်ဖမ်းပြီး ရှိပြီးသားလား၊ မရှိသေးဘူးလား ဆိုတာကို
စစ်တာ ဖြစ်ပါတယ်။ ကျွန်တော်ရှင်းထားတာကို Folder ဖွင့်ပြီး File တစ်ခုချင်းစီပါဖွင့်ပြီး တွဲကြည့်မယ်ဆိုရင် ပိုပြီး
နားလည်သဘောပေါက်ပါလိမ့်မယ်။ ဒါ့အပြင် ဒီမှာလည်း testing လုပ်ကြည့်နိုင်ပါတယ်။ Database ထဲမှာ ရှိပြီးသား
Record နှစ်ခုကို List ထဲမှာ ပြထားပေးပါတယ်။ ဒါမှလည်း  email already exist ဆိုတာကို စစ်ရတာ ပိုပြီးလွယ်ကူမှာ
ဖြစ်ပါတယ်။
ကျွန်တော် ရေးထားတာ မရှင်းရင် ဖြစ်စေ၊ ထပ်ပြီး သိချင်တာရှိရင် ဖြစ်စေ comment ပေးပြီး ဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။
Page 56 of 85
«StartPrev51525354555657585960NextEnd»
Login Form
Categories Table View
RSS Feed
JoomlaWatch Stats 1.2.9 by Matej Koval
Facebook Share
Share on facebook
Accordion FAQ
mod_joomtouch
Version Iphone
Version Iphone by JoomTouch