[X] Choose Font Here
Fullmoon Day of Thatingkyut
Saturday, 03 October 2009 17:30
အဝေးရောက် မြန်မာတစ်ယောက် အနေနဲ့ မွေးရပ်မြေရဲ့ သီတင်းကျွတ်ဆိုတာလေးကို လွမ်းမောသတိရမိလို့
ဒီကဗျာလေးကို တင်လိုက်တာပါ။
ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က 
ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ 
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်
ပြာမှိန်လျက် မြူချေဆိုင်း 
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ 
မစဲပေါင် ကုသိုလ်နှိုးကြတယ် 
မျိုးမြန်မာတိုင်း။
Tab Menu
Friday, 02 October 2009 11:33
ကျွန်တော့ Project တစ်ခုထဲမှာ tab menu ထည့်ဖို့လိုနေလို့ လိုက်ရှာလိုက်တာ ဒီ link လေးကိုသွားတွေ့တယ်။
ဒီ code က သုံးရတာ လွယ်ပြီး၊ ပေါ့လည်းပေါ့တာကိုတွေ့ရတယ်။ ဒီမှာ သူ့ရဲ့ example ပါ။ စိတ်ဝင်စားရင် အသေးစိတ်က
ုဖတ်ကြည့်နိုင်ပါတယ်။ Smile
CronJob
Wednesday, 30 September 2009 16:02
ရှိနေတဲ့ PHP, CGI Script တစ်ခုကို Schedule ပေးပြီး RUN ချင်ရင် ဒီ CronJob ဆိုတာကို သုံးနိုင်ပါတယ်။ ကျွန်တော်က
တော့ PHP Script တစ်ခုကို Schedule နဲ့  RUN ဖို့ ကြိုးစားခဲ့ဘူးတဲ့ အတွက် ကျွန်တော် ဥပမာကတော့PHP နဲ့ ပဲ ဆိုင်ပါတယ်။
1.    CronJob ကို Cpanel မှာ ရှာကြည့်ပါ။
ဒီပုံလေးကို တွေ့ ရင် Click လိုက်ပါ။
1
2.    Standard (or) UNIX Command
ဒီအဆင့်မှာတော့ CronJob Application ကို User Interface ပါတဲ့ Standard Application ပုံစံနဲ့  သုံးမလား၊ ဒါမှမဟုတ်
UNIX Style Command တွေနဲ့ သုံးမလားဆိုတာကို ရွေးနိုင်ပါတယ်။ Standard Mode နဲ့ သုံးရတာ ပိုပြီးလွယ်ကူစေပါတယ်။
2
Standard ကို Click လိုက်ရင်တော့ ဒီ Page ကို ရောက်လာပါမယ်။
2
3.    Setting ချခြင်း
ဒီအဆင့်မှာတော့ ကိုယ်လုပ်ချင်တဲ့ Schedule Script ကို Setting ချပေးနိုင်ပါတယ်။ ကိုယ် RUN တဲ့ Script ထဲက
Output ကို Email receive လိုချင်တယ်ဆိုရင်တော့ အပေါ်ဆုံးက Textbox မှာ ထည့်ပေးပါ။ Command to RUN ဆိုတဲ့
Textbox မှာကတော့ ကိုယ့် Schedule နဲ့ RUN ချင်တဲ့ Script ကို ထည့်ပေးရပါမယ်။ တကယ်လို့ PHP Script ဖြစ်တယ်
ဆိုရင်တော့ ဒီလိုမျိုးရေးပေးရပါမယ်။
php -q /home/(username)/public_html/(scriptname).php
For Eg;
php -q /home/tom/public_html/erm/test.php
ကျွန်တော် Underline လုပ်ထားတဲ့ Path ကတော့ Hosting ပေါ်က Path ကို သင့်တော်သလို ပြောင်းလဲပြီး ထည့်ပေးရပါမယ်။
ဒီနေရာမှာ အရေးကြီးတာကတော့ php _q ဆိုတဲ့ command ပဲ ဖြစ်ပါတယ်။ ဒီကောင်က ကိုယ် RUN ချင်တဲ့ Script File ကို
excutable file ဖြစ်အောင် လုပ်ပေးတာဖြစ်ပါတယ်။အဲ့ဒီcommand မပါလို့ ကျွန်တော် နေ့ တစ်ဝက်လောက် ရွာလည်ခဲ့ဘူးပါတယ်။
နောက်တစ်ခု သတိထားရမှာက php -q  space ရှိတယ်။ -q နဲ့ path ကြားမှာလည်း space ရှိပါတယ်။
4.    Click to save Crontab
အားလုံးပြီးသွားပြီး ဆိုရင်တော့ CronJob ကို Schedule နဲ့ RUN ဖို့ ရာ CronJob ဆိုတဲ့ Button လေးကို နှိပ်ပေးရပါမယ်။
4
GUI ကိုသုံးပြီး Setting ချမယ် ဆိုရင်တော့ ဒီမှာ ပြီးပါပြီ။
ပြီးရင်တော့ ကိုယ်ပေးထားတဲ့ Schedule အတိုင်း အလုပ်လုပ်လား မလုပ်လား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Page 57 of 85
«StartPrev51525354555657585960NextEnd»
Login Form
Categories Table View
RSS Feed
JoomlaWatch Stats 1.2.9 by Matej Koval
Facebook Share
Share on facebook
Accordion FAQ
mod_joomtouch
Version Iphone
Version Iphone by JoomTouch