PHP Auto-Bowser Detection for iPhone
Friday, 11 September 2009 12:14
ကိုယ်ရဲ့ Site ကို browse လုပ်နေတာ iPhone ကလား၊ တခြား ကလား ဆိုတာကို PHP သုံးပြီး detect လုပ်ချင်တယ် ဆိုရင်
ဒီ code လေးက ကူညီပါလိမ့်။
<?php
$is_iPhone = strpos($_SERVER['HTTP_USER_AGENT'],"iPhone");
if ($is_iPhone == true){
echo 'You are browsing from iPhone.';
}else{
echo 'You are browsing from Others.';
}
?>
ခုချိန်မှာ တော်တော်များ application တွေဟာ iPhone ပေါ်မှာ support ဖြစ်လာလုပ်လာ
ကြတာကို တွေ့ရပါတယ်။ ဥပမာ အနေနဲ့ ပြောရရင်တော့ wordpress ,fackbook ,twitter ,google စတဲ့ နာမည်ကြီ application
တွေဟာ iPhone ပေါ်မှာ support ဖြစ်အောင်လုပ်ထားကြပါတယ်။ ကျွန်တော် အမြဲကြည့်နေတဲ့ livescore ဆိုရင်လည်း iPhone
ကနေ browse လုပ်တာနဲ့ url ကို auto switch လုပ်သွားတာကိုတွေ့ရပါတယ်။ GMail လည်းထိုနည်း၎င်းပါပဲ။ ဒါမျိုးတွေ ကိုယ်
web site မှာ သုံးချင်လာရင်တော့ PHP မှာကတော့ အပေါ်မှာ ပြောသလို စစ်နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ပြီးပါပြီ။
ဒီ link မှာ ဝင်ပြီး စမ်းကြည့်နိုင်ပါတယ် ခင်ဗျား။
Ref: http://www.iphonemicrosites.com/tutorials/php-auto-bowser-detection/
Online Payment System
Friday, 28 August 2009 04:02
ကျွန်တော်တို့  အင်တာနက်ပေါ်မှာ ဈေးဝယ်တဲ့ အခါမှာ ငွေပေးချေဖို့  အတွက် Payment Gateway System
တွေကို သုံးကြပါတယ်။ တော်တော်များများ ကတော့ PayPal ကို သုံးကြတာများပါတယ်။ ဒီ Online Payment System
နဲ့ ပတ်သက်ပြီး ကျွန်တော် သိထားတာလေးကို Share ချင်ပါတယ်။
(၁) ဘယ်လို Application တွေမှာ သုံးသင့်သလဲ?
များသောအားဖြင့်ကတော့ Shopping Cart System, E-commerce Site တွေမှာ သုံးပါတယ်။ Online ပေါ်မှာ အရောင်း
အ၀ယ်လုပ်တဲ့ Web Site တိုင်းဟာ Payment Gateway တစ်ခု မဟုတ် တစ်ခုကို ချိတ်ထားကြရပါတယ်။ ဒါမှလည်း ငွေပေး
ငွေချေ လွယ်ကု မြန်ဆန်စေမှာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ Site တွေ ပြောရရင်တော့ ebay တို့ ၊ amazon တို့ ဖြစ်ပါတယ်။ PHP
Based ဖြစ်တဲ့ X-cart , OsCommerce စတဲ့ Shopping Cart System တွေမှာလည်း Payment Gateway Module
တွေပါပါတယ်။
(၂) Web Site မှာ Payment Gateway လုပ်ဖို့ ဘာတွေလိုအပ်သလဲ ?
ဥပမာ ကျွန်တော်မှာ www.abcd.com ဆိုတဲ့ Shopping Cart Web Site တစ်ခု ရှိတယ်ဆိုပါစို့ ။ ကျွန်တော်က Paypal နဲ့ 
ချိတ်ပြီး Payment ကို လုပ်ချင်တယ် ဆိုရင်တော့ Paypal မှာ Merchant Account တစ်ခုကို Register လုပ်ရပါတယ်။ ဒီ
Merchant ID က unique key တစ်ခုဖြစ်ပါတယ်။ Shopping Cart System ကနေပြီး Paypal ထဲမှာ Payment လုပ်ဖို
့Parameter တွေကို ထည့်ပေးရပါတယ်။
အဲ့ဒါတွေကတော့ (1) merchant ID (2) Currency (3) Amount (4) Return URL (5) Status URL
merchant id - payment gateway မှာ register လုပ်တဲ့အခါ သူတို့က unique ဖြစ်တဲ့ key တစ်ခုပေးပါတယ်။
အဲဒါကို merchant id လို့ခေါ်ပါတယ်။
currency - ဘယ် currency နဲ့လည်း ဆိုတာကိုပြောရပါတယ်။ SGD,US လားစသဖြင့် standard currency code ကို pass
လုပ်ပေးရ ပါတယ်။
amount - ဒါကတော့ bank account ကနေပြီး နုတ်ဖို့ amount ကိုပြောတာပါ။
return url - payment gateway ကနေပြီး transaction ပြီးသွားတဲ့ အခါ ကျွန်တော်တို့ရဲ့ shopping application
ကိုပြန်ခေါ်ပေးဖို့ လိုပါတယ်။ ကိုယ့် application ရဲ့ ဘယ် page ကိုပြန်ချင်တယ် ဆိုတာကို ထဲ့ပေးရပါတယ်။ user က ဒီ
redirect ပြန်လာတဲ့ page ကိုမြင်ရမှာ ဖြစ်ပါတယ်။
status url - ဒီကောင် ကလည်း return url လိုပါပဲ။ payment gateway ကနေပြီး ကိုယ့် application
ကိုပြန်ခေါ်တဲ့ url ပါပဲ။ ဒါပေမယ့် ဒီကောင်က user ကိုပေးမပြဘူး။ ဒီ url ကနေပြီး php file တစ်ခုကို run လိုက်တာဖြစ်ပါတယ်။
ဒီ php file ကနေပြီး transaction successful ဖြစ်မဖြစ်ကိုကြည့်ပြီး order status ကို update ချခြင်း၊ confirmation mail
ကို send ခြင်းစတာတွေကို လုပ်ဖို့ ဖြစ်ပါတယ်။ ဒါတွေဟာ user ကိုပေးပြလို့မရတာတွေဖြစ်ပါတယ်။
ဒါတွေ အားလုံးကို HTML Form ကနေပြီး Hidden Value အနေနဲ့  Form Submit မှာ ထည့်ပေးလိုက်ရမှာ ဖြစ်ပါတယ်။
(၃) Customer ဘက်ကရော Online Shopping လုပ်ဖို့ ဘာလိုသလဲ ?
ဝယ်ချင်တဲ့ သူကတော့ Credit Card, Debit Card တစ်ခုခု ရှိရင် ၀င်ပြီး ၀ယ်ယူလို့ ရပါတယ်။ ၀ယ်ယူမှု ပြီးလို့  Check Out
လုပ်တယ်ဆိုရင် PayPal ကနေပြီး ကိုယ့်ရဲ့ Credit / Debit Account ထဲကနေပြီး ကျသင့်သလောက် Amount ကို ဖြတ်ပြီး
ကိုယ်သွားဝယ်တဲ့ Company ရဲ့ Bank Account ထဲကို လွှဲပေးလိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Company တွေက
PayPal မှာ Register လုပ်တဲ့ အချိန်မှာ Merchant ID တစ်ခုကို ထုတ်ပေးထားတာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်
သိထားသလောက် Online Payment လုပ်တာရဲ့  Flow လေးပါ။
ကျွန်တော် Os Commerce နဲ့ Telemoney ဆိုတဲ့ Payment Gateway Module Integration လုပ်တာကိုတော့ ဒီမှာ
ရေးခဲ့ဖူးပါတယ်။ ဆက်ပြီး သိချင်တယ်ဆိုရင် ဆက်ဖတ်လို့ ရအောင်ပါ။
Yangon
Tuesday, 25 August 2009 16:13
ကျွန်တော် ဒီ POST ကို ရေးဖြစ်တာကတော့ ကဗျာလေး တစ်ပုဒ်ကို ဖတ်ဖြစ်တယ်။ ရင်ထဲမှာ တစ်ခုခုကို ခံစားလိုက်
ရပြီး ခံစားချက်ကို ချရေးလိုက်ချင်စိတ် ဖြစ်သွားတယ်ဗျာ။ ကျွန်တော် စာရေးဆရာ မဟုတ်တဲ့ အတွက် စကားလုံး
လှလှလေးတွေနဲ့  ဖတ်လို့ ကောင်းချင်မှတော့ ကောင်းမယ်။ ဒါပေမယ့် သည်းခံပြီးတော့ ဖတ်ပေးကြပါလို့ တောင်းဆို
ပါတယ်။ ကဗျာလေးက ဒီလိုပါ။
"ရန်ကုန်"
ဘ၀တွေက လူတွေကို ကျောင်းလို့ ကောင်းတဲ့ မြို့ 
နေ့ လည်း နေ့ အလျှောက်
ညလည်း ညအလျှောက်
တစ်ကိုယ်ရေ တစ်ကာယ အဆင်ပြေမှုအတွက်
အမြဲလိုလို တိုးဝှေ့ နေရတယ်။
ပြူတင်းပေါက်တွေ ပိတ်ပြီး
အင်တာနက်တွေ ဖွင့်ထားတဲ့ အချိန်မှာ
ငါတို့ အားလုံး နီးသလိုနဲ့ ဝေးပြီး
ခေတ်ကြီးကို ပုခုံးဖက် သွားနေရလို့ 
ဘယ်သူနဲ့ မှ နှုတ်မဆက်ဖြစ်ခဲ့ဘူး။ ။
ရေးသားသူ - ဈာဏီသြောင်(ပဲခူး)
ဒီကဗျာခေါင်းစဉ်ကို ရန်ကုန် လို့ တပ်ထားပေးမဲ့ Singapore မှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့ ဘ၀တွေ အတွက်
နေရော ညပါ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ ဒီလိုနဲ့ ပဲ ဘ၀တွေက လူတွေကို ကျောင်းပြီး အရှင်လတ်လတ်
စက်ရုပ်ဘ၀ကို ကူးပြောင်းသွားနေရသလိုပါပဲ။ နောက် ဒီကဗျာလေးထဲမှာ ကြိုက်တဲ့ စာကြောင်းလေး တစ်ခုကတော့
"အင်တာနက်တွေ ဖွင့်ထားတဲ့ အချိန်မှာ ငါတို့ အားလုံး နီးသလိုနဲ့ ဝေးပြီး" ဆိုတာလေးပါ။ ဒီ Virtual Layer ထဲမှာ
ကျွန်တော်တို့ တွေဟာ နီးသလိုနဲ့ ဝေးနေရတာ အမှန်ပါ။ ဒီအတွက် ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်း ရှိပါတယ်။
ဒါကတော့ လောကရဲ့ ဓမ္မတာ ဆိုတော့လည်း မငြင်းသာပေမယ့် ရင်ထဲ့မှာ Virtual World ထဲကနေ ထွက်ပြေးပြီး
ရုပ်ဝထ္ထုတို့ နဲ့ ဝေးရာကို ထွက်ပြေးချင်မိတယ်။ အလုပ်လုပ်ရတဲ့ ရက်တွေမှာ မိုးလင်းရင် အလုပ်သွားကြပြီး ညကျမှ
အိမ်ကို ပြန်ရောက်ပြီး တစ်အိမ်ထဲနေတဲ့ သူတွေတောင် တစ်ခါတစ်လေ သုံးလေးရက်လောက်တော့ မတွေ့ ဖြစ်ကြဘူး။
နောက်ပြီးတော့ တစ်ယောက်ယောက် နေထိုင်မကောင်းဖြစ်ရင်တောင် Phone လေး၊ SMS လေးတွေနဲ့  သတင်းမေးပြီး
သွားနေကြရတော့ ဒီအကြောင်းလေးကတော့ Heart အထိဆုံးပဲ ဖြစ်ပါတယ်။
"ခေတ်ကြီးကို ပုခုံဖက် သွားနေရလို့  ဘယ်သူနဲ့ မှ နှုတ်မဆက်ဖြစ်ခဲ့ဘူး" တဲ့
အင်းပေါ့လေ ခေတ်ကြီးကိုက ဘ၀တွေက လူတွေကို ကျောင်းနေမှတော့လည်း ဒါတွေ ဖြစ်နေတော့မှာပဲ
လို့  ဖြေသိမ့်ရတော့မှာပေါ့။ ။
More Articles...
Page 58 of 85
«StartPrev51525354555657585960NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)
