short_open_tag in php.ini
Thursday, 20 August 2009 05:20
ကျွန်တော် Freelance Prj တစ်ခုလုပ်ရင်း ကြုံတွေ့ နေရတာလေးထဲက တစ်ခုသော အကြောင်းအရာ တစ်ခုပါ။
ဒါကတော့ ကျွန်တော်ရေးထားတဲ့ php file ကို ကျွန်တော့် သူငယ်ချင်းကို ပေးလိုက်တယ်။ သူ့ စက်လည်း ရောက်ရော
php code တွေ နေရာမှာ ဆက်မ RUN ပဲ ရပ်နေတာကို သတိပြုမိတယ်။ ကျွန်တော့် စက်မှာလည်း OK တယ်။ ပြီးတော့
ကျွန်တော့် Hosting ပေါ်မှာလည်း OK ပြီး သူ့ ရဲ့ စက်မှာကျတော့မှ ပြဿနာပေးတော့ နည်းနည်းတော့ ထူးဆန်းတာပေါ့။
သူ့ မှာလည်း တစ်ခြား သူလုပ်ထားတဲ့ php prj တွေက အလုပ်လုပ်တယ်လို့ ပြောတယ်။ ကျွန်တော်ပေးတဲ့ php script ကျမှ
ပြဿနာတက်နေတယ်ဆိုတော့ စဉ်းစားစရာ ဖြစ်လာတာပေါ့။ ဒါနဲ့ ပဲ သူ့ ဆီကနေ php.ini file ကို တောင်းလိုက်ပါတယ်။
php.ini file ကို ဖွင့်ပြီး configuration setting တွေကို လိုက်ဖတ်ကြည့်လိုက်တော့ short_open_tag ဆိုတာလေးကို သတိပြုမိ
လိုက်တယ်။ သူ့ ရဲ့ Explanation ကို ဖတ်ကြည့်လိုက်တော့ ဒီလိုရေးထားတယ်။
Allow the <? tag. Otherwise, only <?php and <script> tags are recognized.
Default ကတော့ short_open_tag =Off; ဖြစ်နေပါတယ်။ အဲ့ဒါကို short_open_tag =On; ဆိုပြီး ပြောင်းလိုက်ပြီး Apache
ကို Restart ချပြီး ပြန် RUN တော့ OK သွားပါတယ်။
တစ်ခု သတိထားရမှာကတော့ php.ini ထဲမှာ ပြင်ပြီးရင် Apache ကို Restart ချရပါမယ်။ အဲ့လိုမဟုတ်ရင် ပြင်လိုက်တာ
effect မဖြစ်ပါဘူး ခင်ဗျာ။ ။
If you want to come to Singapore for IT career - 2
Tuesday, 18 August 2009 12:23

ဒါကတော့ Part 2 ပေါ့ဗျာ။ ဒီ Part 2 မှာ အဓိက အသားပေးရေးချင်တာကတော့ SG
မှာရောက်လာပြီး အလုပ်ရှာနေတဲ့ အချိန်မျိုးကို ရေးသွားမှာ ဖြစ်ပါတယ်။
Read more: If you want to come to Singapore for IT career - 2
If you want to come to Singapore for IT career - 1
Tuesday, 28 July 2009 09:32
ကျွန်တော် ဒီ POST ကို ရေးမယ်ရေးမယ်နဲ့  အခုမှပဲ ရေးဖြစ်တော့တယ်။ တစ်ခြား Blog
တွေမှာလည်း ဒါမျိုး POST လေးတွေကို ဖတ်ခဲ့ဖူးပါတယ်။ ကျွန်တော့်ကို သူငယ်ချင်း
တစ်ချို့ က ဒီခေါင်းစဉ်နဲ့  ပတ်သက်ပြီး Chat ထဲကနေ ခဏ ခဏမေးဖူး ကြပါတယ်။
တစ်ခါတစ်လေကတော့ အရမ်းအလုပ်ရှု့ပ်နေတဲ့ အခါမျိုး မှာဆိုရင် chat ထဲမှာ
ကောင်းကောင်း ပြန်ပြီး reply မလုပ်နိုင်ပါဘူး။ နောက်ဆုံးမေးတာကတော့ ahkeno ပါ။
ကျွန်တော် POST တစ်ခု အနေနဲ့ ရေးမှ ပိုပြီး ပြည့်စုံမယ် ယူဆလို့ ဒီ POST လေးဖြစ်လာ
တာပါ။ ဒါကြောင့် ကျွန်တော် သိထားသလောက်ကို ပြန်ပြီး Share ပေးချင်ပါတယ်။
စာဖတ်သူအတွက် တစ်စုံတစ်ခုသော အတိုင်းအတာ အထိ အကျိုး ရှိမယ်လို့ တော့ ယူဆပါတယ်။ ဘာတွေ လုပ်သင့်၊
ပြင်ဆင်သင့်တယ် ဆိုတဲ့ Idea တွေ ရလိုရငြားပေါ့ဗျာ။
Read more: If you want to come to Singapore for IT career - 1
More Articles...
Page 59 of 85
«StartPrev51525354555657585960NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)