Zack Notes

Zack-Notes iPhone/iPod version

Written by Zack Wednesday, 14 July 2010 14:22

Joomla Zawgyifont plugin လုပ်ရင်း Joomla ပိုးပြန်ဝင်သွားပြီး Site အတွက် mobile version ကိုဆက်စမ်းဖြစ်သွားတယ်။ ခုလော

လောဆယ်တော့  ipod/iphone ကနေကြည့်ရင်  ဇော်ဂျီမရှိလည်း content တွေကိုဖတ်နိုင်အောင်၊  ပြီးတော့ ဖတ်တဲ့ အခါမှာလည်း

အဆင်ပြေပြေ ဖတ်နိုင်ဖို့ mobile template ကို auto switch လုပ်သွားအောင် လုပ်ထားပါတယ်။  တခြားသော Smart Phone တွေက

ကြည့်မယ်ဆိုရင်တော့ ဘယ်လို ဖြစ်မယ်ဆိုတာ မသိပါ။ ဒီအတွက် JoomTouch ဆိုတဲ့ Extension ကိုသုံးနိုင်ပြီး၊ အဲဒီ extension က

iWebkit Framework ကို ယူသုံးထားလို့ iWebkit ကိုအနည်းငယ် နားလည်မယ် ဆိုရင် ကိုယ်ကြိုက်သလို ပြင်သုံးနိုင်ပါတယ်။

JoomTouch ကိုသုံးမယ်ဆိုရင် ဒီလို error ကိုတွေ့ ရနိုင်ပါတယ်။

Call-time pass-by-reference has been deprecated.

အဲဒီလိုတွေတွေ့လာရင်တော့ stackoverflow က ဒီ link မှာဖတ်ကြည့်ပြီး ဖြေရှင်းနိုင်ပါတယ်။ iPod/iPhone တွေရဲ့ safari browser

ကနေ http://www.zack-notes.net ကြည့်မယ်ဆိုရင် အောက်ပါအတိုင်း တွေ့ရပါမယ်။ 

 

Joomla 1.5 Zawgyi Font Embed Plugin

Written by Zack

World Cup Final ကိုကြည့်ဖို့ စောင့်ရင်း ဖတ်စရာအကြွေးတင်နေတာတွေကို ထိုင်ဖတ်လိုက်တာ ကိုစေတန် (SaturnGod) ရေးထားတဲ့

Zawgyi Embed for WordPress ကိုဖတ်ပြီး code ကိုကြည့်လိုက်တော့ ဒီလို plugin မျိုးကို Joomla မှာလည်း system plugin အနေနဲ့

ရေးလို့ရတယ် ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် Joomla 1.5 သုံးတဲ့ Site တွေအားလုံးမှာ ဒီ plugin ကို install လုပ်ပြီး သုံးမယ်ဆိုရင်

Client Computer မှာ font မရှိလည်း မြန်မာလို မြင်ရမှာ ဖြစ်ပါတယ်။ Logic ကတော့ အတူတူပါပဲ Joomla Coding Style နဲ့ ပြန်ရေးထား

တာဖြစ်ပါတယ်။ Android, iPhone , iPodTouch, iPad တွေအတွက် စမ်းမကြည့်ရသေးပါဘူး။   ကျွန်တော် iPhone ကလည်း jailbreak

လုပ်ပြီးသားမို့ နဂိုထဲက ဇော်ဂျီမြင်ရပြီးသားပါ။ ဒါကြောင့် Android, iPhone , iPodTouch, iPad တွေကနေမမြင်ရရင် feedback လေးပြန်

ပးပါ။ ကျွန်တော် coding ပြန်ပြင်ပြီး version upgrade လုပ်ပေးပါမယ်။ အသုံးပြုပုံကတော့ တခြား plugin တွေအသုံးပုံအတိုင်းပါပဲ။

1) Extensions >> Install/Uninstall ကနေ plg_zawgyifont.zip ကို install လုပ်ပါ။

2) ပြီးရင် Extensions >> Plugin Manager ကိုသွားပြီး system ကို filter ကိုလုပ်လိုက်ရင် Zawgyi Font Plugin ကိုတွေ့ရပါမယ်။

Enable လုပ်ပေးလိုက်မယ်ဆိုရင် ရပါပြီ။ first version က ipod/iphone ပေါ်မှာ အလုပ်မလုပ်လို့ coding နဲနဲလေး ပြောင်းပြီ version

upgrade လုပ်လိုက်ပါတယ်။ ဒီ plugin ကို သုံးချင်သူများ readme.txt ကိုအရင် ဖတ်ပြီးမှ install လုပ်ပါ။ ခုဒီ version ကို ipod OS4

ပ်ါမှာ စမ်းကြည့်တာ အလုပ်လုပ်ပါတယ်။

Download Link : http://www.zack-notes.net/download/unzip_first.zip


ဒီနေရာမှာ Download လုပ်ပြီး သုံးကြည့်နိုင်ပါတယ်  ခင်ဗျာ။ Mobile တွေကနေ အဆင်ပြေမပြေ  ဆိုတဲ့  feedback   တွေကိုတော့

လိုချင်ပါတယ်။ လုပ်မယ့်သာ လုပ်လိုက်တာ ဇော်ဂျီရှိနေပြီးသာ စက်တွေက အတော်များသာရယ် :D


ကျွန်တော် Site ကို Zawgyi Font မရှိသော computer ကနေ IE, Firefox တို့နဲ့ စမ်းကြည့် ထားပါတယ်။

Internet ExploreInternet Explore FirefoxFirefox

 

Jailbreak မလုပ်ထားသော iPhone 3Gs Safari မှ ကြည့်သော အခါ မြင်ရပုံ


iphone1.PNG iphone2.PNG

 

ဘောလုံးပွဲထဲက သင်ခန်းစာများ

Written by Zack Friday, 02 July 2010 16:57

ဘောလုံးပွဲတွေ ကြည့်ကောင်းနေချိန်မှာပဲ "Lessons from the Football Field" ဆိုတဲ့ Article တစ်ခုကို Sitepoint Newsletter မှာ

ဖတ်လိုက်ရပါတယ်။ ဒီဘောလုံးပွဲ ကနေ သင်ခန်းစာတွေ ထုတ်ပြီး ကျွန်တော်တို့ ဘဝထဲမှာ ဘယ်လိုပြန် အသုံးချနိုင်တယ် ဆိုတာကို

ရေးသွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူဘဝကို ပိုင်ဆိုင်လာပြီ ဆိုမှတော့ ဘဝရှင်သန်ရေး အတွက် ကျွန်တော်တို့ ရုန်းကန်ကြ ရတဲ့

အခါ အမြဲတန်း အဆင်ပြေ ချောမွေ့နေတယ် ဆိုတာ မရှိပါဘူး။ အဲဒီလို အဆင်မပြေမှု၊  အခက်တွေကြားမှာပဲ ကျွန်တော်တို့ ရင့်ကျက်

ခဲ့ကြတာပဲ မဟုတ်လားဗျား။ နောက်ပြီး ဒီစကားလေးကို ကျွန်တော် အရမ်းကြိုက်ပါတယ်။


တိမ်ညိုတွေ မရှိခဲ့ရင်၊ မိုးသက်လေပြင်းတွေ မကျခဲ့ရင် လှပတဲ့ သက်တန့်ဆိုတာ ရှိလာမှာ မဟုတ်ဘူး


ကျွန်တော် တော်ကီပွါးနေတာနဲ့ သူဘာတွေ သင်ခန်းစာ ထုတ်ယူသွားတယ် ဆိုတာကြည့်လိုက်ရအောင်။

Perseverance

အောင်မြင်မှု အတွက် အရေးကြီးသော ချက်ပဲဖြစ်ပါတယ်။ World Cup မှာကန်နေကြတဲ့ အသင်းတွေကို ကြည့်ရင်လဲ ဒီအဆင့်ကို ရောက်ဖို့

ကန်ခဲ့ရတဲ့ ပွဲတွေ အများကြီးပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ Champion ဖြစ်ဖို့ ကြိုးစားကြရာမှာလည်း သူတို့တွေရဲ့  အံမခန်း ဇွဲ၊လုံ့လဝီရိယ တွေကို

မြင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ Perseverance is Success ဆိုတာလေးကို ဆွဲထုတ် လိုက်ချင်ပါတယ်။



Teamwork

လောကမှာ လူဆိုတာ  တစ်ဦးတစ်ယောက်ထဲ နေလို့မှမရတာပဲကိုး။ ဒီလိုပဲ အလုပ်လုပ်ပြီးဆိုတာနဲ့ အများနဲ့ အတူ တွဲဖက် လုပ်ရတာ

မျိုးတွေ ရှိပါတယ်။ အဲဒီအခါ Teamwork ဆိုတာ အရေးကြီး နေရာကပါလာပါတယ်။ တစ်ဦး တစ်ယောက်ချင်း ဘယ်လောက်တော်နေ

ပါစေ Teamwork ဆိုတာ မရှိလို့ကတော့ အောင်မြင်ဖို့ ဆိုတာ ဝေလားဝေးပါပဲ။ တခြားမကြည့် England အသင်းကိုပဲကြည့်ပါ။ နေရာစုံ

player တွေရဲ့ skill တွေကို စာရွက်ပေါ်မှာ  ချယှဉ်ရင် ကြိုက်တဲ့ အသင်းနဲ့ ယှဉ်လို့ရတယ်ဗျာ။  Teamwork ဆိုတာကို အခြေပြုလို့ 

ည်ီညွတ်ခြင်းသည် အင်အား နဲ့ အောင်မြင်တဲ့ အသင်းအဖွဲ့ တစ်ခု ဖြစ်လာဖို့ သင်ခန်းစာ တစ်ခု အနေနဲ့ ထုတ်ယူ လိုက်ကြရအောင်။

Teamwork ဆိုတာ အရေးကြီးလား မကြီးလား အောက်က ပုံကိုသာ ကြည့်ပါတော့ဗျာ။ ;)



Constant Education

ဘောလုံးသမားတွေလည်း သူတို့ရဲ့ skills တွေတိုးတက်နေအောင် အမြဲပဲ လေ့ကျင့် နေရသလိုမျိုး ကျွန်တော်တို့တွေလဲ ကိုယ့်နဲ့ဆိုင်ရာရာ

နယ်ပယ်တွေမှာ ကိုယ့် knowledge တွေကို အမြဲ update လုပ်ပေးနေရပါတယ်။ ဒီတော့ ရွေ့နေတဲ့ နာရီများ ကဲ့သို့ ကျွန်တော်တို့ တွေလည်း

ကိုယ့်အရည်အသွေး၊ ကိုယ့်ပညာရေး တွေကို အမြဲမပြတ် လေ့လာနေသင့်တယ် ဆိုတာကို သင်ခန်းစာ တစ်ခုအနေနဲ့ ကြည့်နိုင်ပါတယ်။



Celebrating success

အပက်တကုပ် ကြိုးစားခဲ့ရတာတွေ အောင်မြင်လာရင် Celebrate လုပ်ရမှာပေါ့ဗျာ။ ဂိုးသွင်းပြီးတဲ့ အခါ၊ Champion ဖြစ်တဲ့ အခါမျိုး

တွေမှာ ကစားသမားတွေ၊ နည်းပြအဖွဲ့တွေ  ပျော်ရွှင်ကြ၊ အောင်ပွဲခံကြတာကို မြင်တွေ့နိုင်ပါတယ်။  အရှုံးတွေကို သင်ခန်းစာယူပြီး

နောက်တစ်ခါမှာ အောင်မြင်အောင် လုပ်တက်ကြတာကိုလည်း ဘောလုံးပွဲတွေမှာ မြင်တွေ့နိုင်ပါတယ်။ အောင်မြင်လို့ အောင်ပွဲခံတာနဲ့

ပန်းမဝင်ခင် တက်ထောင်တာ မျိုးကိုတော့ ကွဲကွဲပြားပြား သိသင့်တယ် လို့ထင်ပါတယ်။



Communication

စုပေါင်းလုပ်ရတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် ကြားမှာ နားလည်တဲ့ communication တည်ဆောက်နိုင်ဖို့ ကလည်း လိုအပ်ပါတယ်။

ဗူဗူဇီလာတွေကြောင့် communication အရေးကြီးပုံကို  ဒီ world cup မှာမြင်တွေ့ နိုင်ပါတယ်။ ဒါပေါ့ဗျာ ခေါင်းဆောင်နဲ့ နောက်လိုက်

တွေကြား၊ ပြီးတော့ နောက်လိုက်တွေအချင်းချင်း ကြားမှာ အချင်းချင်း တိကျသေချာတဲ့ communicate တွေလုပ်တတ်ဖို့ လုပ်နိုင်ဖို့လို

ပါတယ်။ Argentina 4 - 1 Korea Republic ပွဲမှာလို့ ထင်တယ်။ တစ်ဖတ်ရှေ့တန်း လိုက်တာတာကို မသိလို့ ဂိုးသမားကို ပြန်ပေးဖို့ အလုပ်

တစ်ဂိုးပေးလိုက်ရတာ ရှိပါတယ်။ ဒါဟာ အချင်းချင်းကြားမှာ လုပ်နေတဲ့ communicate ဟာ ဗူဗူဇီလာကြောင့် ပြတ်တောက်သွားပြီး ဒီလိုမျိုး

ဂိုးပေးလိုက်ရ၊ ဆုံးရှုံးလိုက်ရတာမျိုးတွေ ရှိပါတယ်။ စကားမစပ် ဗူဗူဇီလာ အသံကိုနားထောင်ချင်ရင်တော့ youtube က ဘောလုံး icon လေးကို

နှိပ်ပြီး speaker ကောင်းရင်ကောင်းသလောက် နားထောင်နိုင်ပါပြီဗျာ။ :P

 


Self-Belief

ဟုတ်တာပေါ့ဗျာ Self-Belief  မရှိပဲ တည်တံခိုင်မာတဲ့ အောင်မြင်မှု ဘယ်လိုတည်ဆောက်မလဲ?

ဘောလုံးသမားတွေလည်း လူသန်းပေါင်း များစွာရှေ့မှာ အော်ဟစ်၊ လှောင်ပြောင်၊ အားပေးတာတွေကို Self-Belief မရှိရင် ဘယ်လိုရင်

ဆိုင်မလဲ။  ကိုယ်ဆီမှာ ရှိနေ တတ်တဲ့ Self-Belief ရဲ့ဆန့်ကျင်ဘက် Self-Doubt တွေကိုလည်း နှိ့မ်နင်းဖို့ လိုပါတယ်။ Self-Belief နဲ့ 

ပက်သက်လို့ ကျွန်တော်ကြိုက်တာလေးက ကွန်ဖူး ပန်ဒါကားမှာ ပေးသွားတဲ့ ဒီ message လေးပါ။

Self-belief is the key to realizing your potential and Po the panda’s hero’s journey leads him to that realization.

 



ဘောလုံးပွဲတွေကြည့်ရင်း ideas လေးတွေ ထပ်ရလာလို့ ဒီ Post လေးကို နဲတပ်ဖြည့်ချင်ပါတယ်။

Practice Makes Prefect

Practice Make Prefect but no man is Prefect :P အဲလိုတော့ မလုပ်ကြေးပေါ့ဗျာ။ခု World Cup မှာကန်နေကြတဲ့ ကစားသမားတွေလဲ

ဒီနေရာကို ရဖို့ အကြိမ်ပေါင်းများစွာ လေ့ကျင့် ခဲ့ကြရတာပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော် သတိရမိတာလေး တစ်ခုရှိတယ်။ တခြားတော့

မဟုတ်ပါဘူး David Beckham ပါ။  David Beckham ဆိုရင် သူ့ trademark ဖြစ်တဲ့  Free Kick ကို လူတိုင်း နီးပါး သိလောက်မယ်

ထင်ပါတယ်။ သူ့နာမည်ကြီး Free Kick ကို trademark ဖြစ်စေခဲ့တာက Practice Makes Perfect ကြောင့်လို့ပြောနိုင်တယ်။ သူ့အကြောင်း

ဖတ်လိုက်ရတုန်း သိလိုက်ရတာက Beckham ဆိုတာဖြစ်လာဖို့ ကြိုးစားနေချိန်တုန်းကပေါ့ training ပြီး မှာ အားလုံးပြန်သွားရင် ကွင်းထဲမှာ

တစ်ယောက်ထဲ free kick တွေကို အကန်ကျင့်နေတာလေ.... Practice အတွက် Perseverance လဲလိုတာပေါ့နော်



Strategy & Spirit

Skill ရှိပြီး Strategy မရှိရင် အောင်မြင်သင့်သလောက် အောင်မြင်မည်မဟုတ်ပါ။ ပြိုင်ပွဲတွေမှာ power ချင်းတူနေရင် Strategy သာသူက

အနိုင်ရစမြဲပါပဲ။ တခြားမကြည့်နဲ့ ခုခြေစွမ်းတွေ ပြနေတဲ့ ဂျာမဏီကိုသာ ကြည့်ပေတော့။ Business လောကမှာဖြစ်ဖြစ်၊ IT မှာဖြစ်ဖြစ်၊

တခြားသော နယ်ပယ်တွေမှာပဲ ဖြစ်စေ ရေရှည်အောင်မြင်ဖို့ Strategy ကောင်းဖို့လိုပါတယ်။ Strategy ကလည်းကောင်းပြီး Team Spirit

လည်းရှိနေတယ် ဆိုရင်တော့ အတိုင်းထက်လွန်ပေါ့ဗျာ။ အသင်းအဖွဲ့ တစ်ခုမှာ ရဲရဲတောက် တိုက်ပွဲဝင် စိတ်ဓါတ်တွေနဲ့ နောက်ဆုံးအချိန်ထိ

အနိုင်မခံစိတ်ရှိသွားရင် အရမ်းကို ကြောက်ဖို့ကောင်း ပါတယ်။ ဥပမာ 99 တုန်းက ဖလား ၃လုံး ပိုင်ရှင် မန်ယူပေါ့ဗျာ။

 

ကျွန်တော် သူရေးထားတာတွေကို အခြေခံပြီး ကိုယ့် ဗဟုသုတ အနည်းကို ပေါင်းစပ်ကာ ဖတ်ကောင်းအောင် ဘာသာပြန် လိုက်ပါတယ်။ 

ဖတ်တဲ့သူ အနေနဲ့လည်း ရင်ထဲမှာ တစ်ခုခု သိသွားမယ်၊ ကျန်ခဲ့မယ်ဆိုရင် ကျွန်တော်ပျော်ပါတယ်။ သဘောထား ကွဲလွဲတာတွေ ရှိရင်တော့

comment မှာထောက်ပြနိုင်ပါတယ်။




 

Joomla 1.6 beta 3

Written by Zack

Joomla 1.6 beta 3 ကို download ချပြီး စမ်းနိုင်ပါပြီ။ ကျွန်တော် ဒီ post မှာ တုန်းက Joomla 1.6 နဲ့ ပက်သက်ပြီး ရေးခဲ့ဘူးပါတယ်။

အဲဒီတုန်းက 1.6 မှာ ပါလာမယ်ပြောတဲ့ feature တွေအခု ဘယ်လောက်ပါလာပြီလဲ ကြည့်မယ်ဆိုရင်

1) SEF URL

SEF URL တွေက ဘာ setting မှ ပြောင်းစရာမလိုပဲ ရသွားပြီ။ 1.5 တုန်းက setting မှာ ပြင်ရင်ပြင်၊ ဒါမှ မဟုတ် component တစ်ခုခု

install လုပ်ပြီး SEF URL ဖြစ်အောင် လုပ်ပေးရတာကို အခု default အနေနဲ့ ရသွားပါပြီ။


2) Nested Category

Category ဆောက်တဲ့ အခါ Nested categories လည်းရသွားပါပြီ။ အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။

Nested CategoryNested Category

3) User Access Level

Access Level ကိုလည်း create လုပ်လာနိုင်တာကို တွေ့ရပါတယ်။ User >> Add New Access Level မှာ access level အသစ်ကို

create လုပ်နိုင်ပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။

Access LevelAccess Level

Community based website တွေမှာ ရှိနေတဲ့ different users different roles တွေကို ဒီကောင်က ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ Article

တစ်ခု create လုပ်ရင်လည်း အဲ့ဒီ ကိုယ် create လုပ်ထားတဲ့ access level ကိုပြန်ရွေးနိုင်တာကိုတွေ့ရပါတယ်။ အရင်တုန်းကဆိုရင်

public, registered, special သုံးခုပဲရှိပါတယ်။

New Article and access levelNew Article and access level


4) Article Permission

နာက် ထူးခြားတာ တစ်ခုက article manager မှာ article permission ဆိုတာ ပါလာတယ်။ ဒါကလည်း community feature တစ်ခုပါပဲ။

ကိုယ့်ရေးထားတဲ့ article တစ်ခုကို ဘယ် user group ကိုပဲ ကြည့်ခွင့်ပေးမယ်ဆိုတာမျိုးတွေကို setting လုပ်နိုင်တဲ့ သဘောပါပဲ။

Article&PermissionArticle&Permission


5)
Permission Setting

Global Configuration မှာ permission setting ဆိုပြီး သက်သက်ပါလာပြန်တာကို တွေ့ရပြန်တယ်။ ဒါကတော့ default ပါတဲ့ user group

တွေကို permission ထည့်ပေးတာပဲ ဖြစ်ပါတယ်။

Permission SettingPermission Setting

6) No default comment feature

Joomla မှာ comment အတွက် extension တစ်ခုကို ပြန်ပြီး install လုပ်ပြီးသုံးရပါတယ်။ 1.6 မှာ default ပါမယ်ဆို  သော်လဲ ပါလာတာ

မတွေ့သေးပါ။ ခုတော့ ထပ်ခါထပ်ခါ user access level တွေကို နေရာစုံပါနေတော့ သိပ်မရှင်းတာ အမှန်ပါပဲ။ ဒါပေမယ့် သူတို့ ဘာကြောင့်

ဒါတွေထည့်ပြီး ဘယ်လို control လုပ်တော့မယ်ဆိုတာကို ရိပ်မိ နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ 2007/2008 လောက်တုန်းက စလုံး 

government agency အတွက် Joomla 1.0 ကို customize လုပ်တုန်းက အဲဒီ user access level တွေကို အသေရေးခဲ့ရတာ။ ခုကြည့်

လိုက်တော့ user access level control လုပ်တဲ့ အပိုင်းမှာ 70% လောက်တူနေတာတွေ့ ရတယ်။ Joomla 1.6 release လုပ်တဲ့အခါ User

Permission တွေကို သေချာဖတ်ပြီး ထပ်ရေးပါမယ်။

 

CodeLobster IDE for CodeIgniter

Written by Zack Friday, 25 June 2010 23:56

ကျွန်တော် Window ပေါ်မှာ CodeIgniter ရေးဖို့ IDE တစ်ခုဖြစ်တဲ့ CodeLobster နဲ့ မိတ်ဆက်ပေးချင်တယ်။ ကျွန်တော် CI ရေးတော့

auto completion၊ auto suggestion စတဲ့ features တွေကိုလိုချင်မိပါတယ် CI စရေးတုန်းက notepad++ နဲ့ စရေးပေမယ့် coding

အမြန်ရေး  ချင်လာတဲ့ အခါ IDE တစ်ခုလို လာပါတယ်။ notepad++ က CI syntax တွေကို မသိဘူးဗျာ။ အဲဒီ  အတွက် ကျွန်တော်

Notepad++ မှာ QuickText plug-in ကိုသုံးပြီး ဖြေရှင်း ကြည့်ပါသေးတယ်။ CI syntax တွေကို ကိုယ်လိုသလို့ QuickText.ini မှာ

ထည့်ပေး နိုင်ပေမယ့် ရှိသမျှ လိုက်ထည့်ပေးရမှာ မလွယ်ပါဘူး။ ဒါအပြင့် QuickText on လိုက်ရင် Notepad++ ရဲ့ default tab ခုန်တာ

တွေက အလုပ် မလုပ်တော့ပြန်ဘူး။ ကျွန်တော် သေချာမလုပ်တတ်တာလည်း ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။ ဒါကြောင့် နောက် အဆင်ပြေ

နိုင်မယ့် IDE or text editor တစ်ခုကို အရှာအဖွေ ထွက်ခဲ့ ပါတယ်။ ဒီလိုနဲ့ CodeLobster ဆိုတဲ့ IDE ကိုတွေ့ ခဲ့ပါတယ်။ CodeIgniter

plug-in ကိုဝယ်ခိုင်းနေတော့ ကျွန်တော် လက်လျော့ပြီးခါမှ mmtuts ရဲ့ QA မှာ တစ်ယောက်က CodeLobster ကိုသုံးတယ်ပြောတော့မှ

Try Again လုပ်ရင်း free serial key ကို request လုပ်နိုင်တယ်ဆိုတာ သိလိုက်ရတယ်။ Install လုပ်တာကတော့ ပုံမှန် အတိုင်းလေးပဲ

လုပ်ပေးရုံပဲ။ Install ပြီးတဲ့ အခါ CodeLobster ကို run လိုက်ရင် serial key request လုပ်နိုင်တာကို တွေ့ပါလိမ့်မယ်။ request လုပ်ပြီး

တဲ့ အခါ ကိုယ် mail ထဲရောက်လာတဲ့ user name နဲ့ serial key ကိုထည့်ပေးလိုက်ရင် ရပါပြီ။ အဲဒါဆိုရင်တော့ CI ရေးဖို့ IDE တစ်ခုရပါပြီ။

CodelobsterCodelobster

Coding ရေးတဲ့အခါ အဆင်ပြေပုံလေးကို နဲနဲ ဆက်ရေးချင်ပါတယ်။  model ရေးတဲ့ အခါ constructor ရေးဖို့ အောက်ကလိုမျိုး auto detect

သိနေတယ်။

constructor ရေးဖို့ auto detect သိပုံconstructor ရေးဖို့ auto detect သိပုံ

ရေးထားပြီးသား model တွေကို ပြန်ခေါ်တဲ့ အခါမှာလဲ အဆင်ပြေလှပါတယ်။
model တွေကို auto detect သိပုံmodel တွေကို auto detect သိပုံ

Database library ထဲက methods တွေကို သုံးချင်အခါမှာလည်း auto suggestion လိုက်လုပ်ပေးတာကိုတွေ့နိုင်ပါတယ်။

Database library ထဲက methods တွေကို သိပုံDatabase library ထဲက methods တွေကို သိပုံ Database library ထဲက methods တွေကို သိပုံDatabase library ထဲက methods တွေကို သိပုံ


ဒါတွေကြောင့် ဒီ IDE ကို window ပေါ်မှာ codeIgniter ရေးဖို့ ညွှန်းလိုက်ချင်ပါတယ်။ တကယ်လို့ စာဖတ်သူ အနေနဲ့လည်း အဆင်ပြေမယ့်

IDE ရှိခဲ့မယ် ဆိုရင် ပြန် comment ပေးခဲ့ နိုင်ပါတယ် ခင်ဗျာ။

 

Google Command Line Tool

Written by Zack Tuesday, 22 June 2010 18:25

ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ပုဒ်ကို ပြန်ရေးချင်ပါတယ်။ GoogleCL လို့ခေါ်တဲ့ Google Command-Line ကို Google က release

လုပ်လိုက်ပါပြီ။ ဒီ command line ကိုသုံးပြီး Picasa မှာ folder တွေ upload တင်နိုင်တယ်။ Google Calendar မှာ appointments

တွေကို ထည့်နိုင်တယ်။ပြီးတော့ blog မှာ post တင်တာ၊ Google docs ကို edit လုပ်တာ စတာတွေကို လုပ်နိုင်တယ်လို့ ရေးထားပါတယ်။

Youtube မှာလည်း command line နဲ့ upload တင်နိုင်သေးတယ်ဗျာ။ GoogleCL ဟာ Google Data API တွေကို ခေါ်ရေးထားတဲ့

Python Application တစ်ခုပဲဖြစ်ပါတယ်။ ဒီ GoogleCL ကိုစမ်းချင်ရင်တော့ လိုအပ်တဲ့ GoogleCL နဲ့ Python client library တွေကို

အောက်က links မှာ download ယူနိုင်ပါတယ်။


အသုံးပြုပုံ တွေကို ဒီမှာ လေ့လာနိုင်ပါတယ်။ ကျွန်တော်လည်း အားမှစမ်းကြည့်အုံးမယ်ဗျာ။

 

Page 5 of 30

«StartPrev12345678910NextEnd»

Login Form

Categories Table View

RSS Feed

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

mod_joomtouch

Version Iphone

Version Iphone by JoomTouch