Zack Notes
SQL Injection Attack
Friday, 28 May 2010 18:46
SQL Injection ဆိုတာ ဘာလဲ မပြောခင် ဒီ youtube movie လေးကို အရင်ကြည့်လိုက်ကြရအောင်။ ကျွန်တော်
တစ်ခုကြိုပြောချင်တာက သူခိုးလမ်းပြလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုမျိုး attack ကို awareness ရှိပြီး
ကြိုတင်ကာကွယ်နိုင်စေဖို့ ရည်ရွယ်ပြီး ရေးလိုက် ပါတယ်။
ကျွန်တော်တို့ database application ရေးတဲ့ အခါ မပါမဖြစ် ရေးရတဲ့ SQL Query တွေကို အနည်းငယ် ပြောင်းလဲလိုက်ပြီး attack လုပ်တာ
ဖြစ်ပါတယ်။ SQL injection attack လုပ်ဖို့ အတွက် DBA တစ်ယောက်လိုမျိုး database သဘော တရားတွေ နားလည်နေစရာ မလိုပဲ query
မှာ ရှိနေတဲ့ condition တွေကို ပြောင်းသွားဖို့ လောက်ကို ရေးနိုင်ရင် အလုပ်ဖြစ်ပါတယ်။ အထက်မှာ ပြခဲ့တဲ့ movie လေးအတိုင်းပေါ့။ SELECT fieldlist
ဥပမာ လေးနဲ့ ကြည့်ရအောင်
FROM table
WHERE field = 'zack@gmail.com';
ဒါက ကျွန်တော်တို့ စစ်နေကြ where clause ပုံစံပါ zack@gmail.com နဲ့ တူမှ အလုပ်လုပ်မှာပါ။ အဲဒါကို ဒါမျိုးလေး ပြောင်းကြည့်လိုက် ကြရအောင်
SELECT fieldlist
FROM table
WHERE field = 'anything' OR 'x'='x';
သဘောက နောက်ကနေ OR ကိုထည့် လိုက်ပြီး အမြဲမှန် နေတဲ့ condition တခုကို ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်လိုက်တော့
ရှေ့က condition က ဖြစ်ချင်တာ ဖြစ်ပေမယ့် နောက်က OR ကြောင့် အလုပ်လုပ်ပါမယ်။ SELECT * FROM user WHERE user_name = 'zack'
SELECT * FROM user WHERE user_name = 'anything' OR '1'='1';
ဒုတိယ query မှာ OR ကြောင့် result တွေထွက် လာပါလိမ့်မယ်။
ဒီထက်ပိုပြီး ရက်စက်ချင် တယ်ဆိုရင် နောက်ကနေ delete, drop စတဲ့ query တွေကို ထည့်ပေးလိုက်လို့ ရပါတယ်။ ဒီ example ကို
ကြည့်လိုက်ရအောင်။ SELECT email, passwd, login_id, full_name FROM members
WHERE email = 'x';
DELETE from members;
အဲလို့ရေးလိုက်ရင် ရှေ့က query ကဖြစ်ချင်တာ ဖြစ်နေလဲ နောက်က delete query run သွားပါမယ်။ အဲဒါဆိုရင်တော့ data တွေ ကုန်ပြီသာ
မှတ်ပေတော့။ကျွန်တော် ကိုယ်တိုင် အဲလိုမျိုး SQL Injection Attack လုပ်တာကို ခံခဲ့ရဘူးပါတယ်။ ရုံးက application အဟောင်းတွေက
SQL Injection တွေကို ပေါက်နေပါတယ်။ လုပ်တဲ့ ကောင်ကလဲ delete ကိုချသွားတာ ကုန်ရောပဲဗျာ။ကဲ ဒီတော့ အနာသိရင် ဆေးရှိပါတယ်။
How to prevent SQL Injection?
PHP မှာ SQL Injection ကိုကာဖို့ mysql_real_escape_string ဆိုတဲ့ function လေးရှိတယ်။ အဲဒီ function ကနေ \ လေးတွေ auto ပေါင်းထည့် ပေးသွားပါမယ်။ ဒီလိုလေးတွေ ပြောင်းသွားပါမယ်။ SELECT * FROM customers WHERE username = '\' OR 1\''
SELECT * FROM customers WHERE username = '\'; DELETE FROM customers WHERE 1 or username = \''
mysql_real_escape_string ကိုသုံးပြီး SQL Injection Attack ကိုကာကွယ်နိုင်ဖို့ ဒီ Post လေးကို ရေးလိုက်ပါတယ်။ အသုံးများသော SQL Injection character များ
| Input character | Meaning in Transact-SQL |
|---|---|
| ; | Query delimiter. |
|
' |
Character data string delimiter. |
| -- | Comment delimiter. |
| /* ... */ | Comment delimiters. Text between /* and */ is not evaluated by the server. |
How to create SEF URLs?
Friday, 28 May 2010 02:03
ကျွန်တော်တို့ web site တစ်ခုကို create လုပ်တဲ့ အခါ ကိုယ် site ကိုလာမယ့် users တွေအဆင်ပြေစေဖို့၊ တနည်း 
အားဖြင့် user friendly ဖြစ်ဖို့ ဆိုတာ အရေးကြီးတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ Web Site မှာ feature တွေဘယ်
လောက် စုံအောင် ရှိနေပါစေ user အနေနဲ့ အသုံးပြူရ ခက်နေမယ်ဆိုရင် အောင်မြင်သင့်သလောက် အောင်မြင်မည်
မဟုတ်ပါ။ user friendly ဆိုတဲ့ အချက်တွေထဲမှာ ကိုယ့် Web Site မှာရှိ နေတဲ့ URLs တွေကို user အလွယ်တကူ မှတ်မိစေဖို့ရာ အလွန်
အရေးပါလှပါတယ်။ အဲဒီ အတွက် ခုနောက်ပိုင်းတွေမှာ SEF URLs (Search Engine Friendly URLs) တွေဖြစ်အောင် လုပ်လာကြပါတယ်။
ကျွန်တော် ဒီ post မှာ .htaccess + PHP ကိုသုံးပြီး SEF URLs တွေ အလုပ်လုပ်ပုံကို share မှာဖြစ်ပါတယ်။
Apache's Mod Rewrite
SEF URLs လုပ်ဖို့ မဖြစ်မနေသိရမှာက Apache's Mod Rewrite ပဲဖြစ်ပါတယ်။ Apache ကို install လုပ်တုန်းက အဲဒီ module ကပါပြီးသား
ဖြစ်ပါတယ်။ ကြည့်ချင်တယ်ဆိုရင်တော့ your apache folder\modules\mod_rewrite.so ဆိုပြီး ရှိပါတယ်။ အရေးကြီးတာက RewriteRule
ကိုရေးတတ်ဖို့ပဲ ဖြစ်ပါတယ်။ <?php phpinfo(); ?> ကိုရေးပြီး mod_rewrite ကို enable ဖြစ်မဖြစ် စစ်ကြည့်နိုင်ပါတယ်။
Simple ဥပမာ လေးနဲ့ စရရင်
alice.html နဲ့ bob.html နှစ်ခုကို အရင် create လုပ်လိုက်ပါ။ very simple html code လေးတွေမို့ မရေးတော့ဘူးဗျာ။
ခုရေးမယ့် code ၂ ကြောင်းကို .htaccess file ထဲမှာ ထည့်ပြီး အပေါ်က html ၂ခုနဲ့ အတူ ကိုယ့်စမ်းမယ့် project folder အောက်ကို
ထည့်လိုက်ပါ။
RewriteEngine on
RewriteRule ^alice.html$ bob.html
ကိုယ်က Browser မှာ alice.html ကို run လိုက်ရင် bob.html ကို redirect လုပ်သွားမှာ ဖြစ်ပါတယ်။ အလွယ်မှတ်ချင်တယ် ဆိုရင်တော့
RewriteRule ^alice.html(Browser က Current URL ဖြစ်ပြီး) $ bob.html (destination URL လို့ ဆိုနိုင်ပါတယ်)
နဲနဲလေးပို ရှုပ်တဲ့ နောက် ဥပမာ တစ်ခုကို ကြည့်ရအောင်
URL က ဒီလိုမျိုးဖြစ်နေတာကို http://www.example.com/news.php?news_id=63
ဒီလိုမျိုး http://www.example.com/news/63.html user friendly url ဖြစ်အောင် RewriteRule ကိုရေးကြည့် ပါမယ်။
Okay, ရှင်းအောင် ကြည့်မယ်ဆိုရင် structure ကဒီလိုရှိတယ်ဗျာ။
RewriteRule Pattern Substitution [OptionalFlags]
RewriteRule - Command ဖြစ်ပါတယ်။
Pattern - Browser ကနေ ဖြစ်လာနိုင်မယ့် URL ပုံစံတွေပါ။
Substitution - Pattern ကိုကြည့်ပြီး redirect လုပ်မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ destination page တွေလဲဖြစ်ပါတယ်။
OptionalFlags - F, L, R[=code] ဆိုပြီး flag သုံးခုကို တစ်ခု ( သို့ ) တစ်ခုထတ်ပိုပြီး ထည့်နိုင်ပါတယ်။
F - Forbidden. 403 error ကိုဆိုလိုပါတယ်။
L - သဘောကတော့ ခုရေးထားတဲ့ rule ကို အောင်မြင်သွားရင် ဒါဟာ နောက်ဆုံး rule ပဲဆိုတဲ့ သဘောပါ။
R[=code] - ဒီကောင်ကို သုံးမယ်ဆိုရင် domain name တခုခုထည့်ပေးပြီး HTTP code တခုခုနဲ့ redirect လုပ်မယ် ဆိုတဲ့သဘောပါ။ RewriteEngine on
RewriteRule ^news/([^/\.]+).html/?$ news.php?news_id= [L]
.htaccess ထဲမှာ ဒီ code ကိုရေးပြီး project ရဲ့ root folder ထဲမှာ အရင် ထည့်လိုက်ပါ။ ဒီ example မှာ optional ကိုထည့် မသုံးထားဘူး။
ဒီ rule ကိုကြည့်မယ်ဆိုရင်
^/news - news နဲ့ စမယ်လို့ ပြောတာ
([0-9]+)\.html - regular expression ဖြစ်တဲ့ ([0-9]+) ဒီဟာလေးက number တွေထဲက ဖြစ်ချင်တာဖြစ်မယ် ပြီးတော့ html နဲ့ ဆုံးမယ်။
/?$ - regular expression နဲ့ match ဖြစ်တာတွေကိုပဲ Substitution လုပ်ဖို့ စဉ်းစားမယ် ဆိုတဲ့ သဘောပါ။
news.php?news_id=$1 - ရှေ့က regular expression ထဲကပါလာတဲ့ variable ကိုအစားထိုးပြီး actual page ကို load လုပ်မှာ
ဖြစ်ပါတယ်။
ကျွန်တော်သိသလောက် share ထားတာပါ။ RewirteRule ကိုခုမှ စမ်းကြည့်နေလို့ မှားနေရင် comment ပေး ထောက်ပြပေးစေလိုပါတယ်။
Joomla 1.5 YouTube Plugin
Monday, 24 May 2010 16:22
Joomla မှာ Youtbue Movie တစ်ခုကို ထည့်ချင်တဲ့ အခါ plugin တစ်ခုခုကို install လုပ်ပြီး သုံးနိုင်ပါတယ်။
ကျွန်တော် Joomla Extension မှာ ရှာကြည့်တဲ့ အခါ ဒီ plugin လေးကိုသွားတွေ့တယ်။ plugin က easiertube
လို့ခေါ်ပါတယ်။ ဒီနေရာ မှာ download လုပ်နိုင်ပါတယ်။ ဒီ plugin ရဲ့ ကောင်းတာကတော့ ဟိုးအရင်ကလိုမျိုး
{youtube}...{/youtube} tag တွေထည့် ပေးစရာ မလိုပဲ youtube link ကို browser ကကူးပြီး ထည့်ပေးလိုက်ရုံ
ပါပဲ။ ပိုပြီး သုံးရတာ လွယ်ကူသွားပါတယ်။ ကျွန်တော် Site မှာသုံးထားတာ easiertube ပဲဖြစ်ပါတယ်။
World Cup 2010 and IT
Sunday, 23 May 2010 00:18
နောက်လ June 11 ဆိုရင် 2010 World Cup စတင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော် အနှစ်သက်ဆုံး
ဆိုတဲ့ အရာတွေထဲက တစ်ခုဆိုရင်လည်း ဟုတ်ပါတယ်။ ပြောမယ်ဆိုရင် ဘောလုံးအပြင် မျိုးချစ်စိတ်၊
နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ် စတာတွေ ပြိုင်ဆိုင်မှုတွေကိုပါ တွေ့ရတက်လို့ ကျန်တဲ့ ဘောလုံးပြိုင်ပွဲ
တွေထက် ကြိုက်ပါတယ်။ ခုလာမယ့် World Cup မှာ IT နဲ့ ပတ်သက်ပြီး ဘာတွေများလုပ်ထားသေးလဲ
လိုက်ကြည့်ရင်း computerweekly က ဒီ post လေးကိုဖတ်လိုက်မိတယ်။
Event Management System (EMS) ကိုသုံးပြီး World Cup ကိုထိန်းချုပ်ပါလိမ့်မယ်။ ဒီ system ကို developer
လုပ်ခဲ့တာကတော့ India Company တစ်ခုဖြစ်တဲ့ Mahindrasatyam ကဖြစ်ပြီး Microsoft .Net ကိုသုံးထားတယ်လို့
သိရပါတယ်။ ဒီ EMS ကိုလွန်ခဲ့သော သုံးနှစ်ထဲက developer 120 နဲ့ ရေးနေတာ ဖြစ်ပြီး 20 modules ပါဝင်ပြီး ပါဝင်ပါမယ်။
တခြား third-party system များဖြစ်သော Hospitality Management တွေနဲ့လည်း ပေါင်းစပ်ပြီး သုံးနိုင်အောင် design
ချထားတာလဲ ဖြစ်ပါတယ်။ ဒီ system ဟာ Web Based Application တစ်ခုဖြစ်သော်လည်း ဘောပွဲလာကြည့်မယ်သူတွေရဲ့
Ticker တွေကို ATM လိုစက်မျိုးတွေမှာ ထုတ်ယူနိုင်တဲ့ အထိပါသုံးထားပါတယ်။ ဆိုလိုတာကဗျာ ခုဘောပွဲကို လာမယ့်သူတွေက
နိုင်ငံပေါင်း 208 နိုင်ငံက ပြီးတော့ ရောင်းထားတဲ့ လက်မှတ်ပေါင်းက အစောင်ရေ 3 သန်းဆိုတော့ တစ်ယောက်ချင်းဆီရဲ့ လက်မှတ်
တွေကို မပို့တော့ပဲ Barcode လိုမျိုး code တခုခုကို ထုတ်ပေးထားပါတယ်။ ကြည့်မယ်သူက Johannesburg လေဆိပ်ကို ရောက်ရင်
အဲဒီ barcode လိုဟာမျိုးလေးနဲ့ ATM လိုစက်မျိုးမှာ သွားပြီး ကိုယ်ကြည့်မယ့် ပွဲလက်မှတ်ကို ထုတ်ယူနိုင်ပါတယ်။
တခြားပါသေးတဲ့ module တွေကတော့ ...
1) Accreditation system
World Cup မှာ ပါဝင်ပတ်သတ်မယ့် FIFA ကသူတွေ၊ Players တွေ၊ Medical Staff တွေ၊ Volunteers တွေကို control
လုပ်မယ့် system ဖြစ်ပါတယ်။
2) Volunteer management system
ပြိုင်ပွဲမှာ Volunteer ပေါင်း 130,000 ရှိမှာဖြစ်ပြီ သူတို့တွေရဲ့ Recruitment and Training Function, Time Sheet Function,
Matches skills စတာတွေအပြင် payroll function ကိုလည်း ပေါင်းထည့်ထားပါတယ်။
3) Ground transport system
ပြိုင်ပွဲကိုလာရောက်သူတွေရဲ့ သွားလာရေးလွယ်ကူးစေဖို့ လမ်းကြောင်းတွေ၊ အသုံးပြုရမယ့် မော်တော်ယဉ်တွေကို manage
လုပ်ပေးမယ့် system လည်းဖြစ်ပါတယ်။
4) Material management
ကျင်းပရာနေရာမှာ အလုပ်လုပ်နေတဲ့ staff တွဲရဲ့ electronic assets ကို management လုပ်နိုင်မှာ ဖြစ်ပါတယ်။
5) Ticketing system
ကျွန်တော် အပေါ်မှာ ပြောခဲ့ သလိုပါပဲ ခင်ဗျာ။ ပွဲကြည့်လာ ပရိတ်သတ်တွေရဲ့ Ticket တွေကို management လုပ်ပေးဖို့ ဖြစ်ပါတယ်။
ဒီ EMS ကို World Cup မှာ သုံးမယ့် တကယ် event တွေ၊ multiple users တွေနဲ testing ကို ပြီးခဲ့တဲ့ April ထဲက စပြီး လုပ်ခဲ့တယ်လို့
သိရပါတယ်။ အင်း software ဆိုတာမျိုးကလည်း ဘယ်လောက်ပဲ သေအောင်စမ်းစမ်း real time ကြမှ ထဖောက်တက်တာမျိုးရှိတော့
စိတ်ဝင်စားမိပါရဲ့ ... ကျွန်တော် အဖို့ကတော့ World Cup မှာကစားမယ့် ဘောလုံးအသင်း သတင်းတွေအပြင် ဒီ EMS ရဲ့
update news တွေကိုပါ စိတ်ဝင်စားမိတာ အမှန်ပါပဲ။
SHAKIRA ဆိုထားတဲ့ World Cup သီချင်းလေး တပုဒ်ပဲဖြစ်ပါတယ်။ နားထောင်ပြီးတော့ waka waka ဆိုပြီးပါးစပ်ထဲစွဲသွားပါလိမ့်မယ်။
Joomla 1.6 coming soon
Sunday, 16 May 2010 21:30
Joomla ဆိုတာကတော့ Content Management System တွေထဲမှာ popular ဖြစ်တဲ့ cms တစ်ခုပဲဖြစ်ပါတယ်။ မကြာခင်မှာ
Next Generation of Joomla လို့ပြောနိုင်မယ့် Joomla 1.6 ထွက်ပါတော့မယ်။ ဘယ် Feature အသစ်တွေပါလာမယ်
ဆိုတာကို ကြည့်ရင်တော့
Implement an expanded access control system
Joomla မှာအရင် 1.0, 1.5 version တွေမှာထဲက user access level တွေရှိပြီးသားဖြစ်ပါတယ်။ Community Site တွေလုပ်တဲ့
အခါအဲ့ဒီ user access level တွေဟာအရမ်းကိုအသုံးဝင်လှပါတယ်။ ခုဟာပြောမယ်ဆိုရင်တော့ ဒီ user တစ်ယောက်ကို community
admin level ပေးမယ်။ ဒီ community admin access level ကဘာတွေလုပ်နိုင်တယ်ဆိုတာမျိုးတွေပေါ့။ ဒီလို access level control
လုပ်တဲ့အခါမျိုးတွေမှာ default Joomla user management ကမလုံလောက်ပါဘူး။ အဲဒီအခါမျိုးတွေမှာ customize လုပ်ရတာများပါတယ်။
အခု 1.6 မှာအဲဒီနေရာတွေကို Build-in အနေနဲ့ expand လုပ်လာမယ့်ပုံရှိပါတယ်။
Implement a nested categories solution
ဒီ Feature ကပါသင့်တာကြာပါပြီ။ category create လုပ်တဲ့အခါ nested သဘော parent/child စတာတွေပါလာပါတော့မယ်။
Add a commenting system
အခုလက်ရှိက comment အတွက် component တစ်ခုကို install လုပ်ပေးနေရပါတယ်။ Default အနေနဲ့ comment system
ကိုထည့်ပေးမယ်ဆို တော့ပိုကောင်းသွားတာပေါ့။
Add standardize the way extensions are built using the MVC Framework
Extension တွေဟာ MVC standard ကိုလိုက်နာရမယ့်ပုံပေါ်ပါတယ်။ 1.5 extension တော်တော်များများဟာ MVC ဖြစ်ပြီးသားပါ။
အထက်မှာပြောခဲ့တဲ့အချက်တွေထဲမှာ new access control system နဲ့ nested category system တွေက complete ဖြစ်နေပြီလို့
ပြောပါတယ်။ comment system ကတော့ core feature အနေနဲ့မထည့်ရသေးဘူးလို့ပြောပါတယ်။ ဒါပေမယ့်ကျွန်တော် 1.6 ကို install
လုပ်ပြီးစမ်းကြည့်တာ Back End/ Administrator Site မှာ error တက်နေပါတယ်။ complete ဖြစ်တယ်ဆိုတာတွေတောင်ကြည့်လို့မရပါဘူး။
ကျွန်တော်စမ်းကြည့်တာကတော့ Alpha 2 မှာဖြစ်ပါတယ်။
Joomla 1.6 မှာပါလာမယ့် Feature list ကတော့
- Articles manager
-
Banners manager
-
Configuration manager (used for Global Configuration and Component options)
-
Modules manager
-
Messages (private) manager
-
Newsfeeds manager
-
Plugins manager
-
Redirect manager (a new component to redirect old page links to new ones)
-
Search manager
-
Template manager (including new "styles")
-
User manager (includes ability to add new user groups and content access levels)
-
Weblinks manager
Joomla .16 ကို 2010 June မှာ Beta Version နဲ့ July မှာတော့ first stable version ကို လုပ်မယ်လို့တော့ပြောထားပါတယ်။
ဘာတွေပိုကောင်းလာပြီး ဘာတွေဖြစ်လာမယ်။ တကယ်ပဲ ဖြစ်လာမလားဆိုတာတွေကိုတော့စောင့်ြ့ကည့်ပေါ့ဗျာ။
Programming is Art of Thinking
Written by Zack Friday, 14 May 2010 12:41
ကျွန်တော် တလောက Myanmar Tutorials မှာ IT နဲ့ lateral thinking ဆက်ဆက်ပုံ အကြောင်းကို
ဖတ်လိုက်ရပါတယ်။ ဖတ်ပြီးတော့ ကျွန်တော် ဆက်စဉ်းစားမိတာက programmer တစ်ယောက်ရှူထောင့်ကနေ
ကြည့်ရင် programming မှာရော တခြား ဘယ်လို thinking တွေရှိသေးလဲ ဆိုတာပဲ ဖြစ်ပါတယ်။
Programming မှာ တခြားသော thinking တွေလည်း ရှိနေသောကြောင့် ဒီ post ကို
Programming is Art of Thinking လို့ အမည်တပ်လိုက်ပါတယ်။ ဘာ Thinking တွေလဲ ဆိုတာ ဆက်သွားလိုက်ရအောင်
1) Breakthrough Thinking ( ဖောက်ထွက်တွေးနည်း )
Programmer တစ်ယောက်အနေနဲ့ သမရိုးကျတွေကနေ ဖောက်ထွက်တွေးတောတက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဟိုးအရင်တုံးက
javascript ကိုသာ form validation တွေမှာ သုံးကျပေမယ့် ခုနောက်ပိုင်းမှာ AJAX, jQuery စတာတွေက အစားထိုး နေရာယူလာတာကို
တွေ့ရပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် Breakthrough Thinking ကို အခြေခံပြီး ပိုကောင်းမွန်တဲ့ result တွေရလာအောင် လုပ်ခဲ့တဲ့ ဥပမာ
တစ်ခုပဲ ဖြစ်ပါတယ်။ Forum တွေကနေ QA based site ပြောင်းလာတာလဲ ဒီသဘောပဲ ဖြစ်ပါတယ်။
2) Productive Thinking ( အသစ်မျှော် စဉ်းစားနည်း )
ရှေ့ဘာပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလဲ ဘာတွေကို ပြင်ဆင်ထားမလဲ ဆိုတာလဲ Programmer တစ်ယောက်ရဲ့ Thinking ထဲမှာ ပါပါတယ်။
ဘာလို့လဲ ဆိုရင် ငါဟာ VB 4.0, VB 6.0 ဆရာကြီးပဲကွဆိုပြီး အသစ်တွေကို မပြင်ဆင်ပဲ နေခဲ့မယ်ဆိုရင် market demand အရ သူဟာ
နောက်ကျ ကျန်နေခဲ့ပါလိမ့်မယ်။ ဒီနေရာမှာ Cross Question တစ်ခု ရှိတာက ဒီလောက် လျင်လျင်မြန်မြန်ပြောင်းလဲနေတဲ့ ခေတ်မှာ
အသစ်တိုင်းကို ဘယ်လိုလိုက်နိုင်မလဲ ဆိုတာ ဖြစ်ပါတယ်။ ဒီအတွတ် 3Ps ကို based လုပ်ပြီး ဆုံးဖြတ် ရပါမယ်။ အဲဒါတွေကတော့
- Possible ( ဖြစ်နိုင်စရာ ရှိသော )
- Probable ( ဖြစ်တန်ရာသော )
- Preferable ( ဖြစ်သင့်ဖြစ် ထိုက်သည်ဟု ယူဆရသော )
3) Lateral Thinking ( ဖြန့်ထွက်တွေးနည်း )
Programming ရေးရာတွင် ဖြစ်စေ၊ error တစ်ခုခုကို ရှင်းရာမှာ ဖြစ်စေ Lateral Thinking မရှိရင် အချိန်ကုန်၊ လူပန်း အကျိုးမရှိ ဖြစ်တတ်
ပါတယ်။ ကျွန်တော်တို့ က ပြသနာ တခုနဲ့တွေရင် ဘောင်အတွင်းကနေပြီး လုံးချာလည် စဉ်းစားတက်ကျလိုပါပဲ။ တကယ်တော့ ပြသနာ
အပြင်ကနေထွက်ပြီး စဉ်းစားမယ်ဆိုရင် solution ကရှိနေပြီးသားပါ။ Lateral Thinking အတွက် ရိုးရှင်းပြီး အကောင်းဆုံး ဥပမာကတော့
အစက် ကိုးခုကို မျဉ်း လေးကြောင်းနဲ့ ထိအောင်ဆွဲရမှာ ဖြစ်ပါတယ်။ ဆွဲတဲ့ အခါမှာလည်း ဘောပင်ကို မကြွပဲ တစ်ချက်ထဲနဲ့ ဆွဲရမှာ ဖြစ်ပါတယ်။
Myanmar Tutorials post မှာလည်း ဒီ ဥပမာကို ပဲပေးထားပါတယ်။ စိတ်ဝင်စားရင် ဒီမှာ စဉ်းစားကြည့်နိုင်ပါတယ်။
4) Innovative (or) Creative Thinking ( ထွင်တွေးနည်း )
21 ရာစု နည်းပညာခေတ်ကို ဖြတ်သန်းနေရာမှာ Idea Alternative တွေမကြာ ခဏဆိုသလို ဖြစ်ပါတယ်။ အဲဒါတွေဟာ Innovative (or)
Creative Thinking တွေပေါ်မူတည်ပြီး Technology, Products အသစ်တွေ ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ကြည့်မယ်ဆိုရင် သာမန် mobile
တွေကနေ Smart phone, PDA Phone, iPhone တွေရဲ့ အဆင့်ဆင့် ပြောင်းလဲလာပုံကို မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း Programmer
တစ်ယောက် အတွက် Creative Thinking ကောင်းဖို့လည်း လိုပါတယ်။
အဲဒါတွေကတော့ Programming မှာ ကျွန်တော် သိထားသလောက် Thinking တွေပဲဖြစ်ပါတယ်။ How to Think, What to Think,
Why to Think တွေနဲ့ Art of Thinking ရဲ့ အလှအပကို မြင်နိုင်ကျပါစေ။ သူငယ်ချင်းတို့ အမြင်မှာ တခြား Thinking တွေ ရှိနေအုံးမယ်
ဆိုရင်လည်း Comment ပေးပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
ဒီ post ကို ဖတ်တဲ့ အခါ comment လေးတွေကိုပါ ဆက်ဖတ်စေလိုပါတယ်။ တခြား thinking တွေကိုလည်း comment ပေးဆွေးနွေး
ထားကြလို့ သူတို့တွေရဲ့ မူရင်းလေး အတိုင်း ဖတ်ကြည့်နိုင်ပါတယ်။
More Articles...
Page 7 of 30
«StartPrev12345678910NextEnd»Latest Post
Login Form
Categories Table View
- Reader's Conner (103)
- PHP (45)
- Joomla CMS (36)
- Codeigniter (10)
- jQuery (6)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
