Adventages of Joomla CMS
Last Updated on Thursday, 02 September 2010 12:19 Written by Zack Thursday, 25 September 2008 07:23
Normal Website တစ်ခုနဲ့ CMS Site တစ်ခု ဘာကွာတယ်ဆိုတာ အရင် ပြောပါမယ်။ 
(1) Joomla CMS မှာ admin site နဲ့  user front end ဆိုပြီး နှစ်ခုရှိတယ်ဗျာ။ အကြမ်းဖျင်းပြောရရင်တော့ admin site ကနေfront end မှာ display ပြချင်တာတွေအားလုံးကို Control လုပ်ပါတယ်။
(2) Normal HTML Site တွေမှာဆိုရင် Content တွေက HTML Code တွေနဲ့  ရောညှပ်နေတာကို တွေ့ နိုင်ပါတယ်။ ကျွန်တော် HTML Site တွေ လုပ်တုန်းကဆိုရင် Content ထည့်ချင်ရင် စိတ်ညစ်ခဲ့ရဘူးပါတယ်။ HTML Tag တွေထဲContent တွေက ရောနေတဲ့ အတွက် ဖြစ်ပါတယ်။ CMS မှာ Content နဲ့ Web Design Layout က ရောမနေပါဘူး။ ကိုယ်ထည့်ချင်တဲ့ Content ကို admin site ကနေ texteditor သုံးပြီး ထည့်လို့ ရပါတယ်။ မြင်သာအောင် ပြောမယ်ဆိုရင် Blogspot တွေမှာpost ထည့်တဲ့ ပုံစံအတိုင်းဖြစ်ပါတယ်။ ဒါပေမယ့် Joomla CMS က Blogspot ထက်ပိုပြီး Feature တွေ စုံလင်တာကိုတွေ့ ရပါတယ်။
(3) Access Control ပိုင်းကို ကြည့်မယ်ဆိုရင်လည်း CMS ကပိုပြီး Handle လုပ်ရတာ ပိုပြီး လွယ်ကူတာကိုတွေ့ နိုင်ပါတယ်။Website ကို အရမ်းကြီးလာလို့ ရှိရင် Community တွေ ရှိလာနိုင်ပါတယ်။ အဲ့ဒီ အခါမျိုးတွေမှာ Page 1, Page 2 ကိုCommunity A ကပဲ Access လုပ်ခွင့်ရှိတယ်ဆိုရင် Access Control တွေကို admin site ကနေ Handle လုပ်လို့ ရပါတယ်။Community B ထဲက User တစ်ယောက်က Login ၀င်လာပြီးရင် Page 1, Page 2 ကို တွေ့ ရမှာ မဟုတ်ပါဘူး။ NormalWebsite တွေမှာဆိုရင် ဒီလို Control တွေလုပ်လို့ မရနိုင်ပါဘူး။
(4) Web Design ပိုင်းမှာဆိုရင်လည်း Design နဲ့  Content က separate ဖြစ်နေတဲ့ အတွက် Content တွေကို Author ကရေးနေတဲ့ အချိန်မှာ Design သမားကလည်း Design ပိုင်းကို တပြိုင်နက်တည်းမှာ လုပ်နေလို့ ရပါတယ်။ Joomla CMS ကWeb Design Template တွေကို အသင့်ယူပြီး သုံးလို့ ရပါတယ်။ မိမိ Site ရဲ့ Design ကို Change ချင်ရင် Admin Site ကနေမိမိသုံးချင်တဲ့ Template ကို Install လုပ်ပြီး Default Setting ချပေးရုံပါပဲ။ Front end မှာ မိမိထားတဲ့ Setting အတိုင်းပြောင်းသွားပါလိမ့်မယ်။
(5) Dynamic Content ဖြစ်တယ်လို့  ပြောနိုင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် Joomla မှာ Content တွေ အားလုံးကို ContentTable ထဲမှာ သိမ်းပါတယ်။ Front end မှာ User ကို ပြတိုင်း Content Table ထဲကနေ အမြဲသွားပြီး ဖတ်ပါတယ်။ ဒါကြောင့်Admin ကနေ Content ကို Edit လုပ်ပြီးရင် Update ဖြစ်တဲ့ Content ကို Front end မှာ မြင်ရမှာ ဖြစ်ပါတယ်။
(6) Web Design Layout ကို Change တဲ့နေရာမှာလည်း အရမ်းကို လွယ်ကူတာကို တွေ့ ရပါတယ်။ မိမိသုံးထားတဲ့Template ပေါ်မှာ မူတည်ပြီး Module Position တွေ ရှိနေပါတယ်။ အဲ့ဒီ Position တွေကိုသုံးပြီး Front End မှာ Contentတွေရဲ့  Position တွေကို ကြိုက်သလို ရွေ့ နိုင်ပါတယ်။
(7) Multi Language ကို Support လုပ်ပါတယ်။ ဆိုလိုတာက Site မှာ Language Selection Box ကို ထားပြီး Contentတွေကို ဖတ်နိုင်ပါတယ်။ ဥပမာ- Site မှာ English နဲ့  Myanmar ဆိုပြီး Language နှစ်ခုရှိတယ်ဆိုရင် User က SelectionBox မှာ မြန်မာလို့ ရွေးလိုက်တာနဲ့ Site ထဲမှာ ရှိတဲ့ Content တွေ ၊ Menu Bar တွေအားလုံးဟာ Myanmar ကိုပြောင်းသွားပါလိမ့်မယ်။ English ကို ပြန်ရွေးမယ်ဆိုရင်လည်း Content Data တွေ၊ Menu Bar တွေက Englishလို့ ပြန်ပြောင်းသွားပါလိမ့်မယ်။
အဲ့ဒါတွေက Joomla CMS ရဲ့ Advantages ဖြစ်တဲ့ Feature တွေပဲ ဖြစ်ပါတယ်။
-
2009-07-21 15:21:03 |SAdministrator| admin - Re: sandy
အကိုပြောတ) 40;က ဒီလိုပါ ညီမ
http://localhost/joomla/administrator လို့ရိုက်ရ င် administrator panel ကိုရောက်သွားတယ်မလား။ အဲဒီမှာ http://localhost/joomla/ လို့ပြောင်းလိုက်ရင် Front End ကိုပြပါတယ် ။ အဲဒါကို အကိုက User Front End ဆိုပြီး သုံးလိုက်လို့ ညီမ .. မသိလိုက်တာ ဖြစ်မယ်။ သာမန်အားဖြ င့်တော့ administrator ခြမ်းကို Back End လို့ ခေါ်ပြီး user ကိုပြတဲ့ public site ကိုတော့ Front End ကိုခေါ်ပါတယ်။
-
2009-07-22 05:01:51 |203.81.166.xxx| sandy
အော် ရှင်းသွာြး ပီ အကို ကျေးဇူးပဲေ နာ်..
စနစ်တကျ သင်ထားတာမဟုတ်တော့ အခေါ်အဝေါ်တွေ မသိဖြစ်နေတာ ..
အခုမှရှင်း သွားပြီ
-
2010-05-17 18:09:06 |203.81.80.xxx| Nwe
သမီးလဲခုမှလေ့လာတာပါပဲ Php လဲမသိပါဘူး ဒါပေမဲ့အခု joomla ကိုလေ့လာနေတယ် ဒိကရေးထားတာတွေဖတ်တော့နဲနဲရှင်းသွားတယ် အထဲက roles တွေအလုပ်လုပ်ပုံပါရှင်းပြရင်ပိုကောင်းမယ်နော် အစ်ကို နားလည်လွယ်သွားတာပေါ့ အင်စတောလုပ်တာကတော့အစ်ကိုပြောသလိုလုပ်တာအဆင်ပြေတယ် ဒါပေမဲ့အထဲကကိုတော့ Ebook ဖတ်နေပါတယ် မရှင်းတာရှိမေးပါရစေ
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)
ညီမ က အခုမှ Joomla ကိုလေ့လာနေ တဲ့သူ ပါရှင်
လျှောက်ကလိ နေတာပေါ့နော်.ဟီးးးးးး ;းး သေချာ စနစ်တကျမသိ တော့ နည်းနည်းအခ က်အခဲတွေရှိနေတာပေါ့ ..နော်.. ကံကောင်းတာ က ညီမလေ့လာတဲ့ အချိန်မှာ ဒီအပိုင်းနဲ့ပက်သက်ပြီးတော်တော် သိနေတဲ့ အကို့တို့ေ တွ ရှိနေလို့ပဲ
အဲဒါကြောင့် မို့လို့ မသိတာမေးမယ် နော် အဟီး Intro အနေနဲ့ မြှောက်ထား တာ စမေးပြီ..
ဟိုလေ သေချာမသိလို့မေးမယ်နော် user front end ဆိုတာ ဘာလဲဟင် ဘယ်နားမှာလဲ
admin ကနေ၀င်နေတာ ဆိုတော့ အဲဒါကို တခါမှမမြင် ဖူးဘူး
ဖြစ်နိုင်ရ င် print screen ဖမ်းပြီးတော့ပြပါလားဟ င်
usermanger ကနေ user ဖွင့်လိုက်ပြီး ဖွင့်ထားတဲ့  username နဲ့ဝင်တော့ လည်းရ၀ူး ဘာလဲ ဟင် အဲဒါရှင်ြး ပပေးပါနော် ..
နောက်ပြီးေ တာ့
Joomla မှာ Content တွေ အားလုံးကို Content
Table ထဲမှာ သိမ်းပါတယ် ။
Front end မှာ User ကို ပြတိုင်း Content Table ထဲကနေ အမြဲသွားပြီး ဖတ်ပါတယ်။ ဒါကြောင့်
Admin ကနေ Content ကို Edit လုပ်ပြီးရင် Update ဖြစ်တဲ့ Content ကို Front end မှာ မြင်ရမှာ ဖြစ်ပါတယ်။
အဲဒီမှာက ပထမအကြောင်းကိုတော့နားလည်ပါတယ် front end ကိုမသိတော့ နောက်အကြော င်းကဟာကို...