Joomla CMS
Zack-Notes iPhone/iPod version
Joomla Zawgyifont plugin လုပ်ရင်း Joomla ပိုးပြန်ဝင်သွားပြီး Site အတွက် mobile version ကိုဆက်စမ်းဖြစ်သွားတယ်။ ခုလော
လောဆယ်တော့ ipod/iphone ကနေကြည့်ရင် ဇော်ဂျီမရှိလည်း content တွေကိုဖတ်နိုင်အောင်၊ ပြီးတော့ ဖတ်တဲ့ အခါမှာလည်း
အဆင်ပြေပြေ ဖတ်နိုင်ဖို့ mobile template ကို auto switch လုပ်သွားအောင် လုပ်ထားပါတယ်။ တခြားသော Smart Phone တွေက
ကြည့်မယ်ဆိုရင်တော့ ဘယ်လို ဖြစ်မယ်ဆိုတာ မသိပါ။ ဒီအတွက် JoomTouch ဆိုတဲ့ Extension ကိုသုံးနိုင်ပြီး၊ အဲဒီ extension က
iWebkit Framework ကို ယူသုံးထားလို့ iWebkit ကိုအနည်းငယ် နားလည်မယ် ဆိုရင် ကိုယ်ကြိုက်သလို ပြင်သုံးနိုင်ပါတယ်။
JoomTouch ကိုသုံးမယ်ဆိုရင် ဒီလို error ကိုတွေ့ ရနိုင်ပါတယ်။
Call-time pass-by-reference has been deprecated.
အဲဒီလိုတွေတွေ့လာရင်တော့ stackoverflow က ဒီ link မှာဖတ်ကြည့်ပြီး ဖြေရှင်းနိုင်ပါတယ်။ iPod/iPhone တွေရဲ့ safari browser
ကနေ http://www.zack-notes.net ကြည့်မယ်ဆိုရင် အောက်ပါအတိုင်း တွေ့ရပါမယ်။
Joomla 1.5 Zawgyi Font Embed Plugin
World Cup Final ကိုကြည့်ဖို့ စောင့်ရင်း ဖတ်စရာအကြွေးတင်နေတာတွေကို ထိုင်ဖတ်လိုက်တာ ကိုစေတန် (SaturnGod) ရေးထားတဲ့
Zawgyi Embed for WordPress ကိုဖတ်ပြီး code ကိုကြည့်လိုက်တော့ ဒီလို plugin မျိုးကို Joomla မှာလည်း system plugin အနေနဲ့
ရေးလို့ရတယ် ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် Joomla 1.5 သုံးတဲ့ Site တွေအားလုံးမှာ ဒီ plugin ကို install လုပ်ပြီး သုံးမယ်ဆိုရင်
Client Computer မှာ font မရှိလည်း မြန်မာလို မြင်ရမှာ ဖြစ်ပါတယ်။ Logic ကတော့ အတူတူပါပဲ Joomla Coding Style နဲ့ ပြန်ရေးထား
တာဖြစ်ပါတယ်။ Android, iPhone , iPodTouch, iPad တွေအတွက် စမ်းမကြည့်ရသေးပါဘူး။ ကျွန်တော် iPhone ကလည်း jailbreak
လုပ်ပြီးသားမို့ နဂိုထဲက ဇော်ဂျီမြင်ရပြီးသားပါ။ ဒါကြောင့် Android, iPhone , iPodTouch, iPad တွေကနေမမြင်ရရင် feedback လေးပြန်
ပေးပါ။ ကျွန်တော် coding ပြန်ပြင်ပြီး version upgrade လုပ်ပေးပါမယ်။ အသုံးပြုပုံကတော့ တခြား plugin တွေအသုံးပုံအတိုင်းပါပဲ။
1) Extensions >> Install/Uninstall ကနေ plg_zawgyifont.zip ကို install လုပ်ပါ။
2) ပြီးရင် Extensions >> Plugin Manager ကိုသွားပြီး system ကို filter ကိုလုပ်လိုက်ရင် Zawgyi Font Plugin ကိုတွေ့ရပါမယ်။
Enable လုပ်ပေးလိုက်မယ်ဆိုရင် ရပါပြီ။ first version က ipod/iphone ပေါ်မှာ အလုပ်မလုပ်လို့ coding နဲနဲလေး ပြောင်းပြီ version
upgrade လုပ်လိုက်ပါတယ်။ ဒီ plugin ကို သုံးချင်သူများ readme.txt ကိုအရင် ဖတ်ပြီးမှ install လုပ်ပါ။ ခုဒီ version ကို ipod OS4
ပေါ်မှာ စမ်းကြည့်တာ အလုပ်လုပ်ပါတယ်။
Download Link : http://www.zack-notes.net/download/unzip_first.zip
ဒီနေရာမှာ Download လုပ်ပြီး သုံးကြည့်နိုင်ပါတယ် ခင်ဗျာ။ Mobile တွေကနေ အဆင်ပြေမပြေ ဆိုတဲ့ feedback တွေကိုတော့
လိုချင်ပါတယ်။ လုပ်မယ့်သာ လုပ်လိုက်တာ ဇော်ဂျီရှိနေပြီးသာ စက်တွေက အတော်များသာရယ် 
ကျွန်တော် Site ကို Zawgyi Font မရှိသော computer ကနေ IE, Firefox တို့နဲ့ စမ်းကြည့် ထားပါတယ်။
Jailbreak မလုပ်ထားသော iPhone 3Gs Safari မှ ကြည့်သော အခါ မြင်ရပုံ
Joomla 1.6 beta 3
Joomla 1.6 beta 3 ကို download ချပြီး စမ်းနိုင်ပါပြီ။ ကျွန်တော် ဒီ post မှာ တုန်းက Joomla 1.6 နဲ့ ပက်သက်ပြီး ရေးခဲ့ဘူးပါတယ်။
အဲဒီတုန်းက 1.6 မှာ ပါလာမယ်ပြောတဲ့ feature တွေအခု ဘယ်လောက်ပါလာပြီလဲ ကြည့်မယ်ဆိုရင်
1) SEF URL
SEF URL တွေက ဘာ setting မှ ပြောင်းစရာမလိုပဲ ရသွားပြီ။ 1.5 တုန်းက setting မှာ ပြင်ရင်ပြင်၊ ဒါမှ မဟုတ် component တစ်ခုခု
install လုပ်ပြီး SEF URL ဖြစ်အောင် လုပ်ပေးရတာကို အခု default အနေနဲ့ ရသွားပါပြီ။
2) Nested Category
Category ဆောက်တဲ့ အခါ Nested categories လည်းရသွားပါပြီ။ အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။
3) User Access Level
Access Level ကိုလည်း create လုပ်လာနိုင်တာကို တွေ့ရပါတယ်။ User >> Add New Access Level မှာ access level အသစ်ကို
create လုပ်နိုင်ပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။
Community based website တွေမှာ ရှိနေတဲ့ different users different roles တွေကို ဒီကောင်က ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ Article
တစ်ခု create လုပ်ရင်လည်း အဲ့ဒီ ကိုယ် create လုပ်ထားတဲ့ access level ကိုပြန်ရွေးနိုင်တာကိုတွေ့ရပါတယ်။ အရင်တုန်းကဆိုရင်
public, registered, special သုံးခုပဲရှိပါတယ်။
4) Article Permission
နောက် ထူးခြားတာ တစ်ခုက article manager မှာ article permission ဆိုတာ ပါလာတယ်။ ဒါကလည်း community feature တစ်ခုပါပဲ။
ကိုယ့်ရေးထားတဲ့ article တစ်ခုကို ဘယ် user group ကိုပဲ ကြည့်ခွင့်ပေးမယ်ဆိုတာမျိုးတွေကို setting လုပ်နိုင်တဲ့ သဘောပါပဲ။
5) Permission Setting
Global Configuration မှာ permission setting ဆိုပြီး သက်သက်ပါလာပြန်တာကို တွေ့ရပြန်တယ်။ ဒါကတော့ default ပါတဲ့ user group
တွေကို permission ထည့်ပေးတာပဲ ဖြစ်ပါတယ်။
6) No default comment feature
Joomla မှာ comment အတွက် extension တစ်ခုကို ပြန်ပြီး install လုပ်ပြီးသုံးရပါတယ်။ 1.6 မှာ default ပါမယ်ဆို သော်လဲ ပါလာတာ
မတွေ့သေးပါ။ ခုတော့ ထပ်ခါထပ်ခါ user access level တွေကို နေရာစုံပါနေတော့ သိပ်မရှင်းတာ အမှန်ပါပဲ။ ဒါပေမယ့် သူတို့ ဘာကြောင့်
ဒါတွေထည့်ပြီး ဘယ်လို control လုပ်တော့မယ်ဆိုတာကို ရိပ်မိ နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ 2007/2008 လောက်တုန်းက စလုံး
government agency အတွက် Joomla 1.0 ကို customize လုပ်တုန်းက အဲဒီ user access level တွေကို အသေရေးခဲ့ရတာ။ ခုကြည့်
လိုက်တော့ user access level control လုပ်တဲ့ အပိုင်းမှာ 70% လောက်တူနေတာတွေ့ ရတယ်။ Joomla 1.6 release လုပ်တဲ့အခါ User
Permission တွေကို သေချာဖတ်ပြီး ထပ်ရေးပါမယ်။
Joomla 1.5! Security News
Joomla နဲ့ site ထောင်ထားသူတို့ရေ 1.5.18 ကို မဖြစ်မနေ upgrade လုပ်ဖို့လိုနေပါတယ်။ ဘာလို့လဲဆိုတော့ 1.5.18 အောက် version တွေ
အားလုံးရဲ့ admin မှာ XSS နဲ့ hack လို့ရနေလို့ ပဲဖြစ်ပါတယ်။ ကျွန်တော်လည်း Joomla Security mail ရလို့ Upgrade လုပ်လိုက်ပါပြီ။
Joomla upgrade လုပ်တာကတော့ upgrade patch ကို ဒီမှာ download လုပ်ပြီး server ပေါ်မှာ override လုပ်ပေးလိုက်ရင်ရပါပြီ။ ဒီ XSS က
Admin panel/Back End ကို အတော် ဒုက္ခပေးပုံရတယ်ဗျ။ Patch ထဲမှာ admin အခြမ်းက default core components တွေအားလုံး patch
ထဲမှာပါနေတယ်။ Joomla! Security News ကိုအောက်မှာ ဖတ်နိုင်ပါတယ်။
Posted: 27 May 2010 05:00 PM PDT
* Project: Joomla!
* SubProject: All
* Severity: High
* Versions: 1.5.17 and all previous 1.5 releases
* Exploit type: XSS Injection
* Reported Date: 2010-May-13
* Fixed Date: 2010-May-28
Description
Back-end user can inject javascript in various administrator screens.
Affected Installs
All 1.5.x installs prior to and including 1.5.17 are affected.
Solution
Upgrade to the latest Joomla! version (1.5.18 or later)
Reported by Riyaz Ahemed
Contact
The JSST at the Joomla! Security Center.
Page 4 of 12
«StartPrev12345678910NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)






