Joomla CMS
FaceBook Like Feature in Joomla 1.5
Joomla မှာ ကိုယ်ရေးတဲ့ post တွေကို FaceBook ထဲမှာ လိုမျိုး Like ဆိုတာမျိုး လုပ်ချင်တယ်ဆို ရင်တော့ ဒီ extension လေး
နှစ်ခုက အကူအညီပေးပါမယ်။
2) Verge Facebook Like Button (Module)
ကျွန်တော် recommend လုပ်ချင်တာကတော့ jLike plugin ပဲဖြစ်ပါတယ်။ plugin ကိုသုံးခြင်အားဖြင့် post တစ်ခုပြီး တိုင်း auto
တတ်လာမှာ ဖြစ်ပြီး module သုံးရင်တော့ အဲလိုဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော် Site မှာ သုံးထားတာလည်း plugin
ပဲဖြစ်ပါတယ်။ install လုပ်ပြီး enable လုပ်ပြီး သုံးကြည့် နိုင်ပါတယ်။
Joomla 1.0 to 1.5 migration
Joomla 1.0 ကနေ 1.5 ကို migration လုပ်တာလေးကို share ချင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Joomla မှာ သုံးရတာ
အဆင်မပြေဆုံး အပိုင်းကတော့ 1.0 ကနေ 1.5 ကို ရှိပြီးသား data တွေမပျောက်မပျက်နဲ့ migrate လုပ်ခြင်းပဲ ဖြစ်ပါတယ်။
content တွေ ကတော့ ရနိုင်ပေမယ့် extensions တွေကို migrate လုပ်လို့ ရနိုင်၊ မရနိုင်ဆိုတာကတော့ not sure ပါ။ ဒါအပြင်
လက်ရှိ Joomla 1.0 မှာသုံးထားတဲ့ template ကိုလည်း ပြန်ရနိုင်ဖို့ ဆိုတာလည်း not sure ပါပဲ။ ကျွန်တော် Site မှာဆိုရင်
content + extension တွေကို ရသွားပေမယ့် template ကိုတော့ migrate လုပ်မရ ခဲ့ပါဘူး။
migration လုပ်ပုံလေးကို ဆက်သွားကြရအောင်။ ဘာမှ မလုပ်ခင် Joomla 1.0 database ကို back up အရင်လုပ်လိုက်ပါ။
1) Migrator Component ကို Joomla 1.0 ထဲမှာ install လုပ်ပါ။ ဒီမှာ download ရယူနိုင်ပါတယ်။
2) Migrate SQL script ကို create လုပ်ရပါမယ်။ Components >> Migrator ကိုသွားပြီးရင် Create Migration SQL File ဆိုတဲ့
button လေးရှိတယ်ဗျာ။ အဲဒါကို click လိုက်ပါ။

ရလာတဲ့ script လေးကို Download အရင်လုပ်ထားလိုက်ပါ။
3) Joomla 1.5 ကို install လုပ်ပြီး ခုန ရထားတဲ့ migrate script ကို import လုပ်ပါမယ်။ Joomla installation ကတော့ ထုံးစံ
အတိုင်းပဲပေါ့။ သတိပြူရမှာ ကတော့ Step 6 ပဲဖြစ်ပါတယ်။

အဲဒီမှာ Load Migration Script option ကိုရွေးမယ်။ Old table prefix ကို setting အတိုင်းထဲမယ်။
Old Site encoding ကတော့ default အတိုင်းပဲ။ ခုန download လုပ်ထားတဲ့ migration script ကို browse လုပ်ပြီး ထည့်မယ်။
This script is a Joomla! 1.0 migration script. ကို select လုပ်ပေးဖို့ မမေ့ပါနဲ့။ အားလုံးပြီးရင်တော့
Upload and execute ကို click လိုက်ပါ။

တကယ်လို့ successful ဖြစ်တယ်ဆိုရင်တော့ အောက်က ပုံအတိုင်းမြင်ရရင်တော့ "Next" ကို click လိုက်ပြီး installation ကို
ဆက်လုပ်နိုင်ပါပြီ။

ဒီ အဆင့် လေးတွေကို မှန်အောင်လုပ်ပြီး ရင်တော့ Joomla 1.0 ထဲက ရှိပြီးသား content နဲ့ Joomla 1.5 ကိုရလာပါလိမ့်မယ်။
ဒီမှာတင် မပြီးသေးပါဘူး။ ကျန်နေတဲ့ extension တွေကိုလည်း migrate လုပ်ပေးမှ ပြီးပြည့် စုံပါမယ်။ Googling လုပ်တော့
extension migration တွေက အဖြေ တိတိကျကျ မရှိဘူး ဖြစ်နေတယ်။ ဒီတော့ ကျွန်တော် စဉ်းစားမိတာက extension တွေရဲ့
database design ပါပဲ။ ကျွန်တော် ကံကောင်းတယ်ပြော ရမလားပဲ သုံးထားမိတဲ့ extension တွေရဲ့ component တွေရဲ့ table
schema တွေကိုတော်တော်ကို တူနေတယ်ဗျာ။ အဲဒီတော့ ကျွန်တော်က Joomla 1.5 မှာ support လုပ်တဲ့ extension တွေကို
အရင် install လုပ်လိုက်တယ်။ ပြီးတော့ joomla 1.0 database ထဲက extension အလိုက် table တွေကို manually export လုပ်ပြီး
Joomla 1.5 ဘက်မှာ database ထဲဝင်ပြီး manually ပဲ import ပြန်လုပ်ပေးလိုက်တယ်ဗျာ။ စနစ်တော့ မကျပေမယ့် အချိန်ကုန်
သက်သာပြီး အဟောင်းထဲက data တွေ အကုန်ကို migrate လုပ်နိုင်ခဲ့ပါတယ်။
ဤနည်းဖြင့် အရင် www.thadarphyut.net မှ www.zack-notes.net ကို migration လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ တခြား migrate
လုပ်ချင်တဲ့ သူတွေလည်း ကျွန်တော် သိထားသလောက် ပြောပြပေးနိုင်ပါတယ်။
Credit to Siteground for images and ideas
Like Post feature in Joomla 1.0
Good Friday မှာရုံး ပိတ်ရက်လေးရှိတုံး Post တွေကို Like လုပ်လို့ ရတဲ့ feature ကို Joomla မှာထည့် ဖြစ်ခဲ့တယ်။ Facebook
မှာလိုမျိုးပေါ့ comment မပေးပဲ Like လုပ်တဲ့ဟာမျိုးလေးပါ။ ဒီ Joomla Article Like လုပ်တဲ့ extension ကိုလိုက်ရှာတာ မတွေ့တာ နဲ့ပဲ
AJAX သုံးပြီး ကိုယ်ဟာကိုယ်ရေးပြီး ထည့်လိုက်ပါတယ်။ Cross Browser အနေနဲ့ ဆိုရင်တော့ Chrome, Firefox, IE 7 and Safari
တို့မှာ အလုပ်လုပ်ပါတယ်။ ခုဆိုရင် ကျွန်တော် Site မှာရှိနေတဲ့ Posts တွေကို comment ရေးရမှာပျင်းတယ် ဆိုရင် Like လုပ်လို့ ရပါပြီ။
ကျွန်တော် customize လုပ်ခဲ့တဲ့ Steps လေးတွေကို share ပေးချင်ပါတယ်။ နောက်လူတွေလည်း သုံးမယ် ဆိုရင် အဆင်ပြေ စေချင်
လို့ပါ။
1) content table မှာ အရင်ဆုံး field တစ်ခုထည့် ပေးဖို့လိုပါတယ်။
2) ကိုယ်သုံးနေတဲ့ template မှာ ရှိနေတဲ့ template.css ကို Like မှာသုံးမယ့် css လေးတွေကို ထည့်ပေးရမယ်။
3) အဓိက customize လုပ်ရမှာ ကတော့ components\com_content ထဲမှာ ရှိနေတဲ့ content.html.php, content.php
တို့ပဲဖြစ်ပါတယ်။
4) AJAX ကနေ like count တွေကို update လုပ်ဖို့ သီးခြား php တစ် file လိုပါတယ်။
Joomla 1.0 version အတွက် လိုချင်ရင်တော့ ကျွန်တော် လုပ်ထားပြီး သားကို share ပေးနိုင်ပါတယ်။ လိုချင်ရင်တော့ comment မှာ
တောင်းလိုက်ပါ။ လိုအပ်နေတာတွေ ရှိနေရင်လည်း အကြံပြုပေးဖို့ တောင်းဆိုပါတယ်။
How to get another RSS Feed? (Joomla 1.0)
![]()
ဒီ post မှာတော့ တခြား RSS တွေကို ကိုယ် site ထဲမှာ ဘယ်လိုပြမလဲ ဆိုတာကို ရေးပါမယ်။ Joomla 1.0 မှာတော့
News Feeds ဆိုတဲ့ Component ကိုသုံးလို့ရတယ်။ အရမ်းကို လွယ်ပါတယ်။ Component ထဲမှာ Setting
ထည့်ပေးလိုက် ရုံလေးပါပဲ။
1) ထုံးစံ အတိုင်း administration panel ကို login ဝင်ပြီးတော့ Components >> News Feeds >> Manage News Feeds
ကိုသွားမယ်။ အဲဒါဆိုရင်တော့ ဒီပုံစံလေးကို မြင်ရမယ်။
2) အရေးကြီးတာက link ဆိုတဲ့ နေရာပဲ ဘယ် RSS Feed ကိုယူမယ်ဆိုတဲ့ link ကိုထည့်ပေး ရမယ်ဗျာ။ ကျွန်တော်ကတော့
Wed Developer News တွေကိုလိုချင်လို့ ဒီ link ကိုထည့်လိုက်တယ်ဗျာ။
http://headlines.internet.com/internetnews/wd-news/news.rss
3) Name ကတော့ ကိုယ်အဆင်ပြေတဲ့ name ပေါ့။ category ကလည်း ကိုယ်ထည့်လိုက်တဲ့ RSS ကဘယ် category မျိုးလဲဆိုတာကို
ပြောတာပါ။ select လုပ်ပေးရုံပါပဲ။ ကိုယ်ဟာကို category အသစ်ထည့်ချင်ရင်တော့
Components>> News Feeds >> Manage Categories မှာထည့်နိုင်ပါတယ်။ ကျန်တာတွေကတော့ default အတိုင်းပဲပေါ့။
အားလုံးပြီးသွားရင် ဒီလိုလေးမြင်ရမယ်။
Save ကို Click လိုက်ရင်ရပြီ။ ဒါဆိုရင်တော့ ဘယ် RSS ကိုယူမယ်ဆိုတာ set up လုပ်ပြီးသွားပြီးလို့ပြောနိုင်ပါတယ်။
ဒီ set up လုပ်ထားတာကို front end ကနေမြင်ချင်တယ် ဆိုရင်တော့ menu ကနေပြီး ဒီ component ကို link ပေးလိုက်ရင် ရပါပြီ။
Page 6 of 12
«StartPrev12345678910NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)