Joomla CMS
RSS in Joomla 1.0
Joomla မှာ Default ပါနေပြီးသားဖြစ်တဲ့ RSS module, Syndicte ကိုသုံးပြီး RSS Feed ကိုဘယ်လို generate
လုပ်တယ် ဆိုတာ လေးကိုရေးမှာဖြစ်ပါတယ်။ အရင်ဆုံး RSS ဆိုတာလေးကို နည်းနည်းပြောချင်ပါတယ်။ အခုဆိုရင်
internet ပေါ်မှာ Web site တွေ၊ Blog တွေရှိတယ်။ အဲဒီတွေထဲမှာရှိနေတဲ့ content တွေကို Syndication
လုပ်ဖို့အတွက် XML Format File ကိုအသုံးပြုပြီး Remote ကနေဖတ်လို့ရအောင်လုပ်ထားတဲ့ Technology
တစ်ခုပဲဖြစ်ပါတယ်။ RSS ရဲ့ different versions တွေပေါ်မှာ မှုတည်ပြီး အခေါ်အဝေါ်
ပြောင်းလဲမှုလေးတွေရှိပါတယ်။
- RDF Site Summary (RSS 0.9, RSS 1.0)
- Rich Site Summary (RSS 0.91, RSS 1.0)
- Really Simple Syndication (RSS 2.0)
အခုလက်ရှိမှာတော့တော်တော်များများကအသုံးပြုနေကြတာကတော့ Really Simple Syndication (RSS 2.0) Format ပဲဖြစ်ပါတယ်။
တစ်ခုနဲ့တစ်ခုဘာကွာလဲမေးရင်တော့ကျွန်တော်လည်းသေချာမသိတာဝန်ခံပါတယ်။ အဲဒီ RSS ကိုကနဦး development လုပ်ခဲ့တာ
Netscape ဖြစ်ပြီး RSS2.0 ရဲ့ Specification တွေကိုရေးခဲ့တဲ့သူကတော့ Dave Winer ပဲဖြစ်ပါတယ်။ ဒီ RSS Technology
ကြောင့်ပဲ အခုဆိုရင် Google Reader လိုမျိုးထဲကနေကနေကိုယ်ကြိုက်တဲ့ Web site, blog တွေရဲ့ latest content တွေကို
တစ်စုတစ်စည်းထဲဖတ်ရှုနိုင်ပါပြီ။ အခုလောက်ဆိုရင်တော့ ဆိုတာ မသိသေးသူ အတွက်တော့ အကြမ်းဖျင်း သဘောပေါက်
လောက်မယ်ထင်ပါတယ်။ အဲဒီ RSS ကို Joomla1.0 မှာဘယ်လိုအသုံးပြုမယ်ဆိုတာကိုဆက်သွားကြရအောင်။
ကိုယ့် Site က content တွေကို RSS Feed Generate လုပ်မယ်ဆိုရင်တော့ Syndicate Module ကိုသုံးပါတယ်။
1) Modules>>Site Module>>Syndicate ကိုသွားပါ။
2) ပြီးရင်တော့ Published လုပ်မယ်။ RSS ဘယ် Format ကို Generate လုပ်မယ်ဆိုတာကိုလည်းရွေးချယ်နိုင်ပါတယ်။
Module Position ကတော့ကိုယ့် Template နဲ့သင့်တော်တာကိုရွေးပေါ့။
အဲဒီအဆင့်အထိပြီးရင်တော့ Front End မှာလိုတွေ့နိုင်ပါတယ်။
ဒါဆိုရင်တော့ RSS Feed ကို Generate လုပ်ဖို့ Syndicate Module ကို set up လုပ်ပြီးပြီဖြစ်ပါတယ်။ အောင်မြင် သွားပြီလို့
တော့ပြောနိုင်ပါတယ်။
သို့သော်တစ်ခါတစ်ရံ Hosting ပေါ်မှာ cache Folder ရဲ့ write permission နဲ့ညှိနေတက်ပြီး Happy Ending မဖြစ်တာမျိုးကို
ကြုံတွေ့ရတက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကြုံခဲ့လို့ပြောတာဖြစ်ပါတယ်။ cache Folder ကို 777 ပြောင်းလဲ write လုပ်လို့
မရဘူးဆိုပြီး error တက်နေပါတယ်။
fopen(/home/content/*/*/*/******/html/****/cache/rss20.xml)
[function.fopen]: failed to open stream: No such file or directory in
/home/content/*/*/*/******/html/****/****/includes/feedcreator.class.php
on line 711
Error creating feed file, please check write permissions.
အဲလိုမျိုးကြုံတွေ့ခဲ့ပြီဆိုရင်တော့ကျွန်တော်လုပ်ခဲ့တာလေးကတော့ ကိုယ်ဟာကို Folder အသစ်တစ်ခုကို create လုပ်ပြီးအဲဒီ Folder
ကို Global configuration ထဲကနေ၀င်ပြီး cache Folder ကိုပြောင်းပေးလိုက်တာပဲဖြစ်ပါတယ်။ အဲဒီကိစ္စမျိုးကို Joomla forum
မှာလည်းမေးတာတွေ့ရပါတယ်။ တော်တော်များကတော့ Default cache Folder ကို 777 ပြောင်းဖို့ပဲပြောတာများပါတယ်။
ဟုတ်ပြီဗျာအခုဆိုရင် Joomla1.0 မှာ Syndicate Modula ကိုသုံးပြီး RSS Feed ကိုဘယ်လို Generate
လုပ်မယ် ဆိုတာသိလောက်ပြီထင်ပါတယ်။
Google Reader ကနေ ကျွန်တော် Site ကိုဖတ်ချင်ရင် RSS Feed ကတော့
http://feeds.feedburner.com/Zack-RSS
ARTIO JoomSEF Extension (Both 1.0 and 1.5)
ကျွန်တော်လည်း jQuery အကြောင်းရေးနေရင်းနဲ့ဒီ component လေးအကြောင်းကိုဖြတ်ပြီးရေးလိုက်အုံးမယ်။ Joomla မှာ Default
ပါတဲ့ URL ဟာဘယ်လိုမှကို user friendly မဖြစ်တာကိုတွေ့နိုင်ပါတယ်။
ဥပမာဗျာ Article တွေရဲ့ URLs တွေဟာဟောဒီလိုဖြစ်နေတာကိုတွေ့နိုင်ပါတယ်။
http://www.thadarphyu.net/joomzack/index.php?option=com_content&task=view&id=169&Itemid=1
အဲဒီလိုမျိုးဖြစ်နေတာတွေဟာ SEO(Search Engine Optimization) ဘက်ကနေကြည့်မယ် ဆိုရင်လည်း မကောင်းတဲ့ အချက်ပဲ
ဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတဲ့ URLs တွေအားလုံးကို JoomSEF component ကနေပြီး rewrite ပြန်လုပ် ပေးပါလိမ့်မယ်။ အဲဒီလိုလုပ်ပေး
လိုက်တာကြောင့် URLs တွေဟာ SEF(Search Engine Friendly) ဖြစ်သွားတဲ့အပြင် website ကိုလာဖတ်တဲ့သူတွေအတွက် လည်းဖတ်
ရမှတ်ရလွယ် သွားမှာဖြစ်ပါတယ်။ ဒီ Link နှစ်ခုကိုယှဉ်ပြီးကြည့်နိုင်ပါတယ်။
Before:
http://www.thadarphyu.net/joomzack/index.php?option=com_content&task=view&id=169&Itemid=1
After:
http://www.thadarphyu.net/joomzack/web-developer-or-designer.html
ကျွန်တော်အမြင်ပြောရရင် Joomla Default မှာဒီ Feature ကို support လုပ်ထားသင့်ပါတယ်။ ဒီဟာကို Extension
တစ်ခုအနေနဲ့ထပ်ပြီးထည့်နေရတာကိုက Joomla weak point တစ်ခုဖြစ်နေတယ်ဗျာ။ ဘာလို့လဲဆိုရင် Drupal, Wordpress တွေမှာ
ဒီ SEFက Default မှာကိုက Joomla ထက်သာနေတာကိုတွေ့ရတယ်ဗျာ။
ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ Developing Time မှာ URL ကနေ passing လုပ်တဲ့ value တွေကို မြင်နေရတော့ Trace
လိုက်ရင် ပိုပြီး အဆင်ပြေစေပါတယ်။ ဒီ URL မှာ ကြည့်မယ်ဆိုရင်ပဲ
http://www.thadarphyu.net/joomzack/index.php?option=com_content&task=view&id=169&Itemid=1
task=view&id=169&Itemid=1 အဲဒီ value တွေကို URL မြင်ထဲက ဘာလုပ်တော့မယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
ဒါပေမယ့် Web Site ကို user level ထိ launch လုပ်လိုက်ရင်တော့ user friendly ဖြစ်တဲ့ URL မျိုးနဲ့ပဲ ပြသင့်ပါတယ်။
ကျွန်တော်တွေ့ဘူးတဲ့ Joomla သုံးတဲ့မြန်မာ site တွေကဒီ SEF component တွေကိုသုံးထားတာမတွေ့ရဘူးဗျ။ ဒီ Extension
လေးကိုသုံးရင်ပိုကောင်းသွားမှာဖြစ်တယ်။ ဒါကြောင့်ကိုယ်ရဲ့ Web site ကို SEO, SEF ကောင်းတဲ့ URLs တွေဖြစ်ဖို့ဒီ Extension
ကိုသုံးဖို့တိုက်တွန်းလိုက်ပါတယ်။
ဒီ Extension ကိုသုံးရတာအရမ်းကိုလွယ်ကူပါတယ်။ ဒီ Extension ကို Developed လုပ်ထားတာကတော့ ARTIO ကနေဖြစ်ပြီးသူ့
Website မှာပဲ Download ရယူနိုင်ပါတယ်။ paid/free version နှစ်ခုရှိပါတယ်။ Free ကတင်တော်တော်အသုံးတည့်လှပါတယ်။
ပြီးတော့နောက်ကောင်းတာတစ်ခုက Joomla 1.0 နဲ့ 1.5 နှစ်ခုလုံးကို support လုပ်ပါတယ်။ ခုအချိန်မှာဒီလိုမျိုး Joomla 1.0 နဲ့ 1.5ဲ
နှစ်ခုလုံးကို support လုပ်တဲ့ Extension မျိုးကမရှိလောက်အောင်ကိုရှားပါတယ်။ ဟုတ်ပြီဗျာ ကျွန်တော်လည်း ARTIO ကို Marketing
ဆင်းပေးနေတာကြနေတာပဲ။
ဘယ်လိုသုံးတယ်ဆိုတာကိုပြောပြမယ်။
(၁) ဒီမှာ Download လုပ်လိုက်ပါ။
(၂) Administrator ကနေ၀င်ပြီး Install လုပ်ပါ။
(၃) components>>ARTIO JoomSEF ကိုသွားလိုက်ပါ။
(၄) ARTIO JoomSEF Configuration ကို click လိုက်ပါ။
(၅) Basic Configuration ထဲမှာ Enable ကို Yes လုပ်လိုက်ပါ။
ပြီးရင် save ကို click လိုက်ပါ။
(၆) ဒီအချိန်အထိ URLs တွေဟာ SEF အဖြစ်မပြောင်းသေးပါဘူး။ နောက်ဆုံးတစ်ခုပြင်ပေးရပါအုံးမယ်။ အဲဒါကတော့ Global
Configuration>>SEO ထဲမှာ Search Engine Friendly URLs ကို Yes လုပ်ပေးရပါမယ်။
ပြီးရင်တော့ save ကို click ရင်ရပါပြီ။ ပြီးရင် frant-end မှာသွားပြီး URLs တွေကိုပြောင်းမပြောင်း check လုပ်နိုင်ပါတယ်။
ဒါကတော့ဒီ Extension ကို Joomla 1.0 မှာအသုံးပြုပုံကိုရေးထားတာဖြစ်ပါတယ်။ ဒီ Extension ရဲ့တခြားပြောင်းတဲ့ Feature တွေကို
ဒီ Link မှာဆက်ပြီးဖတ်နိုင်ပါတယ်ခင်ဗျာ။
How to enable Legacy mode in Joomla 1.5
Joomla 1.5 မှာ 1.0 based legacy ဖြစ်တဲ့ component, module, plugin, template တွေကို install လုပ်ချင်တဲ့ အခါ legacy mode
ကို on ပေးရပါတယ်။ အဲဒါလေးကို မသိသေးသူများအတွက် share ချင်လို့ပါ။ ခုချိန်မှာ ဘယ်သူကမှတော့ 1.5 extensions
တွေဒီလောက်များနေချိန်မှာ 1.0 extension ကို install လုပ်မှာ မဟုတ်လောက်တော့ပေမယ် လိုအပ်ရင် ရအောင်လို့ ရေးလိုက်ပါတယ်။
Step 1> Login to Administrator panle
Step 2> Go to "Extensions" and Click to "Plugin Manager"
Step 3> Find "System Legacy" Plugin and Enable it.
Step 4> You can check is it enable or not.
အဲလိုမျိုးလေး မြင်ရမယ်ဆိုရင်တော့ legacy mode ကို on ပြီးသွားပြီ ဖြစ်ပါတယ်။
aiContactSafe(Contact Form Component) (Joomla 1.5)
ဒီကနေ့လည်း ကျွန်တော် personal site အတွတ် Contact Form လုပ်ဖို့ component လိုက်ရှာရင်း aiContactSafe ဆိုတာလေးကို သွားတွေ့တယ်။ Default ပါတဲ့ Contact Form ထက်သာတာတော့ အမှန်ပါပဲ။ ပြီးတော့ Function တွေလည်းအများကြီး အပြင် Security Image Check ကလည်း Default Feature တစ်ခု အနေနဲ့ ရှိနေပါတယ်။
ကျွန်တော်လည်း အများကြီးစမ်း မကြည့်ရသေးဘူး။ ဒီမှာ ဖတ်ပြီး download လုပ်နိုင်ပါတယ်။
Page 7 of 12
«StartPrev12345678910NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)