Joomla CMS
CKEditor (Plug-in) (Joomla 1.5)
ဒီနေ့ Joomla 1.5 အတွက် web editor တစ်ခုကိုလိုက်ရှာရင်း CKEditor ဆိုတာလေးကိုသွားတွေ့တယ်။ Default ပါတဲ့ TinyMCE
ထက်သာတယ်။ ဒီမှာ ဖတ်ပြီးတော့ Download လုပ်လုပ်ပြီး စမ်းကြည့်နိုင်ပါတယ်။
XMap(Sitemap Component) (Joomla 1.5)

ကျွန်တော် ဒီနေ့ သူငယ်ချင်းတစ်ယောက်ကို joomla based site လေးတစ်ခု ကူလုပ်ပေးရင်း sitemap
အတွက် component ကောင်းတစ်ခု တွေ့လိုက်ပါတယ်။
အဲဒါကတော့ XMap ပဲဖြစ်ပါတယ်။ 1.0 ရော၊ 1.5 အတွက်ပါရနိုင်ပါတယ်။
ဒီမှာ Download လုပ်နိုင်ပါတယ်။
Multi-language content plug-in (or) JosLong (Joomla 1.5)
ဒီ Plug-in ကတော့ ကိုယ်ရေးနေတဲ့ Content ထဲမှာ Language Switching ကို ထည့်ချင်တယ်ဆိုရင်တော့
အသုံးပြုနိုင်ပါတယ်။ ဒီ Plugin ကို အသုံးပြုရတာ အရမ်းကို ရိုးရှင်းပြီး သုံးရတာ လွယ်ကူတာကို တွေ့ ရပါတယ်။
administrator Site ကို သွားလိုက်ပါ။
1) Extensions >> Plugin Manager ကို သွားလိုက်ပါ။
2) JosLong ကို Click လိုက်ပါ။
3) ဒီနေရာမှာ Language ဘယ်နှစ်မျိုးသုံးချင်တယ်ဆိုတာကို Parameter အနေနဲ့ ထည့်ပေးရပါမယ်။
4) ပြီးရင်တော့ ဒီနေရာလေးကို သေချာဖတ်ဖို့ လိုပါတယ်။ ဆိုလိုတာကတော့ content ထဲမှာ ဟောဒီလိုလေး
ထည့်ပေးရပါမယ်။
[en] English Test[/en] -> English Text တွေကို [en]
[/en] ထဲမှာ ရေးပါ။
[mm] Myanmar Text [/mm]-> Myanmar Text တွေကို [mm] ..[/mm] ထဲမှာရေးပါ။
ပြီးရင်တော့ {Jos Long select } ဆိုတာလေးကို ထည့်ပေးရပါမယ်။
ဒီဟာလေးကတော့ Language Switching လုပ်ဖို့ အတွက် combo box လေးတစ်ခု အဖြစ်ပြောင်းပေး
သွားပါလိမ့်မယ်။
ဆိုလိုတာကတော့ ကိုယ် language switching လုပ်ချင်တဲ့ content မှာ ဒါမျိုးလေး ထည့်ပေးဖို့ပါ။
{joslang_select}
[en]English text[/en][ru]Russian text[/ru]
ပြီးရင် Front-End (or) Public Site မှာ Language Switching ထည့်ထားတဲ့ content ကို
Run ကြည့်လိုက်ပါ။ ဒီလိုလေးပေါ်လာမယ် ဆိုရင်တော့ အဆင်ပြေသွားပြီလို့ ပြောနိုင်ပါတယ်။
sh404SEF Component (Joomla 1.5 native)
ဒီ component ကတော့ Joomla CMS အဖို့ အရမ်းကို အသုံးဝင်တဲ့ component တစ်ခုပဲ
ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုရင် Joomla ရဲ့  Default အရ URL ဟာ SEO Friendly
မဖြစ်တာကို တွေ့ ရပါလိမ့်မယ်။
ဥပမာ>> Main Menu >> FAQ ကို click လိုက်မယ်ဆိုရင် URL ဟာ ဟောဒီလို ဖြစ်ပါတယ်။
http://localhost/joomla15/index.php?option=com_content&view=section&id=3&Itemid=41&lang=en
တစ်ကယ်လို့ ဒီ Component ကို install လုပ်ပြီး Enable လုပ်ပေးခဲ့မယ်ဆိုရင်တော့ URL ဟာ SEO Friendly ဖြစ်အောင်
ပြောင်းပေးသွားတာကို တွေ့ နိုင်ပါတယ်။
http://localhost/joomla15/index.php/Table/FAQs/
အခုဆိုရင် ဒီ Component ဟာ Commercial Version ကို ပြောင်းသွားပြီး ဖြစ်တဲ့အတွက် Free မရတော့ပါဘူး။
ကံကောင်းတာကတော့ Commercial Version မပြောင်းခင်မှာ ကျွန်တော် ဒီ Component ကို Download လုပ်ထားလိုက်
မိပါတယ်။ ဒီမှာ Share ထားပါတယ်။ ဒီ Component ကို သုံးမယ်ဆိုရင်တော့ sh404SEF Configuration ထဲမှာ setting
တွေကို ပြင်ပေးရပါလိမ့်မယ်။ အသေးစိတ်ကိုတော့ Install လုပ်ပြီးရင် Setting ထဲမှာ စမ်းကြည့်နိုင်ပါတယ်။
Page 8 of 12
«StartPrev12345678910NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)