Joomla CMS
Joomla 1.5 Installation Guide
ဒီ POST ကတော့ Joomla 1.5 အတွက် installation ကိုရေးထားတာ ရေးထားတာဖြစ်ပါတယ်။ ခုကျွန်တော် install
လုပ်တဲ့ version ကတော့ 1.5.15 Full Packag ပါ။ ဒီမှာ Download ရယူနိုင်ပါတယ်။ 1.0 installation guide ကိုတော့
ဒီမှာ ဖတ်နိုင်ပါတယ်။ ရှိပါတယ်။
htdocs အောက်ထဲကို joomla15 ဆိုပြီး download လုပ်ထားတဲ့ zip ကို extract လုပ်လိုက်ပါ။
Step1>>
http://localhost/joomla15/installation/index.php ကို Browser ကနေ RUN လိုက်ပါ။
ဒီအဆင့်ကတော့ Language Selection လုပ်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ Default အတိုင်းပဲပေါ့။
ပြီးရင် Next ကို Click လိုက်ပါ။
Step 2>>
ဒီအဆင့်ကတော့ Joomla Installation လုပ်ဖို့ အတွက် Install လုပ်မယ့် စက်ရဲ့ Setting တွေကို
Check လုပ်တာပဲ ဖြစ်ပါတယ်။ Next ကိုပဲ Click လိုက်ပါ။ တော်တော်များများ စက်တွေကတော့ Default နဲ့ အတိုင်းနဲ့ ပဲ
အဆင်ပြေပါတယ်။
Step3>>
ဒီအဆင့်ကတော့ License ကို Check တာ ဖြစ်ပါတယ်။ Next ကိုပဲ Click လိုက်ပါ။
Step4>>
Database ရဲ့  Setting ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။
Step5>>
ဒီအဆင့်ကလည်း FTP access အတွက် Setting ကို Check တာပဲ ဖြစ်ပါတယ်။ Default အတိုင်းပဲ ထားပြီး
Next ကို Click လိုက်ပါ။ ဒီ Setting က Hosting ထဲကနေပြီး ပြန်ပြင်လို့ ရပါတယ်။
Step6>>
Site ရဲ့  Administrator အတွက် Password, Site Name စတာတွေကို ထည့်ပေးရတဲ့ အဆင့်ဖြစ်ပါတယ်။
ဒီအဆင့်မှာပဲ တစ်ခု သတိပြုစေချင်တာကတော့ အခုလုပ်မယ့် Site က 1.0 base နဲ့ ရှိပြီးသားကို 1.5 Migrate
လုပ်ချင်တယ်ဆိုရင်တော့ အောက်မှာ ရှိနေတဲ့ Setting တွေကို ပြုပြင်ရပါမယ်။
အခုကတော့ စပြီး Install လုပ်တာဆိုတော့ အဲ့ဒါတွေ ကို ထားလိုက်လို့ ရပါတယ်။
ဒီအဆင့်မှာပဲ Sample Data တွေကို Install လုပ်ချင်တယ် ဆိုရင်တော့ "Install Sample Data" ဆိုတဲ့ Button
ကို Click လိုက်ပါ။
Step7>>
ဒီ အဆင့်ကိုရောက်ရင်တော့ Installation က အားလုံးပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီလိုပုံနဲ့ Message အနီရောင်ကို
တွေ့ ရပါလိမ့်မယ်။ သတိပြုစေချင်တာကတော့ Installation Folder ကို Delete လုပ်ပေးရမှာ ဖြစ်ပါတယ်။
အားလုံးပြီးလို့ Front-End (or) Public Site ကိုသွားလိုက်ရင် ဒီလိုမြင်ရပါမယ်။ ကျွန်တော် Setting အရကတော့
Browser မှာ http://localhost/joomla15/index.php အဲလိုရိုက် လိုက်ရင် ဟော့ဒီလို Front-End (or) Public Site
တတ်လာပါမယ်။
Administrator Site ကိုသွားချင်ရင်တော့ http://localhost/joomla15/administrator/index.php
ပေါ့ဗျာ။ login page တက်လာရင်တော့ Installation ကို အောင်မြင်စွာပြီး ဆုံးပြီး ဖြစ်ပါတယ်။
Tabbulous Module (Joomla 1.0)
ကျွန်တော် Joomla extension တွေကို ဝင်ကြည့်ရင် တွေ့လာတဲ့ Module လေးတစ်ခုကို ပြောပြချင်ပါတယ်။ ဒီ Module
လေးက သုံးရတာ တော်တော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။ ကျွန်တော် Site က "Download Center By Category"
ဆိုတာ ဒီ module လေးကို သုံးထားတာ ဖြစ်ပါတယ်။ ဒီ module name ကတော့ Tabulous Module ပါ။ ဒီ module ရဲ့
သဘောကတော့ module position တစ်ခုမှာ ရှိနေတဲ့ module တွေ အားလုံးကို tab တွေအနေနဲ့ module position
တခြားနေရာ တစ်ခုမှာ ပြန်ဖော်ပြတာ ဖြစ်ပါတယ်။ ကျွန်တော် လုပ်ထားတာ ဆိုရင် Right module position မှာ
ရှိနေတဲ့ module တွေအားလုံးကို စုစည်းပြီး user5 ဆိုတဲ့ module position မှာ tab တွေ အနေနဲ့ ပြန်ပြတာ ဖြစ်ပါတယ်။
လိုချင်တယ် ဆိုရင်တော့ ဒီ link မှာ download လုပ်နိုင်ပါတယ်။ သူတို့ Site မှာ Register လုပ်ဖို့တော့ လိုပါတယ်။
ဒီ module ကိုသုံးဖို့ ဆိုရင် အရင်ဆုံး install လုပ်လိုက်ပါ။ Install လုပ်ပြီးပြီ ဆိုရင်တော့ admin site ကနေပြီး
Modules-> Site Modules-> Tabulous Module ကိုသွားလိုက်ပါ။ Parameter ဆိုတဲ့ အောက်မှာ position
ဆိုတာလေးကို တွေ့နိုင်ပါတယ်။ ဒါကတော့ ကိုယ်တစ်စုတစ်စည်းထဲ ပြချင်တဲ့ module တွေရဲ့ position ကိုပြောတာ
ဖြစ်ပါတယ်။ ဘယ်ဟာကို ပြောမှန်း မသိရင် ဒီ အောက်က ပုံကိုကြည့်လို့ ရပါတယ်။
Details အောက်က position ကတော့ ဒီ Tabulous Module ကို ဘယ် position မှာထားမယ် ဆိုတာကို ပြောတာပါ။
ကျွန်တော် template အရ user5 ဆိုတဲ့ position ကိုရွေးထားတာ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ right position မှာ ရှိနေတဲ့ module တွေအားလုံးကို ပြန်ပြချင်တာ ဖြစ်လို့ right လို့ထည့်ထားတာ
ဖြစ်ပါတယ်။ right position မှာ ရှိနေတဲ့ module တွေကတော့ ဒါတွေပါ။
ဒီ module တွေကို tab အနေနဲ့ ပြန်ပြပေးတာဖြစ်ပါတယ်။
JSCookMenu (Joomla 1.0)
ကျွန်တော် ဒီနေ့ Joomla မှာ Menu လုပ်လို့ရတဲ့ Module တွေကို လိုက်ရှာရင် ဒီ Module လေးကိုတွေ့ ခဲ့ပါတယ်။
Module Name ကတော့ JSCookMenu ပါ။ ဒီ link မှာ ဝင်ပြီး details ဖတ်နိုင်ပါတယ်။ စမ်းဖို့ ဒေါင်း ချင်တယ်ဆိုရင် ဒီမှာ
ယူလို့ရပါတယ်။ ကိုယ့် Site မှာ create လုပ်ထားပြီးသား menu တွေကို ဒီ module ထဲကနေပြီး ပြန်ခေါ်သုံးတာပါ။
Theme လေးတွေလည်း change လို့ရပါတယ်။ Theme 4 ခုလောက်ပါပါတယ်။ (Joomla 1.0 base Module လေးပါ)
perForms Component (Joomla 1.0)
ဒီ POST မှာ picture တွေ အများကြည့် သုံးထားတဲ့ အတွက် Loading နဲနဲကြာ ပါလိမ့်မယ်။ လေ့လာချင်တဲ့သူတွေ လွယ်ကူစေဖို့ picture တွေအများကြီး သုံးထားတာဖြစ်ပါတယ်။
ဒီ component လေးကတော့ web page ပေါ်မှာ Form တစ်ခု Create လုပ်မယ်ဆိုရင် အလွန်အသုံးဝင်ပါတယ်။ ကျွန်တော်တို
့Microsoft .Net Frameworkမှာ Toolbox ထဲက Textbox, Label, Button တွေကို Drag and Drop နဲ့  Design Time မှာ မိမိရဲ့ 
Form ကို setting ချတဲ့ ပုံစံနဲ့ သဘောအတူတူပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ web site ထဲမှာ HTML Form ကို သုံးဖို့ လိုလာပြီဆိုရင်တော့ ဒီ component လေးကို သုံးမယ်ဆိုရင် အဆင်ပြေပါတယ်။
ကျွန်တော်အမြင် ပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ web site ထဲမှာ Feedback လိုမျိုးဟာတွေသုံးချင်တယ်ဆိုရင်တော့ ဒီ component လေးက
သုံးသင့်တယ်ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုရင်တော့ User က Submit ကို click လုပ်မယ်ဆိုရင် receive email ထဲကို Form ထဲက Data
တွေ Send ပေးမှာဖြစ်ပါတယ်။ ဒီ receive လုပ်မယ့် email ကို admin site ထဲမှာ setting ချပေးလို့ ရပါတယ်။ ဒီ component
လေးရဲ့ Name ကတော့ com_performs ဖြစ်ပါတယ်ဗျာ။ ဒီမှာ Download လုပ်လို့ ရပါတယ်။ ပြီးရင်တော့ admin site ထဲကနေပြီး
component လေးကို Install လုပ်လို့ ရပါတယ်။ Component Installation ကို ဒီမှာ ပြန်ဖတ်လို့ ရပါတယ်။
Page 9 of 12
«StartPrev12345678910NextEnd»Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)