Joomla 1.0 to 1.5 migration
Last Updated on Saturday, 08 May 2010 23:28 Written by Zack Saturday, 08 May 2010 21:24
Joomla 1.0 ကနေ 1.5 ကို migration လုပ်တာလေးကို share ချင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ Joomla မှာ သုံးရတာ
အဆင်မပြေဆုံး အပိုင်းကတော့ 1.0 ကနေ 1.5 ကို ရှိပြီးသား data တွေမပျောက်မပျက်နဲ့ migrate လုပ်ခြင်းပဲ ဖြစ်ပါတယ်။
content တွေ ကတော့ ရနိုင်ပေမယ့် extensions တွေကို migrate လုပ်လို့ ရနိုင်၊ မရနိုင်ဆိုတာကတော့ not sure ပါ။ ဒါအပြင်
လက်ရှိ Joomla 1.0 မှာသုံးထားတဲ့ template ကိုလည်း ပြန်ရနိုင်ဖို့ ဆိုတာလည်း not sure ပါပဲ။ ကျွန်တော် Site မှာဆိုရင်
content + extension တွေကို ရသွားပေမယ့် template ကိုတော့ migrate လုပ်မရ ခဲ့ပါဘူး။
migration လုပ်ပုံလေးကို ဆက်သွားကြရအောင်။ ဘာမှ မလုပ်ခင် Joomla 1.0 database ကို back up အရင်လုပ်လိုက်ပါ။
1) Migrator Component ကို Joomla 1.0 ထဲမှာ install လုပ်ပါ။ ဒီမှာ download ရယူနိုင်ပါတယ်။
2) Migrate SQL script ကို create လုပ်ရပါမယ်။ Components >> Migrator ကိုသွားပြီးရင် Create Migration SQL File ဆိုတဲ့
button လေးရှိတယ်ဗျာ။ အဲဒါကို click လိုက်ပါ။

ရလာတဲ့ script လေးကို Download အရင်လုပ်ထားလိုက်ပါ။
3) Joomla 1.5 ကို install လုပ်ပြီး ခုန ရထားတဲ့ migrate script ကို import လုပ်ပါမယ်။ Joomla installation ကတော့ ထုံးစံ
အတိုင်းပဲပေါ့။ သတိပြူရမှာ ကတော့ Step 6 ပဲဖြစ်ပါတယ်။

အဲဒီမှာ Load Migration Script option ကိုရွေးမယ်။ Old table prefix ကို setting အတိုင်းထဲမယ်။
Old Site encoding ကတော့ default အတိုင်းပဲ။ ခုန download လုပ်ထားတဲ့ migration script ကို browse လုပ်ပြီး ထည့်မယ်။
This script is a Joomla! 1.0 migration script. ကို select လုပ်ပေးဖို့ မမေ့ပါနဲ့။ အားလုံးပြီးရင်တော့
Upload and execute ကို click လိုက်ပါ။

တကယ်လို့ successful ဖြစ်တယ်ဆိုရင်တော့ အောက်က ပုံအတိုင်းမြင်ရရင်တော့ "Next" ကို click လိုက်ပြီး installation ကို
ဆက်လုပ်နိုင်ပါပြီ။

ဒီ အဆင့် လေးတွေကို မှန်အောင်လုပ်ပြီး ရင်တော့ Joomla 1.0 ထဲက ရှိပြီးသား content နဲ့ Joomla 1.5 ကိုရလာပါလိမ့်မယ်။
ဒီမှာတင် မပြီးသေးပါဘူး။ ကျန်နေတဲ့ extension တွေကိုလည်း migrate လုပ်ပေးမှ ပြီးပြည့် စုံပါမယ်။ Googling လုပ်တော့
extension migration တွေက အဖြေ တိတိကျကျ မရှိဘူး ဖြစ်နေတယ်။ ဒီတော့ ကျွန်တော် စဉ်းစားမိတာက extension တွေရဲ့
database design ပါပဲ။ ကျွန်တော် ကံကောင်းတယ်ပြော ရမလားပဲ သုံးထားမိတဲ့ extension တွေရဲ့ component တွေရဲ့ table
schema တွေကိုတော်တော်ကို တူနေတယ်ဗျာ။ အဲဒီတော့ ကျွန်တော်က Joomla 1.5 မှာ support လုပ်တဲ့ extension တွေကို
အရင် install လုပ်လိုက်တယ်။ ပြီးတော့ joomla 1.0 database ထဲက extension အလိုက် table တွေကို manually export လုပ်ပြီး
Joomla 1.5 ဘက်မှာ database ထဲဝင်ပြီး manually ပဲ import ပြန်လုပ်ပေးလိုက်တယ်ဗျာ။ စနစ်တော့ မကျပေမယ့် အချိန်ကုန်
သက်သာပြီး အဟောင်းထဲက data တွေ အကုန်ကို migrate လုပ်နိုင်ခဲ့ပါတယ်။
ဤနည်းဖြင့် အရင် www.thadarphyut.net မှ www.zack-notes.net ကို migration လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ တခြား migrate
လုပ်ချင်တဲ့ သူတွေလည်း ကျွန်တော် သိထားသလောက် ပြောပြပေးနိုင်ပါတယ်။
Credit to Siteground for images and ideas
-
2010-05-10 11:43:11 |SAdministrator| admin - Re: min ko
အဲဒီဟာက ကိုယ်သုံးမယ့် template မှာ module position တွေ ဘယ်လောက်ပါတယ်ဆိုတာ အရင်ကြည့်ပါ။ ပြီးရင် template folder အောက်မှာ ရှိတဲ့ index.php မှာ အဲဒီ position တွေကို layout ချထားတယ်။
layout ကို ပြင်ချင်ရင်တော့ index.php မှာပဲ လုပ်ရပါမယ်။ အဲဒီ file မှာ table မသုံးပဲ div တွေနဲပဲ ရေးတာလည်း ရှိတယ်။
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)
joomla ရဲ့ template တိုင်းမှာ articles တွေကို column တစ်ခုတည်း နဲ့ 8 row စဉ်တာ column နှစ်ခုလို ဖြစ်ဖြစ်သွားတယ်။ ဘေးက column ကဘာမှမပေါ်ဘဲ column တစ်ခုစာနေရာယူထားတယ်။ အဲဒါဘယ်လိုဖြေရှင်းရမလဲသိချင်လို့ပါ။ JA_Purity template မှာအဲဒီလိုမဖြစ်ပါ။ ကျန်တာအကုန်ဖြစ်နေပါသည်။