[X] Choose Font Here

Joomla! administration Basics (Joomla 1.0)

ဒီ Post ကအဟောင်း ဖြစ်ပါတယ်။ ဒီ post ကို ကြည့်လို့ မရလို့ ပြန်တင်ပေးပါ ဆိုပြီး comment ပေးလို့ first page ဖြစ်အောင်လုပ်လိုက်တာပါ။ တကယ်တော့ ရှိနေပါတယ်။ ကျွန်တော် ရေးပြီးသား post တွေကို မဖြတ်ပြစ်ပါဘူး။ နောက်များမှာ ရေးပြီးသား post တွေကို ရှာချင်တယ်ဆိုရင် ဘယ်ဘက် အခြမ်းက category အောက်မှာ ကြိုက်နှစ်သက်ရာ category ကိုရွေးပြီး ရှိထားပြီးသား post တွေကို ပြန်ရှာနိုင်ပါတယ်။

Joomla ရဲ့  Site Administration က နေ့ စဉ်အလိုက် Up-to-date ဖြစ်တဲ့ Content တွေကို Upload လုပ်လို့ ရတယ်။ ပြီးတော့ ကိုယ့်ရဲ့  Site ထဲမှာ ရှိနေတဲ့ Users တွေကို Management လုပ်လို့ ရတယ်။ နောက်တစ်ခုကတော့ မိမိ Site မှာ သုံးမယ့် Components တွေ၊ Modules တွေ၊ Templates တွေ ကို Install လုပ်ပေးလို့ ရတယ်။

 

 

Joomla ကို Install လုပ်ပြီးသွားတဲ့ အခါမှာ Frontend နဲ့  Backend ဆိုပြီး နှစ်ခုရပါလိမ့်မယ်။

(1) www.yoursite.com ဆိုတာကတော့ Public Site ဖြစ်ပြီး Frontend လို့် ခေါ်ပါတယ်။

(2) www.yoursite.com/administrator/ ဆိုတာကတော့ Administration Site ဖြစ်ပြီး Backend လို့ လဲခေါ်ပါတယ်။

အဲ့ဒီလို FE နဲ့ BE နှစ်ခုတွဲထားတော့ ကိုယ်က Admin Site BE မှာ ပြင်နေတဲ့ အချိန်မှာ FE ဆက်ပြီး RUN နေလို့ ရပါတယ်။

ကျွန်တော်က www.yoursite.com ဆိုပြီး ဥပမာပေးထားတာဖြစ်ပါတယ်။ တစ်ကယ်လို့  Local မှာ သုံးနေတဲ့ သူတွေကတော့ Localhost ပေါ့နော်။

Backend ကို Browse လုပ်မယ်ဆိုရင် Login Screen ကို မြင်ရမှာ ဖြစ်ပါတယ်။

Admin Login

 

 

 

 

 

 

 

 

 

 

 

အခု မြင်နေရတဲ့ Login မှာတော့ User Name က admin ဖြစ်ပြီး Password ကတော့ Installation နောက်ဆုံး Step မှာ သင်ထည့်ခဲ့တဲ့ အတိုင်း ဖြည့်ပေးရမှာဖြစ်ပါတယ်။ တစ်ကယ်လို့  admin password ကို မေ့သွားရင်တော့ Joomla Site ထဲမှာ Recover ပြန်လုပ်တဲ့ POST တစ်ခုရှိတယ်ဗျာ။ ဒီ URL မှာ ရှိတယ်။

Login ၀င်ပြီးသွားရင် အောက်မှာ မြင်ရတဲ့ အတိုင်း မြင်ရမှာ ဖြစ်ပါတယ်။

Admin Home

 



 

 

 

 

 

 

 

 

 

 

 

 

ဒီပုံကို Details ပြန်ခွဲ ကြည့်မယ်ဆိုရင် (၂) ပိုင်း ရှိပါတယ်။
(1) Menu Bar နဲ့  (2) Work Space (Control Panel) တို့ ဖြစ်ပါတယ်။

ဒါကတော့ Menu Bar ပုံဖြစ်ပါတယ်။

Menu Bar

 

 

 

ဒါကတော့ Work Space (Control Panel) ရဲ့ ပုံ ဖြစ်ပါတယ်။

Control Panel

 

 

 

 

 

 

 

 

 

 

 

 

 

Menu Bar မှာ မြင်နေရတာတွေကို တစ်ခုချင်းစီရဲ့  Function တွေကို General ရှင်းပြပါမယ်။

 

Home ကတော့ Admin Site ရဲ့ Home Page ဖြစ်ပါတယ်။

Site ရဲ့  submenu တွေကတော့ Global Configuration, Language Manages, Media Manager, Template Manager, User Manager စတဲ့ နေရာတွေကို သွားလို့ ရပါတယ်။

 

Site

 

 

 

 

 

 

 

 

Menu ကတော့ Frontend မှာပြချင်တဲ့ Menu တွေကိုဒီနေရာကနေ Create လုပ်နိုင်ပါတယ်။

Menu

 

 

 

 

 

 

 

 

Content ကတော့ မိမိ Site မှာရှိတဲ့ Content တွေကို Add/Update , Delete/Edit လုပ်ချင်တယ် ဆိုရင်တော့ ဒီကနေ သွားပါတယ်။

Content

 

 

 

 

 

 

 

 

 

 

 

 

Components ကတော့ မိမိ Site ထဲမှာ သုံးထားတဲ့ Components တွေ အားလုံးကို ဒီကနေ သွားလို့ ရပါတယ်။

Components

 

 

 

 

 

 

 

 

 

 

 

Modules ကလည်း မိမိ Site မှာ သုံးထားတဲ့ Modules တွေအားလုံးကို Access လုပ်ချင်တယ် ဆိုရင် ဒီကနေ သွားပါတယ်။

Modules

 

 

 

 

 

Mambots ကတော့ တစ်ချို့ သော Advance ဖြစ်တဲ့ Feature တွေကို သုံးချင်တယ်ဆိုရင် ဒီကနေ Control လုပ်ပါတယ်။

 

Mambots

 

 

 

 

 

Installers ကတော့ မိမိ Site ထဲမှာ သုံးချင်တဲ့ Components တွေ၊ Modules တွေ၊ Templates တွေ ကို Install လုပ်ချင်တယ်ဆိုရင် ဒီကနေ လုပ်ရပါတယ်။

 

Installer

 

 

 

 

 

 

 

 

 

 

Messages ကတော့ မိမိ Site ကို ၀င်လာတဲ့ Messages တွေကို ကြည့်လို့ ရပါတယ်။

Messages

 

 

 

 

 

 

System ကတော့ Version အသစ်ကို Check တာတို့  System Info ကြည့်တာတို့ Checkout ထွက်ထားတဲ့ဟာတွေကို Checkin ပြန်ဝင်တာတို့  အတွက် သုံးပါတယ်။

 

System

 

 

 

 

 

ဒါတွေကတော့ Joomla admin site မှာရှိတဲ့ Menu တစ်ခုချင်းဆီရဲ့ General အလုပ်လုပ်ပုံဖြစ်ပါတယ်။

Comments (22)
  • samurai  - Joomla administration basic

    Joomla administration basic ကိုရေးပေးထားတာ တော်တော်လေးအကျိုးရှိ ပါတယ်။

  • white  - ကျေးဇူး&

    Thank u very much for ur knowledge sharing.
    :)

  • haymarmin  - installer ကိုမေƛ

    control pannel ထဲမွာ installer ကိုမေတြ ့ပါ။
    joomla 1.5.10 ကိုသံုးတာပ ါ။

  • admin  - RE: haymarmin

    Joomla 1.0 နဲ့ 1.5 က admin site မှာ user interface ကွာပါတယ် ခင်ဗျာ။ ကျွန်တော်ေ ရးထားတာက Joomla 1.0 version ကိုပါ။
    Joomla 1.5 ကိုသုံးတာဆိုရင်တော့ Extension အောက်မှာပါ ။
    Extensions->Install/Uninstall ဆိုပြီး ရှိပါတယ်။

  • ko Linn  - good site

    thanks for web developer
    I like to do as you and
    pls share to your experienced knowledges.

    friendly,
    Linn

  • yan  - how to go admin in current existing website

    hi,
    bro,
    I want to know how to go admin for current existing www.kinetics.co.th. Please type sample to me. Thz...

  • yan  - OK for admin

    hi, bro
    OK for admin.

  • yan  - How to add menu into site

    hi,
    bro ,
    please guide me how to add submenu in to main Menu.. In this submenu
    I want to add video file. please explain me in detail cos my brain is blunt. :)

  • admin  - Re: Yan

    Please check it out this video that is adding content and menu creation sample.
    http://www.thadarphyu.net/joomzack/index.php?option=com_content&task=v iew&id=167&Itemid=48

  • admin  - Re: Yan

    Hi,
    Do you want to use video file like that from my site? If like this you need to install "PlayerFLVPro" plugin and then need to type like this in the content to load this flv file.
    eg;
    {playerflv}relativePathToFlashFile|width|height|bgcolor|autostart{/pla yerflv}
    Note: Firstly you need to upload FLV file from FTP to "mambots/content/playerflv"

  • yan  - please explain me how to upload FLV .

    hi
    bro,
    FTP နဲ. FLV ကို upload လုပ်ပုံလေး ကို instruct
    ပေးစေလိုပါ တယ်...ဘယ်ကနေ စလုပ်ရတယ်ဆိုတာကိုပါ... အားနာပါတယ် bro...

  • admin  - Re: yan

    Very Easy Bro.
    FileZilla ကနေပြီး FTP user name, password ကိုသုံးပြီး connect လုပ်ပြီးရင် Server ပေါ်က ကိုယ်ထည့်ချင် folder ကို FileZilla ကနေသွားပါ။
    ပြီးရင် Drag and Drop နဲ့ပဲ local ကနေ server ပေါ်ကို တင် လိုက်ရုံပါ ပဲ။

  • yan  - finished flv upload bro...

    hi,
    bro,
    I finished flv download and want to know about
    "{playerflv}relativePathToFlashFile|width|height|bgcolor|autostart {/playerflv}"
    ပထမဆုံ့း ဒီ step ကို ဘယ်ကနေ လုပ်ရတယ်ဆိုတာကိုပါ... thanks ...
    bro site က လို video file ပုံစံ ထည်.ချင်တာပ ;ါ..
ူုMenu ကို video ဆိုပြီးထား မှာပါ ... Video menu ကို click လိုက်ရင် video file တက် လာ ပြီး play စေချင်တာပါ . အကို video file လိုပါဘဲ....

  • admin  - Re: yan

    Hi yan,
    ကျွန်တော် Site မှာ သုံးထားတာက 1.5 native မဟုတ်ဘူး။ ပြီးတော့ ခုဆိုရင် Extension ထဲမှာလည်း ရှာလို့ မရတော့ဘူး။ မပူနဲ့ ဒီ Plugin ကို အစားထိုးပြီး သုံးလို့ရတ ယ်။
    ကျွန်တော် ဒီ Extension ရဲ့ Guide ကိုဖတ်ကြည့်ပြီးပါပြီ ။ သူ Documentation လေးကို တစ်ချက်ဖတ် လိုက်ပါ။
    http://extensions.joomla.org/extensions/multimedia/video-players-a-gal lery/812

  • yan  - What do I need to do?

    hi,
    bro , now I want to upload the Video file.
    My doing procedure is component/expose/managealbum/album manager/login/
    and then I upload the Video file...
    I saw this error "could not communicate to server"
    what does it mean? pls explain me . thz bor..

  • yan  - anything wrong before upload?

    hi,
    bro ,
    before upload , what do I need to do the video file...
    thz,bro

  • admin  - Re: Yan

    Hi Bro,
    I think you didn't read their documentation carefully because they already explain about where to upload.
    Please read again at here.
    http://www.joomlaworks.gr/content/view/35/41/

    I also don't know details about it because currently i am not using this plugin but I know that it will be support to your requirement.

    Cheer!!!

  • searcher  - "Disconnected from server

    ဟိုင်း
    အကို
    filezilla မှာ local ကနေ server ကို drag and drop နဲ. တင်တယ် ...file transfer successful ဖြစ်တယ် ...but "Disconnected from server " ပြောနေတယ် ... ဘာဖြစ်တာလဲ ရှင်းပြပေး ပါဦး ကျေးဇူးတင် ပါတယ် အကို

  • KKH  - administration problem

    administration login မှာ username password
    မှန်ရဲ့  သားနဲ့ administration login page ပဲပြန်
    ပေါ်ပေါ်လာတယ်
    ဘာလို့လဲ

  • admin  - Re: KKH

    front end ကနေ ဝင်ရင်ရော ရလား?? အရင် စစ်ကြည့်ပါ ။ information အကုန်မှန်ြ ပီး ဝင်မရရင်တော့ php မှာ session ကို save လုပ်တဲ့ folder ရှိတယ်။ အဲဒီ folder ကိုရှိမရှိ စစ်ကြည့်လိုက်ပါ။

  • myoaung  - Recover Password

    http://www.zack-notes.net/joomzack15/forum.joomla.org/index.php/top ic.10985.0.html

    လင့်ခ်ပျက်နေလို့

  • admin  - Re: myoaung

    ko myoaung ရေ ကျွန်တော် domain name ပြောင်းလိုက်လို့ အရင် ဘာ post လဲဆိုတာလေး သိပါရစေ။ အဲဒီ link ကိုကြည့်ပြီး အရင်ဘာ post လဲဆိုတာ စဉ်းစား မရတော့ဘူး :(

Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
:D:angry::angry-red::evil::idea::love::x:no-comments::ooo::pirate::?::(
:sleep::););)):0
Security
Please input the anti-spam code that you can read in the image.

Login Form

Categories Table View

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch