Joomla Front End (Joomla 1.0)
Last Updated on Thursday, 02 September 2010 12:22 Written by Zack Tuesday, 30 September 2008 07:22
Joomla မှာ Front End နဲ့  Back End ဆိုပြီး (၂) ခု ရှိတယ်ဗျာ။ Front End မှာ ပြချင်တာတွေ အားလုံးကို Admin Site ကနေပြီး Setting ချပေးလို့ ရတယ်။ အခု ကျွန်တော် Front End ရှိတဲ့ဟာတွေကို အရင်ဆုံး ရှင်းပြပါမယ်။
Joomla 1.0.xx Version ကို Install လုပ်ခဲ့မယ်ဆိုရင် Front End ကို အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရမှာ ဖြစ်ပါတယ်။
အခုအထက်မှာ မြင်ရတဲ့ ပုံမှာဆိုရင် Joomla ရဲ့ Default Setting အရ လုပ်ထားတဲ့ Home Page ကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီ Home Page မှာ ဆိုရင် Menu Bar ရှိတယ်။ ဘယ်ဟာက Menu Bar လဲ ဆိုရင် အောက်ကပုံလေးကို ကြည့်လိုက်ပါ။ Menu Bar ကို Top Menu လို့ လဲခေါ်နိုင်ပါတယ်။
နောက်တစ်ခုက ဘယ်ဘက်မှာ Main Menu ဆိုပြီ မြင်ရပါလိမ့်မယ်။ အဲ့ဒါကတော့ mod_mainmenu ကို Module Position ရဲ့  Left မှာ ထားထားတာဖြစ်ပါတယ်။
တစ်ကယ်တော့ Top Menu နဲ့  Main Menu တို့ ဟာ အမျိုးအစားချင်း အတူတူဘဲ ဖြစ်ပါတယ်။ Position ကွာနေတာ တစ်ခုပါပဲ။ အဲ့ဒီ Menu တွေကို Admin Site ကနေ Create လုပ်ထားတာဖြစ်ပါတယ်။ Admin Site အကြောင်းရေးတော့မှ အသေးစိတ် ရှင်းပြပါမယ်။
OK! နောက်တစ်ခု ဆက်သွားကြရအောင် နောက်တစ်ခုကတော့ Module တွေပါဘဲ။ Joomla မှာ ကိုယ် Choose လုပ်ထားတဲ့ Template ပေါ်မှာ မူတည်ပြီး Module တွေကို Position လိုက်ချပေးလို့ ရတယ်ဗျာ။ "Latest News" , "POPULAR" ဆိုတာတွေဟာ Module တွေဘဲ ဖြစ်ပါတယ်။
ပြီးတော့ ညာဘက်အပေါ်ထိပ်က "Search" နဲ့  "News Flash" ဆိုတာတွေဟာလည်း Modules တွေဘဲ ဖြစ်ပါတယ်။
ညာဘက်အောက်က Polls ဆိုတာဟာလည်း Default ပါတဲ့ Module တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ "Open Source Matters" ဆိုတာဟာလည်း Module တစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ mod_banners ကို သုံးထားတာဖြစ်ပါတယ်။ ဒါတွေ အားလုံးဟာ Default Setting အရ Home Page မှာ မြင်နေမယ့် Module တွေဘဲ ဖြစ်ပါတယ်။ တစ်ကယ်လို့ ကိုယ်က ဖျောက်ပစ်ချင်တယ်ဆိုရင် Admin Site ကနေပြီး Unpublish လုပ်ပေးလိုက်ရုံပါပဲ။
ကျန်တာတွေကတော့ Content Data တွေပဲ ဖြစ်ပါတယ်။ Content တွေကို လုပ်မယ်ဆိုရင်တော့ Sections, Categories & Content Item တွေရဲ့ Relationship ကို သိထားရင် အလွယ်လေးပါဗျာ။
ဒီ Relation ကို သိချင်တယ် ဆိုရင်တော့ ဒီ POST လေးမှာ ပြန်ပြီး ဖတ်လိုက်ပါ။ နိဂုံးချုပ် ပြန်ပြောရရင်တော့ Joomla Front End မှာ Module + Content Item တွေပဲ ရှိပါတယ်။ ကိုယ်က ကိုယ့်ရဲ့ Website ကို User Friendly ဖြစ်အောင် လုပ်ချင်တယ်ဆိုရင် ကိုယ် Choose လုပ်ထားတဲ့ Template ထဲက Module Position တွေကို ကြည့်ပြီး Module တွေကို နေရာချထားဖို့ လိုပါတယ်။
ဒီလောက်ဆိုရင် Joomla Front End ကို သိလောက်ပြီ ထင်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီ Front End မှာ ရှိတာတွေကို Admin Site ကနေ ဘယ်လို လုပ်တယ်ဆိုတာ ဆက်ပြောပြပါမယ်။ မရှင်းတာရှိရင် Forum မှာ ၀င်မေးလို့ လည်းရပါတယ်။
-
Bad karma: we can't find that page!
You asked for http://www.something.com/administrator/index.php, but despite our computers looking very hard, we could not find it. What happened ?
* the link you clicked to arrive here has a typo in it
* or somehow we removed that page, or gave it another name
* or, quite unlikely for sure, maybe you typed it yourself and there was a little mistake ?It's not the end of everything though : you may be interested in the following pages on our site:
* Corporate/index.php
* Article/index.php
* Free/index.php
* index.phpအကိုရေ ဒါကိုဘယ်လိုရှင်းရမလဲဗျာ ကူညီပေးပါဦး.........Community Builder ကို သုံးထားပါတယ်
| < Prev | Next > |
|---|
Latest Post
Login Form
Categories Table View
- Reader's Conner (103)
- PHP (45)
- Joomla CMS (36)
- Codeigniter (10)
- jQuery (6)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)


how nice...it is .....