Joomla 1.5 Zawgyi Font Embed Plugin
Written by Zack
World Cup Final ကိုကြည့်ဖို့ စောင့်ရင်း ဖတ်စရာအကြွေးတင်နေတာတွေကို ထိုင်ဖတ်လိုက်တာ ကိုစေတန် (SaturnGod) ရေးထားတဲ့
Zawgyi Embed for WordPress ကိုဖတ်ပြီး code ကိုကြည့်လိုက်တော့ ဒီလို plugin မျိုးကို Joomla မှာလည်း system plugin အနေနဲ့
ရေးလို့ရတယ် ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် Joomla 1.5 သုံးတဲ့ Site တွေအားလုံးမှာ ဒီ plugin ကို install လုပ်ပြီး သုံးမယ်ဆိုရင်
Client Computer မှာ font မရှိလည်း မြန်မာလို မြင်ရမှာ ဖြစ်ပါတယ်။ Logic ကတော့ အတူတူပါပဲ Joomla Coding Style နဲ့ ပြန်ရေးထား
တာဖြစ်ပါတယ်။ Android, iPhone , iPodTouch, iPad တွေအတွက် စမ်းမကြည့်ရသေးပါဘူး။ ကျွန်တော် iPhone ကလည်း jailbreak
လုပ်ပြီးသားမို့ နဂိုထဲက ဇော်ဂျီမြင်ရပြီးသားပါ။ ဒါကြောင့် Android, iPhone , iPodTouch, iPad တွေကနေမမြင်ရရင် feedback လေးပြန်
ပေးပါ။ ကျွန်တော် coding ပြန်ပြင်ပြီး version upgrade လုပ်ပေးပါမယ်။ အသုံးပြုပုံကတော့ တခြား plugin တွေအသုံးပုံအတိုင်းပါပဲ။
1) Extensions >> Install/Uninstall ကနေ plg_zawgyifont.zip ကို install လုပ်ပါ။
2) ပြီးရင် Extensions >> Plugin Manager ကိုသွားပြီး system ကို filter ကိုလုပ်လိုက်ရင် Zawgyi Font Plugin ကိုတွေ့ရပါမယ်။
Enable လုပ်ပေးလိုက်မယ်ဆိုရင် ရပါပြီ။ first version က ipod/iphone ပေါ်မှာ အလုပ်မလုပ်လို့ coding နဲနဲလေး ပြောင်းပြီ version
upgrade လုပ်လိုက်ပါတယ်။ ဒီ plugin ကို သုံးချင်သူများ readme.txt ကိုအရင် ဖတ်ပြီးမှ install လုပ်ပါ။ ခုဒီ version ကို ipod OS4
ပေါ်မှာ စမ်းကြည့်တာ အလုပ်လုပ်ပါတယ်။
Download Link : http://www.zack-notes.net/download/unzip_first.zip
ဒီနေရာမှာ Download လုပ်ပြီး သုံးကြည့်နိုင်ပါတယ် ခင်ဗျာ။ Mobile တွေကနေ အဆင်ပြေမပြေ ဆိုတဲ့ feedback တွေကိုတော့
လိုချင်ပါတယ်။ လုပ်မယ့်သာ လုပ်လိုက်တာ ဇော်ဂျီရှိနေပြီးသာ စက်တွေက အတော်များသာရယ် 
ကျွန်တော် Site ကို Zawgyi Font မရှိသော computer ကနေ IE, Firefox တို့နဲ့ စမ်းကြည့် ထားပါတယ်။
Jailbreak မလုပ်ထားသော iPhone 3Gs Safari မှ ကြည့်သော အခါ မြင်ရပုံ
-
2010-07-14 12:44:53 |SAdministrator| admin - Re: အမည်မသိ
ဟုတ်အကြံပေးတာ ကျေးဇူးပါ။ issue တစ်ခုက font တွေကို path နဲ့ ပေးဖတ်ရင် iPod/iPhone မှာ အလုပ်လုပ် မလုပ်လို့ root folder အောက်ကို ထည့်လိုက်ရတယ်။ ဒါပေမယ့် plugin ကို admin panel ကနေ install လုပ်တော့ font တွေကို root folder အောက်ထဲ တန်းဝင်အောင်လုပ်ဖို့ အဆင်မပြေပြန်ဘူး။ ဒါကြောင့် ခုလက်ရှိ သုံးလို့ရပြီး အဆင်ပြေနိုင်ဆုံးနည်းကို ရွေးထားတာပါ။ ခုနဲနဲပြင်ထားတယ်။ plugin install လုပ်ရင် font တွေကို auto upload မလုပ်တော့ဘူး ပြီးမှ root folder အောက်ကို manual ပြန်ထည့်ပေးရမယ်။ ကျွန်တော် နည်းလမ်းရှာပြီး version upgrade ထပ်လုပ်ပါမယ်။
-
2010-08-01 12:49:18 |119.31.121.xxx| မောင်မိုး - ကူညီပါ
ကို Zack ပြောတဲ့အတိုင်း J1.5 မှာ အဆင့်ဆင့်လုပ်ဆောင်ပြီးပါပြီ။ ဒါပေမယ့် မြန်မာလို မပေါ်ပါ။ အဲဒါနဲ့ system filter အောက်မှာ ရှိတဲ့ plugin တွေအားလုံးကို Enable လုပ်ကြည့်လိုက်ပါတယ်။ ဒါပေမယ့် မရဘူးဗျာ။ အကြံပေးပါဦး။
-
အကို ..ကျနော် အစ်ကိုပြောသလို.. joomla 1.5မှာ.. plg_zawgyifont.zip ကို install လုပ်တယ်..ဒါပေမယ့်...မြန်မာလို မပေါ်သေးဘူးဖြစ်နေတယ်..
coding ထဲမှာ ပြင်ရသေးလား..
-
2010-08-02 16:56:30 |SAdministrator| admin - Re:
ဟုတ်.. ညီအကိုတို့ရေ ကျွန်တော် reply လုပ်တာ နောက်ကြတာ တောင်းပန်တယ်။ ဒီ weekend မှာ အလုပ်ပုံနေလို့ ဖြတ်နေရလို့ဗျို့။ Coding ပြင်စရာ မလိုပါ။ plugin ကို install လုပ်ပြီး font တွေကို FTP ကနေ root folder အောက်ထဲပေးလိုက်ရင် ရပြီဗျ။ readme ကိုရောဖတ်ကြည့် သေးလား?
-
2010-08-04 11:56:54 |119.31.121.xxx| မောင်မိုး
Read Me ကိုတော့ ဖတ်ကြည့်လိုက်တယ်.. သာမန်ကာလျှံကာလောက်ပဲ။ အခု ကို Zack ပြောတဲ့အတိုင်း ပြန်လုပ်ကြည့်တော့ ရသွားပါပြီ။ ကျေးဇူးပါဗျာ။
-
2010-08-23 12:58:44 |110.77.143.xxx| ညီညီ
အကိုခင်ဗျား ။။ Joomla ကိုစတင်လေ့လာနေသူပါ .. အခုမြန်မာလိုရေးမပေါ်တဲ့အတွက် လိုက်ရှာတာ ဒါလေးဖတ်ဖြစ်ပါတယ် .. ကျွန်တော်လိုက်လုပ်ကြည့်တာ မရဘူးဖြစ်နေတယ် .. ဘာလိုလဲအားရင်လမ်းညွှန်ပေးပါလား ခင်ဗျာ .. htdocs ထဲက configuration.php ရှိတဲ့နေရာမှာ Fonts တွေ Upload လုပ်လိုက်ပါတယ် .. ပြီးတော့ အကိုပေးတဲ့ plugin ကိုအင်စတောလုပ်ပါတယ် .. ပြီး Enable လုပ်ပါတယ် .. ဒါပေမယ့် မရဘူးဖြစ်နေတယ် .. အားရင်ပြောပြပေးပါ .. အကိုရေ
-
2010-08-23 13:29:57 |SAdministrator| admin - Re: ညီညီ
Site က online ဆိုရင် link ပေး၊ ဘယ်လိုဖြစ်နေလဲ ဆိုတာ သိချင်လို့။ ပြောတဲ့ အတိုင်းဆိုရင် step ကတော့မှန် နေတယ်ဗျ။
-
2010-08-23 13:02:02 |110.77.143.xxx| ညီညီ
အခုသုံးထားတဲ့ Joomla က V1.5.20 ဖြစ်ပါတယ် .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
-
2010-08-23 15:09:46 |110.77.143.xxx| ညီညီ
အကိုရေ .. ရပြီဗျ .. ဗားရှင်းပြန်ပြောင်းလိုက်တယ် .. အရင်အတိုင်းပဲ ပြန်လုပ်လိုက်တယ် .. အဆင်ပြေတယ်ခင်ဗျ ..
ဒီပိုစ့်အတွက် ကျေးဇူးပဲဗျို့ .. နောင်လည်း လာလာကြည့်မယ်ဗျာ .. နည်းလမ်းတွေ များများမျှဝေနိုင်ပါစေခင်ဗျာ..
| < Prev | Next > |
|---|
Latest Post
Login Form
Categories Table View
- Reader's Conner (103)
- PHP (45)
- Joomla CMS (36)
- Codeigniter (10)
- jQuery (6)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)



zawgyifont.xml မှ /font ကို ဖြုတ်ပီး font ဖိုင်များကို ပါ plugin zip ဖိုင်တွင်းထည့် လျင် ပိုမိုကောင်းမည်ထင်ပါသည်။