perForms Component (Joomla 1.0)
Last Updated on Saturday, 04 September 2010 21:54 Written by Zack Tuesday, 18 November 2008 15:41
ဒီ POST မှာ picture တွေ အများကြည့် သုံးထားတဲ့ အတွက် Loading နဲနဲကြာ ပါလိမ့်မယ်။ လေ့လာချင်တဲ့သူတွေ လွယ်ကူစေဖို့ picture တွေအများကြီး သုံးထားတာဖြစ်ပါတယ်။
ဒီ component လေးကတော့ web page ပေါ်မှာ Form တစ်ခု Create လုပ်မယ်ဆိုရင် အလွန်အသုံးဝင်ပါတယ်။ ကျွန်တော်တို
့Microsoft .Net Frameworkမှာ Toolbox ထဲက Textbox, Label, Button တွေကို Drag and Drop နဲ့  Design Time မှာ မိမိရဲ့ 
Form ကို setting ချတဲ့ ပုံစံနဲ့ သဘောအတူတူပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ web site ထဲမှာ HTML Form ကို သုံးဖို့ လိုလာပြီဆိုရင်တော့ ဒီ component လေးကို သုံးမယ်ဆိုရင် အဆင်ပြေပါတယ်။
ကျွန်တော်အမြင် ပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ web site ထဲမှာ Feedback လိုမျိုးဟာတွေသုံးချင်တယ်ဆိုရင်တော့ ဒီ component လေးက
သုံးသင့်တယ်ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုရင်တော့ User က Submit ကို click လုပ်မယ်ဆိုရင် receive email ထဲကို Form ထဲက Data
တွေ Send ပေးမှာဖြစ်ပါတယ်။ ဒီ receive လုပ်မယ့် email ကို admin site ထဲမှာ setting ချပေးလို့ ရပါတယ်။ ဒီ component
လေးရဲ့ Name ကတော့ com_performs ဖြစ်ပါတယ်ဗျာ။ ဒီမှာ Download လုပ်လို့ ရပါတယ်။ ပြီးရင်တော့ admin site ထဲကနေပြီး
component လေးကို Install လုပ်လို့ ရပါတယ်။ Component Installation ကို ဒီမှာ ပြန်ဖတ်လို့ ရပါတယ်။
1) Components->perForms ကိုသွားလိုက်ပါ။

2) ပုံမှာ ပြထားတဲ့အတိုင်း New ကို Click ပြီး Form အသစ်တစ်ခုကို Create လုပ်လိုက်ပါ။

3) Form Create လုပ်တဲ့ နေရာမှာ သတိထားရမယ့် နေရာတွေကို ပုံထဲမှာ ကြည့်နိုင်ပါတယ်။ ကွင်းဝိုင်းပြ ထားပါတယ်။
အောက်က ပုံလေးကတော့ Form Submit လုပ်ရင် Redirect လုပ်မယ့် Page ကို setting လုပ်ပေးတာ ဖြစ်ပါတယ်။

4) Save ကို Click လိုက်ပါ။

5) Form ရဲ့ element တွေကို ထည့်ချင်တယ် ဆိုရင်တော့ အခု list မှာ Form's check box ကို select လုပ်ပြီး "Item" button ကို Click လိုက်ပါ။


6) အထဲကို ရောက်ပြီး ဆိုရင်တော့ "New Item" ကို Click လိုက်ပါ။

7) ကျွန်တော် sample အရဆိုရင် Feedback Form လုပ်မှာဖြစ်တဲ့ အတွက် Subject ဆိုတဲ့ textbox ကိုအရင် Create လုပ်ပါမယ်။ ပုံမှာ ပြထားတဲ့ အတိုင်း Type နေရာမှာ Text ကို ရွေးရပါမယ်။ ကိုယ် create လုပ်ချင်တဲ့ control ပေါ်မှာ မူတည်ပြီး Type ကိုရွေး ရမှာ ဖြစ်ပါတယ်။

ညာဘက် အခြမ်းမှာ Tab ၃ ခု ရှိပါတယ်။
ဒါကတော့ Display Tab ဖြစ်ပါတယ်။ ကိုယ် create လုပ်တဲ့ element က blank ကို လက်မခံ ဘူးဆိုရင်တော့ Required ဆိုတဲ့ နေရာမှာ "Yes" ကိုပေးရပါမယ်။

ဒါကတော့ Value Tab ဖြစ်ပါတယ်။ တကယ်လို့ radio button ဟာမျိုး လုပ်မယ် ဆိုရင်တော့ ဒီ Tab မှာ လိုအပ်တဲ့ value တွေကို
ထည့်ပေးရ ပါမယ်။ radio button လုပ်တဲ့ အခါ တွေ့ပါလိမ့်မယ်။

ဒါကတော့ Format Tab ဖြစ်ပါတယ်။ user က input လုပ်တဲ့ data တွေကို ပြန်ပြတဲ့ နေရာမှာ ဘယ်လို Format နဲ့ ပြမယ် ဆိုတာကို
Setting ချပေးတဲ့ Tab ဖြစ်ပါတယ်။

အားလုံး ပြီးရင်တော့ save button ကို click လိုက်ပါ။
8) နောက် element တခုက textarea ကို create လုပ်မှာ ဖြစ်ပါတယ်။

ဒါကတော့ textarea ဆိုရင် row နဲ့ cols ကို ထည့်ပေး ရပါတယ်။

9) နောက်ဆုံး တစ်ခုကတော့ Radio button ကို create လုပ်မှာ ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့ အတိုင်း Type ကို Radio ရွေးပေး ပြီး value tab မှာ radio button မှာပြ ချင်တဲ့ data တွေကို setting ချပေးလို့ ရပါတယ်။


10) အားလုံးပြီးသွားလို့ ပြန်ကြည့်ချင်တယ် ဆိုရင်တော့ Preview ကို Click လိုက်ပါ။

ok တယ်ဆိုရင်တော့ Close ကို click လိုက်ပါ။
11) Form ကို Submit လုပ်ရင် email send ချင်တယ် ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်း setting ချပေးလို့ ရပါတယ်။
Form Name ကို click လုပ်ပြီး E-Mails Tab ထဲမှာ အောက်မှာ ပြထားတဲ့ အတိုင်း ထည့်ပေးရပါမယ်။

12) User Submit လုပ်တဲ့ Data တွေကို table ထဲမှာ သိမ်းချင်တယ် ဆိုရင်တော့ Form Name က check box ကို select လုပ်ပြီး
"Data" button ကို Click လုပ်လိုက်ပါ။

ပြီးရင် "Binding" button ကို click လိုက်ပါ။

Store လုပ်ချင်တဲ့ table name ကို ပေးရ မှာ ဖြစ်ပါတယ်။

ပြီးရင်တော့ "Save" ကို Click လိုက်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်း Form ကနေပြီး pass လုပ်လိုက်တဲ့ data တွေအားလုံးကို store လုပ်မယ့် table ကိုမြင်ရပါလိမ့်မယ်။

ကိုယ် Create လုပ်ထားတဲ့ Form ကို Front-End ကနေဘယ်လို ပြန်ခေါ်တယ်ဆိုတာ ဆက်ပြောပါမယ်။
13) create လုပ် ထားတဲ့ Form ကိုပြန်ခေါ်ဖို့ Menu တခုကို လုပ်ပေးရပါမယ်။
Menu->ကိုယ်လုပ်ချင်တဲ့ Menu ကို Click လိုက်ပါ။ပြီရင် Menu Items တွေကို မြင်ရပါလိမ့်မယ်။ "New" ကို Click လိုက်ပါ။ ခုမြင်နေရတဲ့
Page မှာ Menu Type ကို "Link-Url" ကို Click လိုက်ပါ။
14) ဒီ Page မှာ သတိထားရမှာ ကတော့ link ဆိုတဲ့ နေရာဖြစ်ပါတယ်။
ကျွန်တော်တို့ Form create လုပ်ပြီး ချိန်မှာ ရလာတဲ့ link ကိုထည့် ပေးရမှာ ဖြစ်ပါတယ်။
Parent item: ကတော့ ဘယ် Menu အောက်မှာ ထည့်ချင် တယ်ဆိုတာကို ပြောတာ ဖြစ်ပါတယ်။
Access Level: ကတော့ ကိုယ်ရဲ့ requirement အတိုင်း သင့်တော်သလို ပေးပေါ့။
အားလုံးပြီး ရင်တော့ "Save" လုပ်လိုက်ပါ။
15) ပြီးရင်တော့ Front-End ကနေပြီး ကိုယ် create လုပ်ထားတဲ့ Form ကို သွားခေါ်ကြည့်လို့ ရပါတယ်။
ဒါကတော့ com_perForms အကြောင်းလေး ပြီးပါပြီ။ ကျွန်တော်ရေးတာ မရှင်းရင် ပြန်မေးလို့ ရပါတယ်။
-
2009-05-26 16:32:01 |SAdministrator| admin - Re: dnhmmster
ဟုတ်ပါတယ် ကျွန်တော့ careless ပါ။ ခုလိုပြောေ ပးတာ ကျေးဇူးပါ။ ကျွန်တော် link ထည့်လိုက်ပါပြီ။ ကျွန်တော် example က performs 2.4 version နော်။
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)
အကိုရေပေး) 13;ားတဲ့download linkအလုပ်မလုပ 153;ဘူးဖြစ်နေ 112;ယ်။