30+ PHP Best Practices for Beginners (1)
Written by Zack Sunday, 25 July 2010 14:25
ကျွန်တော် nettuts မှာ "30+ PHP Best Practices for Beginners" ဆိုတဲ့ article တစ်ခုကိုဖတ်လိုက် ရတယ်။ ဒါကြောင့် အားလုံး
လဲသိသွား ရအောင် ပြန်လည်ဝေမျှ လိုက်ပါတယ်။ ကြိုပြီး ပြောထားချင်တာ တစ်ခုက author ရေးထားတဲ့ အတိုင်း ဘာသာပြန်ရေးရင်
ထောက်နေလို့ ဖတ်လို့ အဆင်ပြေစေရန် အနည်းငယ် ပြင်ပြီး ရေးလိုက်ပါတယ်။
1. Befriend the PHP Manual
PHP Developer သမားတိုင်း အတွက် အကောင်းဆုံး reference လုပ်နိုင်တဲ့ php.net က officially လုပ်ပေးထားတဲ့ manual ပဲဖြစ်
ပါတယ်။ PHP မှာ သုံးနေတဲ့ function တိုင်းရဲ့ manual usage ကို အဲဒီမှာ ဖတ်နိုင်ပါတယ်။ ဒီ manual ကိုဖတ်မယ် ဆိုရင်တော့ အောက်
ကပေးထားတဲ့ comment တွေကိုလည်း သေချာ ဖတ်ကြည့်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ကြုံနေရတဲ့ ပြသနာက တခြားသူ တစ်ယောက်
ကြုံပြီးသား ဆိုရင်အောက်က comment တွေမှာရှိနိုင်တယ်။ အနီးစပ်ဆုံးကတော့ PHP 5.3 Deprecated ဖြစ်တဲ့ functions တွေမှာ ရှိနေတဲ့
အောက်က comment တွေက အဖိုးတန်တယ်။ Download လုပ်ပြီး ဖတ်ချင်ရင်တော့ http://php.net/download-docs.php
2. Turn on Error Reporting
ကျွန်တော်တို့ coding ရေးနေတဲ့ development time မှာ Error Reporting တွေကို On ပြီးရေးသင့်တယ်လို့ သူကဆိုပါတယ်။ ဟုတ်ပါတယ်
ဒါမှ ကိုယ်ရေးတဲ့ program ထဲမှာ ရှိနေတဲ့ errors တွေ၊ bugs တွေ၊ warning တွေကို deployment မလုပ်ခင်ရှင်း သင့်ပါတယ်။ PHP ရဲ့
error reporting မှာ ERROR ကိုပြမှာလား? WARNING ကိုပြမှာလား? NOTICE ကိုပြမှာလား? ဆိုပြီး အဆင့်တွေရှိပေမယ့်
error_reporting(E_ALL); ON ဆိုရင်တော့ ရှိသမျှ PHP Errors တွေအားလုံးကို မြင်ရမှာ ဖြစ်ပါတယ်။ Error Reporting Manual ကို
ဒီ link မှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒီ Error Reporting တွေကို php.ini ထဲမှာလည်း config လုပ်နိုင်တယ်ဗျ။ ကျွန်တော်ကတော့ php.ini
ထဲမှာပဲ လုပ်လေ့ရှိပါတယ်။ အရေးကြီးတာက production မှာ live သွားတော့မယ် ဆိုရင်တော့ ဒီ Error Reporting တွေကို OFF ပြန်လုပ်
ပေးဖို့ တော့လိုပါတယ်။
3. Try an IDE
Author က IDE တစ်ခုခုနဲ့ ရေးသင့်တယ်လို့ ပြောသော်လည်း စစချင်းမှာ IDE သုံးပြီးရေးမယ်ဆိုရင် function name မှတ်စရာ မလိုတော့ပဲ
အပျင်းကြီးသွားနိုင် တယ်လို့ ကျွန်တော် မြင်ပါတယ်။ IDE တွေကတော့ syntax highlighting, code completion, error warnings,
re-factoring (reworking) features တွေရလို့ coding ရေးရတာ ပိုပြီးလွယ်ကူ မြန်ဆန်ပါတယ်။ နာမည်ကြီး IDE တွေရဲ့ Feature တွေကို
ဒီ link မှာ ဆက်ဖတ်နိုင်ပါတယ်။ ကျွန်တော် အကြံပြုချင်တာ ကတော့ Advanced Text Editor တွေကိုလည်း သုံးကြည့်သင့်ပါတယ်။
4. Try a PHP Framework
PHP Framework တွေကိုသုံးမယ် ဆိုရင်တော့ မြန်မြန်ဆန်ဆန်နဲ့ application တစ်ခုကို လုပ်နိုင်ပါတယ်။ နာမည်ကြီး PHP Framework
တွေကတော့ Codeigniter, CakePHP, Symfony, Zend ဖြစ်ပြီး ကိုယ်နဲ့သင့်တော်မယ် ထင်တာကို ရွေးချယ်သုံးနိုင်ပါတယ်။ ဒီ link မှာ
ကြည့်မယ် ဆိုရင်တော့ PHP Framework တွေရဲ့ List တွေကို မြင်ရပါမယ်။ Beginner တွေအနေနဲ့ ကတော့ Framework ပေါ်မှာ မရေး
သင့်သေးဘူးလို့ ထင်ပါတယ်။ Framework တွေကိုစပြီး လုပ်ချင်သူတွေကို ကျွန်တော် အကြံပြုချင်တာကတော့ Codeigniter ဟာစရတာ
လွယ်ပါလိမ့်မယ်။
5. Learn the DRY Approach
DRY ဆိုတာကတော့ Don’t Repeat Yourself ပဲဖြစ်ပါတယ်။ ကျွန်တော်လည်း ဒီအခေါ်အဝေါ်ကို ဒီ article ကိုဖတ်လိုက်တော့မှ သိသွား
တာဖြစ်ပါတယ်။ PHP မှ မဟုတ်ပဲ တခြားဘယ် Programming Languages မှာ မဆို code တွေဟာ DRY Approach ဖြစ်ဖို့၊ redundant
code တွေမဖြစ်ဖို့ကို ရှောင်ကြဉ်သောက်သင့်ပါတယ်။ DRY Approach ကိုတော့ ဒီမှာ ဆက်ဖတ်ကြည့်နိုင်ပါတယ်။
http://en.wikipedia.org/wiki/Don't_repeat_yourself
http://www.artima.com/intv/dry.html
6. Indent Code and Use White Space for Readability
ဟုတ်ပါတယ် coding ရေးတဲ့အခါ ညီညာတဲ့ Indent တွေ၊ White Space တွေနဲ့ဆိုရင်တော့ နောက်ပိုင်း ပြန်ပြီး maintain လုပ်ရတာလဲ
အဆင်ပြေရပါတယ်။တကယ်လို့ IDE တွေသုံးမယ် ဆိုရင်တော့ alignment တွေ auto adjust လုပ်ပေးတဲ့ အတွက် ရေးရတာ ပိုကောင်း
ပါတယ်။ Author ကတော့ Indent Code and Use White Space မရှိတဲ့ Coding တွေကို Jackson Pollock painting နဲ့ ခိုင်းနှိုင်းကာ
ပြောသွားပါတယ်။ Jackson Pollock paintingဆိုတာကို ဗဟုသုတ အနေနဲ့ ကြည့်လို့ရအောင် အောက်မှာ ထည့်ပေးထားပါတယ်။



7. “Tier” your Code
Coding ထဲမှာ HTML ဆိုရင် HTML သက်သက်၊ JS ဆိုရင် JS သက်သက်၊ PHP Code ဆိုရင် PHP Code သက်သက် Tier တွေခွဲထား
သင့်ပါတယ်။ Tier တွေဘယ်လို့ခွဲထုတ်လဲ ဆိုတာကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။ ကျွန်တော်လည်း အဲဒီ article ကိုပြန်ရေးဖို့ အစီအစဉ်
ရှိပါတယ်။
8. Always Use <?php ?>
PHP မှာ <? echo "Hello world"; ?>
<?="Hello world"; ?>
စသည်ဖြင့် ရိုက်နိုင်ပေမယ့် author ကတော့ အမြဲတမ်း <?php ?> ထည့်ပေး သင့်တယ်လို့ ဆိုပါတယ်။ ကျွန်တော် အတွေ့အကြုံအရ
short tag တွေကို on ထားမှ အပေါ်မှာပြထားတဲ့ code တွေက အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒီမှာတော့ short open tag အကြောင်းရေး
ထားတာ ရှိပါတယ်။ <?php ?> လို့ရေးရင်တော့ open tag ဘာပဲဖြစ်နေဖြစ်နေ အလုပ်လုပ်မှာ ဖြစ်တာကြောင့် author က standard
အနေနဲ့ ပြောတာ ဖြစ်ပါလိမ့်မယ်။
9. Use Meaningful, Consistent Naming Conventions
Variable name, Class Name, function name, object name တွေကို အမည်ပေးတဲ့ အခါ အဓိပ္ပါယ်ရှိသော name တွေကိုသာ ပေးသင့်
ပါတယ်။ ဒါမှကိုယ့် code ကိုကိုယ်ပဲ ပြန်ဖတ်ဖတ် သူများပဲလာဖတ်ဖတ် အလွယ်တကူ နားလည်နိုင်မှာ ဖြစ်ပါတယ်။
10. Comment, Comment, Comment
ကိုယ့် code ကိုနောက်တချိန် ကိုယ့်ဟာကိုယ်ပဲ ပြန်ဖတ်ဖတ်၊ သူများက ဆက်ပြီး maintain လုပ်ဖို့ ဖတ်ဖတ် indent တွေ၊ white space တွေ
အပြင်အရေးကြီးတဲ့ နေရာတွေမှာ comment တွေရှိနေမယ်ဆိုရင် အရမ်းကိုကောင်ပါတယ်။ ဒါကြောင့် စနစ်တကျ comment ပေးတတ်တဲ့
အကျင့်လေးကို လုပ်သင့်ပါတယ်။ ဘယ် programming languages မှာမဆို စနစ်တကျ သန့်သန့် ရှင်းရှင်း ရေးတတ်တာ အလွန်ကောင်းမွန်တဲ့
အကျင့်ပဲ ဖြစ်ပါတယ်။ကျွန်တော်လည်း ပျင်းလာရင် ဖြစ်စေ၊ dead line အရမ်နီးလာရင် ဖြစ်စေ code တွေကို dirty ဖြစ်အောင်ရေးတက်တဲ့
အကျင့်ကို ပြင်ဖို့ ဒီ article ကိုရေးရင် သတိဝင်လာပါတယ်။ စုစုပေါင်း ၃၂ ချက်ရှိပေမယ့် ဒီ post မှာတော့ ဒီလောက်နဲ့ပဲ ခဏရပ်ချင်ပါတယ်။
| < Prev | Next > |
|---|
Latest Post
- An Error Was Encountered The action you have requested is not allowed.
- Your security preferences allow installation of only apps from the Mac App Store and identified developers.
- DhammaHive v1.1 is available at Google Play
- Sorry
- Unable to execute dex: Java heap space Java heap space
- Why always select Page 1 at CodeIgniter Pagination?
- Paypal Integration in Titanium
- Animation in Android
- Marquee in Android
- Disable Babylon Search from FireFox New Tab
Categories Table View
- Reader's Conner (143)
- PHP (49)
- Joomla CMS (48)
- Mobile Development (32)
- Codeigniter (21)
- iDhamma (13)
- jQuery (12)
- DhammaDroid (6)
- PHP & AJAX (4)
- For Mac (4)
- Apache (3)
- Titanium (3)
- mySQL (2)
- DhammaHive (2)