[X] Choose Font Here

30+ PHP Best Practices for Beginners (2)

ပထမ ၁၀ ချက်ကို ဒီမှာ ဖတ်နိုင်ပါတယ်။ အရှည်ကြီးရေးလိုက်ရင် ဖတ်ရတာ ပျင်းသွားပြီး ခေါင်းထဲမဝင်မှာ စိုးတာရယ်၊ အချိန်သိပ်

မရတာရယ်ကြောင့် 30+ PHP Best Practices for Beginners ဆိုတဲ့ ထဲက နောက်ထပ် ၁၀ ချက်ကို ဆက်ရေးပါမယ်။

 

11. Install MAMP/WAMP

PHP Application တစ်ခုရေးတဲ့ အခါ လိုအပ်တဲ့ environment တွေဖြစ်တဲ့ Apache Web Server, PHP, MySQL တွေကို package လုပ်ထားတဲ့

MAMP (Mac) or WAMP (Windows) တွေကို ကျွမ်းကျွမ်း ကျင်ကျင် အသုံးပြု တတ်သင့်ပါတယ်။ MAMP / WAMP က install လုပ်ပြီးတာနဲ့

configuration လုပ်ပေးစရာမလိုပဲ သုံးနိုင်တဲ့ အတွက် တစ်ခုချင်း install လုပ်ပြီး သုံးတာထတ် စာရင်တော့ လွယ်ကူစေတာ အမှန်ပါပဲ။

ကျွန်တော်ကတော့ MySQL ကို SQLyog နဲ့ သုံးရတာ ပိုကြိုက်ပါတယ်။ ဒါပေမယ့် Mac အတွက် မရလို့ သုံးချင်တယ် ဆိုရင် wine ကနေ install

လုပ်ပြီး configuration တွေပြန်လုပ်ပြီး သုံးရတာ ဖြစ်လို့ သိပ်မလွယ်ပါ။


12. Give your Scripts Limits

Program နဲ့  errors / bugs တွေဟာ ခေါင်းနဲ့ပန်းလို ခွဲမရတဲ့ အရာပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့က real time မှာ ကိုယ့်ရေးထားတဲ့

codeကို safe ဖြစ်အောင်လုပ်ထားဖို့ လိုပါတယ်။  အဲဒီအတွက် PHP မှာ script တစ်ခုကို Time Limit ပေးပြီး run နိုင်ပါတယ်။ များသော

အားဖြင့်ကတော့ infinite loops တွေ၊ database တွေမှာ Time Limit ပေးထားခဲ့ မယ်ဆိုရင် သတ်မှတ်ထားချိန်ထိ respond မရရင် fatal error

ပြပေးလိုက်ခြင်းအားဖြင့် loading ပုံစံမျိုးနဲ့ ဟမ်းနေတာမျိုး မဖြစ်စေပါဘူး။ default max execution time ကတော့ 30 second ဖြစ်ပြီး

ကိုယ်ဟာကို Time Limit ပေးချင်တယ် ဆိုရင် ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

 

13. Use Objects (or OOP)

OOP က software engineering မှာ အသုံးဝင်တဲ့ Technique တစ်ခုဖြစ်တယ် ဆိုတာ  အားလုံးလဲသိပါတယ်။ OOP ကိုသာလိုက်နာမယ်

ဆိုရင် program ထဲမှာ code repetition ဖြစ်တာတွေ၊ နောင်တစ်ချိန်မှာ modify အလွယ်တကူ လုပ်နိုင်ဖို့ reusable ဖြစ်တာတွေ၊ logical

sections တွေအနေနဲ့ ခွဲထုတ်ထားတာတွေ၊ စတဲ့စတဲ့ Feature တွေကြောင့် OOP က နာမည်ကြီးပါတယ်။ ဒါကြောင့် author ကတော့ OOP

ကိုသုံးသင့်တယ်လို့ ဆိုပါတယ်။


14. Knowledge of the difference between Single and Double Quotes

PHP ရဲ့ string သုံးတဲ့အခါမှာ single (or) double quotes တွေကိုသုံးတာ အားလုံး သတိထားမိမှာပါ။ အဲ့လိုနေရာတွေမှာ မြန်နိုင်မယ်ဆိုရင်

single quote တွေကိုသုံးဖို့ author  က suggest လုပ်သွားတာတွေ့ရပါတယ်။ Usage of single Vs double quotes တော့ ဒီမှာ

ဖတ်နိုင်ပါတယ်။
 

15. Don’t put phpinfo() in your webroot

ကျွန်တော်တို့ Developing လုပ်နေတုန်းမှာ phpinfo() ကို ရိုက်ထားတာတွေ ရှိနေရင် Security Issue အရ  Delete လုပ်ခဲ့ဖို့ Author က

သတိပေးပါတယ်။

 

16. Never, Ever Trust Your Users

ကိုယ့် Page တွေက user input တွေကို လက်ခံရတာမျိုး ဆိုရင် input data တွေကို process မလုပ်ခင် validation သေချာစစ်ဆေး

သင့်ပါတယ်။ ဒီနေရာမှာ XSS attack, SQL Injection attack စတာတွေကို ထည့်သွင်းပြီး ကိုယ့် code ကို cover ဖြစ်အောင်လုပ်ထား

သင့်ပါတယ်။

 

17. Store Passwords with Encryption

Password တွေကို database ထဲသိမ်းဆည်းတဲ့ အခါ encrypt လုပ်ပြီး သိမ်းဖို့ လိုပါတယ်။ PHP မှာ တော့ md5 ကို password encryption

အတွက် သုံးပါတယ်။

 

18. Use Database Visualization Design Tools

Database Application တွေရေးတဲ့ အခါ ကိုယ့် application အတွက် လိုအပ်တဲ့ database diagram တွေ၊ table relationship တွေ၊

index & foreign ချိတ်ခြင်း စတာတွေ အားလုံးကို MySQL Workbench ကိုသုံးမယ် ဆိုရင်လွယ် ကူတာတွေ့ ရပါတယ်။ ဒါကြောင့် author က

Visualization Design Tools တွေကို သုံးတတ်ဖို့ အကြံပြုသွား ပါတယ်။


19. Use Output Buffering

Author က Output Buffering ကိုသုံးခြင်းအားဖြင့် ကိုယ့် script ရဲ့ performance ကိုပိုကောင်း စေတယ်လို့ ဆိုတာဗျာ။ ကျွန်တော်ကတော့ ဒီ

output buffer နဲ့ပတ်သက်လို့သိထားတာလေး တစ်ခု share ချင်ပါတယ်။ ဒီလိုမျိုး session_start() ကိုရေးထားမယ်ဆိုရင်

<?php
echo "hello<br>";
session_start();
echo "world<br>";
?>

Warning: session_start() [function.session-start]: Cannot send session cache limiter - headers already sent

ဆိုတဲ့ warning message ကိုတွေ့ ရမယ်ဗျာ။  ဒီလိုမျိုး output buffer ကိုသုံးလိုက်မယ် ဆိုရင်တော့

<?php
ob_start();
echo "hello<br>";
session_start();
echo "world<br>";
ob_end_flush();
?>

အဲဒီ message ကြီး မမြင်ရတော့ ပါဘူး။

20. SQL Injection

SQL Injection ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ ဒီမှာ ရေးခဲ့ဖူး ပါတယ်။ ဖတ်ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်။ ဒါကြောင့်

SQL Injection ကိုကာကွယ်ဖို့ mysql_real_escape_string ကိုသုံးဖို့ လိုပါတယ်။

နောက်ထပ် ၁၂ ချက်ကျန်ပါသေးတယ်။ ခုတော့ Program လေးရေးစရာ ရှိလို့ ခဏနားပါဦးမည်။

Comments (2)
  • Abon Oo

    အစ်ကို MAMP / WAMP အလုပ်လုပ်ပုံ ။ ဘယ်လို install လုပ်ရမယ် ။ အားသာချက်တွေရယ်ကို ရှင်းပြပေးပါအုံး။ အစ်ကို့ ဆိုက် က အ၇မ်းပညာရတာပဲ။ အဘွန်တော့ ဒီနေ့မပြီးရင် နောက်နေ့လို လာဖတ်တယ်။ ဒါတောင် မကုန်သေးဘူး ။ အချိန်လုပြီး ဖတ်ရတာဆို တော့ ။ ဟိုဟာလဲ ဖတ်ချင် ဒီဟာလဲ မှတ်ချင်နဲ့။ :)

  • admin  - Re: Abon

    Hi Abon,

    Thanks you for reading my article.
    You may watch from Youtube because it is better than my writing. :)
    I hope these 2 links will be helped you.
    http://www.youtube.com/watch?v=wlFo66ws47w
    http://www.youtube.com/watch?v=He3AFcGjUmw

    Keep Hope Alive!

Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
:D:angry::angry-red::evil::idea::love::x:no-comments::ooo::pirate::?::(
:sleep::););)):0
Security
Please input the anti-spam code that you can read in the image.

Login Form

Categories Table View

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch