Array In PHP
Last Updated on Saturday, 15 November 2008 17:13 Written by Zack Wednesday, 17 September 2008 09:45
Array ဆိုတဲ့ သဘောတရားကတော့ Variable Name တစ်ခုထဲမှာ တစ်ခု (သို့ ) တစ်ခုထက်ပိုတဲ့ အရေအတွက်ရှိတဲ့ Value တွေကို Store
လုပ်ချင်ရင်
သုံးပါတယ်။Array
တစ်ခုထဲမှာ
ရှိနေတဲ့ Element
တိုင်းမှာ
သူတို့ ရဲ့ ကိုယ်ပိုင် ID
တွေ ရှိနေတဲ့
အတွက် Access
လုပ်ဖို့ ပို
လွယ်ကူပါတယ်။
PHP မှာ Array Type (3) ခု ရှိတယ်ဗျာ။
- Numeric Array - Array ထဲမှာ ရှိတဲ့ Element တွေရဲ့ Key တွေအားလုံးကို Numeric တွေနဲ့ ပဲ ကိုယ်စားပြုတာကြောင့် Numeric Array လို့ ပြောတာဖြစ်ပါတယ်။
Eg,
$name=array(KoKo ,MgMg, Thiha);
$name ဆို Array ထဲကို ID Key တွေကို Auto Assign လုပ်ပေးသွားပါလိမ့်မယ်။သဘောကတော့
$name[0]=KoKo;
$name[1]=MgMg;
$name[2]=Thiha;
- Associative Array - Array ထဲမှာရှိတဲ့ Element ID Key တွေတိုင်းမှာ သက်ဆိုင်တဲ့ Value တစ်ခုရှိတယ်။
Eg,
$ages=array(KoKo=> 20, MgMg=>25, Thiha=>30);
သဘောကတော့ KoKo, MgMg, Thiha ဆိုတဲ့ Array ရဲ့  Element Key တွေတိုင်းမှာ သက်ဆိုင်တဲ့ Value တစ်ခုစီ
ရှိနေတာကို ပြောတဲ့သဘော ဖြစ်ပါတယ်။ဒီလို ကြည့်မယ်ဆိုရင်လည်း ရတယ်ဗျာ
$ages[KoKo]=20;
$ages[MgMg]=25;
$ages[Thiha]=30;
မိမိဘာသာ Array ရဲ့  Element ID တွေကို သတ်မှတ်လိုက်တဲ့ သဘောလည်းဖြစ်ပါတယ်
- Multi Dimensional Array - ဒီ Array ရဲ့ သဘောကတော့ Element တိုင်းဟာ နောက်ထက် Array တစ်ခုကို Create လုပ်လို့ ရတဲ့ သဘောပါ။
Eg,
$families=array
(
KoKo=>array
( Thida,
LinLin,
Thuzar,
),
MgMg=>array
(ZawZaw,
NyiNyi,
),
);
ပြောရမယ်ဆိုရင် KoKo ဆိုတဲ့ Element ကနေ နောက်ထပ် Array တစ်ခုကို ပြန်ဆောက်လိုက်တဲ့
သဘောပါ။ KoKo ရဲ့ Family Number တွေကို Array ထဲ မှာ ထည့်ထားတဲ့ သဘောလည်း ဖြစ်ပါတယ်။
Output ပြန်ရိုက်ပြချင်တယ်ဆိုရင်တော့။
echo $families [KoKo][2]; ဆိုပြီးရိုက်ရပါတယ်။
Multi Dimensional Array ကို Joomla Soruce Code ထဲမှာ တော်တော်သုံးထားတာကို တွေ့ ရတယ်။တော်တော်လေး
အသုံးဝင်တာကိုလည်း တွေ့ ရတယ်။ဒီလောက်ဆိုရင် Array ကို အကြမ်းဖျင်းအားဖြင့် သဘောပေါက်မယ်လို့ ထင်ပါတယ်။
တခြား PHP Post တွေအားလုံး ကို နှစ်သက်ရာ ရွေးဖတ် ချင်တယ်ဆိုရင် ဒီ Link လေးကို Click လိုက်ပါ။
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)