[X] Choose Font Here

PHP

30+ PHP Best Practices for Beginners (2)

ပထမ ၁၀ ချက်ကို ဒီမှာ ဖတ်နိုင်ပါတယ်။ အရှည်ကြီးရေးလိုက်ရင် ဖတ်ရတာ ပျင်းသွားပြီး ခေါင်းထဲမဝင်မှာ စိုးတာရယ်၊ အချိန်သိပ်

မရတာရယ်ကြောင့် 30+ PHP Best Practices for Beginners ဆိုတဲ့ ထဲက နောက်ထပ် ၁၀ ချက်ကို ဆက်ရေးပါမယ်။

 

11. Install MAMP/WAMP

PHP Application တစ်ခုရေးတဲ့ အခါ လိုအပ်တဲ့ environment တွေဖြစ်တဲ့ Apache Web Server, PHP, MySQL တွေကို package လုပ်ထားတဲ့

MAMP (Mac) or WAMP (Windows) တွေကို ကျွမ်းကျွမ်း ကျင်ကျင် အသုံးပြု တတ်သင့်ပါတယ်။ MAMP / WAMP က install လုပ်ပြီးတာနဲ့

configuration လုပ်ပေးစရာမလိုပဲ သုံးနိုင်တဲ့ အတွက် တစ်ခုချင်း install လုပ်ပြီး သုံးတာထတ် စာရင်တော့ လွယ်ကူစေတာ အမှန်ပါပဲ။

ကျွန်တော်ကတော့ MySQL ကို SQLyog နဲ့ သုံးရတာ ပိုကြိုက်ပါတယ်။ ဒါပေမယ့် Mac အတွက် မရလို့ သုံးချင်တယ် ဆိုရင် wine ကနေ install

လုပ်ပြီး configuration တွေပြန်လုပ်ပြီး သုံးရတာ ဖြစ်လို့ သိပ်မလွယ်ပါ။


12. Give your Scripts Limits

Program နဲ့  errors / bugs တွေဟာ ခေါင်းနဲ့ပန်းလို ခွဲမရတဲ့ အရာပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့က real time မှာ ကိုယ့်ရေးထားတဲ့

codeကို safe ဖြစ်အောင်လုပ်ထားဖို့ လိုပါတယ်။  အဲဒီအတွက် PHP မှာ script တစ်ခုကို Time Limit ပေးပြီး run နိုင်ပါတယ်။ များသော

အားဖြင့်ကတော့ infinite loops တွေ၊ database တွေမှာ Time Limit ပေးထားခဲ့ မယ်ဆိုရင် သတ်မှတ်ထားချိန်ထိ respond မရရင် fatal error

ပြပေးလိုက်ခြင်းအားဖြင့် loading ပုံစံမျိုးနဲ့ ဟမ်းနေတာမျိုး မဖြစ်စေပါဘူး။ default max execution time ကတော့ 30 second ဖြစ်ပြီး

ကိုယ်ဟာကို Time Limit ပေးချင်တယ် ဆိုရင် ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

 

13. Use Objects (or OOP)

OOP က software engineering မှာ အသုံးဝင်တဲ့ Technique တစ်ခုဖြစ်တယ် ဆိုတာ  အားလုံးလဲသိပါတယ်။ OOP ကိုသာလိုက်နာမယ်

ဆိုရင် program ထဲမှာ code repetition ဖြစ်တာတွေ၊ နောင်တစ်ချိန်မှာ modify အလွယ်တကူ လုပ်နိုင်ဖို့ reusable ဖြစ်တာတွေ၊ logical

sections တွေအနေနဲ့ ခွဲထုတ်ထားတာတွေ၊ စတဲ့စတဲ့ Feature တွေကြောင့် OOP က နာမည်ကြီးပါတယ်။ ဒါကြောင့် author ကတော့ OOP

ကိုသုံးသင့်တယ်လို့ ဆိုပါတယ်။


14. Knowledge of the difference between Single and Double Quotes

PHP ရဲ့ string သုံးတဲ့အခါမှာ single (or) double quotes တွေကိုသုံးတာ အားလုံး သတိထားမိမှာပါ။ အဲ့လိုနေရာတွေမှာ မြန်နိုင်မယ်ဆိုရင်

single quote တွေကိုသုံးဖို့ author  က suggest လုပ်သွားတာတွေ့ရပါတယ်။ Usage of single Vs double quotes တော့ ဒီမှာ

ဖတ်နိုင်ပါတယ်။
 

15. Don’t put phpinfo() in your webroot

ကျွန်တော်တို့ Developing လုပ်နေတုန်းမှာ phpinfo() ကို ရိုက်ထားတာတွေ ရှိနေရင် Security Issue အရ  Delete လုပ်ခဲ့ဖို့ Author က

သတိပေးပါတယ်။

 

16. Never, Ever Trust Your Users

ကိုယ့် Page တွေက user input တွေကို လက်ခံရတာမျိုး ဆိုရင် input data တွေကို process မလုပ်ခင် validation သေချာစစ်ဆေး

သင့်ပါတယ်။ ဒီနေရာမှာ XSS attack, SQL Injection attack စတာတွေကို ထည့်သွင်းပြီး ကိုယ့် code ကို cover ဖြစ်အောင်လုပ်ထား

သင့်ပါတယ်။

 

17. Store Passwords with Encryption

Password တွေကို database ထဲသိမ်းဆည်းတဲ့ အခါ encrypt လုပ်ပြီး သိမ်းဖို့ လိုပါတယ်။ PHP မှာ တော့ md5 ကို password encryption

အတွက် သုံးပါတယ်။

 

18. Use Database Visualization Design Tools

Database Application တွေရေးတဲ့ အခါ ကိုယ့် application အတွက် လိုအပ်တဲ့ database diagram တွေ၊ table relationship တွေ၊

index & foreign ချိတ်ခြင်း စတာတွေ အားလုံးကို MySQL Workbench ကိုသုံးမယ် ဆိုရင်လွယ် ကူတာတွေ့ ရပါတယ်။ ဒါကြောင့် author က

Visualization Design Tools တွေကို သုံးတတ်ဖို့ အကြံပြုသွား ပါတယ်။


19. Use Output Buffering

Author က Output Buffering ကိုသုံးခြင်းအားဖြင့် ကိုယ့် script ရဲ့ performance ကိုပိုကောင်း စေတယ်လို့ ဆိုတာဗျာ။ ကျွန်တော်ကတော့ ဒီ

output buffer နဲ့ပတ်သက်လို့သိထားတာလေး တစ်ခု share ချင်ပါတယ်။ ဒီလိုမျိုး session_start() ကိုရေးထားမယ်ဆိုရင်

<?php
echo "hello<br>";
session_start();
echo "world<br>";
?>

Warning: session_start() [function.session-start]: Cannot send session cache limiter - headers already sent

ဆိုတဲ့ warning message ကိုတွေ့ ရမယ်ဗျာ။  ဒီလိုမျိုး output buffer ကိုသုံးလိုက်မယ် ဆိုရင်တော့

<?php
ob_start();
echo "hello<br>";
session_start();
echo "world<br>";
ob_end_flush();
?>

အဲဒီ message ကြီး မမြင်ရတော့ ပါဘူး။

20. SQL Injection

SQL Injection ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ ဒီမှာ ရေးခဲ့ဖူး ပါတယ်။ ဖတ်ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်။ ဒါကြောင့်

SQL Injection ကိုကာကွယ်ဖို့ mysql_real_escape_string ကိုသုံးဖို့ လိုပါတယ်။

နောက်ထပ် ၁၂ ချက်ကျန်ပါသေးတယ်။ ခုတော့ Program လေးရေးစရာ ရှိလို့ ခဏနားပါဦးမည်။

 

Facebook Application and data privacy

ခုရက်ပိုင်း facebook ပေါ်မှာ « LOST IN VAL SINESTRA » ဆိုတဲ့ application ကိုသုံးပြီးတော့ movie အတိုလေး တစ်ခုကို

ကိုယ်တိုင်ပါဝင် နေရသလိုမျိုး ဖန်တီးလို့ ရနိုင်တာ တွေ့ရပါတယ်။ သူလုပ်ထားတဲ့ ဇတ်လမ်း ဇတ်ကွက် အနိမ့် အမြင် ကပီပြင်နေ

တာကြောင့်  မျောပါမှန်း မသိအောင်ကို  တစ်ခဏတာ မျောပါသွားပါတယ်။  ဆင်ထားတဲ့ ဇတ်လမ်းက သည်းထိပ်ရင်ဖို အကြောင်းလေး

ဖြစ်တာကြောင့်လဲ ပါတာပေါ့လေ။ ဇတ်လမ်း အကြောင်းအများကြီးတော့ မပြောပြချင်ဘူး။ စိတ်ဝင်စားရင် ကိုယ်တိုင် ဖန်တီးပြီး ကြည့်နိုင်ပါတယ်။



ကျွန်တော် ဒီ movie လေးကိုကြည့်ပြီးသွားတော့ စဉ်းစားမိတာက သူကိုယ့်ဆီက data တွေဘယ်လောက်ရသွားလဲ ဆိုတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့  application ကိုဝင်တဲ့ အခါ "Request For Permission" ကိုတောင်းတာ သတိထားမိပါလိမ့်မယ်။


Coding ကနေကြည့်မယ် ဆိုရင် ဟော့ဒီလို Facebook API ကိုသုံးပြီး ကိုယ့် data တွေကို ကိုယ့် Friend မဟုတ်ပဲ ရသွားနိုင်ပါတယ်။

$url = $facebook->getLoginUrl(array(  
    'req_perms' => 'email,user_birthday,status_update,publish_stream,user_photos,user_videos'  
));


လိုချင်တာကို comma လေးတွေထည့်ပြီး Fields ဘယ်လောက်များများ ယူလို့ရတယ် ဆိုတာ ဒီမှာ ကြည့်နိုင်တယ်ဗျာ။
 
ဒါအပြင် အဲဒီ application ကနေကိုယ့် Wall ပေါ်ကိုလည်း ရေးချင်တယ်ဆိုရင်လည်း ဒီလိုလေး ရေးလိုက်တာနဲ့ ရပါတယ်။

$facebook->api('/'.$uid.'/feed', 'post', array(
'message' => 'The message',
'name' => 'The name',
'description' => 'The description',
'caption' => 'The caption',
'picture' => 'your image url',
'link' => your url'
));

ကျွန်တော် ဒီ POST မှာ users authentication အကြောင်း၊ Facebook connect အကြောင်းကို ရေးမှာ မဟုတ်လို့coding တွေအ ကြောင်း

အများကြီး ဆက်မရေးတော့ပါဘူး။ ကျွန်တော် အမြင်ကတော့ Facebook ပေါ်မှာ application တွေက အများကြီး ရှိနေတာ ဆိုတော့

ကိုယ့်အတွက် တကယ်လည်း အသုံးမတဲ့ ဟိုလိုလို ဒီလိုလို application တွေကို ဝင်တော့မယ် ဆိုရင်တော့ ကိုယ့် privacy data အတွက် အရင်

စဉ်းစား စေချင်ပါတယ်။ ကျွန်တော် ဆိုလိုတာက application တွေကို ပုတ်ခက်ပြီး ကောင်းတယ် မကောင်းဘူး ပြောချင်တာ မဟုတ်ပဲ ကိုယ့်

privacy data ကိုချင့်ချိန်ဖို့ အကြံပြုခြင်း သက်သက် ဖြစ်ပါတယ်။



 

30+ PHP Best Practices for Beginners (1)

Sunday, 25 July 2010 14:25

ကျွန်တော် nettuts မှာ "30+ PHP Best Practices for Beginners" ဆိုတဲ့ article တစ်ခုကိုဖတ်လိုက် ရတယ်။ ဒါကြောင့် အားလုံး

လဲသိသွား  ရအောင် ပြန်လည်ဝေမျှ လိုက်ပါတယ်။  ကြိုပြီး ပြောထားချင်တာ တစ်ခုက author  ရေးထားတဲ့ အတိုင်း ဘာသာပြန်ရေးရင်

ထာက်နေလို့ ဖတ်လို့ အဆင်ပြေစေရန် အနည်းငယ် ပြင်ပြီး ရေးလိုက်ပါတယ်။

1. Befriend the PHP Manual

PHP Developer သမားတိုင်း အတွက် အကောင်းဆုံး reference  လုပ်နိုင်တဲ့ php.net က officially  လုပ်ပေးထားတဲ့ manual ပဲဖြစ်

ပါတယ်။ PHP မှာ သုံးနေတဲ့ function တိုင်းရဲ့ manual usage ကို အဲဒီမှာ ဖတ်နိုင်ပါတယ်။ ဒီ manual ကိုဖတ်မယ် ဆိုရင်တော့ အောက်

ကပေးထားတဲ့ comment တွေကိုလည်း သေချာ ဖတ်ကြည့်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ကြုံနေရတဲ့ ပြသနာက တခြားသူ တစ်ယောက်

ကြုံပြီးသား ဆိုရင်အောက်က comment တွေမှာရှိနိုင်တယ်။ အနီးစပ်ဆုံးကတော့ PHP 5.3 Deprecated ဖြစ်တဲ့ functions တွေမှာ ရှိနေတဲ့

အောက်က comment တွေက အဖိုးတန်တယ်။ Download လုပ်ပြီး ဖတ်ချင်ရင်တော့

http://php.net/download-docs.php



2. Turn on Error Reporting

ကျွန်တော်တို့ coding ရေးနေတဲ့ development time မှာ Error Reporting တွေကို On ပြီးရေးသင့်တယ်လို့ သူကဆိုပါတယ်။ ဟုတ်ပါတယ်

ဒါမှ  ကိုယ်ရေးတဲ့ program ထဲမှာ  ရှိနေတဲ့ errors တွေ၊ bugs တွေ၊ warning တွေကို  deployment မလုပ်ခင်ရှင်း သင့်ပါတယ်။ PHP ရဲ့

error reporting မှာ ERROR ကိုပြမှာလား? WARNING ကိုပြမှာလား? NOTICE ကိုပြမှာလား? ဆိုပြီး အဆင့်တွေရှိပေမယ့်

error_reporting(E_ALL);  ON ဆိုရင်တော့ ရှိသမျှ PHP Errors တွေအားလုံးကို  မြင်ရမှာ ဖြစ်ပါတယ်။ Error Reporting Manual ကို

ဒီ link မှာ ဖတ်ကြည့်နိုင်ပါတယ်။ ဒီ Error Reporting တွေကို php.ini ထဲမှာလည်း config လုပ်နိုင်တယ်ဗျ။ ကျွန်တော်ကတော့ php.ini

ထဲမှာပဲ လုပ်လေ့ရှိပါတယ်။ အရေးကြီးတာက production မှာ live သွားတော့မယ် ဆိုရင်တော့ ဒီ Error Reporting တွေကို OFF ပြန်လုပ်

ပးဖို့ တော့လိုပါတယ်။

3. Try an IDE

Author က IDE တစ်ခုခုနဲ့ ရေးသင့်တယ်လို့ ပြောသော်လည်း စစချင်းမှာ IDE သုံးပြီးရေးမယ်ဆိုရင် function name မှတ်စရာ မလိုတော့ပဲ

အပျင်းကြီးသွားနိုင် တယ်လို့ ကျွန်တော် မြင်ပါတယ်။ IDE တွေကတော့ syntax highlighting, code completion, error warnings,

re-factoring (reworking) features တွေရလို့ coding ရေးရတာ ပိုပြီးလွယ်ကူ မြန်ဆန်ပါတယ်။ နာမည်ကြီး IDE တွေရဲ့ Feature တွေကို

ဒီ link မှာ ဆက်ဖတ်နိုင်ပါတယ်။ ကျွန်တော် အကြံပြုချင်တာ ကတော့ Advanced Text Editor တွေကိုလည်း သုံးကြည့်သင့်ပါတယ်။

 

4. Try a PHP Framework

PHP Framework တွေကိုသုံးမယ် ဆိုရင်တော့ မြန်မြန်ဆန်ဆန်နဲ့ application တစ်ခုကို လုပ်နိုင်ပါတယ်။ နာမည်ကြီး PHP Framework

တွေကတော့ Codeigniter, CakePHP, Symfony, Zend ဖြစ်ပြီး ကိုယ်နဲ့သင့်တော်မယ် ထင်တာကို ရွေးချယ်သုံးနိုင်ပါတယ်။ ဒီ link မှာ

ကြည့်မယ် ဆိုရင်တော့ PHP Framework တွေရဲ့ List တွေကို မြင်ရပါမယ်။ Beginner တွေအနေနဲ့ ကတော့ Framework ပေါ်မှာ မရေး

သင့်သေးဘူးလို့ ထင်ပါတယ်။ Framework တွေကိုစပြီး လုပ်ချင်သူတွေကို ကျွန်တော် အကြံပြုချင်တာကတော့ Codeigniter ဟာစရတာ

လွယ်ပါလိမ့်မယ်။

5. Learn the DRY Approach

DRY ဆိုတာကတော့ Don’t Repeat Yourself ပဲဖြစ်ပါတယ်။ ကျွန်တော်လည်း ဒီအခေါ်အဝေါ်ကို ဒီ article ကိုဖတ်လိုက်တော့မှ သိသွား

တာဖြစ်ပါတယ်။ PHP မှ မဟုတ်ပဲ တခြားဘယ် Programming Languages မှာ မဆို code တွေဟာ DRY Approach ဖြစ်ဖို့၊ redundant

code တွေမဖြစ်ဖို့ကို ရှောင်ကြဉ်သောက်သင့်ပါတယ်။ DRY Approach ကိုတော့ ဒီမှာ ဆက်ဖတ်ကြည့်နိုင်ပါတယ်။

http://en.wikipedia.org/wiki/Don't_repeat_yourself
http://www.artima.com/intv/dry.html


6. Indent Code and Use White Space for Readability

ဟုတ်ပါတယ် coding ရေးတဲ့အခါ ညီညာတဲ့ Indent တွေ၊ White Space တွေနဲ့ဆိုရင်တော့ နောက်ပိုင်း ပြန်ပြီး maintain လုပ်ရတာလဲ

အဆင်ပြေရပါတယ်။တကယ်လို့ IDE တွေသုံးမယ် ဆိုရင်တော့ alignment တွေ auto adjust လုပ်ပေးတဲ့ အတွက် ရေးရတာ ပိုကောင်း

ပါတယ်။ Author ကတော့ Indent Code and Use White Space မရှိတဲ့ Coding တွေကို Jackson Pollock painting နဲ့ ခိုင်းနှိုင်းကာ

ပြောသွားပါတယ်။ Jackson Pollock paintingဆိုတာကို ဗဟုသုတ အနေနဲ့ ကြည့်လို့ရအောင် အောက်မှာ ထည့်ပေးထားပါတယ်။


7. “Tier” your Code

Coding ထဲမှာ HTML ဆိုရင် HTML သက်သက်၊ JS ဆိုရင် JS သက်သက်၊ PHP Code ဆိုရင် PHP Code သက်သက် Tier တွေခွဲထား

သင့်ပါတယ်။ Tier တွေဘယ်လို့ခွဲထုတ်လဲ ဆိုတာကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။ ကျွန်တော်လည်း အဲဒီ article ကိုပြန်ရေးဖို့ အစီအစဉ်

ရှိပါတယ်။

8. Always Use <?php ?>

PHP မှာ

<?  echo "Hello world";  ?>
<?="Hello world"; ?>



စသည်ဖြင့် ရိုက်နိုင်ပေမယ့် author ကတော့ အမြဲတမ်း <?php ?> ထည့်ပေး သင့်တယ်လို့ ဆိုပါတယ်။ ကျွန်တော် အတွေ့အကြုံအရ

short tag တွေကို on ထားမှ အပေါ်မှာပြထားတဲ့ code တွေက အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒီမှာတော့ short open tag အကြောင်းရေး

ထားတာ ရှိပါတယ်။ <?php ?> လို့ရေးရင်တော့ open tag ဘာပဲဖြစ်နေဖြစ်နေ အလုပ်လုပ်မှာ ဖြစ်တာကြောင့် author က standard 

အနေနဲ့ ပြောတာ ဖြစ်ပါလိမ့်မယ်။

9. Use Meaningful, Consistent Naming Conventions

Variable name, Class Name, function name, object name တွေကို အမည်ပေးတဲ့ အခါ အဓိပ္ပါယ်ရှိသော name တွေကိုသာ ပေးသင့်

ပါတယ်။ ဒါမှကိုယ့် code ကိုကိုယ်ပဲ ပြန်ဖတ်ဖတ် သူများပဲလာဖတ်ဖတ် အလွယ်တကူ နားလည်နိုင်မှာ ဖြစ်ပါတယ်။

10. Comment, Comment, Comment

ကိုယ့် code ကိုနောက်တချိန် ကိုယ့်ဟာကိုယ်ပဲ ပြန်ဖတ်ဖတ်၊ သူများက ဆက်ပြီး maintain လုပ်ဖို့ ဖတ်ဖတ် indent တွေ၊ white space တွေ

အပြင်အရေးကြီးတဲ့ နေရာတွေမှာ comment တွေရှိနေမယ်ဆိုရင် အရမ်းကိုကောင်ပါတယ်။ ဒါကြောင့် စနစ်တကျ comment ပေးတတ်တဲ့

အကျင့်လေးကို လုပ်သင့်ပါတယ်။ ဘယ် programming languages မှာမဆို စနစ်တကျ သန့်သန့် ရှင်းရှင်း ရေးတတ်တာ အလွန်ကောင်းမွန်တဲ့

အကျင့်ပဲ ဖြစ်ပါတယ်။ကျွန်တော်လည်း ပျင်းလာရင် ဖြစ်စေ၊ dead line အရမ်နီးလာရင် ဖြစ်စေ code တွေကို dirty ဖြစ်အောင်ရေးတက်တဲ့

အကျင့်ကို ပြင်ဖို့ ဒီ article ကိုရေးရင် သတိဝင်လာပါတယ်။  စုစုပေါင်း ၃၂ ချက်ရှိပေမယ့် ဒီ post မှာတော့ ဒီလောက်နဲ့ပဲ ခဏရပ်ချင်ပါတယ်။ 



 

CURL in PHP

Monday, 26 April 2010 09:47

ကျွန်တော်တို့ PHP  နဲ့ Web service ကိုလေ့လာမယ်ဆိုရင်တော့ CURL ကိုအရင် သိထားရပါမယ်။ CURL ဆိုတာကတော့ Client URL

Request Library ဆိုတာကို အတို ကောက် ခေါ်တာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ Curl URL Request Library လို့လဲခေါ်ပါ တယ်။ CURL

ဟာ powerful ဖြစ်တဲ့ Library တစ်ခုဖြစ်ပါတယ်။ ဘာကြောင့် powerful ဖြစ်လဲဆိုရင်တော့ http, https, ftp, LDAP protocols

စတာတွေကို support လုပ်တဲ့အပြင် HTTPS Certificates, HTTP POST, HTTP PUT, proxies, cookies, username & password

authentication စတာတွေကိုပါ support လုပ်ပါတယ်။ ကျွန်တော်လည်း Web service မှာအသုံးများတဲ့ HTTP POST, HTTP GET

စတာတွေ လောက်ပဲစမ်းကြည့်ဖူးပါ တယ်။ ဒီ CURL PHP Extension က  php install လုပ်တုန်းကပါမလာရင် install လုပ်ပေး

ဖို့လိုပါတယ်။ ဒီမှာကတော့ set up လုပ် ဖို့ URL ဖြစ်ပါတယ်။ CURL ကိုသုံးမယ်ဆိုရင် ဒီ 4 ခုကိုသိထားရပါမယ်။


  1. Initialize CURL
  2. Set options
  3. Execute CURL
  4. Close CURL


step တစ်ခုချင်းစီကိုအကျယ်ပြောမယ်ဆိုရင်တော့

1. Initialize CURL

CURL ကိုမသုံးခင်မှာ Initialize အရင်လုပ်ဖို့လိုပါတယ်။ $ch = curl_init (); ဟုတ်ပြီဗျာ။ ဒါဆိုရင်တော့ $ch ဆိုတဲ့ CURL variable

တစ်ခုရပြီဗျာ။

 

2. Set Options

ဒီအဆင့်ကတော့ ဘယ် method နဲ့ access လုပ်မယ်ဆိုတာကို option value ထည့် ပေးရတဲ့အဆင့်ပဲဖြစ်ပါတယ်။ နားလည်

အောင်ပြောမယ်ဆိုတော့ POST Method လား GET Method လားဆိုတာကို option ထည့်ပေးရမှာဖြစ်ပါတယ်။

curl_setopt($ch, CURLOPT_URL, $url);
curl_setopt($ch, CURLOPT_GET, true);

 

အဲဒီမှာဒုတိယ line ဖြစ်တဲ့ curl_setopt($ch, CURLOPT_GET, true);

ကသာ mehtod ကို pass လုပ်လိုက်တာ ဖြစ်ပါတယ်။ ပထမ line ဖြစ်တဲ့ curl_setopt($ch, CURLOPT_URL, $url);

ကိုတော့  Web service example ရေးရင်သိ သွားပါလိမ့်မယ်။ အခုတော့ ခဏထားလိုက်ပါအုံးမယ်။

3. Execute

CURL ကို execute လုပ်ပေးဖို့လိုပါတယ်။ ဒါမှ Web service က Respond ပြန်ပေး လိုက်တဲ့ value တွေကိုရမှာဖြစ်ပါတယ်။ ဒီလို

execute လုပ်ပါ တယ်။ curl_exec($ch);


4. Close

နောက်ဆုံးမှာ Curl connection ကိုပြန်ပြီး close လုပ်ပေးခဲ့ဖို့လိုပါတယ်။ url_close($ch);

ဒါကတော့ CURL ရဲ့ intro လေးပဲဖြစ်ပါတယ်။ နောက် POST မှာတော့ဒီ CURL ကိုသုံးပြီး Web service values

တွေကို ဘယ်လို ဖတ်တယ်ဆိုတာဆက်ရေးပါမယ်။

 

 

 

Page 2 of 12

«StartPrev12345678910NextEnd»

Login Form

Categories Table View

RSS Feed

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch