[X] Choose Font Here
PHP
Locking Files
Sunday, 03 January 2010 14:19
ဘယ် programing language မှာမဆို file ကို access လုပ်ရတာတွေ ရှိပါတယ်။ အဲဒါတွေကတော့ open, close, read, write
စတာတွေပဲ ဖြစ်ပါတယ်။ PHP မှာလဲ File Accessing တွေရှိပါတယ်။ ခုကျွန်တော် ပြောချင်တာက File Lock လုပ်တဲ့ function
လေးအကြောင်းပါ။ ကျွန်တော်တို့တွေ File ကို access လုပ်တဲ့ အခါ con-currency ဆိုတာကို သိထားဖို့ လိုပါတယ်။ ဒီအတွက်
File Accessing လုပ်တဲ့ အခါ flock သုံးမယ် ဆိုရင် ကိုယ် access လုပ်နေ ချိန်မှာ တခြားသူ R/W Access ကို lock လုပ်လိုက်တာ
ဖြစ်ပါတယ်။
For eg;
<?php
$content = "This is testing";
 if($fp = @fopen('test.txt', 'w') && flock($fp,LOCK_EX)){
   $result =fwrite($fp, $content);
   flock($fp, LOCK_UN);
   fclose($fp);
   return $result;
 }
?>
Here is optional variable for flock function:
- LOCK_EX (Exclusive lock for writing)
- LOCK_NB (Nonblocking lock)
- LOCK_SH (Shared lock for reading)
- LOCK_UN (Releasing a lock)
Converting String to Arrays
Sunday, 03 January 2010 13:54
တစ်ခါတစ်ရံမှာ String တစ်ခုထဲမှာ ရှိနေတဲ့ Value တွေကို array အဖြစ် ပြောင်းလဲပစ်ဖို့ လိုလာတဲ့ အခါတွေ ရှိပါတယ်။
ဥပမာ အနေနဲ့ ပြောပြရရင်တော့ csv format ထဲက value တွေကို ဖတ်ချင်တဲ့ အခါမျိုးတွေမှာ String တွေကို Array အဖြစ်
ပြောင်းဖို့ လိုလာပါတယ်။ အဲ့ဒီအတွက် ကျွန်တော်သုံးလေ့သုံးထ ရှိတာကတော့ explode method ကို သုံးပါတယ်။
$a = explode  (‘,’ , $csvdata);
အဲ့ဒီလိုဆိုရင် $csvdata ထဲမှာ ရှိနေတဲ့ value တွေကို comma သုံးပြီး array အခန်းတွေ အဖြစ်ပြောင်းသွားပါလိမ့်မယ်။
$a ကို print ရိုက်ကြည့်ရင် array ကို မြင်ရပါမယ်။
For eg:
<?php
$csvdata = 'Mg Hla, 20, Myanmar, Male';
$a = explode(',' , $csvdata);
print_r($a);
?>
Result က ဒီလို ပြပါလိမ့်မယ်။
Array
(
[0] = Ma Hla
[1] = 20
[2] = Myanmar
[3] = Male
)
Array ထဲက Value တွေကို String အဖြစ်ပြောင်းပေးဖို့ အတွက် လိုအပ်လာတဲ့အခါ implode method ကို သုံးပါတယ်။
Validating Numbers (and other Data Types)
Sunday, 03 January 2010 13:36
ဟိုတစ်နေ့ က Program ရေးရင်းနဲ့  PHP မှာ ရှိတဲ့ Data Type တွေကို စစ်တဲ့ helper Functions တွေကို List Down
လုပ်ကြည့်လိုက်မိတယ်။ အဲ့ဒါတွေကတော့
-is_array() -> Checks for array
-is_bool() -> Checks for Boolean
-is_float() -> Checks for float
-is_int() -> Checks for integer
-is_null() -> Checks for null
-is_numeric() -> Checks for integers and floats
-is_object() -> Checks for object
-is_string() -> Checks for string
အဲ့ဒါတွေကတော့ ကျွန်တော် သတိထားမိသလောက်လေးချရေးထားတာ ဖြစ်ပါတယ်။ လိုအပ်တာရှိရင်လည်း Comment ထဲမှာ
ရေးပေးခဲ့လို့ ရပါတယ်။
PDF in PHP
Sunday, 01 November 2009 15:10
ကျွန်တော့် ဒီ POST မှာ comment ပေးပြီး PHP PDF အကြောင်း မေးထားလို့ Googling လုပ်ကြည့်လိုက်တော့
ဒီဟာလေးတွေကို သွားတွေ့ ပါတယ်။ PHP ကနေ PDF ဖိုင်တစ်ခု Create လုပ်ချင်တယ်ဆိုရင် php_pdf.dll ဆိုတဲ့ DLL
ဖိုင်တစ်ခု လိုပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီ DLL ဖိုင်ကို လိုက်ရှာပြီး ext folder ထဲကို ထည့်ပြီး စမ်းကြည့်တာ
အလုပ်မလုပ်တာကို တွေ့ ရတယ်။ ကျွန်တော်လည်း ဒီ DLL ဖိုင်ကို တခြား site တွေမှာလည်း လိုက်ရှာပြီး စမ်းကြည့်
စမ်းသပ်နိုင်ပါသည်။ ကျွန်တော်ကတော့ စမ်းပြီးပါပြီ။ သူ့ မှာ PDF လုပ်ဖို့ အတွက် class ဖိုင် နှစ်ခုရှိပါတယ်။
အဲ့ဒီ class တွေကို ခေါ်သုံးပြီး PDF ကို create လုပ်ပါတယ်။ Cool
Page 4 of 12
«StartPrev12345678910NextEnd»
Login Form
Categories Table View
RSS Feed
JoomlaWatch Stats 1.2.9 by Matej Koval
Facebook Share
Share on facebook
Accordion FAQ
mod_joomtouch
Version Iphone
Version Iphone by JoomTouch