[X] Choose Font Here

Form Handling In PHP

 

PHP မှာ Form တစ်ခုကို လုပ်တော့မယ်ဆိုရင် HTML မှာသုံးခဲ့တဲ့ မည်သည့် Form element ကိုမဆို သုံးလို့ ရပါတယ်…PHP Script က

support လုပ်ပါတယ်။

 

eg;

<html>
<body>

<form action="welcome.php" method="post">
Name: <input type="text" name="name" />
Age: <input type="text" name="age" />
<input type="submit" />
</form>

</body>
</html>

 

ဒီ Form ဆိုရင် text box နှစ်ခုနဲ့  Button တစ်ခုရှိနေပါတယ်…summit ဆိုတဲ့ Button ကို click လုပ်လိုက်ရင် Form ရဲ့ action

မှာ ပေးထားတဲ့ welcome.php ကို RUN ပါလိမ့်မယ်။ မိမိ RUN ချင်တဲ့ PHP Script ကို action နေရာမှာ

ထည့်ပေးရပါမယ်…နောက်တစ်ခုက Form ရဲ့ Method ပဲ ဖြစ်ပါတယ်။ HTML Method မှာ POST နဲ့ GET ဆိုပြီး နှစ်ခု

ရှိတယ်ဗျာ…အခု ဒီ Form မှာတော့ POST ကို သုံးထားတယ်။ပြီးမှ POST နဲ့  GET ကို ဆက်ပြီးပြောပါမယ်။ အခုတော့

welcome.php ကို ဆက်ပြောပါမယ်။ ဒါကတော့ welcome.php code ပါ။

 

<html>
<body>

Welcome <?php echo $_POST["name"]; ?>.<br />
You are <?php echo $_POST["age"]; ?> years old.

</body>
</html>

 

ဒီ sample program လေးမှာ HTML နဲ့ PHP ကို ပေါင်းစပ်ပြီးရေးထားတာကို တွေ့ နိုင်ပါတယ်။ PHP code ကို

ရေးချင်ပြီဆိုရင် <?php ?> ဆိုပြီး ရောညှပ်ပြီး ရေးလို့ ရပါတယ်။ ဒီ sample code မှာ ဆိုရင် Form ကနေ Value တွေကို

$_POST နဲ့ ဖမ်းပြီး ပြန်ရိုက်ပြသွားတာကို တွေ့ နိုင်ပါတယ်။ $_POST[“name”] ဆိုတဲ့ code ရဲ့ သဘောကတော့ [ ] ထဲ က

Name က Text box control ရဲ့  Name ဖြစ်ပါတယ်။ $_POST [ ] ထဲမှာ Form ထဲမှာရှိတဲ့ Form element control တွေ

ရဲ့ Value တွေကို Server side မှာ ဖမ်းနိုင်ပါတယ်။

 

$_GET နဲ့ $_POST အကြောင်းကို ဆက်ပြီးသွားကြရအောင်…

$_GET ကို စလိုက်ကြရအောင်ဗျာ… Cool

$_GET ဆိုတာကို Form ကနေလာတဲ့ Value တွေကို collect လုပ်ဖို့ သုံးတယ်ဗျာ။ ဒါပေမယ့် Form ရဲ့ Method ကတော့ get

ဖြစ်ရပါလိမ့်မယ်။ ကျွန်တော် ခုဏတုန်းကပြောခဲ့တယ်လေ။ Form မှာ Method နှစ်မျိုးရှိတယ်လို့ …ခုဏတုန်းက Form

Method က post ဖြစ်နေလို့ PHP script မှာ $_POST နဲ့ သုံးပြီး Form ဘက်ကလာတဲ့ values ကို collect

လုပ်သွားတာဖြစ်ပါတယ်။ $_GET နဲ့  Form ရဲ့ values တွေကို collect လုပ်တဲ့ နေရာမှာ အားနည်းချက်တစ်ခုရှိပါတယ်။

ဒါကတော့ client side ( Form ) ကနေ send လိုက်တဲ့ Information တွကို Browser Address Bar မှာ

မြင်နေရပါတယ်။ပြီးတော့ Limit လဲ ရှိနေပါတယ်။ Max က 100 char လို့ ပြောပါတယ်။ Example လေးကို

ကြည့်လိုက်ပါအုံး…

 

eg;

<form action="welcome.php" method="get">
Name: <input type="text" name="name" />
Age: <input type="text" name="age" />
<input type="submit" />
</form>

 

User က summit ကို click လိုက်မယ်ဆိုရင် Browser ရဲ့  Address Bar မှာ ဒီလို မြင်ရပါလိမ့်မယ်…

http://www.urdomain.com/welcome.php?name=zack&age=25

 

welcome.php ကနေ ဒီလို ပြန်ဖမ်းလို့ ရတယ်ဗျာ…

Welcome <?php echo $_GET["name"]; ?>.<br />
You are <?php echo $_GET["age"]; ?> years old!

 

$_GET နဲ့ ပတ်သက်ပြီး နိဂုံးချုပ်ပြောရရင်တော့…Wink

(1) Password (or) Sensitive Information တွေကို pass လုပ်တဲ့ နေရာမှာ လုံးဝကို မသုံးသင့်ပါဘူး…

(2) ကိုယ် send လိုက်တဲ့ Values က 100 char ထက်ကြီးနေမယ်ဆိုရင် မသုံးသင့်ပါဘူး…
(3) အားလုံးဟာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ လောကရဲ့ နိယာမအရ သူ့ ရဲ့ ကောင်းချက်ကလေးကတော့ ရှိနေပါသေးတယ်။ Browser Address Bar မှာ အကုန်မြင်နေရတဲ့ အတွက် Bookmark လုပ်တော့မယ်ဆိုရင်တော့ အသုံးဝင်ပါတယ်။

 

$_POST ကတော့ ပြောရမယ်ဆိုရင် $_GET နဲ့ အားလုံး ပြောင်းပြန်ပါပဲ။ Form ရဲ့ Method က POST ကို သုံးထားတယ်ဆိုရင် PHP Script ထဲမှာ $_POST ကို သုံးပါတယ်။

 

Eg;

<form action="welcome.php" method="post">
Enter your name: <input type="text" name="name" />
Enter your age: <input type="text" name="age" />
<input type="submit" />
</form>

 

Summit ကို click လုပ်မယ်ဆိုရင် Browser မှာ ဒီလို ပေါ်ပါလိမ့်မယ်…

http://www.urdomain.com/welcome.php

 

welcome.php ကနေ Form ဘက်ကလာတဲ့ value တွေကို ဒီလို ပြန်ဖမ်းလို့ ရပါတယ်…

Welcome <?php echo $_POST["name"]; ?>.<br />
You are <?php echo $_POST["age"]; ?> years old!

 

$_POST ရဲ့ ကောင်းချက်လေးတွေကတော့…Smile

(1) ကိုယ် send လိုက်တဲ့ Information တွေကို Browser ရဲ့ Address Bar မှာ မမြင်ရဘူး…
(2) Browser မှာ send မယ့် Variable ရဲ့ Length မှာ Limit မရှိပါဘူး…

 

 

Form ရဲ့  Method မှာ POST ပဲ ရေးရေး ၊ GET ပဲ ရေးရေး အားလုံးကို အဆင်ပြေစေတဲ့ ဟာ တစ်ခု ရှိတယ်ဗျာ။ အဲ့ဒါကတော့ $_REQUEST ပါပဲ။ ဒီ example ကို ကြည့်လိုက်ပါ… Cool

			Welcome <?php echo $_REQUEST["name"]; ?>.<br />
	You are <?php echo $_REQUEST["age"]; ?> years old!
	
		 
	

တခြား PHP Post တွေအားလုံး ကို နှစ်သက်ရာ ရွေးဖတ် ချင်တယ်ဆိုရင် ဒီ Link လေးကို Click လိုက်ပါ။

 

 

 

Comments (2)
  • sai  - ဘယ်လိုလ&

    အစ်ကိုတို* 44; အစ်မတို့ဗျာ http://pleer.ru/ အဲဒီဝက်ဆို က်မှာ ပါသလိုမျိုး Catalog တစ်ခုအောက် မှာ SubCatalog တွေကို အပေါင်း (+) ပုံလေးကိုေ ဖြချလိုက်ရ င် လင့်တွေ ထွက်လာတဲ့ ပုံစံလေး ဘယ်လိုလုပ် ပါသလဲဗျ.PHP မှာနော်..PHP နဲ့မရရင်လည်း ရတဲ့ Language နဲ့ရှင်းပြ ပေးပါလားဗျာ

  • admin  - Tree View in PHP

    ဒီ http://www.weberdev.com/get_example-3433.html
    မှာ PHP နဲ့ Tree View Sample လုပ်ပြထားပါတယ်။

Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
:D:angry::angry-red::evil::idea::love::x:no-comments::ooo::pirate::?::(
:sleep::););)):0
Security
Please input the anti-spam code that you can read in the image.

Login Form

Categories Table View

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch