Length of checkbox array in JS
Last Updated on Friday, 20 February 2009 18:01 Written by Zack Friday, 20 February 2009 17:59
ကျွန်တော်လည်း အလုပ်တွေများပြီး နေသိပ်မကောင်းလို့ စာမရေးဖြစ်တာကြာပါပြီ။ ideas ကခေါင်းထဲ မှာရှိတယ် ချမရေးဖြစ်တာပါ။
ခုတော့ Friday Night လေးမို့ မအိပ်ပဲ ရေးလိုက်အုံးမယ်။ ဒီတစ်ပတ် အတွင်း ခေါင်းစားခဲ့ ရတဲ့ အကြောင်းလေးတွေကို ပြန်ရေးမယ်လို့
စိတ်ကူး ထားပါတယ်။ Program ရေးရင် googling လုပ်ခဲ့ပြီးမှ သိလာတဲ့ အကြောင်းလေးတွေပါ။
ဒါကဒီလိုပါ HTML Form တစ်ခုမှာ check box တွေက array လုပ်ထားတယ်ဆိုပါတော့။ ဒီလိုလေးပေါ့
<input name="chk[]" type="checkbox" value="" id="chk" />
checkbox တွေက database ထဲက data ကိုကြည့်ပြီး dynamically create လုပ်မှာ ဖြစ်ပါတယ်။ အဲလို create လုပ်ထားတဲ့
check box ဘယ်နှခု ရှိလဲဆိုတာကို JavaScript ကနေပြီး စစ်မှာဖြစ်ပါတယ်။
ကျွန်တော် စစ်ထားတဲ့ JavaScript function ကဒီလိုပါ။
var len=form.chk.length;
ဒါက checkbox array length ကိုယူတာ ဖြစ်ပါတယ်။
for(i=0;i<len;i++){
if(form.chk[i].checked){
//some coding
}
}
ဒီ coding က checkbox တစ်ခုထက်ပိုနေလို ကတော့ No Problem ပဲ။ ဒါပေမယ့် checkbox တစ်ခုထဲ ရှိတဲ့ အခါလဲကျရော
အလုပ်မလုပ်တော့ပါဘူး။ checkbox ရဲ့ length ကို undefined ဆိုပြီး ဖြစ်နေတာပါ။ အမှန်က တစ်ခုရှိပါတယ်။ (တစ်ယောက်
တစ်ဝတ်တော့လာမလုပ်နဲ့ ... စတာနော်။
)
length ကို ဖတ်ပြီးရင် ဒီလိုလေးထဲ ပေးလိုက်ရင် safe ဖြစ်သွားပါပြီ။
if(len == undefined){
len=1;
}
အရင်တစ်ခါတုန်းကလည်း ကြုံဖူးတယ် ဒီတစ်ခါတော့ မမေ့အောင်၊ တခြားသူတွေလည်း သိအောင် ချရေးလိုက်ပါတယ်။
safe coding ကတော့
if(len == undefined){
len=1;
}
for(i=0;i<len;i++){
if(form.chk[i].checked){
//some coding
}
}
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)