[X] Choose Font Here

PHP Cookies

 

User တွေကို identify လုပ်နိုင်ဖို့  cookies ကို သုံးရတာဖြစ်ပါတယ်။

 

What is a Cookies?

User ကို ဘယ်လို မှတ်မိအောင်လုပ်လဲဆိုရင်တော့ user ရဲ့ computer ထဲမှာ သေးငယ်တဲ့ cookie file ကိုလာပြီး embed

လုပ်ထားတာဖြစ်ပါတယ်။ Browser ကနေပြီး request လုပ်ပြီဆိုတာနဲ့  Server ကနေပြီး အဲ့ဒီ computer အတွက် cookie file ကို

embed လုပ်ဖို့ send လိုက်တာဖြစ်ပါတယ်။ PHP မှာ အဲ့ဒီ cookie value တွေကို create ရော retrieve ပါလုပ်နိုင်ပါတယ်။



How to create a cookie?

Cookie ကို create လုပ်တော့မယ်ဆိုရင် setcookie( )ဆိုတဲ့ Function ကို သုံးရပါတယ်။ setcookie ကို ရေးမယ်ဆိုရင်တော့

<htm> tag မတိုင်ခင်မှာ ရေးရပါမယ်။


setcookie(name, value, expire, path, domain);


ဒီ Example မှာဆိုရင် user ဆိုတဲ့ cookie တစ်ခုကို create လုပ်ပြီး ‘zack’ ဆိုတဲ့ value ကို assign လုပ်ထားတာဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဒီ cookie ဟာ expire ဖြစ်သွာမယ်ဆိုတာကိုပါ သတ်မှတ်ထားနိုင်ပါတယ်။


<?php
setcookie("user", "zack", time()+3600);
?>
<html>
....


ဒီ cookie value တွေကို Browser မှာ send နေတဲ့ အချိန်မှာ URLencoded နဲ့ သွားတာဖြစ်ပါတယ်။ Receive လုပ်တဲ့

အချိန်မှာ Auto URLdecode ပြန်လုပ်ပါတယ်။

How to Retrieve a Cookie Value?

PHP မှာ cookie value ကို Retrieve လုပ်ဖို့  $_COOKIE ဆိုတဲ့ variable ကို သုံးပါတယ်။ အောက်က code ကတော့ User

ဆိုတဲ့ cookie ထဲက value ကို $_COOKIE သုံးပြီး display ပြန်ရိုက်ပြတာဖြစ်ပါတယ်။


<?php
// Print a cookie
echo $_COOKIE["user"];
// A way to view all cookies
print_r($_COOKIE);
?>


နောက် sample ကတော့ ကိုယ့်ရဲ့  website ကို ၀င်ကြည့်နေတဲ့ User ဟာ Register user လား၊ Guest လားဆိုတာကို

စစ်ထားတဲ့ code ဖြစ်ပါတယ်။ inset function ကို သုံးထားပါတယ်။ PHP sessions တုန်းက ပြောပြီးသားဖြစ်ပါတယ်။

<html>
<body>
<?php
if (isset($_COOKIE["user"]))
echo "Welcome " . $_COOKIE["user"] . "!<br />";
else
echo "Welcome guest!<br />";
?>
</body>
</html>


How to Delete a Cookie?

Cookie ကို delete လုပ်တော့မယ်ဆိုရင်တော့ ကိုယ်ထည့်ထားတဲ့ expire date ကို ကျော်လွန်ခဲ့ ပြီ

ဆိုတာကို သေချာအောင်လုပ်သင့်ပါတယ်။

 

<?php
// set the expiration date to one hour ago
setcookie("user", "", time()-3600);
?>


သဘောကတော့ setcookie ဆိုတဲ့ function ကိုပဲ သုံးပြီး expire ဖြစ်မယ့် Time ကိုသာ change သွားတာဖြစ်ပါတယ်။

ဒါကတော့ PHP cookie ရဲ့  အခြေခံသဘောတရားပဲ ဖြစ်ပါတယ်။

 

တခြား PHP Post တွေအားလုံး ကို နှစ်သက်ရာ ရွေးဖတ် ချင်တယ်ဆိုရင် ဒီ Link လေးကို Click လိုက်ပါ။

 

 

Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
:D:angry::angry-red::evil::idea::love::x:no-comments::ooo::pirate::?::(
:sleep::););)):0
Security
Please input the anti-spam code that you can read in the image.

Login Form

Categories Table View

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch