PHP Sessions
Last Updated on Saturday, 22 November 2008 06:08 Written by Zack Saturday, 22 November 2008 05:57
PHP မှာ Sessions Variable ကို ကိုယ့်ရဲ့ web application ထဲကို လာလည်တဲ့ User ရဲ့ Information တွေကို Hold လုပ်ဖို့ သုံးပါတယ်။
Session ဆိုတာကို မြင်အောင် ပြောမယ်ဆိုရင်တော့ဗျာ။ ကိုယ့်ရဲ့ Computer မှာ Office application တစ်ခုဖြစ်တဲ့ ms word
ကို ဖွင့်လိုက်တယ်။ ပြီးတော့ လုပ်စရာရှိတာလုပ်တယ်။ အားလုံးပြီးသွားတော့ ကိုယ်သုံးခဲ့တဲ့ application ကို ပြန်ပိတ်လိုက်တယ်ဆိုပါစို့ ။
အဲ့ဒါဟာ session ရဲ့ သဘောထားတစ်ခုပဲ ဖြစ်ပါတယ်။ Computer ကတော့ သင်ဘယ်သူလဲ။ ဘယ်အချိန်မှာ စတယ်၊ ဘယ်အချိန်မှာ
ပြီးတယ်ဆိုတာတွေကို သိနိုင်ပါတယ်။ ဒါပေမယ့် Internet ပေါ်မှာ ဒီ Information တွေကို သိနိုင်ဖို့ ရာကတော့ ပြဿနာ တစ်ခုပါပဲ။
ဘာဖြစ်လို့ လဲဆိုတော့ HTTP address ကနေပြီး web server ကို Information pass လုပ်တဲ့နေရာမှာ အဲ့ဒီဟာတွေ မပါလို့ ဖြစ်ပါတယ်။
ပြဿနာတိုင်းဟာ အဖြေရှိလို့ ဖြစ်လာတယ်လို့ ပဲ ပြောရမလားဘဲ။ PHP sessions က ဒီပြဿနာကို ဖြေရှင်းနိုင်လိုက်ပါပြီ။
သဘောကတော့ဗျာ။ PHP sessions မှာ ကိုယ်ဆီကို ၀င်လာတဲ့ user information တွေကို store လုပ်ခွင့်ပေးထားပါတယ်။
ဒါပေမယ့် user က web site ထဲကနေပြီး ထွက်သွားပြီဆိုရင်တော့ ဒီ session တွေအားလုံးကို Delete လုပ်သွားမှာ ဖြစ်ပါတယ်။
တကယ်လို့ ကိုယ်က permanent သိမ်းထားချင်ရင်တော့ database ထဲမှာ store လုပ်နိုင်ပါတယ်။
Temporary session မှာ ကတော့ user တိုင်းအတွက် auto-generate
ဖြစ်တဲ့ id တစ်ခုပေါ်မှာ base လုပ်ပြီး variable
တွေကို store လုပ်ပါတယ်။
Starting PHP Session
User Information တွေကို store မလုပ်ခင်မှာ session_start ဆိုတဲ့ function ကို သုံးပြီး session ကို start လုပ်ပေးရပါမယ်။
ဒီ Function ကို html tag တွေ မရေးခင်ရေးရပါမယ်။
<?php session_start(); ?>
<html>
<body>
</body>
</html>
Storing a Session variable
session တွေကို store (သို့) retrieve လုပ်ချင်တယ်ဆိုရင်တော့ $_SESSION ဆိုတဲ့ variable ကိုသုံးပါတယ်။
<?php
session_start();
// store session data
$_SESSION['views']=1;
?>
<html>
<body>
<?php
//retrieve session data
echo "Pageviews=". $_SESSION['views'];
?>
</body>
</html>
Output ကတော့ Pageviews=1
ဒီအောက်က sample လေးကတော့ PHP Session ကိုသုံးပြီးတော့ Page View Counter လုပ်သွားတာဖြစ်ပါတယ်။ ဒီ code ထဲမှာ
isset() ဆိုတဲ့ function ကိုတွေ့ ရပါလိမ့်မယ်။ ဒါကတော့ ကိုယ့်ရဲ့ variable ထဲမှာ assign လုပ်ပြီး သား value ရှိမရှိစစ်တာ ဖြစ်ပါတယ်။
ဒီ sample လေးရဲ့ logic ကတော့ "view" ဆိုတဲ့ variable ကိုစစ်တယ်။ ရှိပြီးသားဆိုရင် increment လုပ်ပြီး၊ မရှိသေးဘူး ဆိုရင် 1
ကိုထည့်ပါတယ်။
<?php
session_start();
if(isset($_SESSION['views']))
$_SESSION['views']=$_SESSION['views']+1;
else
$_SESSION['views']=1;
echo "Views=". $_SESSION['views'];
?>
Destroing a Session
သင့်ရဲ့ session data တွေကို Delete လုပ်ချင်တယ် ဆိုရင်တော့ unset() ဒါမှ မဟုတ် session_destroy() ကိုသုံးပါတယ်။
unset() ရဲ့ သဘောကတော့ ကိုယ်သတ်မှတ်ထားတဲ့ session ကို clean လုပ်လိုက်တဲ့ သဘောဖြစ်ပါတယ်။
<?php
unset($_SESSION['views']);
?>
session_destroy() ရဲ့ သဘောကတော့ ကိုယ့်ရဲ့ session value တွေကို reset လုပ်လိုက်တာဖြစ်ပါတယ်။ ဒီ function ကို
သုံးမယ်ဆိုရင် Temporary store လုပ်ထားခဲ့ တဲ့ data တွေကို Delete လုပ်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
<?php
session_destroy();
?>
ဒါကတော့ PHP Session အကြောင်းပဲဖြစ်ပါတယ်။ Cookies အကြောင်းကိုတော့ နောက် POST တခုရေးပေးပါမယ်။
တခြား PHP Post တွေအားလုံး ကို နှစ်သက်ရာ ရွေးဖတ် ချင်တယ်ဆိုရင် ဒီ Link လေးကို Click လိုက်ပါ။
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)
captcha
]]>1