[X] Choose Font Here

Semantic URL Attacks

ကျွန်တော် ဒီ POST လေးကို ရေးဖြစ်တာကတော့ Essential PHP Security ဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်မိရာကနေပြီး

အသုံးဝင်စေမယ့် အကြောင်းအရာလေး ဖြစ်နေတာကြောင့် အားလုံးသိအောင် ပြန် share လိုက်ပါတယ်။ အကြောင်းလေးကတော့

Browser ရဲ့ Address Bar မှာ ပေါ်နေတဲ့ URL မှာ pass လုပ်တဲ့ data တွေကို modify လုပ်ပြီး Hack လုပ်တဲ့ sample တစ်ခုပဲ

ဖြစ်ပါတယ်။

 

တစ်ချို့ web site တွေမှာ ဆိုရင် Login ဝင်ပြီးရင် ကိုယ့်ရဲ့  Information Details ကို ကြည့်လို့ ရပါတယ်။

ဥပမာ သင့်ရဲ့  Application ထဲမှာ user Chris က Link တစ်ခု ကို click လိုက်ရင် Browser ရဲ့  URL မှာ ဒီလို ဖြစ်သွားတယ်ဆိုပါစို့ ။

(http://example.org/private.php?user=chris) user Chris click လိုက်တဲ့ Link ကတော့ သူ့ ရဲ့ Information ကို Details ကြည့်လို့ 

ရတဲ့ Link ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ Chris က သူ့ ရဲ့ သူငယ်ချင်း Zack ရဲ့ Information တွေကို ကြည့်ချင်စိတ်ပေါက်လာတယ်ဆိုပါစို့ ။

အဲ့ဒီတော့ သူက URL မှာ manually ပဲ အဲ့ဒီလို http://example.org/private.php?user=zack ပြောင်းပြီး enter

ခေါက်လိုက်တယ်ဆိုရင zack ရဲ့ Information Details ကို မြင်ရမှာဖြစ်ပါတယ်။

ဒီလို ဖြစ်ရတာကတော့ forum ရဲ့ method မှာ GET ကိုသုံးထားတာကြောင့် ဖြစ်ပါတယ်။ GET ကို သုံးထားတော့ user က

URL မှာ pass လုပ်လိုက်တဲ့ Data တွေကို မြင်နေရတာဖြစ်ပါတယ်။ ဒါလေးကို ရှောင်ချင်တယ်ဆိုရင်တော့

method ကို POST ကို သုံးလို့ ရပါတယ်။ GET/POST တွေ အကြောင်းကို Details သိချင်တယ်ဆိုရင် ဒီ Link လေးမှာ

ပြန်ဖတ်လို့ ရပါတယ်။

 

နောက်တစ်ခုကတော့ web base email system တွေမှာ password ကို Reset ချတာနဲ့ ပတ်သက်ပြီးတော့ URL Hacking လေးတစ်ခုအကြောင်းဖြစ်ပါတယ်။

Hack လုပ်တဲ့ပုံစံက ဒီလိုလေးပါ။ User Chris က web based email application ကို login ၀င်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ သူက

သူ့ ရဲ့  password ကို reset ချချင်တယ်ဆိုပါစို့ ။

ဒီ application ရဲ့ structure ကတော့ password ကို reset ချချင်တယ် ဆိုရင်တော့ Security Question ကို ဖြေပြီး

Alternative mail တစ်ခုကို ပေးရပါတယ်။ ပြီးရင်တော့ submit ကို Click လိုက်ပါ။ ကိုယ့်ရဲ့  Alternative mail ထဲကို new password

ရောက်သွားပါလိမ့်မယ်။

Form ရဲ့ code လေးကတော့ ဒီလိုလေးပါ။


<form action="reset.php" method="GET">
<input type="hidden" name="user" value="chris" />
<p>Please specify the email address where you want your new password sent:</p>
<input type="text" name="email" /><br />
<input type="submit" value="Send Password" />
</form>



ဒီနေရာမှာ သတိထားပြီးကြည့်ရမှာကတော့ Login ၀င်ပြီးသားဖြစ်နေလို့  <input type=”hidden” name=”user” value=”chris” >

ဆိုပြီး Login ၀င်ထားတဲ့ user ကို hidden field ထဲကို auto ထည့်ပေးထားပါတယ်။

User က email ကို chris@example.com ဆိုပြီးဖြည့်ပေးပြီး submit ကို click လိုက်တယ်ဆိုရင် URL မှာ ဒီလို ဖြစ်သွားပါလိမ့်မယ်။

http://example.org/reset.php?user=chris&email=chris%40example.org

ဒီလိုလုပ်ပြီးရင် New password သည် chris@example.org ဆိုတဲ့ mail ထဲကို send ပေးလိုက်ပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ User Chris က တစ်ခြားသူတစ်ယောက်ရဲ့  password ကို Reset ချပြီးသူ့ ရဲ့  chris@example.org ထဲကို

send ချင်တယ်ဆိုရင် ဒီလို http://example.org/reset.php?user=zack&email =chris%40example.org

လို့ ရိုက်ပြီး RUN လိုက်တာနဲ့ Zack ရဲ့ New password က Chris ရဲ့ Alternative mail ဖြစ်တဲ့ chris@example.org ထဲကို

ရောက်သွားပြီဖြစ်ပါတယ်။ သေပြီဆရာပါပဲ။ ဒါလေးတွေကို ဒီ code လေးသုံးပြီး avoid လုပ်လို့ ရပါတယ်။


<?php

session_start();

$clean = array();
$email_pattern = '/^[^@\s<&>]+@([-a-z0-9]+\.)+[a-z]{2,}$/i';

if (preg_match($email_pattern, $_POST['email']))
{
$clean['email'] = $_POST['email'];
$user = $_SESSION['user'];
$new_password = md5(uniqid(rand(), TRUE));

if ($_SESSION['verified'])
{
/* Update Password */

mail($clean['email'], 'Your New Password', $new_password);
}
}

?>



ဒီ sample လေးအရ $_SERSION ဆိုတဲ့ sersion variable ကို သုံး ထားတဲ့ အတွက် current login ၀င်ထားတဲ့ user ကပဲ

သူ့ password ကို Reset ချလို့ ရပါတယ်။ ဒီနေရာသုံးသွားတာတွေကတော့ $_SERSION[‘verified’] ကတော့ verification

question တွေ answer လုပ်ပြီးသားဆိုတာကို check တာဖြစ်ပါတယ်။ $_SERSION[‘user’] ကတော့ verification question တွေကို

ပြောထားတဲ့ user နဲ့ sersion ထဲရောက်နေတဲ့ user တူလား စစ်ထားတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ တတ်နိုင်သလောက်

ရှင်းအောင်ရေးထားပါတယ်။ တကယ်လို့ နားမလည်ရင် ပြန်မေးလို့ ရပါတယ်။ စာရေးရင်ရှင်းအောင်မရေးတတ်တာ

ကျွန်တော့်အားနည်းချက်တစ်ခုဖြစ်ပါတယ်။

 

တခြား PHP Post တွေအားလုံး ကို နှစ်သက်ရာ ရွေးဖတ် ချင်တယ်ဆိုရင် ဒီ Link လေးကို Click လိုက်ပါ။

 

 

 

Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
:D:angry::angry-red::evil::idea::love::x:no-comments::ooo::pirate::?::(
:sleep::););)):0
Security
Please input the anti-spam code that you can read in the image.

Login Form

Categories Table View

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch