Variable in PHP
Last Updated on Wednesday, 21 July 2010 13:50 Written by Zack Wednesday, 17 September 2008 09:12
PHP မှာ Variable ကို သုံးမယ်ဆိုရင် $ sign နဲ့ စပြီး Variable ကို Declare လုပ်ရပါမယ်။ ဥပမာ $myvar ကို Declare လုပ်လိုက်ရင် သူက
String ပဲ ဖြစ်ဖြစ် Numeric ပဲ ဖြစ်ဖြစ် ကြိုက်တာကို Store လုပ်လို့ ရပါတယ်။ အဲ့ဒါကို Loosely Typed ဖြစ်တယ်လို့ ပြောပါတယ်။ မိမိ Declare လုပ်ထားတဲ့ Variable ကို Text String , Number and Array ကြိုက်တာကို Store လုပ်နိုင်ပါတယ်။ 
ဥပမာ
<$txt="Hello!";
$txt=17;
?>
ကျွန်တော်သုံးထားတဲ့ $txt ထဲ ကို string or 17 ကြိုက်တာထည့်လို့ ရတယ် ဆိုတာပြောချင်တာပါ်။ သုံးချင်တဲ့ Variable ကိုလည်းကြိုတင်ပြီး Declare လုပ်ထားစရာမလိုပါဘူး။မိမိသုံးခါနီးမှ ကောက်ပြီး Declare လုပ်လိုက်လို့ ရပါတယ် Strongly Typed Programming Language တွေမှာ ဆိုရင် Variable ကို Declare လုပ်မယ်ဆိုရင် Data Type ကိုပါထည့်ပေးရတယ်။ PHP မှာတော့ မလိုပါဘူး
Variable Naming Rules ကိုပြောမယ်ဆိုရင်
- Variable Name က Letter တစ်ခုခု (သို့ ) Underscore ( _ ) နဲ့ စလို့ ရမယ်။
- Variable Name မှာ Space ပါလို့ မရဘူး တစ်ကယ်လို့ သုံးချင်တယ်ဆိုရင်တော့ $my-var
ဆိုပြီးသုံးရမယ်။Underscore ( _ ) ကို Separate လုပ်ပြီးတော့သုံးတဲ့သဘောပါ။
Array Variable ကို တော့ Array အကြောင်းပြောတော့မှ ဆက်ရေးတော့မယ်။
String in PHP
String Variable တစ်ခုဟာ Character String တွေကို Store လုပ်နိုင်ပါတယ်
ဥပမာ
$txt="Welcome to JoomZack!";
echo $txt;
?>
Output က Welcome to Joom Zack! ကို ပြပါလိမ့်မယ်
The Concatenation Operator
PHP မှာ String နှစ်ခုကို Concat လုပ်မယ်ဆိုရင် ( . ) Operator ကို သုံးပါတယ်
ဥပမာ
$txt1="I Love Joomla";
$txt2="2008";
echo $txt1 . " " . $txt2;
?>
(.) Operator ကို သုံးပြီး String နှစ်ခုကို ပေါင်းစပ်နိုင်ပါတယ် PHP မှာ String တွေကို Control လုပ်ဖို့  Build In Functionတွေ အများကြီးရှိပါတယ် အခုတော့ အသုံးများတဲ့ ဟာလေးတွေကို အရင်ပြောပါမယ် နောက်ပိုင်းကြုံရင်ကြုံ သလိုတွေ့ခဲ့ ရင်ရေးသွားပါမယ် ။
1. strlen ( String Length ကိုသိချင်ရင်သုံးပါတယ် )
eg .
strlen("Hello");
?>
Output က 5 ဖြစ်ပါတယ်
2. strpos (String Variable တစ်ခုထဲမှာ မိမိရှာချင်သော String (or) Character တစ်ခုကို ရှာချင်တယ်ဆိုရင် သုံးပါတယ်
eg.
echo strpos( "Hello Friend" , "Friend" );
?>
Output က 6 ဖြစ်ပါတယ် သဘောကတော့ မိမိရှာလိုက်တဲ့ 
3. substr (string တွေကို ဖြတ်တောက်ချင်ရင် သုံးပါတယ် )
eg. echo substr ( "abcdef" ,1); >> output က bcdef လို့ ပြပါလိမ့်မယ် သဘောကတော့
string length ရဲ့ 1 က စပြီး ဆုံးတဲ့ အထိ ဖြတ်သွားတဲ့ သဘောပါပဲ
echo substr ("abcdef",1,3); >> output က bcd လို့ ပြပါလိမ့်မယ် သဘောကတော့ string length 1
ကနေစပြီး 3 နေရာကို ဖြတ်လိုက်တာပါ
4. strtolower (string ထဲမှာရှိသမျှ Character တွေအားလုံးကို Lower case တွေပဲပြောင်းပေးတဲ့ Function ဖြစ်ပါတယ်
eg.
$str = "Hello";
$str=strtolower ($str);
echo $str;
?>
Output က hello ဖြစ်ပါတယ် H ကို lowercase ဖြစ်တဲ့ h အဖြစ် ပြောင်းပေးသွားပါလိမ့်မယ်
5. strtoupper ကတော့ strtolower နဲ့ ပြောင်းပြန်ဖြစ်ပါတယ်
6. strrev (string ကို reverse လုပ်တဲ့  function ဖြစ်ပါတယ် .
eg
echo strrev ( "Hello World !" ) ;
?>
Output ကတော့ "!dlrow olleH" ဖြစ်ပါတယ်
7. strstr (string ထဲကနေပြီး မိမိရှာချင်တဲ့ sing တစ်ခုခု ပေးပြီး ရှာတဲ့ သဘောပါ .
eg.
$email="user@example.com";
$domain=strstr ($email,"@" );
echo $domain;
?>
Output ကတော့ @example.com လို့ ပြပါလိမ့်မယ် @ ကိုစပြီး တွေ့ တဲ့နေရာကနေ String Length ဆုံးတဲ့အထိ ဖြစ်သွားတဲ့သဘောပါ PHP မှာရှိတဲ့  String Function တွေကို ဆက်ပြီး လေ့လာချင်တယ်ဆိုရင် ဒီ Link လေးကို သွားပြီး လေ့လာနိုင်ပါတယ်
ကျွန်တော်ကတော့ အသုံးများတဲ့ Function တွေလောက်ကိုပဲ ရှင်းပြနိုင်ပါတယ် တစ်ကယ်လို့ မိမိရဲ့ Requirement အရ ဘယ် Function ကို သုံးရမှန်း မသိရင်တော့ PHP Forum (JZ) မှာ ၀င်ပြီးမေးလို့ ရပါတယ်
အားလုံးပဲ PHP ကို လေ့လာရင်း ပျော်ရွှင်နိုင်ကြပါစေ ..
တခြား PHP Post တွေအားလုံး ကို နှစ်သက်ရာ ရွေးဖတ် ချင်တယ်ဆိုရင် ဒီ Link လေးကို Click လိုက်ပါ။
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)
