Y2K38 in PHP
Written by Zack Tuesday, 24 August 2010 23:39
PHP မှာ ဒီ Code လေးကို copy ကူးပြီး run ကြည့်ရင် ဘာပေါ်မယ် ထင်လဲ? <?php
$date = '2040-02-01';
$format = 'l d F Y H:i';
$mydate1 = strtotime($date);
echo '<p>', date($format, $mydate1), '</p>';
?>
Wednesday 1 February 2040 00:00 လို့ပေါ်မယ် ထင်ပါသလား? ရေးရမှာ ပျင်းရင်တော့ ဒီမှာ run ကြည့်လို့ ရပါတယ်။ Result က ဒီလိုတဲ့ဗျာ။ Wednesday 31 December 1969 17:00
သူကို Y2K38 လို့ခေါ်ပြီး 2038 ကနေ စပြီး 1969/70 ကို နှစ်ပေါင်း ၇၀ လောက်နီးပါး နောက် ပြန်ရောက်သွားတာ ကိုတွေ့ရမယ်။ တကယ်လို့များ ကိုယ့် application ထဲ membership plan တွေကို ရောင်းတဲ့ application ဆိုရင်တော့ အဲဒီနေ့မှာ expire ဖြစ်မဖြစ် ကိုဒီအတိုင်း စစ်ရင်မှား ပါတော့မယ်။
Date Time ကို ပြဖို့ 32 Bits ကိုသုံးထားတဲ့ PHP နဲ့ တခြားသော programming languages တွေအားလုံးမှာ ဒီ bug ကိုတွေ့ ရပါမယ်။ 32 bit မှာ Date Time တွေကို 03:14:07 UTC on 19 January 2038 တွေအထိပဲ ရှိနေပြီး အဲဒါကျော်တာနဲ့ left-most bit က negative ဖြစ်သွားပြီး 1969/70 ကိုပြန်ရောက် သွားတာ ဖြစ်ပါတယ်။ <?
တကယ်လို့ 64 bit OS ပေါ်မှာ တင်ထားပြီး PHP ကလဲ 64 bit edition ဆိုရင်တော့ ဒီ bug မပေါ်နိုင်ဘူးလို့ ဆိုပါတယ်။ Coding ထဲက safe ဖြစ်အောင်လုပ် ချင်ရင်တော့ ဒီလိုလေး ပြောင်းပြီး ရေးဖို့လိုပါတယ်။
$date = '2040-02-01';
$format = 'l j F Y H:i';
$mydate2 = new DateTime($date);
echo '<p>', $mydate2->format($format), '</p>';
?>
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)
ညီမ ကို တစ်ခုလောက်ကူညီပေးပါအုံး
အရေးကြီးနေလို့ပါ
edit လုပ်လိုက်ရင်..database ထဲမှာမြန်မာလိုမပေါ်လို့ပါ..Insert တုန်းက ပေါ်ပြီး..database ရော...page မှာပါပေါ်ပါတယ်...edit ကျတော့..page မှာ ပေါ်ပြီး...database
မှာမပေါါ်တော့ဘူး...
ကူညီပေးပါအုံး