A little time for Relax
Monday, 19 April 2010 07:15
Quiet Mind စာအုပ်ထဲက ကျွန်တော် ကြိုက်တဲ့ နောက် Article တစ်ခုပါ။ ခဏလေးနားဖို့အချိန် တဲ့။ ဖတ်ကြည့်လိုက်ပါအုံး။
- Veronique Vienne
စိတ်ဖိစီးမှုများနေတဲ့ အချိန်တွေအတွင်းမှာ လှုပ်ရှားမှုထဲကနေ ခဏအနား ယူဖို့အချိန်၊ ဘာမှမလုပ်ဘဲ ခဏနေနိုင်မယ့် အချိန်ကို
ရှာဖွေရယူဖို့အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒီလိုအချိန်တွေကို သတိထားပြီးစောင့်ကြည့်ပါ။ အငြင်းအခုံတွေ ဖြစ်နေတဲ့အခါ
အခြေအနေ တင်းမာနေတဲ့အစည်းအဝေးမှာ ဒါမှမဟုတ် တကယ်အရေးကြီးတဲ့ အင်တာဗျူးအတွက် ပြင် ဆင်ရမယ့် အခါမှာ ခဏအချိန်
ယူပြီး နားလိုက်ပါ။ ဒီလေ့ကျင့်ခန်းက Veronique Vienne ဖော်ပြခဲ့တဲ့ ဘာမှမလုပ်ဘဲ ကောင်းကောင်းနေဖို့ပဲ ဖြစ်တယ်။
အလုပ်ထဲကနေ ရိုးရိုးပဲ ခွင့်တောင်းပြီး ခဏထွက်လာလိုက်ပါ။ တခြားအခန်းထဲမှာ အေးအေးဆေးဆေး လမ်းလျှေက်နေလိုက်ပါ။
အပြင်ကိုခဏထွက်နေလိုက်ပါ။ ခဏလေး အလုပ်ခန်းထဲက ထွက်နေလိုက်ဖို့ပါပဲ။ အကောင်းဆုံးကတော့ သန့်စင်ခန်းပါပဲ။ ဘယ်သူကမှ
ကန့်ကွက်မှာမဟုတ်သလိုသံသယလည်း ၀င်မှာမဟုတ်ပါဘူး။ ဒါဟာ ခဏလေးအချိန်ယူ ထွက်နေလိုက်ဖို့ အကောင်းဆုံးနည်းပါပဲ။
ခဏလေး ခွင့်ပြုပါနော်၊ အခုပဲပြန်လာခဲ့ပါမယ် လို့ပြောပြီးထွက်လာခဲ့ပါ။ တံခါးကို ချက်ထိုးလိုက်ပြီး မှန်ရှေ့မှာ သင့်ကိုယ်သင်
သနားကြင်နာစွာကြည့်ပါ။ အသက်ကိုပြင်းပြင်းရှူ လိုက်ပါ။ ပြီးတော့ ပြုံးပြလိုက်ပါ။ ပြီးတော့ ဒီလိုပြောလိုက်ပါ။ မင်းရဲ့ အဓိက ပန်းတိုင်က
ဘာ လဲဆိုတာကို စိတ်ထဲမှာမပြတ်ထားလိုက်ပါ။ မင်းအားလုံးကိုကျော်ဖြတ်သွားနိုင်လိမ့်မယ်၊ ပြေ လည်သွားလိမ့်မယ်။ စိတ်ဖိစီးမှုများတဲ့
အစည်းအဝေးကို ပြန်ပြီးသွားပါ။ သင့်ရဲ့လုပ်ဖော်ကိုင် ဖက်ကိုလည်းအနားပေးရာ ရောက်ပါတယ်။
ခဏအနားယူတဲ့အချိန်ရဲ့ အနှစ်သာရက သန့်စင်ခန်းထဲမှာဖြစ်စေ၊ ဘယ်နေရာမှာပဲ ဖြစ်စေ စိတ်ဖိစီးမှုများတဲ့ နေရာကနေပြီး
တစ်ယောက်တည်းနေဖို့အချိန်ကို အတိအကျ ယူ လိုက်ဖို့ပါပဲ။ ပါဝင်ပတ်သက်နေတဲ့ ဖိစီးမှုက ကောင်းတဲ့ ဖိစီးမှုအဖြစ် ပြောင်းလဲ
သွားပါလိမ့် မယ်။ ဧည့်ခံပွဲကြီး၊ ပွဲတော်ကြီး၊ မိသားစုဆုံတဲ့ပွဲ၊ ပါတီမှာပဲဖြစ်စေ ငြိမ်သက်နေဖို့ အချိန်လိုအပ် ပါတယ်။ ပွဲရဲ့အဓီပ္ပယ်ကို
သတိရှိဖို့နဲ့ သူ့ရဲ့အရေးပါပုံကို ပိုပြီး နိုးနိုးကြားကြားရှိဖို့ကို မမေ့ပါ နဲ့။
ခဏအနားမယူဘဲ နေတာထက်စာရင် ခဏအချိန်ယူလိုက်တာက ပိုပြီးရလဒ်ကောင်း မယ်ဆိုတာကို အာမခံပါတယ်။ ဒီလိုလုပ်ဆောင်ဖို့
သတိရတာကစိန်ခေါ်မှုပါပဲ။ ခဏနားလိုက် ခြင်းက ဘာမှမလုပ်ဘဲကောင်းကောင်းနေလိုက်တာကို မမေ့ပါနဲ့။
ဒီနေ့ ဘာမှမလုပ်ဘဲ မကြာခဏနေကြည့်ပါ။ ဒီနေ့တစ်နေ့လုံး စိတ်ကောင်း နှလုံးကောင်းနဲ့ အအေးချမ်းဆုံးနေမယ်
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)
အကို ရေ ဖတ်လို့ကော င်းတယ်။