[X] Choose Font Here

Reader's Conner

Google Code University

Wednesday, 16 June 2010 13:38

ခုရက်ပိုင်းတွေ ရုံးမှာ projects dead line နီးတာရော၊ အိမ်ရောက်ရင် ဘောပွဲကြည့်ချင်တာတွေရောနဲ့ CodeIgniter အကြောင်းတောင်

ဆက်မရေးဖြစ်ဘူး ဖြစ်နေတယ်။ Program ရေးရတာပျင်းလာရင်တော့ ဟို blog လိုက်ဖတ်၊ ဒီ blog လိုက်ဖတ်၊ Facebook လေးဝင်ကြည့်

လိုက်နဲ့ လုပ်နေရင် mmshare က ကို everlearner ရေးထားတဲ့ Google Code University အကြောင်းလေး သိလိုက်ရတယ်။ online

ကနေ update to date ဖြစ်တဲ့  Tutorials, Lecture ကိုလေ့လာချင် သူတွေ အဖို့ အသုံးဝင်မှာ သေချာပါတယ်။ ခုလက်ရှိ လေ့လာလို့

ရနိုင်တဲ့ course တွေကတော့

ဒါ့အပြင် Google ရဲ့ development API and Tools တွေကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ ပိုပြီး ပြည့်ပြည့်စုံစုံ ဆက်ဖက်ချင်ရင် mmshare

ကဒီ link မှာ ဆက်ဖတ်ဖို့ ညွှန်းချင်ပါတယ်။ Google Code University ကိုတော့ သွားဖြစ်အောင်သွားလေ့လာဖို့ တိုက်တွန်းလိုက်ပါတယ်။

ကျွန်တော်ကတော် world cup ပြီးမှပဲ သေချာလေ့လာတော့မယ်။ ခုတော့ waka waka လိုက်အုံးမယ်ဗျာ။ ၄နှစ်မှ တစ်ကြိမ်ကြည့်ရတာဆိုတော့

 

SQL Injection Attack

Friday, 28 May 2010 18:46

  SQL Injection ဆိုတာ ဘာလဲ မပြောခင် ဒီ youtube movie လေးကို အရင်ကြည့်လိုက်ကြရအောင်။ ကျွန်တော်

  တစ်ခုကြိုပြောချင်တာက သူခိုးလမ်းပြလုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုမျိုး attack ကို awareness ရှိပြီး 

  ကြိုတင်ကာကွယ်နိုင်စေဖို့ ရည်ရွယ်ပြီး ရေးလိုက် ပါတယ်။ 

 

ကျွန်တော်တို့ database application ရေးတဲ့ အခါ မပါမဖြစ် ရေးရတဲ့ SQL Query တွေကို အနည်းငယ် ပြောင်းလဲလိုက်ပြီး attack လုပ်တာ

ဖြစ်ပါတယ်။ SQL injection attack လုပ်ဖို့ အတွက် DBA တစ်ယောက်လိုမျိုး database သဘော တရားတွေ နားလည်နေစရာ မလိုပဲ query

မှာ ရှိနေတဲ့ condition တွေကို ပြောင်းသွားဖို့ လောက်ကို ရေးနိုင်ရင် အလုပ်ဖြစ်ပါတယ်။ အထက်မှာ ပြခဲ့တဲ့ movie လေးအတိုင်းပေါ့။

ဥပမာ လေးနဲ့ ကြည့်ရအောင်

SELECT fieldlist
FROM table
WHERE field = 'zack@gmail.com';

ဒါက ကျွန်တော်တို့ စစ်နေကြ where clause ပုံစံပါ zack@gmail.com နဲ့ တူမှ အလုပ်လုပ်မှာပါ။ အဲဒါကို ဒါမျိုးလေး ပြောင်းကြည့်လိုက် ကြရအောင်

SELECT fieldlist
FROM table
WHERE field = 'anything' OR 'x'='x';



သဘောက နောက်ကနေ OR ကိုထည့် လိုက်ပြီး အမြဲမှန် နေတဲ့ condition တခုကို ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်လိုက်တော့

ရှေ့က condition က ဖြစ်ချင်တာ ဖြစ်ပေမယ့် နောက်က OR ကြောင့် အလုပ်လုပ်ပါမယ်။

SELECT * FROM user WHERE user_name = 'zack'
SELECT * FROM user WHERE user_name = 'anything' OR '1'='1';


ဒုတိယ query မှာ OR ကြောင့် result တွေထွက် လာပါလိမ့်မယ်။

ဒီထက်ပိုပြီး ရက်စက်ချင် တယ်ဆိုရင် နောက်ကနေ delete, drop စတဲ့ query တွေကို ထည့်ပေးလိုက်လို့ ရပါတယ်။ ဒီ example ကို

ကြည့်လိုက်ရအောင်။

SELECT email, passwd, login_id, full_name FROM members
WHERE email = 'x';
DELETE from members;


အဲလို့ရေးလိုက်ရင် ရှေ့က query ကဖြစ်ချင်တာ ဖြစ်နေလဲ နောက်က delete query run သွားပါမယ်။ အဲဒါဆိုရင်တော့ data တွေ ကုန်ပြီသာ

မှတ်ပေတော့။ကျွန်တော် ကိုယ်တိုင် အဲလိုမျိုး SQL Injection Attack လုပ်တာကို ခံခဲ့ရဘူးပါတယ်။ ရုံးက application အဟောင်းတွေက

SQL Injection တွေကို ပေါက်နေပါတယ်။ လုပ်တဲ့ ကောင်ကလဲ delete ကိုချသွားတာ ကုန်ရောပဲဗျာ။ကဲ ဒီတော့ အနာသိရင် ဆေးရှိပါတယ်။


How to prevent SQL Injection?

PHP မှာ SQL Injection ကိုကာဖို့ mysql_real_escape_string ဆိုတဲ့ function လေးရှိတယ်။ အဲဒီ function ကနေ \ လေးတွေ auto ပေါင်းထည့် ပေးသွားပါမယ်။ ဒီလိုလေးတွေ ပြောင်းသွားပါမယ်။

SELECT * FROM customers WHERE username = '\' OR 1\''
SELECT * FROM customers WHERE username = '\'; DELETE FROM customers WHERE 1 or username = \''

mysql_real_escape_string ကိုသုံးပြီး SQL Injection Attack ကိုကာကွယ်နိုင်ဖို့ ဒီ Post လေးကို ရေးလိုက်ပါတယ်။ အသုံးများသော SQL Injection character များ

 

Input character Meaning in Transact-SQL
SQL Injection Input character
;   Query delimiter.
'
  Character data string delimiter.
--   Comment delimiter.
/* ... */   Comment delimiters. Text between /* and */ is not evaluated by the server.
 

World Cup 2010 and IT

Sunday, 23 May 2010 00:18

နောက်လ June 11 ဆိုရင် 2010 World Cup စတင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော် အနှစ်သက်ဆုံး

ဆိုတဲ့ အရာတွေထဲက တစ်ခုဆိုရင်လည်း ဟုတ်ပါတယ်။ ပြောမယ်ဆိုရင် ဘောလုံးအပြင် မျိုးချစ်စိတ်၊

နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ် စတာတွေ ပြိုင်ဆိုင်မှုတွေကိုပါ တွေ့ရတက်လို့ ကျန်တဲ့ ဘောလုံးပြိုင်ပွဲ

တွေထက် ကြိုက်ပါတယ်။ ခုလာမယ့် World Cup မှာ IT နဲ့ ပတ်သက်ပြီး ဘာတွေများလုပ်ထားသေးလဲ

လိုက်ကြည့်ရင်း computerweekly က ဒီ post လေးကိုဖတ်လိုက်မိတယ်။

Event Management System (EMS) ကိုသုံးပြီး World Cup ကိုထိန်းချုပ်ပါလိမ့်မယ်။ ဒီ system ကို developer

လုပ်ခဲ့တာကတော့ India Company တစ်ခုဖြစ်တဲ့ Mahindrasatyam ကဖြစ်ပြီး Microsoft .Net ကိုသုံးထားတယ်လို့

သိရပါတယ်။ ဒီ EMS ကိုလွန်ခဲ့သော သုံးနှစ်ထဲက developer 120 နဲ့ ရေးနေတာ ဖြစ်ပြီး 20 modules ပါဝင်ပြီး ပါဝင်ပါမယ်။

တခြား third-party system များဖြစ်သော Hospitality Management တွေနဲ့လည်း ပေါင်းစပ်ပြီး သုံးနိုင်အောင် design

ချထားတာလဲ ဖြစ်ပါတယ်။ ဒီ system ဟာ Web Based Application တစ်ခုဖြစ်သော်လည်း ဘောပွဲလာကြည့်မယ်သူတွေရဲ့

Ticker တွေကို ATM လိုစက်မျိုးတွေမှာ ထုတ်ယူနိုင်တဲ့  အထိပါသုံးထားပါတယ်။ ဆိုလိုတာကဗျာ ခုဘောပွဲကို လာမယ့်သူတွေက

နိုင်ငံပေါင်း 208 နိုင်ငံက ပြီးတော့ ရောင်းထားတဲ့ လက်မှတ်ပေါင်းက အစောင်ရေ 3 သန်းဆိုတော့ တစ်ယောက်ချင်းဆီရဲ့ လက်မှတ်

တွေကို မပို့တော့ပဲ Barcode လိုမျိုး code တခုခုကို ထုတ်ပေးထားပါတယ်။ ကြည့်မယ်သူက Johannesburg လေဆိပ်ကို ရောက်ရင်

အဲဒီ barcode လိုဟာမျိုးလေးနဲ့ ATM လိုစက်မျိုးမှာ သွားပြီး ကိုယ်ကြည့်မယ့် ပွဲလက်မှတ်ကို ထုတ်ယူနိုင်ပါတယ်။

တခြားပါသေးတဲ့ module တွေကတော့ ...

1) Accreditation system

World Cup မှာ ပါဝင်ပတ်သတ်မယ့် FIFA ကသူတွေ၊ Players တွေ၊ Medical Staff တွေ၊ Volunteers တွေကို control

လုပ်မယ့် system ဖြစ်ပါတယ်။


2) Volunteer management system

ပြိုင်ပွဲမှာ Volunteer ပေါင်း 130,000 ရှိမှာဖြစ်ပြီ သူတို့တွေရဲ့ Recruitment and Training Function, Time Sheet Function,

Matches skills စတာတွေအပြင် payroll function ကိုလည်း ပေါင်းထည့်ထားပါတယ်။

 

3) Ground transport system

ပြိုင်ပွဲကိုလာရောက်သူတွေရဲ့ သွားလာရေးလွယ်ကူးစေဖို့ လမ်းကြောင်းတွေ၊ အသုံးပြုရမယ့် မော်တော်ယဉ်တွေကို manage

လုပ်ပေးမယ့် system လည်းဖြစ်ပါတယ်။

 

4) Material management

ကျင်းပရာနေရာမှာ အလုပ်လုပ်နေတဲ့ staff တွဲရဲ့ electronic assets ကို management လုပ်နိုင်မှာ ဖြစ်ပါတယ်။


5) Ticketing system

ကျွန်တော် အပေါ်မှာ ပြောခဲ့ သလိုပါပဲ ခင်ဗျာ။ ပွဲကြည့်လာ ပရိတ်သတ်တွေရဲ့ Ticket တွေကို management လုပ်ပေးဖို့ ဖြစ်ပါတယ်။

ဒီ EMS ကို World Cup မှာ သုံးမယ့် တကယ် event တွေ၊ multiple users တွေနဲ testing ကို ပြီးခဲ့တဲ့ April ထဲက စပြီး လုပ်ခဲ့တယ်လို့

သိရပါတယ်။ အင်း software ဆိုတာမျိုးကလည်း ဘယ်လောက်ပဲ သေအောင်စမ်းစမ်း real time ကြမှ ထဖောက်တက်တာမျိုးရှိတော့

စိတ်ဝင်စားမိပါရဲ့ ... ကျွန်တော် အဖို့ကတော့ World Cup မှာကစားမယ့် ဘောလုံးအသင်း သတင်းတွေအပြင် ဒီ EMS ရဲ့

update news တွေကိုပါ စိတ်ဝင်စားမိတာ အမှန်ပါပဲ။

SHAKIRA ဆိုထားတဲ့ World Cup သီချင်းလေး တပုဒ်ပဲဖြစ်ပါတယ်။ နားထောင်ပြီးတော့ waka waka
ဆိုပြီးပါးစပ်ထဲစွဲသွားပါလိမ့်မယ်။

 

 

Programming is Art of Thinking

Friday, 14 May 2010 12:41

  ကျွန်တော် တလောက Myanmar Tutorials မှာ IT နဲ့ lateral thinking ဆက်ဆက်ပုံ အကြောင်းကို

  ဖတ်လိုက်ရပါတယ်။ ဖတ်ပြီးတော့ ကျွန်တော် ဆက်စဉ်းစားမိတာက programmer တစ်ယောက်ရှူထောင့်ကနေ

  ကြည့်ရင် programming မှာရော တခြား ဘယ်လို thinking  တွေရှိသေးလဲ ဆိုတာပဲ ဖြစ်ပါတယ်။

  Programming မှာ တခြားသော thinking တွေလည်း ရှိနေသောကြောင့် ဒီ post ကို

Programming is Art of Thinking လို့ အမည်တပ်လိုက်ပါတယ်။ ဘာ Thinking တွေလဲ ဆိုတာ ဆက်သွားလိုက်ရအောင်

1) Breakthrough Thinking ( ဖောက်ထွက်တွေးနည်း )

Programmer တစ်ယောက်အနေနဲ့ သမရိုးကျတွေကနေ ဖောက်ထွက်တွေးတောတက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဟိုးအရင်တုံးက

javascript ကိုသာ form validation တွေမှာ သုံးကျပေမယ့် ခုနောက်ပိုင်းမှာ AJAX, jQuery စတာတွေက အစားထိုး နေရာယူလာတာကို

တွေ့ရပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် Breakthrough Thinking ကို အခြေခံပြီး ပိုကောင်းမွန်တဲ့ result တွေရလာအောင် လုပ်ခဲ့တဲ့ ဥပမာ

တစ်ခုပဲ ဖြစ်ပါတယ်။ Forum တွေကနေ QA based site ပြောင်းလာတာလဲ ဒီသဘောပဲ ဖြစ်ပါတယ်။

2) Productive Thinking ( အသစ်မျှော် စဉ်းစားနည်း )

ရှေ့ဘာပြောင်းလဲမှုတွေ ဖြစ်လာနိုင်မလဲ ဘာတွေကို ပြင်ဆင်ထားမလဲ ဆိုတာလဲ Programmer တစ်ယောက်ရဲ့ Thinking ထဲမှာ ပါပါတယ်။

ဘာလို့လဲ ဆိုရင် ငါဟာ VB 4.0, VB 6.0 ဆရာကြီးပဲကွဆိုပြီး အသစ်တွေကို မပြင်ဆင်ပဲ နေခဲ့မယ်ဆိုရင် market demand အရ သူဟာ

နောက်ကျ ကျန်နေခဲ့ပါလိမ့်မယ်။ ဒီနေရာမှာ Cross Question တစ်ခု ရှိတာက ဒီလောက် လျင်လျင်မြန်မြန်ပြောင်းလဲနေတဲ့ ခေတ်မှာ

အသစ်တိုင်းကို ဘယ်လိုလိုက်နိုင်မလဲ ဆိုတာ ဖြစ်ပါတယ်။ ဒီအတွတ် 3Ps ကို based လုပ်ပြီး ဆုံးဖြတ် ရပါမယ်။ အဲဒါတွေကတော့

- Possible ( ဖြစ်နိုင်စရာ ရှိသော )

- Probable ( ဖြစ်တန်ရာသော )

- Preferable ( ဖြစ်သင့်ဖြစ် ထိုက်သည်ဟု ယူဆရသော )

3) Lateral Thinking ( ဖြန့်ထွက်တွေးနည်း )

Programming ရေးရာတွင် ဖြစ်စေ၊ error တစ်ခုခုကို ရှင်းရာမှာ ဖြစ်စေ Lateral Thinking မရှိရင် အချိန်ကုန်၊ လူပန်း အကျိုးမရှိ ဖြစ်တတ်

ပါတယ်။ ကျွန်တော်တို့ က ပြသနာ တခုနဲ့တွေရင် ဘောင်အတွင်းကနေပြီး လုံးချာလည် စဉ်းစားတက်ကျလိုပါပဲ။ တကယ်တော့  ပြသနာ

အပြင်ကနေထွက်ပြီး စဉ်းစားမယ်ဆိုရင် solution ကရှိနေပြီးသားပါ။ Lateral Thinking အတွက် ရိုးရှင်းပြီး အကောင်းဆုံး ဥပမာကတော့

အစက် ကိုးခုကို မျဉ်း လေးကြောင်းနဲ့ ထိအောင်ဆွဲရမှာ ဖြစ်ပါတယ်။ ဆွဲတဲ့ အခါမှာလည်း ဘောပင်ကို မကြွပဲ တစ်ချက်ထဲနဲ့ ဆွဲရမှာ ဖြစ်ပါတယ်။

Myanmar Tutorials post မှာလည်း ဒီ ဥပမာကို ပဲပေးထားပါတယ်။ စိတ်ဝင်စားရင် ဒီမှာ စဉ်းစားကြည့်နိုင်ပါတယ်။



 
4) Innovative (or) Creative Thinking ( ထွင်တွေးနည်း )

21 ရာစု နည်းပညာခေတ်ကို ဖြတ်သန်းနေရာမှာ Idea Alternative တွေမကြာ ခဏဆိုသလို ဖြစ်ပါတယ်။ အဲဒါတွေဟာ Innovative (or)

Creative Thinking တွေပေါ်မူတည်ပြီး Technology, Products အသစ်တွေ  ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ကြည့်မယ်ဆိုရင် သာမန် mobile

တွေကနေ  Smart phone, PDA Phone, iPhone တွေရဲ့ အဆင့်ဆင့် ပြောင်းလဲလာပုံကို မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း Programmer

တစ်ယောက် အတွက် Creative Thinking ကောင်းဖို့လည်း လိုပါတယ်။

 
အဲဒါတွေကတော့ Programming မှာ ကျွန်တော် သိထားသလောက် Thinking တွေပဲဖြစ်ပါတယ်။ How to Think, What to Think,

Why to Think တွေနဲ့ Art of Thinking ရဲ့ အလှအပကို မြင်နိုင်ကျပါစေ။ သူငယ်ချင်းတို့ အမြင်မှာ တခြား Thinking တွေ ရှိနေအုံးမယ်

ဆိုရင်လည်း Comment ပေးပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

 

ဒီ post ကို ဖတ်တဲ့ အခါ comment လေးတွေကိုပါ ဆက်ဖတ်စေလိုပါတယ်။ တခြား thinking တွေကိုလည်း comment ပေးဆွေးနွေး

ထားကြလို့ သူတို့တွေရဲ့ မူရင်းလေး အတိုင်း ဖတ်ကြည့်နိုင်ပါတယ်။


 

 

Work and Play

Tuesday, 11 May 2010 13:33

  မနက်လင်းတာနဲ့ အလုပ်သွား၊ ညနေ ပြန်ရောက် ရေချိုး၊ ထမင်းစား ပြီးတော့ စာလေးဘာလေး

 နဲနဲဖတ်၊ ဘုရားရှိခိုးပြီး အိပ်ယာဝင်ပေါ့။ ဒီလို life style ကို တစ်ရက်လည်း မဟုတ်၊ နှစ် ရက်လည်း

မဟုတ်၊ တစ်လလည်း မဟုတ်၊ နှစ်လလည်း မဟုတ်၊ နှစ်တွေကြာလာတော့ စိတ်ပျက် ငြီးငွေ့လာမိပါတယ်။ ကျွန်တော် ဖတ်နေတဲ့

Quite Mind ထဲမှာ အဲဒါနဲ့ ပတ်သက်ပြီး ရေးထားတဲ့ Article တစ်ခုကို ဖတ်မိလို့ share လိုက်ပါတယ်။

Title က အလုပ်နဲ့ အပျော်အပါး ကစားခုန်စား ပါ။

 


 
All work and no play make Jack and Jill dull kids.
(Traditional Saying )(Adapted)
 


အလုပ်ချည်းပဲလုပ်ရပြီး ပျော်ပါးစရာမရှိတဲ့အတွက် Jack နဲ့Jill က ထိုင်းမှိုင်းတဲ့က လေးတွေ ဖြစ်ကြရတယ်။

ဒီဆိုရိုးစကားက အင်္ဂလန်နိုင်ငံ စက်မှုတော်လှန်ရေးအခါ (၁၉) ရာစုကပေါ်ထွက်ကဲ့ ဟန် တူပါတယ် ကလေးတွေက

အလုပ်တွေ အဆမတန် လုပ်ကြရတဲ့အတွက် ကစားဖို့အချိန် မရှိခဲ့ကြပါဘူး။ Oliver Twist ဆိုတဲ့ ကလေးရဲ့ ဘ၀မျိုး ဖြစ်ပါတယ်။

 

ကျွန်ပ်တို့ခေတ်မှာ အလုပ်နဲ့အနားယူကစားခြင်း ဟန်ချက်ညီဖို့က လူကြီးတွေအ တွက် အဓီကဖြစ်နေပါတယ်။ မိသားစုတွေ

ရှိကြတဲ့ ရူပဗေဒပညာရှင်တွေကို မေးကြည့်ပါ။ အလုပ်စွဲခြင်း ( Workaholism ) တွေ ကောင်းကောင်းရှင်သန်နေကြပါတယ်။

အလုပ်စွဲလမ်းခြင်းက အလုပ်ကြိုးစားခြင်းနဲ့ မတူပါဘူး။ သူက အာသာဆန္ဒပြင်းပြင်းနဲ့ အရက်စွဲသလို စွဲခြင်းဖြစ်ပြီး

ထိန်းချုပ်မှုကင်းမဲ့နေတတ်ပါတယ်။ Jack တို့ Jill တို့ကိုဉာဏ်တုံး စေသလိုသက် ရောက်မှုရှိပါတယ်။

 

လူတိုင်းက အလုပ်စွဲနေခြင်းတွေ ပျံ့နှံ့နေပြီဆိုတာ အသိအမှတ်ပြုကြပါတယ်။ လူ တိုင်းလည်း ပြစ်တင်ဝေဖန်နေကြတယ်။

ဒါပေမဲ့ ကျွန်ပ်တို့လိုလားတဲ့ ဟန်ချက်ညီခြင်းကိုတော့ ရယူနိုင်ခြင်း မရှိပါဘူး။ ဒီလို ၀မ်းနည်းစရာအဖြစ်ကို ကျွန်ပ်တို့ ဘယ်လို

ဖြစ်လို့ ကြုံကြရပါသ လဲ။ တိကျတဲ့ အဖြေကို ရယူလိုပါတယ်။ အဖြေက ရိုးရိုးစင်းစင်းလေး။ “အနားယူ၊ ကစား တာများများလုပ်ပါ”

ဆိုတာာ ဖြစ်နိုင်ပါလိမ့်မယ်။

 

ပြေလည်သွားအောင် မိမိကိုယ်မိမိ မေးခွန်းတွေမေးပါ။ သင်ဘယ်လိုအပန်းဖြေသလဲ ဘယ်သူတွေနဲ့လဲ။ အားကစားတွေရော

လုပ်ရဲ့လား။ မေ့ကုန်ပြီလား။ ပြသာနာမရှိပါဘူး။ ကလေးတွေ ကစားတာကို သွားကြည့်ပါ။ ပြီးတော့ သူတို့ထဲမှာ ၀င်ပါဖို့

ခွင့်တောင်းပါ။ သတိမမူမိတဲ့ ရိုးရိုးအကြောင်းလေးတစ်ခု ရှိပါတယ်။ အလုပ်နဲ့အပန်းဖြေခြင်း ဟန်ချက်ညီအောင် ပြုလုပ်ဖို့

အထူးခက်ခဲတယ်ဆိုတာပါပဲ။ လက်တွေ့ဘ၀မှာ အလုပ်နဲ့ သီး သန့်ဘ၀ရဲ့ တောင်းဆိုချက်တွေညီမျှအောင် မဖန်တီးနိုင်ကြပါဘူး။

သူ့ဘာသာသူတော့ ဖြစ်ပေါ်မလာပါဘူး။ သင့်ရဲ့ တန်ဖိုးတွေ၊ ဦးစားပေးမှုတွေ၊ ရည်ရွယ်ချက်နဲ့ အစီအစဉ်အလိုက် ဖြစ်အောင်

ဖန်တီးရမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ အလုပ်ကပဲ အနိုင်ရသွားမှာပါပဲ။


ဒီနေ့ အပန်းဖြေကစားပါ။ အစီအစဉ်တွေ ပြုလုပ်ဖို့ လိုအပ်ပါသလား။


Quite Mind Article

1) Quite Mind

2) A Little Time for relax



 

Page 10 of 27

«StartPrev12345678910NextEnd»

Login Form

Categories Table View

RSS Feed

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch