[X] Choose Font Here

Reader's Conner

R.I.P Steve | Memory of Steve

Thursday, 06 October 2011 17:38

ဒီနေ့ မနက် အလုပ်လုပ်ဖို့ mail တွေစစ်ဖို့ Safari ကိုဖွင့်လိုက်ချိန်မှာ Steve Jobs(1955 - 2011) ဆိုတာကိုတွေ့ပြီး  လုံးဝကို မယုံနိုင်အောင် ဖြစ်သွားတယ်။ အဲဒီမှာ မယုံနိုင်လို့ ပုံကို Click လိုက်တယ် ဆိုရင်ပဲ Apple ကနေ တရားဝင် Steve သေသွားပြီ ဆိုတာကို ထုတ်ပြန်ထားတဲ့ စာလေးကို ဖတ်လိုက်ရတယ်။

 

 

 

တကယ်ကို မယုံလောက်အောင် ဖြစ်သွားပြီး ခဏတာ ပြောစရာ စကား မရှိလောက်အောင်ကို ဆွံ့အ သွားရပါတယ်။ သူ့ကျန်းမာရေး
အခြေအနေကြောင့် အနားယူသွားပြီး နောက်ပိုင်း ဘာသတင်းမှ ထပ်မကြားတော့ပဲ ရုတ်တရက်ကြီး သေပြီ ဆိုတာကို သိလိုက်ရတာလဲ ပါပါတယ်။ ထပ်ပြောရရင် မနေ့ တနေ့ကမှ iPhone 4S ကိုလဲ Apple ကနေ officially စတင်မိတ်ဆက်ထားတာ ဆိုတော့ အဲဒီ အကြောင်းလေး စိတ်ဝင်တစား ရှိနေတုန်း ခုလို သတင်းကြီး ဖတ်လိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ Steve သေဆုံးချိန်မှာ အသက်က ၅၆ ဆိုတော့ ပြောမယ်ဆိုရင် နောက်နှစ်ပေါင်း ၂၀ လောက်ကိုကောင်းကောင်း နေနိုင်သေးပါတယ်။ နေရာစုံ၊ နယ်ပယ်စုံမှာ လူတော်တွေ ဖန်းတီးရှင်တွေ ဘာကြောင့် အကြွေစောရတယ်ဆိုတာကိုလဲ မေးခွန်း ထုတ်မိတယ်ဗျာ။ ???

Steve အကြောင်းတတ်လာတဲ့ link တွေကိုသွားပြီ သတင်းတွေ သူ့အမှတ်တရတွေကို လိုက်ဖတ်ရင် အချိန်တောင် တော်တော်လေးကုန်သွားတယ်။ ကျွန်တော် Blog စရေးတုန်းက Reader's corner ဆိုပြီး category လေးတစ်ခုဖွင့်ပြီး စိတ်ဝင်စားတဲ့ သတင်းလေးတွေကို အဲဒီအောက်မှာ ရေးလေ့ရှိတယ်။ ပထမဆုံး စပြီး ရေးဖြစ်ခဲ့ Steve အကြောင်းပါ။ တခြား Web Site တွေမှာ ရေးထားတာတွေ ရှိတော့ အတော်များများ သိနေပြီးသား Steve အကြောင်းလေးတွေပါ။

First Story | Sceond Story | Third Story

ပထမ story ကိုဖတ်လိုက်ရတော့ Steve ငယ်ဘဝ အဖေမရှိပဲမွေးပြီး မိခင်ကလည်း မွေးစားမယ့် သူတွေကို စွန့်ပြစ်ခဲ့တာကို ဂရုဏာသက်မိ ရပါတယ်။ မွေးစားမိဘတွေရဲ့ နောက်ထောက်ပံမှုနဲ့ ကောလိပ်ကျောင်းသား ဘဝ ဖြတ်သန်း ရုန်းကန်ခဲ့ ရပုံကလည်း လေးစား အားကျစရာပါ။ Steve ငယ်ငယ်က ပုံလေးတွေတွေ့လို့ တင်လိုက်ပါတယ်။

  

ဒုတိယ ပုံပြင်မှာတော့ အသက် ၂၀ အရွယ်မှ သူ့ရဲ့ သူငယ်ချင်း Wozniak(Woz) အတူ ကားဂိုထောင်ထဲမှာ သူ့တို့ယုံကြည်တဲ့ macintosh ကိုစပြီး အသက်သွင်းခဲ့တယ်။ ဒီ ပုံလေးကတော့ အမှတ်တရပေါ့။

 

 

ပိုပြီး အသေးစိတ်သိချင်ရင်တော့ အဲဒီ  အချိန်လောက်တုန်းကအကြောင်းကို Documentary အဖြစ်ရိုက်ထားတဲ့ Pirates of Silicon Valley ကိုကြည့်သင့်တယ်

နောက်ပိုင်း သူ့အသက် ၃၀ လောက်မှာ သူ့တည်ထောင်ခဲ့တဲ့ Apple ကနေ အလုပ်ပြုတ်သွားပြီး စိတ်ဓါက် မကျပဲ Next တို့ Pixar တို့ကို တည်ထောင်ခဲ့ပုံကလည်း ဘဝ အနိမ့်အမြင့်တွေကြား အောင်မြင်လုပ်နိုင် တာကို လေးစားမိပါတယ်။ ဒီပုံလေးတွေက Steve ရဲ့ Next + Pixar တွေမှာ အလုပ်လုပ်နေချိန်က အမှတ်တရ ရှိနေစေမယ့် ပုံလေးတွေပါပဲ။

 

 

 



နောက်ဆုံး ပုံပြင်မှာ သူ့အဓိကထားပြောသွားတာကတော့ သူ့မှာ ဖြစ်နေတဲ့ ရောဂါပေါ်မှာ အခြေခံပြီး ပြောပြသွားတဲ့ သေခြင်းတရား အကြောင်းပါ။ နောက်ပြီး သိရတာက Steve က ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တယ် ဆိုတာပါပဲ။ ဒီနေရာ လေးမှာ ထပ်ဖတ်နိုင် ပါတယ်။

ကျွန်တော် ကြိုက်တဲ့ စာကြောင်းလေး တစ်ချို့ပေါ့


"If today were the last day of my life, would I want to do what I am about to do today?"



Your time is limited, so don't waste it living someone else's life. Don't be trapped by dogma ― which is living with the results of other people's thinking. Don't let the noise of others' opinions drown out your own inner voice. And most important, have the courage to follow your heart and intuition. They somehow already know what you truly want to become. Everything else is secondary.



I'm convinced that the only thing that kept me going was that I loved what I did. You've got to find what you love.



And the only way to do great work is to love what you do. If you haven't found it yet, keep looking. Don't settle. As with all matters of the heart, you'll know when you find it. And, like any great relationship, it just gets better and better as the years roll on. So keep looking until you find it. Don't settle.



Stay Hungry. Stay Foolish


နည်းပညာလောကမှာ revolution ဆန်ဆန် products တွေကို ထုတ်လေ့ရှိတဲ့ အခုတော့ သူ့မက်မောတွယ်တာရာတွေကို ကျောခိုင်းလို့ သွားရပုံကိုလည်း သံဝေဂ ရမိပါတယ်။ Obama ကလည်း "The World Has Lost a Visionary” လို့ပြောခဲ့တာကိုလည်း ဒီမှာ ဖတ်ကြည့်နိုင် ပါတယ်။ Steve ရဲ့ နောက်ဆုံး WWDC 2011 မှာ iCould အကြောင်းပြောသွားတဲ့ ပုံလေးတွေကို အမှတ်တရ တင်လိုက်ပါတယ်။ ဒါဟာသူ့ရဲ့ တကယ်ကို နောက်ဆုံး Keynote ဖြစ်သွားပြီ ပေါ့ဗျာ။

 

 

 

ဒါကတော့ ကမ္ဘာ အရပ်ရပ်က Steve အတွက် ဆုတောင်းကြတဲ့ ပုံလေးတွေပါ။ လူသေသွား ခဲ့ပါပြီ သို့သော် နာမည်ကား ဆက်လက်ရှင်သန်နေမှာ သေချာပါတယ်

 

 

 

============================================================================================================

Steve ရေ R.I.P ပါ။ ကောင်းရာ သုကတိ လားမယ်ဆိုတာ သိပေမယ့် ထပ်ပြောပါရစေ ကောင်းရာသုကတိ လားပါစေ နည်းပညာ သူရဲကောင်းကြီးရေ

============================================================================================================

(ကျွန်တော်ငယ်ငယ်က ခံစားခဲ့ရဘူးတဲ့ ပုံစံတူ Feeling တစ်ခု အကြောင်းပေါ့)

လူတစ်ယောက်ရဲ့ ဖန်တီးမှု အနုပညာကို လွမ်းဆွတ် ခံစားမိတာ အခု လူလတ်ပိုင်း အရွယ်မှာ ဒါဟာ ပထမဆုံးပါ။ ဘဝမှာ ဆိုရင်တော့ ဒုတိယပါ့။ ငယ်ငယ်တုန်းက လမ်းထဲကို လာရောင်းတဲ့ ဗူပေါင်းသည်ကြီး ပျောက်သွားတုန်းက တစ်ခါ ဒီလိုမျိုး ခံစား ရဘူးတယ်။ ပြောရမယ် ဆိုရင် လမ်းထဲကို တခြား ရက်ကွက်တွေက လာရောင်းတဲ့ ဗူပေါင်းသည်တွေက အများကြီး ရှိသော်လည်း ကျွန်တော်တို့ ကလေးတွေ အားလုံး ဝယ်ပြီး အားပေးချင်တဲ့ ဗူပေါင်းသည်က ခြေထောက် တစ်ဘတ် မရှိတော့တဲ့ ဦးလေးကြီး ဆီကပါ။ စစ်ပြန်ကြီး တစ်ယောက်လို့လည်းပြောကြတယ်။ သူ့ကို ကျွန်တော်တို့တွေ့ချင်တာက သူ့ဆီမှာ ပါလာတဲ့ ဗူပေါင်း အရုပ်တွေက တခြားသော အရုပ်သည်တွေ့နဲ့ မတူဘူးဗျ။ တစ်ခါလာရင် တစ်မျိုး အသစ်အသစ်တွေ ပါလာတတ်လို့ ကျွန်တော်တို့ ကလေးတွေ မုန့်မစားပဲ စောင့်ဝယ်လေ့ ရှိတဲ့ ဦးလေးကြီးပေါ့။ သူ့လာရင် သိသာတယ် လမ်းထိပ်ကကောင်တွေက အရုပ်သည်ကြီး လာပြီဟေ့လို့ အားရဝမ်းသာ အော်လိုက်ပြီ ဆိုရင် ကျွန်တော်တို့ သိလိုက်ပါပြီ။ လမ်းထဲက ကလေးတွေ ဆူညံသွားတယ်။ အဲလိုနဲ့ နောက်ပိုင်း အဲဒီ ဦးလေးကြီး မလာတော့တာ တော်တော်လေး ကြာသွားတယ်ပေါ့။ ကျွန်တော်တို့တွေလဲ အရုပ်အဟောင်းလေးတွေနဲ့ ကစားရင် စောင့်နေကြတယ်။ နောက်ပိုင်း လူကြီးတွေကို မေးကြည့်တော့ အဲဒီ ရက်ကွက်တွေကလာတဲ့ ဈေးသည်တွေပြောတာ အဲဒီ ဦးလေးကြီး ငှက်ဖျားပြန်ထလို့ ဆုံးသွားပြီတဲ့။ ကျွန်တော်တို့ အားလုံး သစ်ပင်အောက်မှာ အရုပ်အဟောင်းလေးတွေ ကိုယ်စီကိုင်ပြီး အဲဒီနေ့က ကစားဖို့ စိတ်မပါတဲ့ နေ့ပေါ့။ သူ့အရုပ်လေးတွေကို မရနိုင်တော့ဘူး ဆိုတဲ့ ဝမ်းနည်းတာ အခု လည်း IT revolution လုပ်နိုင်စွမ်းရှိသူ့ရဲ့ magic ဆန်ဆန် products လေးတွေကို ကြည့်ချင် မြင်ချင်နေသေးတဲ့ စိတ်ရယ်၊ နေနိုင်သေးတဲ့ အရွယ်မှာ အသေစောတာကိုပေါင်းပြီး ခံစားမိပါတယ်။ ငယ်ငယ်တုန်းကလိုမျိုး ခံစားမှုလေးပါ။

 

Ref :

http://ipost.christianpost.com/news/steve-jobs-dead-was-he-christian-10197/

http://www.allaboutbusiness.sg/forum/viewtopic.php?f=2&t=255

http://abcnews.go.com/Technology/steve-jobs-dies-apple-chief-innovated-personal-computer/story?id=14383813

http://news.stanford.edu/news/2005/june15/jobs-061505.html

 

Ref :

http://ipost.christianpost.com/news/steve-jobs-dead-was-he-christian-10197/

http://www.allaboutbusiness.sg/forum/viewtopic.php?f=2&t=255

http://abcnews.go.com/Technology/steve-jobs-dies-apple-chief-innovated-personal-computer/story?id=14383813

http://news.stanford.edu/news/2005/june15/jobs-061505.html

 

I have bought Espresso + CSS Edit

Thursday, 11 August 2011 21:33

Espresso1.1.3 + CSS Edit 2.6.1 ကို 99.91 SDG နဲ့ လိုင်စဉ် ဝယ်လိုက်ပါပြီ။ ပြောမယ်ဆိုရင် Programming ရေးဖို့ utility tool အနေနဲ့ ပထမဆုံး ဈေးကြီးပေးဝယ် လိုက်တဲ software တစ်ခု ဖြစ်ပါတယ်။ Espresso ကို crack လုပ်ပြီး မနှစ်က စသုံး ဖြစ်တယ်။ သုံးရတာ အဆင်ပြေတယ် ဒါကြောင့် ဆက်ပြီး ခိုးသုံးရမှာ စိတ်မသန့်လို့ ဝယ်လိုက်တာပါ။ Adobe တွေကတော့ မဝယ်နိုင်သေးဘူး ပြီးတော့ တစ်ခါတစ်ရံလောက်မှ Design အတွက် သုံးဖြစ်တာကြောင့်လဲဖြစ်ပါတယ်။
Espresso မှာဘာ Feature တွေရနိုင်တယ် ဆိုတာ ပြောပြပါမယ်။

# Projects တွေကို အရောင်လေးတွေ အလိုက် Category တွေခွဲထားနိုင်တယ်။ ပြီးတော့ folder icon လေးတွေ လည်း ရွေးချယ်နိုင် ပါတယ်။

(Credit : Copy from Espresso)

# ညာဘက်က Navigator ကိုသုံးပြီး Code Structure ကို trace လိုက်ရတာလွယ်တယ်။



# Server ကို live connection ချိတ်ပြီး တန်းပြင်လို့ ရတယ်။ FTP ကနေ download/upload ရတာမျိုးတွေ မလိုတော့ဘူး။


# ကိုယ့် Project တစ်ခုလုံးမှာ word တစ်ခုခုကို ရှာချင်တယ်ဆိုရင်လည်း ရှာတယ် မြန်တယ် တိကျတယ်။ File >> Find in Project ကနေ ရှာလို့ ရပါတယ်။

# HTML, CSS, PHP တွေပဲ ရေးမယ် ဆိုရင် auto suggestion တွေ၊ simple text insertions တွေပါ ရနိုင်ပါတယ်။

                      



# CSS Edit ကိုပါ ရတော့ Design ပိုင်းအတွက် CSS တွေကို Espresso မှာ ပြင်ရတာထက် ပိုလွယ်ကူမယ်လို့ ထင်တယ်။  CSS Edit ကိုသေချာ မစမ်း ရသေးလို့ အများကြီးတော့ မပြောနိုင်သေးဘူး




# တစ်ခုပဲ ရှိတာက Textmate လိုမျိုး Bundles တွေမများတာကတော့ Bundles ကြိုက်သူတွေ အဖို့ ဘဝင်မကျ စရာတစ်ခုပါ။

အဲနောက်ပြီး Espresso 2 ထွက်ရင်လည်း Free Upgrade လုပ်နိုင်ပါသေးတယ်။ 
နောက်လူတွေ ဝယ်ချင်လာတဲ့ အခါ ကိုယ်နဲ့ တကယ် အသုံးဝင်မဝင် စဉ်းစားနိုင် အောင်လို့ ဒီ Post လေးကိုရေး လိုက်ပါတယ် ခင်ဗျာ။



 

iOS 5 installation on iPad2

Saturday, 11 June 2011 14:36

iOS5 ကို iPad2 ပေါ်မှာ installation လုပ်ပြတဲ့ Video လေးပါ။ Developer မဟုတ်လို့ apple ကနေ download လုပ်လို့ အဆင်မပြေရင် ဒီမှာ တင်ထားတာတွေတော့ရှိတယ်။

 

MS Window 8

Friday, 03 June 2011 11:21

ကျွန်တော် Mac + ubuntu linux ကိုအသေကြိုက်တယ်။ ဒါပေမယ့် window 8 က ခုရှိနေတဲ့ window version တွေနဲ့ မတူ တစ်မူကွဲသွားမယ်လို့ ထင်တယ်။

 

7 Simple Ways to Help for Japan

Monday, 14 March 2011 23:34

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဂျပန်မှာ ၈.၉ ပြင်းအား အဆင့်ရှိတဲ့ မြေငလျှင် လှုပ်ခက်အပြီး ဆူနာမီ ရေလှိုင်းတွေကြောင့် Fukushima နူကလီယား ယိုစိမ့်မှုတွေ ဖြစ်ပေါ်လို့ ဂျပန်ပြည်သူတွေ ရာထောင်ချီပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ကြတဲ့ သတင်းတွေကို Internet ပေါ်မှာ တွေ့ကြမယ်လို့ ထင်ပါတယ်။ ဂျပန် သတင်းဌာနတွေ ထုတ်ပြန်ချက် အရ ယခုငလျှင်က ဂျပန် နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး  မြေငလျှင်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်တွေ စိတ်ဓါတ် မာကျောပြင်းထန်မှု ကိုတော့ လေးစားဖို့ ကောင်းပါတယ်။ သမိုင်းကိုပြန်ကြည့်ရင်လဲ နူကလီယား ဗုံးကျဲခံရ အပြီး ပြာပုံထဲကနေ သူတို့ ဘဝ ပြန်တည်ဆောက် ခဲ့ကြတယ်။ သဘာဝ ဘေးအန္တာရယ်တွေ ကြားကနေ လဲကြလိုက် ပြန်ထလိုက်နဲ့ ကြိုးစားနေတဲ့ ဂျပန်တွေကို Red Cross ကနေ တဆင့်လှူဒါန်းနိုင်မယ့် နည်းလမ်း ၇ ခုကို သိချင်ရင် အောက်က Link ကို Click ပြီး အသေးစိတ် ဖတ်နိုင်ပါတယ်။

Ref: http://mashable.com/2011/03/13/japan-earthquake-tsunami-help-donate/

 

Page 2 of 27

«StartPrev12345678910NextEnd»

Login Form

Categories Table View

RSS Feed

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch