[X] Choose Font Here

Reader's Conner

Joomla e-Book Collection

Saturday, 04 December 2010 13:54

ကျွန်တော် Post တစ်ခုမှာ comment ပေးပြီး သူစုထားတဲ့ Joomla e-Books လေးတွေကို ဆက်လတ် ဝေမျှပေးဖို့ ပြောပါတယ်။ ကြည့်ကြည့်လိုက်တော့ Joomla နဲ့ အလုပ်လုပ်မယ့် သူတွေအဖို့ အသုံးဝင်မယ့် စာအုပ်လေးတွေ ဖြစ်တာကြောင့် လိုချင်သူများ Download ရယူနိုင်ပါတယ်။

 

 

စိတ်ဝင်စားမိတဲ့ Julian Assange ရဲ့ WikiLeaks အကြောင်း

Saturday, 04 December 2010 00:53

ကျွန်တော် ဒီနေ့ည အချိန်လေး ရလို့ သတင်းတွေဖတ်ရင်း ခုရက်ပိုင်း နာမည်ကြီးနေတဲ့ အမေရိကန်ရဲ့ သံတမန်ရေး ဆက်သွယ်ချက်တွေကို ကမ္ဘာသိအောင် ဖော်ပြခဲ့တဲ့ WikiLeaks ကိုစိတ်ဝင်စားမိပါတယ်။ အမေရိကန်ရဲ့ Iraq နဲ့ Afghanistan စစ်ပွဲတွေရဲ့ ထိပ်တန်း လျှို့ဝှတ် သတင်းတွေက လွန်ခဲ့ လလောက်ထဲက WiliLeaks website ထဲမှာ ရှိနေတာ ဖြစ်ပြီး ခုရက်ပိုင်းမှာတော့ အမေရိကန်တို့ အရှက်ရစေမယ့် သံခင်းတမန်ခင်း သတင်းတွေကို ထပ်ပြီး ဖွင့်ချခဲ့တာကို တွေ့ရပါတယ်။ WikiLeaks ဆိုတာကတော့ လူအခွင့် အရေးလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ နည်းပညာ ကျွမ်းကျင်သူတွေကို ပေါင်းစည်းပြီးလူထုရဲ့ ထည့်ဝင်ငွေတွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး သူတို့ရဲ့ အဓိက အားသာချက်ကတော့ အလွယ်တကူ မသိနိုင်တဲ့ သတင်းမျိုးတွေကို လူတွေသိအောင် ထုတ်ပြန်ပေးခြင်း ပဲဖြစ်ပါတယ်။

အနည်းနီးဆုံး သတင်းတွေကတော့ အမေရိကန်ရဲ့ Iraq နဲ့ Afghanistan သတင်း၊ နိုင်ငံခြား သံရေးတမန်ရေး သတင်းများအပြင် စင်္ကာပူ နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ လီကွမ်ယု ကပြောတဲ့ မြန်မာက အာဆီယံမှာ တရုတ်စပိုင်ဖြစ်နိုင်တယ် ဆိုတဲ့ သတင်းစသည်ဖြင့် တခြား သတင်းမီဒီယာတွေမှာ မတွေ့ရတဲ့ သတင်းတွေကိုတွေ့ရပါတယ်။ ကျွန်တော် စဉ်းစားမိတာက ဒီသတင်းတွေကို ဘယ်လိုရလဲ ပြီးတော့ ဘယ်လို ခိုင်မာတဲ့ အထောက်အထားပြနိုင်လို့ တင်သလဲ စသည် ဖြစ်ပေါ့။

ဆက်ပြီးဖတ်ရင်း ပိုစိတ်ဝင်စားမိတာက WikiLeaks တည်ထောင်သူ  Australia နိုင်ငံ Queensland မှာ ၁၉၇၁ ကမွေးဖွားတဲ့ Julian Assange ပါပဲ။ တကယ်တော့ ဖတ်ထားမိသလောက်ပြော ရရင် သူ့အသက် ၂၄ နှစ်လောက်တုန်းက ရေးခဲ့ Underground ဆိုတဲ့ hacking စာအုပ်ကလည်း hacking လောကရဲ့ ကျမ်းတစ်ခုလိုမျိုး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ လုပ်ချင်တာ တစ်ခုကို စွဲစွဲလန်းလန်းနဲ့ လုပ်လေ့ရှိပြီး အအိပ်အစားနည်းသူ တစ်ယောက်လည်းဖြစ်ကာ ပျော်ပျော်နေတတ်သူလည်း ဖြစ်တယ်လို့ New York Time magazine ကသူ့နဲ့ ရင်းနှီးတဲ့ ဂျာနယ်လစ် တစ်ယောက်ကပြောပါတယ်။

ခုဆိုရင်တော့ ဒီလိုနာမည်ကြီးလာတဲ့ WikiLeaks ကို Amazon ကလည်း Host လုပ်ခွင့်ပိတ်ပင်တော့မယ် သတင်းကို MMTuts မှာတွေ့လိုက်ရပါတယ်။ ခုညနေ သတင်းမှာတော့ WikiLeaks ဟာ DDos အတိုက်ခံ ရပြီး သူ့ DNS provider ဖြစ်တဲ့ EveryDNS.net terminate လုပ်လိုက်လို့ site down နေတာကိုတွေ့ ရပါတယ်။ ခုချိန်မှာ WikiLeaks ဟာ mirror site တွေကနေ တက်နေတာ ဖြစ်ပြီး IP address တွေကနေ ကြည့်လို့ ရနိုင်ပါတယ်။ နောက်ပိုင်းမှာ WikiLeaks Host ကို ဥရောပ နိုင်ငံ တစ်ခု ဖြစ်တဲ့ Switzerland ကိုရွှေ့မယ်လို့ သိရပါတယ်။


ခုဆိုရင်တော့ တည်ထောင်သူ ဖြစ်တဲ့ Julian Assange ကို အမေရိကန်က ဖမ်းဝရမ်း ထုတ်လိုက်တဲ့ အပြင် Interpol လို့ခေါ်တဲ့ နိုင်ငံတကာရဲ တပ်ဖွဲ့ကလည်း ဆွီဒင်နိုင်ငံမှ မုဒိမ်းမှုအတွက် လိုချင်နေတယ်လို့ သိရပါတယ်။လောလောဆယ် mirror site တွေကို http://wikileaks.info/ မှာကြည့်လိုက်ပါတယ်။

WikiLeaks အကြောင်း မြန်မာလိုရေးထားသော တခြား links များကတော့
- Amazon က WikiLeaks ကို Host လုပ်ခွင့် ပိတ်လိုက်ကြောင်း သိရ
- ၀ိကိလိခ်စ် တည်ထောင်သူရဲ့ ဘ၀ ရုပ်ပုံလွှာ
- တရုတ်စပိုင် မြန်မာလုပ်နိုင်ဟု လီကွမ်ယု ပြောဆိုချက် ၀ီကီလိခ် ဖွင့်ချ

Ref: CNN, BBC, Wiki, New York Times

 

Aloha HTML5 Web Editor

Wednesday, 24 November 2010 18:47

Program ရေးရင် စဉ်းစားလို့ မရတော့တာနဲ့  Smashing Newsletter #22 ကိုဖတ်ရင်း Aloha  HTML5 Editor ကိုသွားတွေ့ ပါတယ်။ Aloha က ckeditor   tinymce  တို့လိုမျိုး web text editor တစ်ခုပဲ ဖြစ်ပါတယ်။ အရင် သမရိုးကျတွေထဲက ခွဲထွက်ထားတာကိုတွေ့ ရပြီး အထူးသဖြင့် table create လုပ်တဲ့ select ဆွဲလိုက်တာနဲ့ ရသွားပါတယ်။ အရင်လိုမျိုး row တွေ column တွေ ဘယ်လောက်ဆိုတာ ရိုက်ထည့်ပေး စရာ မလိုတော့ပါ။ နောက်တစ်ခုကောင်းတာက မလိုရင် screen တစ်ခုလုံး ကြိုက်တဲ့နေရာမှာ pin "on" "off" လုပ်ထား လို့ရတယ်ဗျာ။ အဲ ဒါပေမယ့် images upload function မျိုးတော့ မတွေ့ရဘူး။ တကယ်တော့ ပြောမယ်ဆိုရင် ckeditor/tinymce တွေနေရာမှာ အစားထိုးသုံးဖို့တော့ အချိန်လိုပါလိမ့် ဦးမယ်။  ပျင်းလို့ စမ်းချင်တယ် ဆိုရင်တော့ ဒီမှာ ပါ။


 

အရေးကြီတဲ့ Singapore က Work Pass

Saturday, 13 November 2010 16:27

လွန်ခဲ့ ၂ရက်လောက်တုန်းက online မှာခင်နေတဲ့ ညီငယ် တစ်ယောက်က စလုံးလာဖို့ အလုပ်အခြေ အနေ၊ Pass အခြေအနေကို မေးပါတယ်။  ခုလက်ရှိ အချိန် စလုံးမှာ အလုပ်လာရှာမယ့်သူ တစ်ယောက်အတွက် အရေးကြီး စဉ်းစားရမှာက Pass ရ မရ ဆိုတာပဲ ဖြစ်ပါတယ်။ စေတန် ရဲ့ Singapore Part 2 ကိုဖတ်လိုက်ပြီး စဉ်းစားကြည့်မိတယ်။ ပြောမယ်ဆိုရင် စလုံးမှာ Programmer အလုပ်တွေ ရှိပါတယ် ခင်ဗျာ။ Job Portal Site တွေမှာ သက်ဆိုင်ရာ အလုပ်တွေကို ရှာကြည့်ရင် ပိုသိပါလိမ့်မယ်။ ကိုယ်တကယ် Experience ရှိရင်မယ် မသိတာကိုလဲ လေ့လာ နိုင်မယ့် သူမျိုးဆိုရင် သူ့တို့ requirement တွေနဲ့ ကိုက်ညီမှုရှိတဲ့ အလုပ်မျိုးတွေကို တွေ့ရပါမယ်။ အောက်ဆုံးမှာတွေ့ ရလေ့ရှိတဲ့

Singaporean Citizens or Permanent Residents preferred
Singaporean Citizens or Permanent Residents only

ဆိုတာတွေက ဂိုးသွင်းပြီးမှ လူကျွံဘော ဖြစ်သွားသလိုမျိုးပဲဗျ။ တကယ်တော့ company တွေကလည်း  Pass ကသူ့တို့ လက်ထဲမှာ ဖြစ်တော့  Singaporean / PR မဟုတ်တဲ့ နိုင်ငံခြားသားတွေကို ပိုလိုချင်ကြပါတယ်။ များသောအားဖြင့် company တွေကလဲ နိုင်ငံခြားသား အလုပ်သမားတွေကို ခန့်ဖို့ အတွက် အရင် ကြိုးစားလေ့ ရှိကြပါတယ်။ ဒါပေမယ့်လည်း အကြောင်းပြချက် မယ်မယ်ရရ မရှိပဲ reject တွေဖြစ်ပြီး ပြန်သွားရတဲ့ ကျွန်တော် သူငယ်ချင်း အရင်းတွေ ရှိပါတယ်။ ခုမှလာတဲ့သူ မဟုတ်ပဲ လက်ရှိ အလုပ်လုပ်နေသူတွေတောင် အခက်မသင့်ရင် Pass Reject ကြုံရတာတွေ ရှိပါတယ်။ အလုပ်ရပြီး Pass မရတဲ့ အဖြစ်ကတော့ အတော်ဆိုးတယ်လို့ ပြောရမယ်။

ကျွန်တော်လာတဲ့ ၂၀၀၇ လောက်တုန်းကဆိုရင် ၁၀ ယောက်တင်ရင် ၈ ယောက်လောက်က ရတာများပါတယ်။ စလုံးရဲ့ ရွေးကောက်ပွဲ ရှိတာကြောင့် policy တွေပြင်လို့ ဒီလိုမျိုး Pass အခက်အခဲတွေ ဖြစ်လာရတယ်လို့ ကြားမိပါတယ်။ လာမယ့်သူတွေအနေနဲ့ ကိုယ့် education certificate ကိုသေသေချာချာ ယူလာစေလိုပါတယ်။ နိုတြီပြန်ရတာမျိုး ဆိုရင်လဲ သံရုံး တံဆိပ်လိုပါတယ်။ Pass ရဖို့  education certificate တွေက အရေးကြီးတဲ့ နေရာကနေ ရှိတယ် ဆိုတော့ သေရှာတယ်ဗျ။

အလုပ်ရဖို့ ကကိုယ့်ကြိုးစားမှု၊ အရည်အချင်းနဲ့ ဆိုင်သလို Pass ကြဖို့ကတော့ ကံတရားနဲ့ ဆိုင်ပါတယ်။ တကယ်လို့များ အလုပ်ရပြီး Pass မရလို့ ပြန်သွား ရရင်လည်း စိတ်မကောင်း မဖြစ်ကြပါနဲ့ လို့ပြောချင်ပါတယ်။ ကျွန်တော် အကြံပြုလိုတာကတော့ အကောင်းဆုံးကို လုပ်ကြည့်မယ် မဖြစ်လာရင်လည်း လုပ်လို့ ရမယ့် backup plan တစ်ခုကို ဆွဲထားသင့်တယ်လို့တော့ ထင်ပါတယ်။ တကယ်တော့ဗျာ အဲလိုမျိုး ကန့်သက်ချက် အမျိုးမျိုး၊ အကြောင်းပြချက် အမျိုးမျိုးတွေနဲ့ Pass ရဖို့ အခက်အခဲ တွေက အရည်အချင်းရှိတဲ့ သူတွေရဲ့ တက်လမ်းတွေကို ပိတ်ထားသလို့ ခံစားမိပါတယ်။ ဆရာ အော်ပီကျယ် ရဲ့ ဒီကာတွန်းလေးကို မြင်တော့ တိုက်ဆိုင်နေသလို ခံစားရတယ်။

 

(ဆရာ ခွင့်ပြုချက်နဲ့ ဒီပုံလေးကို ယူသုံးပါသည်။)

ကျွန်တော်တို့ လက်ထဲမှာ ယုံကြည်မှုတွေ ခွန်အားတွေ အတွေ့အကြုံတွေက အမြင့်ကို ခုန်တက်မယ့် တုတ်ချောင်းပေါ့။ Government ရဲ့ rules တွေ policy တွေကတော့ အပေါ်က ပိတ်ကာထားတဲ့ အမိုးကြီးပေါ့ဗျာ။ အားလုံး ကံကောင်းကြပါစေဗျာ။ :)

 

အလုပ် နဲ့ လစာများ

Sunday, 07 November 2010 22:32

ဟိုးတလောက ဖတ်လိုက်ရတဲ့ Singapore က အလုပ်အကိုင် နဲ့ လစာများ အကြောင်းကို ရေးထားတဲ့ လစာများနဲ့ ပတ်သက်၍ ကိုဖတ်အပြီး ကျွန်တော် ရင်ထဲမှာလည်း ခံစားနေရတာ ကြာနေပြီး ဖြစ်လို့ ဒီ Post လေးကို ရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော် ရေးထားတာကို မဖတ်ခင် လစာများနဲ့ ပတ်သက်၍ကို အရင်ဖတ်လိုက်တာ ကောင်းပါတယ်။

ဘာကြောင့် အလုပ်ရှာစဉ် လစာကို လျှော့ကြရတာလဲ?
စလုံးကို အလုပ်လာရှာကြသူတွေ အများစုကတော့ သာမန် မိသားစု၊ မရှိမရှား ဘဝတွေထဲက များကြပါတယ်။ အဲဒီအတွက် စလုံးမှာ အလုပ်ရှာစဉ် အသုံးစရိတ် အတွက် ယူလာရတဲ့ USD 1500 လောက်ဆိုတာ မြန်မာ နိုင်ငံမှာ လုံးခနဲ ရှာဖို့ ဆိုတာ သာမန် မိသားစုတွေ အတွက် လွယ်ကူတဲ့ အရာတစ်ခု မဟုတ်တာတော့ သေချာပါတယ်။ တကယ်လို့များ အလုပ်အဆင်မပြေလို့ ပြန်သွားရရင် အဲဒီငွေကို ၃ လလောက်နဲ့ ဘယ်လို့ပြန်ရှာမလဲ ဆိုတာ ကျွန်တော်လဲ စဉ်းစားမရပါ။ ဒီတော့ သူသူကိုယ်ကိုယ်တွေးမိတာက ငါ 1200 - 1500 လောက်နဲ့ အလုပ်ရသွားရင်တောင် ၃ လ ၄လနဲ့ ကြေနိုင်တယ်ပေါ့။ ဟိုး ကကျန်နေတဲ့ မိသားစု အသိုင်းအဝိုင်းတွေကလည်း အလုပ်မရပဲ ပြန်သွားတာထက်စာရင် တစ်ခုခုလေးကို လစာနည်းတာ များတာ မကြည့်ပဲ စစချင်း အလုပ်ရရင်တော်ပြီ ဆိုပြီး ပြောကြရတာကနေ ခုဆိုရင် စလုံးက Work Permit, SPass, ICA, MOM စတာတွေက မြန်မာပြည်က လူထုကြား မစိမ်းတော့ပါ။ ဟုတ်ပါပြီ အဲဒီတော့လဲ လစာကို လျှော့မယ်ဆို ဘယ်လောက် အထိလျှော့ မလဲဆက် စဉ်းစားတာပေါ့ ....

လစာကို ဘယ်လောက်ထိ လျှော့သင့်လဲ
ကိုယ်လစာကို လျှော့ပြီး မရေးခင် စလုံးရဲ့ တရိတ်ရိတ်တတ်နေတဲ့ အသုံးစရိတ်တွေကို တွက်ကြည့်မယ် ဆိုရင်
- နေစရိတ်
IT အလုပ်တွေက SPass, EP ပဲ ရှိလေတော့ နေထိုင်ဖို့ကို ကိုယ်ဟာကိုယ် စီစဉ်ရပါတယ်။ Share Room ကို ၂ ယောက် ကိုမယ် ဆိုရင်တောင် 350-400 SGD လောက်ပေးရနိုင်ပါတယ်။ အများနဲ့ မနေတတ်သူတွေအဖို့ တစ်ယောက်ထဲ နေမယ် ဆိုရင်တော့ ဒီထက်ပိုကုန်ပါမယ်။

- ခရီးစရိတ်
အလုပ် အသွားအပြန်၊ ပိတ်ရက် အကြောင်းရှိလို့ အပြင်ထွက်တာတွေ စသဖြင့် MRT/BUS အသုံးစရိတ်ကို တွက်ကြည့်ရင် 150 - 200 SGD မှာ ရှိနိုင်ပါတယ်။ အလုပ်နဲ့ အိမ်ဝေးရင် ပိုကုန်လာလိမ့်မယ်။

- စားစရိတ်
တစ်နေ့ကို 10 SGD ပဲဆိုရင်တောင် တစ်လကို 300 - 350 SGD လောက်ရှိပါတယ်။ ( ကျွန်တော် အစားကြီးလို့ ဒီထက်ပိုကုန်ပါတယ်။ )

- ဖုန်းခ
ကိုယ်သုံးရင် သုံးသလောက်ကုန်မယ်။ ပြောမယ် ဆိုရင်တော့ ကြိုက်သလောက်ပြော ကြသလောက်ရှင်းပေါ့။

- အခွန်
မေ့ထားလို့ မရတဲ့ မြန်မာ အစိုးရကို ပေးရတဲ့ 10% ဆိုတဲ့ အခွန် အတွက် ဖယ်ထားဖို့ လိုသေးတယ်ဗျာ။ SPass ကို 80, EP ကို 120 ဆိုတဲ့ဟာကို ကြိုကြိုတင်တင် မဖယ်ထားရင်တော့ Passport သက်တမ်းတိုးရင် သိပါလိမ့်မယ်။

အဲဒါတွေကို အကြမ်းမျဉ်းတွက်ကြည့်လိုက်ရင် 1000 - 1200 လောက်က ပြန်ကုန်သွားတာတွေ့ ရပါမယ်။ ကျွန်တော်တို့ လစာကို အလုပ်ရရေး အတွက် ၁၂၀၀ လောက်ချထားရင်တောင် လုံးဝ မကျန်တာကို တွေ့ရပါမယ်။ ဒီတော့ဗျာ မဖြစ်မနေ လျှော့ဖို့ဆိုရင်လဲ 1500 - 1600 အောက်တော့ မထားသင့်ဘူးလို့ မြင်ပါတယ်။ exchange rate ကလဲ ၇၀၀ ကျော်ရုံလေးတတ်လိုက် ၆၉၀ လောက်ကို ပြန်ဆင်းသွားလိုက်နဲ့ ဆိုတော့ တွက်လိုက်ရင် ဘယ်လောက်မှ ပြန်ပို့လို့လဲ မရပါဘူး။

လစာလျှော့ခြင်းရဲ့ အကျိုးဆက်
ခုမှ ရောက်လာသူတွေ အလုပ်ရရေး လစာလျှော့ပြီး အလုပ်ရှာနေမှုက better career အတွက် အလုပ်ပြောင်းချင်တွေကို တစ်စုံတစ်ရာ အတိုင်းအတာထိ ရိုက်ခတ်မှု ရှိပါတယ်။ Company တွေကလည်း 1800 နဲ့ 2500 ယှဉ်ကြည့်ရင် 1800 သမားကိုပဲ စမ်းခိုင်းကြည့်ချင်ကြပါတယ်။ IT အလုပ်တွေက လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး ဆိုတာ ၂ပတ်လောက် ဆိုရင် သိနိုင်တာ ဖြစ်တဲ့ အပြင် အလုပ်သမားပေါ်များမှု ကလဲရှိတော့ သူ့တို့ဘက်က စမ်သုံးကြည့်ချင်တာ မစမ်းပါဘူး။ ဒီတော့ Better Career အတွက် အလုပ်ပြောင်းချင်တွေ အဖို့ အလုပ်ရှင်ရဲ့ တန်ရာတန်ကြေး အမှန်ရအောင် လစာမြင့်မြင့် နဲ့ သင့်တော်တဲ့ အလုပ်တစ်ခုကို ရအောင် ဘယ်လို့ ပြင်ဆင်ကြမလဲ ?

ကိုယ်က စလုံးမှာ အရင်ရောက်ပြီး အလုပ်လုပ်နေတဲ့သူ ဖြစ်တဲ့ အတွက် ခုမှ အလုပ်လာရှာကြတဲ့သူတွေနဲ့ ယှဉ်ရင် အစစသာတဲ့ အနေအထား ရှိနေပါတယ်။

- စကားအပြောအဆို
အနေကြာသူတွေက တရုတ်သံဝဲနေတဲ့ Singlish ကိုနားရင်နေသော်လည်း ခုမှ ရောက်လာသူ အဖို့ကတော့ ချက်ချင်းနားမရင် နိုင်ပါ။ အဲဒီတော့ ကိုယ်က ကိုယ်လုပ်ထားတဲ့ Projects တွေ၊ လက်ရှိလုပ်နေတဲ့ Projects တွေ၊ လက်ရှိ အလုပ်မှာ ဘယ်လောက် Critical ဖြစ်တယ် ဆိုတာတွေကို သူ့တို့နားလည်အောင် မိမိကိုယ်ကို ယုံကြည့်မှု ရှိရှိနဲ့ ရှင်းပြသင့်တယ်။ English ကို native speaker တွေလောက်မပြောနိုင်သော်လည်း အဲဒီ အပိုင်းလောက်လေး ကိုတော့ ပြောနိုင်နိုင်အောင် ပြင်ဆင် သင့်ပါတယ်။

- Portfolio Website
စလုံး အလုပ်လုပ်နေသူတွေ အဖို့ Domain တစ်ခု ဝယ်ဖို့ ဆိုတာ အရမ်းကိုလွယ်ကူပါတယ်။ Hosting ကလည်း မဝယ်ချင်သေးရင် Free Hosting တွေပေါ်တင်ထား ရတာပဲ။ Interview မှာ ကိုယ် Laptop လေးသယ်သွားပြီး Portfolio Site လေးဖွင့်ပြီး ရှင်းပြရင် ပိုကောင်းတာပေါ့ဗျာ။

- နည်းပညာပိုင်း
နည်းပညာ အသစ်တွေကို လေ့လာဖို့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ computer, internet, မီး စတာတွေ အားလုံး ရှိနေပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အသစ်ပြောင်းနေတဲ့ Technology တွေကို မျက်ခြေမပြတ် လိုက်ထားဖို့ပါတယ်။ အဲဒါတွေကို Interview မှာ အခါအခွင့်သင့်ရင် General Knowledge ရှိကြောင်း ရှင်းပြတတ်ဖို့လည်း လိုပါတယ်။
ကိုယ်ဘယ်လောက် လုပ်နိုင်တယ် ဆိုတာ သူ့တို့ သိသွားရင် ကိုယ်တောင်းထားတာ တန်ရာတန်ကြေး ဖြစ်တယ် ဆိုတာ သိသွားပါလိမ့်။ ပြောမယ်ဆိုရင်တော့ iPhone Function လိုချင်ရင် iPhone ဈေးပေးဝယ် ရမှာပဲလေ။

လက်ရှိ စလုံးမှာ အလုပ်လုပ်နေသူတွေကလည်း အဲဒီလိုတွေ ပြင်ဆင်ပြီး ကိုယ်လိုချင်တဲ့ ဖြစ်နိုင်မယ့် လစာ တစ်ခုကို ရအောင်တောင်းမယ် ဆိုရင် ဘာမှ ပြစရာ မရှိပဲ အသားလွတ် လစာများများ လိုချင် နေတာထက်စာရင် အခွင့်အရေး ပိုရှိပါတယ် လို့မြင်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့သော အရာတွေကို ပုံသေတွက်လို့မရလို့ ချွင်းချက် အနေနဲတော့ ရှိနေပါတယ်။
ဥပမာ -
- လက်ရှိ company ပိတ်လိုက်ရတာမျိုး
- လူလျှော့ရင်း ပါသွား တာမျိုး

ကျွန်တော်က IT သမား တစ်ယောက် ဖြစ်တာကြောင့် ကျွန်တော်ပြောသွားတာတွေက IT သမား တစ်ယောက်ရဲ့
အမြင်ပဲဖြစ်ပါလိမ့်မယ်။  ခုကျွန်တော် အပေါ်မှာ ချပြသွားတဲ့ အချက်တွေမှာ လိုအပ်တာတွေ ရှိနေမယ် ဆိုရင်တော့ အကြံပြုပေးဖို့ တောင်းဆိုပါတယ်။ ဒါမှ ကျွန်တော်တို့ အားလုံး ကိုယ်လိုချင်တဲ့ လစာ အမှန်ကို ရအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ နည်းလမ်းကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

မှတ်ချက် : ကျွန်တော် တွက်ပြထားသော ဈေးနှုန်းများသည် Oct 2010 အချိန်ကာလ ပေါက်ဈေးများ ဖြစ်ပါသည်။

 

Page 5 of 27

«StartPrev12345678910NextEnd»

Login Form

Categories Table View

RSS Feed

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch