[X] Choose Font Here

Reader's Conner

PHP Beginner တို့အတွက် PHP Guru တို့ရဲ့ Tips 10 ခု

Monday, 25 October 2010 23:46

PHP ဆိုတာကတော့ Web Application တွေတည်ဆောက်ဖို့ Powerful ဖြစ်တဲ့  Programming Language တစ်ခုဖြစ်တယ်ဆိုတာအားလုံးလည်း သိကြပါတယ်။ လက်ရှိလူသုံးများနေတဲ့ Facebook လိုမျိုး Social Network application , Wordpress လိုမျိုး Blog Engine, Joomla/Drupal ကဲ့သို့ CMS Engine စတဲ့ နာမည်ကြီးအောင်မြင်နေတဲ့ Web Application တွေမှာ PHP ကိုအသုံးပြုထားတာ တွေ့ရပါလိမ့်မယ်။

Web Application တွေအတွက် Powerful ဖြစ်တဲ့ PHP ကိုလေ့လာချင်တဲ့သူတွေကို PHP expert 10 ယောက်ပြောသွားတဲ့ tips လေးတွေမျှဝေပေးခြင်ပါတယ်။

1.   Elizabeth Naramore: Start with OOP

Naramore ဆိုတာကတော့ SourceForge ရဲ့ employee  တစ်ယောက်ဖြစ်သလို PHPWomen.org ကိုလည်းတည်ထောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အကြံပြုချက်ကတော့ PHP ကိုမစခင်မှာ OOP(object-oriented programming) ကိုအရင်ဆုံးလေ့လာသင့်တယ်လို့ဆိုပါတယ်။

" တကယ်လို့သင့်ရဲ့ background ဟာ non-tech industry ဖြစ်မယ်ဆိုရင်တော့ software development ရဲ့ principles တွေဖြစ်တဲ့ OO Programming, test driven development, version control debugging, design patterns စတာတွေကိုလေးလာသင်ယူဖို့ရာ အချိန်လိုပါလိမ့်မယ်။ လေ့လာသင်ယူ တဲ့အခါ ရှင်းလို့မရတဲ့ ပြသာနာ မျိုးကြုံခဲ့မယ် ဆိုရင်တော့ မေးဖို့မကြောက်ပါနဲ့။ PHP Community တွေဟာ beginner တွေအဖို့ အဖိုးတန် resources တွေကို ရနိုင်သလို အချင်းချင်းရိုင်းပင်းကူညီကြတာတွေလည်း တွေ့ရနိုင်ပါတယ်။ "


2.    Keith Casey: Google It

Software Shop ကိုတည်ထောင်ခဲ့တဲ့ Casey ရဲ့အကြံပြုချက်ကတော့ ကိုယ်ပြသာနာကို Community တွေမှာဝင်မမေးခင် google မှာအရင်ရှာ ကြည့်ဖို့ ဖြစ်ပါတယ်။

“  ကမ္ဘာပေါ်မှာ PHP Groups တွေအများကြီးရှိနေ တဲ့ အတွက်  User Group/ Community တွေနဲ့ချိတ်ဆက်ပါ။ developer တွေအချင်းချင်းဆွေးနွေးတိုင်ပင်ခြင်း၊ တွေမျှဝေခြင်း၊ ideas အချင်းချင်း ကူညီကြခြင်း စတာတွေကို လုပ်ဆောင်နိုင်ကြပါတယ်။ ဒါပေမယ့် တစ်ခုမှတ်ထားရမှာက မမေးခင်မှာ google မှာအရင်ရှာဖို့ ဖြစ်ပါတယ်။ ပျင်းတဲ့သူကို ဘယ်သူမှမကြိုက်ကြပါဘူးဗျ။  ”

 

3.    Eamon Leonard: Join Open Source Projects

Leonard ကတော့ Ireland-based ဖြစ်တဲ့ Echolibre Software Company ကိုလုပ်ဆောင်နေတဲ့သူဖြစ်ပြီး cloud computing based real-time analytics service ကိုပေးနေတဲ့ CloudSplit ရဲ့ co-founder လည်းဖြစ်ပါတယ်။ သူအကြံပြုတာကတော့ beginner ဖြစ်နေပါစေ  တွေမှာ open source projects ၀င်လုပ်ကြည့်ပါလို့ဖြစ်တယ်။

“ မိမိကိုယ်ကို basic ခိုင်ပြီလို့ယူဆတယ်ဆိုရင်တော့ open source project တွေမှာပါဝင် လုပ်ဆောင်ခြင်းအားဖြင့် သူတို့ရဲ့ source code တွေကို access လုပ်ခွင့်ရမြှာ ဖစ်သလို industry မှာရှိနေတဲ့ Guru တွေဆီကနေလည်း လေ့လာသင်ယူခွင့်ရမှာဖြစ်ပါတယ်။ OSS project တွေမှာ bugs တွေကိုတွေ့ရင် document လုပ်မယ်၊ report လုပ်ပေးခြင်းဟာ Opensource team တွေအဖို့ တကယ်ကို အကျိုးရှိတယ်၊ သူတို့ကလည်း သင့်ရဲ့ကူညီမှုကိုအသိအမှတ်ပြု ပါလိမ့်မယ်။ ကျွန်တော်တို့ Opensource project တွေမှာပါဝင်ပြီး လုပ်ဆောင်ပေးနေ တဲ့သူတွေကို ကျွန်တော်တို့ လုပ်ဆောင်ပေးနိုင်တာကတော့ Developer လိုခဲ့ရင်တော့ သူတို့ကိုဦးစားပေးဌားရမ်းဖို့ပဲဖြစ်ပါတယ်။ ”


4.    Lorna Jane Mitchell: Just Do It

PHP consultant, developer, writer, speaker အဖြစ်လုပ်ဆောင်နေတဲ့ Lornajane ကိုတော့ Mitchell အဖြစ် Online ပေါ်မှာ လူသိများပါတယ်။ သူမရဲ့အကြံပြုချက်ကတော့ ကျွန်တော်တို့အရင်ကလည်း ကြားနေကြစကားလေးတစ်ခွန်းဖြစ်တဲ့ “Just do it”,  အခုချက်ချင်းလုပ်လိုက်ပါ ဖြစ်ပါတယ်။

“ PHP ဟာတကယ်ကို နားလည်ရလွယ်ကူတဲ့ Language တစ်ခုဖြစ်သလို development လုပ်ရာမှာလည်းလွယ်ကူမြန်ဆန်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ တစ်ခုခုကို စပြီးလုပ်ကြည့် လုပ်ရင်းနဲ့ပဲ ပြီးဆုံးသွားတဲ့ အခါ သင်သိသွားပါလိမ့်မယ်။ PHP ကစတင်လေ့လာသူတွေအတွက် Language barrier နည်းတာကြောင့် မည်သူမဆို အလွယ်တကူ စတင်နိုင်ပါတယ်။ ခက်ခဲတဲ့ အပိုင်းတွေရှိနိုင်သော်ငြားလည်း သင်အောင်မြင်အောင် လုပ်နိုင်တဲ့အခါ PHP ရဲ့ အလှအပ ကိုတွေ့ရပါမယ်။ ကိုယ့် problem solving  တွေက perfect မဟုတ်ရင်တောင်မှ ယုံကြည်မှု ရှိရှိနဲ့ ရှေ့ဆက်လုပ်သင့်ပါတယ်။”

5. Chris Cornutt: Avoid Coding Burnout   

Cornutt ဆိုသူကတော့ PHPDeveloper.org နဲ့ Joind.in တို့ကို 1998 လောက်ထဲက PHP သုံးပြီးလုပ်ဆောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ သူရဲ့သတိပေးချက်ကတော့ coding ရေးတဲ့အခါ burn out ဖြစ်နိုင်တဲ့နေရာတွေကို ရှောင်ကြဖို့ပဲ ဖြစ်ပါတယ်။

“ပြောမယ်ဆိုရင်တော့ PHP က beginner တွေအဖို့ လွယ်ကူပြီး အခုလုပ်ရင်အခုရနိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဒါပေမယ့် လုပ်ပြီး လမ်းတစ်ဝက်မှာ ရပ်မနေဖို့ပြောချင်ပါတယ်။” ကိုယ်ကိုညွှန်ပြပေးနိုင်မယ့် သူတစ်ယောက်ကိုရှာဖွေထားပြီး သူတို့နဲ့ ဆွေးနွေးဖို့ တိုင်ပင်ဖို့ စကားပြောဖို့ တွေကိုလုပ်ဆောင် သင့်ပါတယ်။ IRC တွေကတော့ ရွေးချယ်သင့်တဲ့ option တစ်ခုဖြစ်ပေမယ့် လူချင်းတွေ့ပြီးစကားပြော တာကတော့ ပိုကောင်းပါတယ်။  PHP development ကတော့ တခြား language တွေနဲ့မတူပဲ စွဲဆောင်မှုတွေ ရှိနေတာတွေကြောင့် step by step နဲ့  expert ဖြစ်တဲ့ အထိ တစ်ဆင့်ချင်း လေ့လာဖို့ တိုက်တွန်းပါတယ်။ "

 

6.    Abraham Williams: Try Drupal

Developer တစ်ယောက်ဖြစ်တဲ့ Williams ရဲ့ အကြုံပြုချက်ကတော့ Opensouce project တစ်ခုခုကို ကျွမ်းကျင်သွားအောင် လုပ်ကြည့်ဖို့ပဲဖြစ်ပါတယ်။

“ အရင်ဆုံး Quality project or community တစ်ခုကိုရှာဖွေပြီးသူတို့နဲ့ contribute လုပ်သင့်ပါတယ်။ အဲဒီလိုဝင်လုပ်တဲ့အခါ သူတို့ရဲ့ code တွေကိုသိမယ်။ ပြီးတော့ product တွေမှာလုပ်နေတဲ့ လူတွေနဲ့ရင်းနှီးလာမယ်။  project ကိုစပြီးလုပ်သွားတဲ့ အတွေ့အကြုံရှိတဲ့ developer တွေထံ ကနေ လေ့လာသင်ယူနိုင်ရုံတင်မကပဲ အဲဒီ project တွေကိုဆက်လက်ထိန်းသိမ်းပြီး patches ထုတ်ပေးနေတဲ့ maintainers တွေဆီကနေလည်း များစွာသော အတွေ့အကြုံတွေရနိုင်ပါတယ်။ အခုလက်ရှိအချိန်မှာ လေ့လာမယ်ဆိုရင်တော့ Drupal ကိုစသင့်ပါတယ်။ ဘာလို့လည်းဆိုရင်တော့ Drupal နှစ်စဉ်လိုလို CMS Award တွေရနေပြီး အစကောင်းခဲ့တဲ့အပြင် community အားလည်းကောင်းပါတယ်။ ဒါ့အပြင် developer တွေအတွက်လည်းအလုပ်ပေါပါတယ်။ "

 

7.    Demian Turner: Study Seasoned Coders

1996  လောက်တည်းက opensource project လုပ်နေတဲ့ Turnor ဟာ PHPKitchen.com  အတွက် အလုပ်လုပ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ သူပေးတဲ့ အကြံကတော့ ရှေ့က experience ရှိတဲ့  seasoned coder  တွေဆီကနေလေ့လာသင်ယူဖို့ ဖြစ်ပါတယ်။

“ Seasoned coder တွေရဲ့code တွေကိုဖတ်ကြည့်ပြီးတဲ့အခါ သူတို့ရေးထားတဲ့ Libraries တွေကို ကိုယ့်  program ထဲယူသုံးခြင်းဖြင့် ကိုယ့် program ကိုပိုပြီး ပြည့်စုံအောင်လုပ်သင့်ပါတယ်။ ကိုယ်ရေးထားတဲ့ coding တွေကိုလူတွေ နားလည်အောင်ရေး သင့်ပါတယ်။ သင်ရေးထားတဲ့ code တစ်ခုကို နောက် ၆ လမှာပြန် ကြည့်လို့ သင်ကိုယ်တိုင်မှ နားမလည်ရင် တခြား developer ဆိုရင် ပိုဆိုးပါလိမ့်မယ်။ "

" ရိုးရိုးရှင်းရှင်း coding ရေးတာက အရေးကြီးသလိုမျိုး interface ကိုရှင်းရှင်းလင်းလင်း လုပ်ထားတက် ဖို့လည်းလိုပါတယ်။ ဒါမှနောက်တစ်ချိန် maintenance လုပ်တဲ့အခါ ခေါင်းမကိုက်ပဲ အချိန်ကုန်သက် သာစွာ နဲ့လုပ်ဆောင်နိုင်ပါလိမ့်မယ်။ programming ပြင်းပြထက်သန်တဲ့စိတ်နဲ့ အလုပ်လုပ်နေကြတဲ့ great programmer ရှိတဲ့ codersatwork.com ကလိုမျိုးတွေကိုလည်းဖတ်သင့်ပါတယ်။  “

 

8.    Stuart Herbert: Know Test-Driven Development, Encapsulation and Source Control

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ၁၉၉၉ လောက်ထဲက  PHP coding တွေကိုစွဲစွဲမြဲမြဲရေးနေတဲ့ Herbert ဟာအခုအချိန်မှာတော့ Gentoo Linux မှာ contribute လုပ်နေပါတယ်။ သူ့ရဲ့အကြံပြုချက်ကတော့ 

“ Coding ရေးတဲ့အခါဝယ် test-driven တွေ encapsulation တွေကိုသေချာလေ့လာ သိထားသင့်ပါတယ်။ အဲဒါတွေကို သိသွားမယ်ဆိုရင်တော့ သင့် coding တွေကိုလွယ်လွယ်ကူကူနဲ့ ရေးနိုင် မှာဖြစ်ပြီး နောက်ပိုင်းသင့် coding တွေကို သုံးမယ့်သူတွေကလည်း သင့်ကိုကျေးဇူး တင်ကြပါလိမ့်မယ်။ source control ပိုင်းကိုလည်းချန်မထားပဲ လေ့လာသင့်ပါတယ်။ programming တစ်ခုရဲ့အဓိကအကျဆုံး အပိုင်းကတော့ Development အတွက် documentation ပြည့်ပြည့်စုံစုံ ရှိခြင်းပဲ ဖြစ်ပါတယ်။ PHP အတွက် သုံးရင်တော PHP.net ဟာတစ်ကယ်ကိုကောင်းတဲ့ documentation site တစ်ခုပဲပေါ့ဗျာ။ တခြားသော programming Languages တွေအတွက်ကတော့ Reference စာအုပ်တွေဝယ်ဖို့လိုပေမယ့် PHP အတွက်ကတော့ PHP.net မှာတင်တော်တော် စုံစုံလင်လင် ရှိနေတာကိုတွေ့ရပါမယ်။ "


9.    Maggie Nelson: Read Up on Data Storage

Flickr မှာ အလုပ်လုပ်နေတဲ့ Nelson ပေးတဲ့အကြံကတော့ Data Storage အပိုင်းကိုသေချာ လေ့လာဖို့ဖြစ်ပါတယ်။

“ အကြောင်းအမျိုးမျိုးကြောင့် PHP Web Applications တွေကိုပေါင်းစပ်ပြီးသုံးကြရတဲ့အခါ သတိထားရမှာက ကိုယ့် system ထဲကို မမျှော်လင့်ပဲဝင်ရောက် လာမယ့် data တွေကြောင့်နေ့စဉ် လိုလို  ပြသာနာတွေ ကြုံတွေ့ ရနိုင်ပါတယ်။ ဒါကြောင့် application ကိုမစတင်မီမှာ တစ်ရက် နှစ်ရက်လောက် အချိန်ယူပြီး data storage ပိုင်းကိုစဉ်းစားသင့်ပါတယ်။ PHP အတွက် MySQL ဟာအရမ်းကိုသင့်တော်ကောင်းမွန်တဲ့  Database တစ်ခုဖြစ်ပါတယ်။  Begineer တွေအနေနဲ့ PHP နဲ့ application တစ်ခုကို Framework တွေသုံးပြီး scratch ကနေစပြီးရေးနိုင်ကြပါတယ်။ သတိပြုရမှာကတော့ ကိုယ့် application ထဲ database field တွေဟာဘာအတွက်ကြောင့်သုံးထားတယ်ဆိုတာကိုပဲဖြစ်ပါတယ်။ "


10.    Michael Maclean: Learn about Security

Scotland သား PHP နဲ့ Python developer တစ်ယောက်ဖြစ်တဲ့ Mecloan ရဲ့အမြင်ကတော့ Security ပိုင်းဖြစ်နေတာကိုတွေ့ရပါတယ်။ 

“ PHP ဟာသုံးရတာလွယ်ကူလွန်းတာကြောင့်လည်း လူတော်တော်များများအသုံးပြုနေကြတဲ့ Languages တစ်ခုအဖြစ်ရှိနေပါတယ်။ အားလုံးကို အစကနေစရေးမှာထက်စာရင် Framework တစ်ခုခုကိုသုံးပြီး ရေးလိုက်ခြင်းဟာ ပိုမြန်တဲ့အပြင်  security issue တွေကိုလည်းကောင်းမွန်စေပါတယ်။ အဲဒီ Framework coding တွေကို ဘာကြောင့်သုံးထားတယ်ဆိုတာကိုတော့ နားလည်ထားသင့်ပါတယ်။ PHP security ပိုင်းကို လေ့လာကြည့်မယ် ဆိုရင်တော့ ဆိုးရွားတဲ့ အပိုင်းတွေကို သိလာပါလိမ့်မယ်။ Security ပိုင်းတွေကို ကောင်းကောင်းနားလည်ထားတဲ့ Chris Shiflett နဲ့ Ilia Alshanetsky တွေရဲ့ Blog တွေ စာအုပ်တွေကိုတော့ မျက်ခြည်ဖြတ်မထား သင့်ပါဘူး။ "

ဒါကတော့ PHP Guru ၁၀ ယောက် ရဲ့ မျိုးဆက်သစ်တွေကို ပေးသွားတဲ့ message ၁၀ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်  mashable ဖတ်ကြည့်ပြီး ကြိုက်လို့ အားလုံးကို ဖတ်ရအောင်ဝေမျှ လိုက်ပါတယ်။ သူ့တို့ကတော့ World Wide Level ကိုပြောသွားတော့ တစ်ချို့ သောအချက်တွေက ကျွန်တော်တို့ မြန်မာ လူငယ်တွေ အဖို့ လိုက်လုပ်ဖို့ အခက်အခဲ ရှိနိုင်မယ်လို့တော့ ထင်ပါတယ်။ (အချိန်သိပ်မရလို့ ရထားပေါ်မှာ ရတဲ့ အချိန်လေးတွေ စုပြီး တတ်နိုင်သလောက် ဆီလျှော်အောင် ဘာသာပြန်ထားတာကြောင့် အမှားအယွင်း ရှိရင် ဘာသာပြန်သူ ကျွန်တော်တွင်သာ လုံးလုံး တာဝန် ရှိပါကြောင်း ... )

Ref: http://mashable.com/2010/10/21/php-tips-for-beginners/



 

Paypal Return URL

Sunday, 03 October 2010 21:57

PayPal လို့ပြောလိုက်ရင် Online Shopping လုပ်တဲ့အခါ ငွေပေးချေ လုပ်လို့ရတဲ့ Services တစ်ခု ဆိုတာအား လုံးသိပါတယ်။ အခုကျွန်တော်ရေးမှာက PayPal integration လုပ်ရင်းကြုံတွေ့ခဲ့ရတဲ့ပြသာနာလေး အကြောင်း ကို ပြောပြချင်လို့ပါ။ တစ်ချို့ Website တွေမှာမြင်ဘူးပါလိမ့်မယ်။ Payment ကို PayPal နဲ့ချိတ်ဆက်ထားလို့ Pay Now လုပ်လိုက်တဲ့အခါ PayPal ထဲကိုရောက်သွားပြီး Payment လုပ်မယ်။ ပြီးတဲ့အခါ ကိုယ့် application ကိုပြန်လာပြီး Order status တွေကို Update ချခြင်းစသည်ဖြင့် ကိုယ့် application လိုအပ်ချက်အတိုင်းဆက်လုပ်နိုင်ပါတယ်။

ကျွန်တော့်ပြသာနာက Company က PayPal account ကို merchant account အနေနဲ့ ငွေလက်ခံဖို့ set up လုပ်လိုက်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ parameters တွေကိုလည်း application ဘက်ကနေပေးပါတယ်။ PayPal ထဲကိုရောက်သွားပြီး အောင်မြင်စွာ Payment ကိုလုပ်နိုင်သော်လည်း အားလုံးပြီးဆုံးသွားတဲ့အခါ ကျွန်တော့် application ကို return ပြန်မလာဘဲဖြစ်နေပါတယ်။CodeIgniter ကိုသုံးထားလို့ URL patten တွေမှားလို့များ အလုပ်မ လုပ်တာလားဆိုပြီး ပြန်ပြင်ပြီးအကြိမ်ကြိမ်စမ်းသော်လည်း ပြသာနာက ရှိနေဆဲဘဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ PayPal ရဲ့ Technical Questions Forum မှာသွားမေးလို့ ဒီပြသာနာအတွက် အဖြေကို သိလိုက်ရပါတယ်။ merchant account ထားချင်တဲ့ PayPal ထဲမှာ ဒီအတိုင်း ပြင်ပေးဖို့ လိုတယ်ဗျာ ...

    1.    Log in and click the Profile subtab under My Account.
    2.    Click the Website Payment Preferences link under Selling Preferences.
    3.    Click the On radio button to enable Auto Return.
    4.    Enter the Return URL.

Return URL အလုပ်လုပ်ပုံ

 

Yahoo! YSlow ကို မြည်းစမ်းကြည့်ခြင်း

Sunday, 26 September 2010 00:52

Nettuts မှာ "Speeding Up Websites With YSlow" ဆိုတာလေးကို ဖတ်ကြည့်ရင်း YSlow ဆိုတာလေးကို သိလိုက်ရတယ်။ YSlow ကတော့ Firefox ရဲ့ အင်မတန်မှ အသုံးဝင်လှတဲ့ Firebug နဲ့ တွဲသုံးပြီး Web Developer တို့အတွက် အသုံးဝင်ဖြစ်လို့ မျှဝေလိုက်ပါတယ်။ YSlow ကိုသုံးမယ် ဆိုရင်တော့ လိုတာတွေကတော့

Firefox 3.6: http://www.mozilla-europe.org/en/firefox/
Firebug: http://getfirebug.com/
Yahoo! YSlow: http://developer.yahoo.com/yslow/

Firefox Browser ညာဘက်ထောင့်က YSlow  ပုံလေးကို Click လိုက်တာနဲ့ Firebug ထဲမှာ YSlow ပါလာတာကို တွေ့မြင် နိုင်ပါတယ်။

Grade View

 

ဥပမာအနေနဲ့ ကျွန်တော့် Site ကိုကြည့်မယ်ဆိုရင်ကြည့်ကြမယ် သူ့ရဲ့ overall performance score ဟာ 64%  ပဲဖြစ်တဲ့အတွက် Grade D ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။  Grade တွေကို ဘယ်လိုသတ်မှတ်သလည်း ဆိုတာ အကြမ်းမျဉ်း ကြည့်ရအောင်......

Web page တစ်ခု perfectly renders ဖြစ်ပြီးသွားတဲ့အခါသူသတ်မှတ် ထားတဲ့ Rules တွေနဲ့ ကိုက်ညီသလားကြည့်ပြီး Grade ကိုသတ်မှတ်တာဖြစ်ပါတယ်။ Rules တွေကိုသတ်မှတ် တဲ့အခါ catagory တွေအနေဖြင့် Content, Cookies, CSS, Images, JavaScript, Server စသဖြင့် တွေ့ရပါလိမ့်မယ်။ Yslowကသတ်မှတ်ထားတဲ့ Rules တွေနဲ့ ကိုက်ညီလားဆိုတာ DOM elements catagory အလိုက် စစ်ပြီး score တွေကိုပေါင်းကာ final grade ကိုထုတ်ပြဖြစ်ပါတယ်

ကိုယ့်  Websites မှာ အားနည်းချက် ရှိရင် ဘယ်လို resolve လုပ်ရမယ်ဆိုတာ အသေးစိတ်ရှင်းပြထားတာကို လည်းဖတ်လို့ရပါသေးတယ်။ Ruleset တွေကို "Yslow V2" , "classic" , "small site or blog"  ရွေးချယ် ပြီးပြောင်း လဲ သတ်မှတ် ပေးလို့ရပါတယ်။

Components view


Components view ကနေ ခု analysis လုပ်ထားတဲ့ elements တွေကို ရှင်းရှင်းလင်းလင်းနဲ့ အသေးစိတ် ပြန်ကြည့်လို့ရပါတယ်။ GZIP ကို enable လုပ်ထားရင် file size တွေကိုလည်း ပြပေးနိုင်ပါတယ်။


Statistics View


လူတိုင်းနှစ်သတ်တတ်တဲ့ Statistics graph ပုံလေးတွေကိုလည်း ပြပေးနိုင်ပါတယ်။ Statistics View ကိုကြည့် တဲ့အခါ empty cache  နဲ့ primed cache ဆိုပြီး graph 2 မျိုးတွေ့ရပါမယ်၊  empty cache ဆိုတာ ပထမဆုံးအကြိမ်  cache မရှိသေးတဲ့အခါ တိုင်းတာခြင်းကိုဆိုလိုပါတယ်။ primed cache ကတော့ နောက်အကြိမ်တွေ Browse လုပ်တဲ့အခါ ရှိနေပြီးသား  cache တွေပေါ် မူတည်ပြီး တိုင်းတာခြင်းဖြစ်ပါတယ်။

Tools


Tools ၈ ခု ရှိပြီး Tools တွေသုံးပြီး ကိုယ့် Website မှာသုံးထားတဲ့ Javascriipt, CSS တွေရဲ့ coding တွေကို ကြည့်လို့ရပါမယ်။ ထို့အပြင် Image Optimizer ဖြစ်တဲ့ Smush.it ပါနေတာကိုလည်းတွေ့ရပါတယ်။

Firebug ကိုနှစ်သက် သလို YSlow ကိုလည်း Performance & Optimization အတွက် နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

 

Web Developer တို့ Follow လိုက်သင့်သော Podcast Website များ

Sunday, 19 September 2010 15:12

ကျွန်တော် အရင်တစ်ပတ်က Twitter ကနေ Follow လိုက်သင့်သော Post ကိုရေးလိုက်ပြီး ဒီတစ်ပတ်တော့ Podcast တွေကို Follow လိုက်သင့်တဲ့ Website တွေအကြောင်းကို ရေးမှာ ဖြစ်ပါတယ်။ အရင်တစ်ပတ်ကလည်း Developer ၉ယောက် ထဲက အကြိုက်ဆုံး လေးယောက်ပဲ အရင် Follow လိုက်တာတောင် မနက်ရုံး ရောက်လို့ Twitter ဖွင့်လိုက်ရင် message တွေ မနည်းမနောရယ်။ ခုလည်း Podcast က video တွေကို ထိုင်ကြည့်နေလို့ ကတော့လား တစ်နေကို ၂၄ လေးနာရီ လောက်မည် မဟုတ်ဟု ထင်ပါသည်။ :D

1) Yahoo! Theater

Yahoo ကနေ သူ့Developer တွေကို ပြောင်းလဲမှု မြန်ဆန်လွန်းတဲ့ Web Technology အကြောင်းတွေကို ဆွေးနွေး ဖလှယ်နိုင်ကြစေဖို့ တစ်လကို အကြိမ် အနည်းငယ် လုပ်ဆောင်ပေးလေ့ ရှိပါတယ်။ အဲဒီ event လေးတွေကို recording လုပ်ပြီး ပြန်တင်ပေးတာက ကျွန်တော် အဖို့ Yahoo Theater ဖြစ်လာပါတယ်။ လူသိများတဲ့ Yahoo Developer တွေဖြစ်တဲ့ Douglas Crockford နဲ့ NNicolas Zakas တွေပြောကြတဲ့ Java Script နဲ့ DOM အကြောင်းတွေကို သိခွင့် ရမှာ ဖြစ်ပါတယ်။


iTunes Feed
RSS Feed

 

 

 

 

2) The Dev Show
Author ကတော့ favorite podcast လို့တောင် ညွန်းထားပါတယ်။ Dan Benjamin နဲ့ Jason Seifer တို့ host လုပ်ထားတဲ့ Dev Show ကနေ Web Development နဲ့ ဆက်နွယ်နေတဲ့ website link တွေကို တင်ဆက်ပေးတဲ့ podcast တစ်ခု ဖြစ်ပါတယ်။Dev Show ကို Live ကြည့်ချင်တယ် ဆိုရင်တော့ ဒီနေရာ ကနေ Tuesdays 1 pm EST မှာစောင့်ကြည့်နိုင်ပါတယ်။
        iTunes Feed (Audio)
        RSS Feed (Audio)
        iTunes Feed (Video)
        RSS Feed (Video)
        Twitter

 

 

 

3) The Changelog
"Open Source moves fast. Keep up" လို့ဆိုတဲ့ အတိုင်း Latest open source technology တင်ဆက်ပေးနေတဲ့ Podcast တစ်ခု ဖြစ်ပြီး host ကတော့ Adam Stacoviak နဲ့ Wynn Netherland တွေပဲ ဖြစ်ပါတယ်။
        iTunes Feed
        RSS Feed
        Twitter

 

 

 

 

4) jQuery Podcast
တကယ်လို့များ သင်ဟာ jQuery ကို familiar ဖြစ်တဲ့ သူတစ်ယောက် ဆိုရင် Ralph Whitbeck နဲ့ Rey Bango တို့ရဲ့ jQuery News တွေကို အပတ်စဉ်တင်ဆက် နေတဲ့ jQuery Podcast ကိုသိပါလိမ့်မယ်။ အဲဒီ PodCast ကနေ jQuery news တွေအပြင် jQuery Community ကဆရာကြီးတွေနဲ့ interview တွေကိုလည်း ကြည့်ရှူနိုင်ပါတယ်။ jQuery Wisdom လို့ပြောနိုင်တဲ့ Remy Sharp, Yehuda Katz, Cody Lindley, Jeffrey Way သူတွေပြောတာကို နားထောင်နိုင်တဲ့ အတွက် တကယ်ကို Follow လိုက်သင့်တဲ့ Podcast တစ်ခု ဖြစ်ပါတယ်။

        iTunes Feed
        RSS Feed
        Twitter

 

 

 

 

 

5) SitePoint
Sitepoint ကတော့ စာအုပ် အညွန်းတွေ၊ Forum နဲ့ Blog's Articles တွေအပြင် Training Course တွေကို technology ပိုင်းတွေသာ မက business field တွေအတွက်ပါ ရနိုင်တဲ့ တကယ်ကို Great Resource တစ်ခုပဲ ဖြစ်ပါတယ်။
    iTunes Feed
    RSS Feed
 

 

 

 

 

 

6) WebPulp
Web technology တွေကို တင်ဆက်ပေးနေတဲ့ Podcast တစ်ခု ဖြစ်ပြီး၊ host ဖြစ်သူ Josh Owens ရဲ့ Web Application တွေအကြောင်းကို ကောင်းကောင်းသိထားတွေကို interview လုပ်ထားတာတွေကိုပါ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် 37 Signals/GitHub လိုမျိုးတွေ အတွက် ဘယ်လိုမျိုး hardware, software တွေပေါင်းစပ်ထားတယ် ဆိုတာမျိုးတွေကို လည်းတွေ့ရပါ လိမ့်မယ်။

        iTunes Feed
        RSS Feed
        Twitter

 

 

 

 

 

7) The Wordpress Podcast
ဒီ podcast ကတော့ wordpress သမားတွေ အကြိုက်ဆိုတာ ငြင်းစရာ မလိုတဲ့ Podcast တစ်ခုပဲ ဖြစ်ပါတယ်။ Wordpress နဲ့ ဆိုင်တဲ့ news, plugin အကြောင်းတွေ အပြင် interviews တွေကို ကြည့်လို့ ရနိုင်ပါတယ်။ မကြာမီလေးက Envato CEO ဖြစ်သူ Collis Ta'eed နဲ့  interview လုပ်ထားတာကို ကြည့်လိုရနိုင်ပါတယ်။
        iTunes Feed
        RSS Feed
        Twitter

 

 

 

 

 

8) EE Podcast
တကယ်လို့ သင့်ဟာ Ellis Lab’s Expression Engine ရဲ့ user တစ်ယောက် ဖြစ်မယ်ဆိုရင်တော့
Ryan Irelan နဲ့ Lea Alcantara တို့တင်ဆက်နေတဲ့ EE Development news podcast လေးကို ကြိုက်ပါလိမ့်မယ်။
        iTunes Feed
        RSS Feed
        Twitter

 

 

 

 

9) CSS Tricks Screencasts
Web Developer တစ်ယောက် အနေနဲ့ Chris Coyier ရဲ့  CSS Tricks တွေအကြောင်းကို  နှစ်သက်တဲ့ သူဆိုရင်တော့ဒီ Podcast လေးကို ကြိုက်ပါလိမ့်မယ်။  
        iTunes Feed
        RSS Feed

 

 

 

 

 

10) The Big Web Show
Jeffrey Zeldman နဲ့ Dan Benjamin တို့ host လုပ်ပေးထားတဲ့ ဒီ podcast မှာတော့ ကျွမ်းကျင်သူ special guest တွေကိုဖိတ်ပြီး web publishing, art direction, content strategy, typography, web technology စတဲ့ အကြောင်းအရာ စုံစုံလင်လင်ကို ပြောကြလေ့ ရှိပါတယ်။ ဒါ့အပြင် နာမည်ကြီး professional developer တွေဖြစ်တဲ့  Eric Meyer, Jason Fried, Nicole Sullivan, Ethan Marcotte တို့ရဲ့ interview တွေကိုလည်း တွေ့ရပါ လိမ့်မယ်။ Thursdays 1PM EST မှာ ဒီနေရာကနေ Live စောင့်ကြည့်နိုင်ပါတယ်။

iTunes Feed (Audio)
RSS Feed (Audio)
iTunes Feed (Video)
RSS Feed (Video)
Twitter

 

 

 

11) Think Vitamin Radio
Web design, development, and Entrepreneurship တွေအကြောင်းကို bi-weekly တင်ဆက်ပေးလေ့ ရှိတဲ့  ဒီ podcast ကလည်း စောင့်ကြည့်သင့်တဲ့ podcast တစ်ခုပဲ ဖြစ်ပါတယ်။

iTunes Feed
RSS Feed

 

 

 

 

 

12) The Userability Podcast
Web နဲ့ ပတ်သက်တဲ့ research တွေ, training တွေ အကြောင်းကို သိခွင့်ရမယ့် Podcast တစ်ခု ဖြစ်ပါတယ်။ အဲဒီကနေ တစ်ခါတစ်ရံမှာ free usability training တွေကို offer လုပ်တဲ့ အကြောင်းတွေကိုလည်း သိရနိုင်ပါတယ်။

iTunes Feed


 

 

 

 

 

13) jQuery for Designers
Remy Sharp ရဲ့jQuery သုံးပြီး effect လုပ်ပုံကို ရှင်းပြတဲ့ အတွက် Beginner နဲ့ Intermediate jQuery developers တွေ အဖို့ resource ကောင်းတစ်ခု ပဲဖြစ်ပါတယ်။
iTunes Feed

 

 

 

 

 

14) Nettuts+ iTunes
ဟုတ်တာပေါ့ဗျာ။ nettuts ရဲ့ podcast ကတော့ ပြောစရာ မလိုအောင်ကို ထည့်ထားသင့်တဲ့ Podcast ပဲဖြစ်ပါတယ်။
iTunes Feed
Youtube Profile

 

 

 

 

 

Bonus: HuffDuffer
အထက်ကပြောခဲ့တဲ့ podcast လေးတွေကို ကြည့်ပြီး ကိုယ်ပိုင် podcast လုပ်ချင်စိတ်ပေါက်လာရင်တော့ Jeremy Keith ရဲ့ HuffDuffer က ကူညီပေးပါ လိမ့်မယ်။


 

သင့်တော်သလိုဘာသာပြန်ထားပါသည်။ Ref: http://net.tutsplus.com/articles/web-roundups/top-15-podcasts-all-web-developers-should-follow/


 

Twitter မှ Follow လိုက်ကာ စောင့်ကြည့်သင့်သော Web Developer ၉ ဦး

Sunday, 12 September 2010 21:41

ကျွန်တော် ထမင်းစားပြီး အိပ်ချင်လာတာနဲ့ ကော်ဖီလေးတစ်ခွက်ဖျော်ပြီး Nettuts မှာ Technology Article တွေလည်းဖတ်ချင်စိတ်မရှိတာကြောင့် ဟိုရှာဒီရှာနဲ့ 9 Web Developers That MUST Be Followed On Twitter ဆိုတာလေး ကိုသွားတွေ့တယ်ဗျာ။ ဖတ်ပြီးတော့ အားလုံးအတွက်လည်း အကျိုး ရှိမှာ ဖြစ်တာကြောင့် ဆီလျှော်သလို ဘာသာပြန်ကာ ဝေမျှလိုက်ပါတယ်။

 


Eric Meyer: http://www.meyerweb.com
Eric Meyer ဆိုတဲ့ နာမည်ကို Web Developer တစ်ချို့ကတော့ ရင်းနှီးမှာ မဟုတ်သော်လည်း သူ့ပထမဆုံး CSS စာအုပ်ဖြစ်တဲ့ Eric Meyer on CSS ကိုသေချာဖတ်ကြည့်မယ် ဆိုရင်တော့ သူကိုသိသွားပါလိမ့်မယ်။ သူကို
Web Standard တွေ၊ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်တွေက ရေးခဲ့တဲ့ CSS စာအုပ်တွေကြောင့် လူသိများတဲ့ Eric Meyer ဟာ Complex Spiral Consulting မှာ consultant အဖြစ်လုပ်ကိုင်လျက် ရှိပါတယ်။ Follow



Molly Holzschlag: http://www.molly.com
Molly ကိုတော့ Web Standards Project တွေကြောင့် လူသိများပါတယ်။ သူမက Web Design နဲ့ ပတ်သတ်တဲ့ စာအုပ် အများအပြားကို ရေးသားခဲ့ပြီး လက်တလော ရေးပြီးသွားတာကတော့ Top 25 Most Influential Women on the Web ပဲဖြစ်ပါတယ်။ Follow

 


John Resig: http://www.jquery.com
ခုလက်ရှိ အချိန်မှာ jQuery ဟာ ထူးခြားကောင်းမွန်တဲ့ CSS Sectors တွေကို JS တွေနဲ့ အလွယ်တကူ implement လုပ်ပေးနိုင်တာကြောင့် Popular ဖြစ်တဲ့ JS Framework တစ်ခု ဖြစ်လာတာ သံသယ ဖြစ်စရာ မလိုတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီ CSS Sector တွေကို ဖန်တီးရှင်ကတော့ ငယ်ရွယ် ထက်မြတ်တဲ့ John Resig ဖြစ်ပြီး Boston မှာ နေထိုင်ပြီး Mozilla မှာ အလုပ်လုပ်နေပါတယ်။ Follow



Andy Budd: http://www.andybudd.com
Andy ကတော့ UK ခြေစိုက် Web Development Company တစ်ခု ဖြစ်တဲ့ "Clear Left" ရဲ့ Director လည်းဖြစ်ပါတယ်။ CSS တွေကိုလေ့လာဖို့ စာအုပ်တစ်အုပ်ကို ညွန်းပါဆိုရင်တော့ Andy ရေးထားတဲ့ CSS Mastery ကို 100 % Recommend နဲ့ညွန်းလိုက်ချင် တယ်လို့တောင် ဆိုထားပါတယ်။ Andy ဟာ Web Standards Project တွေနဲ့ ပတ်သတ်တဲ့ Conferences တွေမှာ ပါဝင် ပြောဆို ထောက်ပံလေ့ ရှိပါတယ်။ Follow


Jeff Croft: http://jeffcroft.com
သူအကြောင်းကိုတော့ မူရင်း Author ကလည်း Jeff Croft ရေးထားတဲ့ အတိုင်း Quote လုပ်ပြီးဖော်ပြထားလို့ ကျွန်တော်လည်း ဘာသာမပြန်တော့ပဲ မူရင်း စာကြောင်းလေးတွေကို မဖျတ်ပဲ ဖော်ပြပေး လိုက်ပါတယ်။ စိတ်ဝင်စားရင်တော့ Jeff နဲ့ Dan Rubin ရေးထားတဲ့ "Pro CSS Techniques" စာအုပ်လေးကို ဝယ်ယူဖတ်ရှူနိုင်ပါတယ်။ Follow



Jeffrey Zeldman: http://www.zeldman.com
Jeffrey ကတော့ Web Design နဲ့ပက်သက်တဲ့ အကြောင်းအရာတွေ အတွက် Author တစ်ယောက် ဖြစ်သလို သူ့ကိုယ်ပိုင် Studio ဖြစ်တဲ့ Happy Cog ကိုလည်း တညထောင်ထားပါတယ်။ ဒါအပြင်  Web Development Best practices တွေအကြောင်း ဖော်ပြပေးတဲ့ "A List Apart" ဆိုတဲ့ Web Site ရဲ့ တည်ထောင်သူလည်း ဖြစ်ပါတယ်။ ခုဆိုရင်တော့ သူတည်ထောင်ခဲ့တဲ့ Web Site ဟာ tenth anniversary ကိုတောင် တိုင်ခဲ့ပြီးလို့ သိရပါတယ်။ Follow


Chris Coyier: http://www.chriscoyier.net
အချိန်တိုလေး အတွင်မှာ loyal subscribers 7500 ဖြစ်သွားတာကတော့ သူ့ရဲ့ Owner of CSS Tricks တွေနဲ့ Video Tutorials တွေကြောင့်ပဲ ဖြစ်ပါတယ်။ Vital Resource တွေရှိနေတဲ့ သူ့ Website ကိုနေ့တိုင်း ကြည့်သင့်ပါတယ်။ Chris  ဟာသူ Blog အတွက် စာရေးရင်ရေး မရေးရင်တော့ Chatman Design မှာ Web Designer အဖြစ် အလုပ်လုပ်နေသူလဲ ဖြစ်ပါတယ်။ Follow


Cameron Moll: www.cameronmoll.com
Cameron ကတော့ Web Design နဲ့ ပတ်သက်ပြီး Designer, Speaker အပြင် author တစ်ဦးလည်း ဖြစ်ပါတယ်။ Cameron ဟာ သူ့ကလေးတွေနဲ့ အတူရှိ မနေတဲ့ အချိန်တွေ ဆိုရင်တော့ သူ Blog ကိုပြုပြင်တာတွေ လုပ်ရင်လုပ် မဟုတ်ရင်တော့ LDS Church မှာ "Interaction Design Manager" အဖြစ် လုပ်နေတက်သူဖြစ်ပြီး CSS Mastery ရဲ့ contributor တစ်ယောက်လည်းပဲ ဖြစ်ပါတယ်။ Follow


Collis and Cyan Ta’eed: www.envato.com
Envato နဲ့ ThemeForest လို အဖိုးတန် resources တွေကို ရနိုင်တဲ့ Site တွေကို တည်ထောင်ပေးခဲ့တဲ့ Collis and Cyan ကို follow ချင်ရင်တော့ ဒီကနေ လိုက်နိုင်ပါတယ်။ Follow

 

 

Ref :http://net.tutsplus.com/articles/web-roundups/9-web-developers-that-must-be-followed-on-twitter/

 

Page 6 of 27

«StartPrev12345678910NextEnd»

Login Form

Categories Table View

RSS Feed

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch