[X] Choose Font Here

Reader's Conner

Call phone from Gmail

Thursday, 26 August 2010 22:33

ဒီနေ့ 26th August မှာ Google ကနေ Phone Call Feature လေးကို ထည့်ပေးလိုက်တာ Gmail သုံးသူတိုင်း အားလုံး သိမှာပါ။
Gmail Blog မှာ သုံးသွားတဲ့ video လေးကိုကြိုက်လို့ ပြန်တင်ထားတာပါ။ 39 second ဆိုတဲ့ အချိန်တိုလေးမှာ သူလိုချင်တဲ့ message ကိုရအောင် ပေးသွားတာကို သဘောကျတာပါ။

ဒီမှာတော့ Google Voice: Calling Rates တွေကို ကြည့်နိုင်ပါတယ်။

https://www.google.com/voice/b/0/rates

 

Tools for Kid's Coding

Saturday, 21 August 2010 13:21

   ကျွန်တော်တို့တွေ Programming ကို   သေချာတတ်မြောက်ဖို့ အရေးကြီးတဲ့ အရာတွေက

   Thinking တွေ၊ Concept  တွေပဲ ဖြစ်ပါတယ်။   အဲဒါတွေကို  သေချာမသိပဲအာဂုံဆောင်

   နေမယ်ဆိုရင်တော့တကယ်လက်တွေ့မှာ  အသုံးမဝင်တဲ့ အပြင် ဒုက္ခ ရောက်သွားနိုင်တဲ့   

   အနေအထား ရှိပါတယ်။ ဒါကလည်း လေ့လာသင်ယူ သူတွေကိုပဲ အပြစ်ပြောလို့ မရ

   ဘူးလို့ ထင်ပါတယ်။ ကျွန်တော် Programming ကိုစလုပ်တဲ့ ၂၀၀၁/၀၂ လောက်တုန်း

   ကဆရာပြော လိုက်တဲ့ lopping တွေ၊ IF-ELSE တွေကို လေ့ကျင့်ဖို့ resource ဆိုလို့

စာရွက်လောက်သာ ကိုယ့်မှာ ရှိနေတာကိုး။ ဒါကြောင့် လည်းစိတ်မဝင်စားသူတွေ အဖို့ စာမေးပွဲအောင်ရေး အတွက် အာဂုံဆောင်

အဆင့်မှာပဲ ဆုံးခန်းတိုင် သွားတာတွေကို ကျွန်တော်တွေ့ဖူးပါတယ်။ Programming ရဲ့ Thinking တွေ Conpect တွေ Mathematical

and Momputational ideas တွေ ကို အလွယ်တကူရဖို့ Tools တွေ၊ Resource တွေကို တကယ်ပဲ

မရှိတော့ဘူးလား??? ရှိတာပေါ့ဗျာ

 

ကျွန်တော်တို့တွေ အကြောင်း အမျိုးမျိုးကြောင့် မသိခဲ့ မသုံးနိုင်ခဲ့တာတွေ ကိုပြောမနေတော့ပဲ နောက်မျိုးဆက်တွေ သိပြီး သုံးနိုင်အောင်

လုပ်တာ ပေးကြတာပေါ့ဗျာ။ အနောက်နိုင်ငံတွေမှာ ၈နှစ် အထက်ကလေးတွေကို Programming သင်ကြားရာမှာ သုံးတဲ့ Tools တွေ

အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော် Tools တွေအကြောင်းကို မစခင်  Microsoft's K-12 Computer Science

Academic Relations Manager ဖြစ်တဲ့ Alfred Thompson ရဲ့ အဆိုလေးကို အရင်ဖတ်ကြည့် စေချင်ပါတယ်။

We need to get students interested in computer science and that has to be done at an early age before they decide (incorrectly) that they can't do computer science or that it is dull and boring



1. Scratch

Scratch ဆိုတာကတော့ MIT Media Lab ကနေ ၈နှစ် အထက်ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ graphical programming

language ပဲဖြစ်ပါတယ်။ ၂၀၀၇ မှာ စပြီး release လုပ်ခဲ့တဲ့ scratch ဟာ ခုလက်ရှိချိန်မှာ Projects ပေါင်း one million

ရှိနေပြီး ဖြစ်ပါတယ်။ Scratch ကိုသုံးပြီး ကိုယ်ပိုင် animations, games, music, and art တွေကို ဖန်တီးကာ web ပေါ်မှာ

share နိုင်ပါပြီ။ Sharing project တွေကို download လုပ်ပြီး remix လည်းလုပ်နိုင်ပါတယ်။ Scratch ကိုလေ့လာ ချင်တယ် ဆိုရင်တော့

ဒီမှာ Free Download လုပ်နိုင်ပြီး  Scratch Wiki ကို လည်းဖတ်ကြည့် နိုင်ပါတယ်။ ဒါကတော့ Scratch Developer တွေ၊

သုံးနေတဲ့ ကျောင်းသား ကလေးငယ်တွေရဲ့ video လေးပါ။

 


 

2. App Inventor

Google ကနေပြီး andriod သုံးစွဲသူတွေကို သာမန် user  အဆင့်ကနေ creator လုပ်နိုင်အောင် ဖန်တီးပေးထားတဲ့ 

application  လေးတစ်ခု ဖြစ်တယ်လို့ Professor Harold Abelson ပြောခဲ့တဲ့ အတိုင်း သာမန် user တွေ ဘယ်လောက်

လုပ်ဆောင်နိုင်တယ် ဆိုတာ အောက်က video လေးကို ကြည့်ရင် သိပါလိမ့်မယ်။ Beta version သာရှိနေတဲ့ App Inventor ရဲ့

Activity တွေကို ဒီမှာ ဖတ်နိုင်ပါတယ်။




3. Alice

နောက်နာမည်ကြီး တစ်ခုကတော့ Carnegie Mellon University က Product တစ်ခုဖြစ်တဲ့ Alice ဆိုတဲ့ open source 3D

programming ပဲဖြစ်ပါတယ်။  Alice မှာ Graphic တွေကို  drag & drop တွေနဲ့ပဲ object-oriented၊ event-driven program တွေကို

လွယ်ကူစွာ ဖန်တီးနိုင် ပါတယ်။ ကိုယ့်မှာ Thinking နဲ့ Concept ရှိမယ်ဆိုရင် အလွယ်တကူ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ သူလည်းပဲ

Free ရနိုင်ပြီး platform အတော်တော် များများ ပြောမယ်ဆိုရင် (Win,Lunix,Mac) တွေအားလုံးမှာ အလုပ်လုပ်ပါတယ်။ ဒါကတော့

Carnegie Mellon University က Alice's developer တွေပြောပြထားတဲ့ video လေးတစ်ခုဖြစ်ပါတယ်။


4. Small Basic

Microsoft ရဲ့ Small Basic ကတော့ "Programming is Fun" လို့ဆိုထားပြီး သူရဲ့ user friendly ဖြစ်တဲ့ development

environment တွေအပြင် များပြား ပြည့်စုံတဲ့ Library Files တွေကြောင့် ကိုယ်ပိုင်  game တစ်ခု၊ application တစ်ခုကို

ဖန်တီး နိုင်ပါတယ်။ ကိုယ်ဖန်တီးထားတဲ့ program လေးကို သူငယ်ချင်းတွေကို share ချင်ရင်လည်း ကိုယ့် Blog, Website မှာ

ရှိနေတာကို Silverlight player နဲ့ ကစားနိုင်ပါတယ်။ ဒါအပြင် Small Basic ဟာ .net ရဲ့ အခြေခံ concept တွေစုစည်းထား

တာကြောင့် နောက်ပိုင်း .net ကိုဆက်ပြီး လေ့လာ ချင်သူတွေ အတွက် ပိုသင့်တော် မယ်ထင်ပါတယ်။

 

5. Kodu

သူလည်းပဲ Microsoft ရဲ့ Product တစ်ခု ဖြစ်ပြီး Xbox ပေါ်မှာ run နိုင်မယ့် games တွေကို ဖန်တီး နိုင်မယ့် programming

environment  တစ်ခု ဖြစ်ပါတယ်။ Kodu မှာ classical programming languages တွေလို့ လုပ်ဆောင်နိုင်တဲ့ အပြင် Icon based နဲ့

program အလွယ်တကူ ရေးလို့ ရအောင် လုပ်ဆောင်ထား တာကြောင့်လည်း နာမည်ကြီး ဖြစ်နိုင်ပါတယ်။ Game တစ်ခုဖန်တီးဖို့

ဘယ်လောက်လွယ်တယ် ဆိုတာ 2009 CES မှာ Microsoft ကပြသွားတဲ့ Video လေးဖြစ်ပါတယ်။



 

6. Lego Mindstorms

ဒီတစ်ခါတော့ software application တစ်ခုမဟုတ်ပဲ programmable robotics တစ်ခုဖြစ်တဲ့ robot လေးတစ်ခုဖြစ်ပါတယ်။

ဒါလေးကတော့ ကလေးငယ် လေးတွေအတွက် ပိုပြီး အဆင်ပြေ သင့်တော် မယ်လို့ ထင်ပါတယ်။



Computer Science ကပေးတဲ့ logic, critical thinking, problem solving တွေဟာ ဘယ် field မှာ မဆို apply ပြန်လုပ်နိုင်ပြီး

baseline တစ်ခု အနေနဲ့ ရှိနေတာကြောင့် နောက်မျိုးဆက်တွေကို ဒီလို Programming ကိုလေ့လာ သင်ယူဖို့ လွယ်ကူစေမယ့်

Tools/Programming တွေကို ပြောပြကြရ အောင်လာဗျာ။ MMTuts မှာလည်း ကိုသီဟရေးထားတဲ့ ဒီ Article နှစ်ခုကို ဆက်ပြီး

ဖတ်စေချင်ပါတယ်။

  1. Programming သင်ဖို့ရာ နည်းလမ်းသစ်များစွာ
  2. Do-It-Yourself (or) နောက်ထပ်လှိုင်းတစ်ခု


Ref: http://www.readwriteweb.com/archives/4_tools_for_teaching_kids_to_code.php


 

Google Font API

Friday, 20 August 2010 21:01

Google Font API ကို သုံးချင်တဲ့ သူတွေ အတွက် ဒီ videos လေးတွေ ကြည့်သင့်ပါတယ်။ အသုံးပြုပုံကို ကျွန်တော်ရေးရင်တောင်

ရှုပ်သွားနိုင်တယ်။  Video ထဲမှာ လုပ်ပြသွားတာ အရမ်း ရှင်းလင်းပါတယ်။ တစ်ခုပဲ ကိုယ့် custom font ကိုတော့ Google Font

Directory ထဲထည့်လို့ မရဘူးဗျာ။  :(

 

                             


                             

 

Who Needs University? by Nettuts+

Thursday, 12 August 2010 12:19

Nettuts ကနေ ဒီ link လေးကိုတွေ့ လိုက်ရတယ်။ Nettuts မှာ ရေးထားပြီး သမျှ Tutorials တွေကို category အလိုက် series  ပြန်လုပ်

ထားတာတွေ့ ရပါတယ်။ PHP, CodeIgniter, jQuery, Magento, Wordpress  စတာတွေရဲ့ Tutorials Article တွေကို စုပေးထားပါတယ်။

Online ကနေ လေ့လာ ချင်သူတွေတွက် တကယ့်ကို University Course တွေလို အသုံးဝင်မှာ ဖြစ်လို့ အဲဒီ Link ကိုသွားဖြစ်အောင်

သွားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ :)

Who Needs University? The Best Nettuts+ Screencast Training Courses

 

St.John Island, Kusu Island

Tuesday, 10 August 2010 12:34

National Day ပိတ်ရက်လေး ရှိတုန်း St.John Island, Kusu Island တွေကို ရောက်သွားပါတယ်။ ကျွန်ပေါ်မှာ ဘာတွေရှိလဲ မေးရင်တော့

ထူးထူးခြားခြား ဘာမှ မရှိပါဘူး။ မရှိလို့လဲ နားအေးပါးအေး မြို့ပြနဲ့ ဝေးရာကို ခဏတာ သွားချင်တာပါ။ တောသားဆိုတော့ အဲဒီ

လိုတွေမှာ ပျော်တယ်ဗျ။ ရောက်တုန်း ရိုက်လာတဲ့ Photos တွေကို share လိုက်ပါတယ်။ ကျွန်တော် camera  မကောင်းလို့ Photo

resolution တော့ကောင်းမည် မဟုတ်ပါ။ 

ကျွန်းတည်နေရာ ဖြစ်ပါတယ်။

 

Dragon_Boat1.JPG Dragon_Boat2.JPG Dragon_Boat5.JPG Dragon_Boat7.JPG

ဒီလို့ Dragon Boat ကြီးနဲ့လည်း သွားနိုင်ပါတယ်။ ပိုဈေးကြီးတာပေါ့။

sea_view2.JPG sea_view3.JPG sea_view7.JPG sea_view8.JPG sea_view9.JPG sea_view11.JPG

လမ်းတလျှောက် မြင်မြင်သမျှ

st.john_1.JPG st.john_5.JPG st.john_6.JPG st.john_8.JPG st.john_11.JPG

St.John Island

sg_view1.JPG sg_view4.JPG sg_view2.JPG

Singapore ကိုပြန်မြင် ရပုံ

Kusu_10.JPG kusu_4.JPG kusu_3.JPG kusu_6.JPG kusu_7.JPG kusu_steps_3.JPG

Kusu Islanပေါ်နေရာ တစ်ချို့

kusu_steps_wish.JPG

အရင်ရောက်ခဲ့တဲ့ မြန်မာတွေ ရေးသွားတာ ဖြစ်မယ်။

သွားချင်တယ် ဆိုရင်တော့ http://islandcruise.com.sg/site/ မှာ Schedule ကို ကြည့်နိုင်ပါတယ်။

 

Page 7 of 27

«StartPrev12345678910NextEnd»

Login Form

Categories Table View

RSS Feed

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch