[X] Choose Font Here

Reader's Conner

TIME MONEY ENERGY

Saturday, 17 July 2010 17:00

ဒီ post ကတော့ forward mail ထဲက ဖတ်မိပြီး ကျွန်တော် ခံစားချက်နဲ့ တိုက်ဆိုင်နေလို့ ပြန်ရေးလိုက် ပါတယ်။ တော်တော်များများလည်း

ဒီလိုပဲ   ခံစားမိကြမယ် ထင်ပါတယ်။ ကျွန်တော် badminton racket ကြိုးပြတ်သွားလို့ ဆိုင်မှာ ကြိုးပြန်ပတ်နေတုန်း ဗိုက်ကလည်း ဆာနေ

တာကြောင့်   McDonalds မှာဝင်ပြီး ကြက်ကြော် နဲ့ အားလူးကြော် ဝယ်ပြီး ဆိုင်ထဲ ထောင့်ကျကျ စားပွဲလေးမှ ထိုင်မိလိုက်ပါတယ်။ တခြား

စားပွဲတွေမှာ    မိသားစု အလိုက် စားနေကြတဲ့  သူတွေရှိသလို၊ Laptop လေးတွေသယ်လာပြီး အလုပ်လုပ်နေ ကြသူတွေလည်း ရှိပါတယ်။

 

အချိန်လေးကလည်း ရနေတာကြောင့်  ရုံးကပေးထားတဲ့ broadband internet လေးနဲ့ စာဖတ်မယ် ဆိုပြီး ပါလာတဲ့ Laptop

လေးဖွင့် လိုက်မိပါတယ်။ အဲဒီ အချိန်လေးမှာ    ဖျတ်ခနဲ သတိရမိပြီး   လွမ်းသလိုလို ခံစားမိလိုက်တာက ကျွန်တော်    ကျောင်းတတ်တုန်းက

ထိုင်ခဲ့ဘူးတဲ့  လက်ဖက်ရည်ဆိုင်က   ထောင့်ကျကျ စားပွဲလေးကိုပါ။ စားပွဲလေးမှာထိုင်ရင်း   ဆေးလိပ်လေးကို ဖွာရင်း  သီချင်းလေးတွေကို

နားထောင်လိုက်၊   chorus လေးရောက်ရင်   အတူတူ လိုက်ဆိုလိုက်ကြ နဲ့ပေါ့ .... ပြီးတော့ ကိုယ်ကြိုက်တက်တဲ့  လက်ဖက်ရည် ပုံစံ အချိုး

အစားကို  သိနေတဲ့ အဖော်ဆရာရဲ့  လက်ဖက်ရည်လေး နဲ့ ခုစားနေရတဲ့ ကြက်ကြော် ရဲ့ အရသာ လားလားမှ မဆိုင်ပေ။ ပြီးတော့ ဆက်ပြီး

လွမ်းမိလိုက်တာက အဲဒီ အချိန်တုန်းက လွတ်လပ်မှုတွေ စိတ်ဖိစီးမှုတွေ မရှိသေးတဲ့ ပထမနှစ် ကျောင်းသားဘဝလေးပေါ့။ ပြောရရင် အဲဒီ

အချိန်တုန်းက  စတိုင်ကျကျ ဆိုင်လေးမှာ ထိုင်ပြီး ကြက်ကြော်ဆိုတာကို မစားနိုင်လို့ လမ်းဘေးက   လက်ဖက်ရည် ဆိုင်လေးမှာ ထိုင်ပြီး

သီချင်းလေးတွေဆိုကာ စိတ်ထွက်ပေါက် ရှာခဲ့ရပါပေါ့။ အဲဒီ အချိန်တုန်းက ကျွန်တော်မှာ ဖြစ်ခဲ့တာကို ဒီပုံလေးက ပြောပြပါလိမ့်မယ်။


Teen age: Have Time + Energy …but No Money

 

အဲသည်လိုနဲ့  မရပ်နားတဲ့ ဘဝခရီးကို ဆက်လျှောက်ရင်း Working Age ကိုရောက်လာတဲ့ အခါ ကျောင်းသားဘဝ ကထက်စာရင်တော့

စားချင်တာကို စားနိုင်လာတဲ့ အဆင့်ပေါ့ဗျာ။ ဒါပေမယ့် ရှားသွားတာက အချိန်ပါပဲ။ Monday to Friday (or) Sat  ကအလုပ်ထဲမှာ နစ်နေ

ကြပြီး weekend  လေးရောက်တော့လည်း  အိမ်အလုပ်တွေရယ်၊ တခြားလူမှုရေး အလုပ်တွေရယ်၊ စာဖတ်စရာတွေရယ်နဲ့ လုပ်စရာတွေ

ကများ လှပါပေတယ်။ ပြောမယ်ဆိုရင် လုပ်စရာတွေများပြားလွန်းလို့ ဒီနေ့ ဆိုတာတွေကို အမြန်အဆန် ဖရိုဖရဲကားလိပ်ချရင်း မနက်ဖန်

တွေနောက်ကို ဒရောသောပါး လိုက်နေရတယ် ဆိုရင်လည်း ဟုတ်ပါတယ်။ ဒီပုံလေး အတိုင်းပေါ့ဗျာ။


Working Age: Have Money + Energy …but No Time

 

နောက် age   တစ်ခုကတော့   မရသေးပေမယ့် ဖြစ်လာနိုင်တာကို အပေါ်က နှစ်ပုံကိုကြည့်ပြီး တွက်ဆ လို့ရနေပါတယ်။ ဖြစ်လာမယ်

ဆိုရင်တော့ ဒီလိုလေးပေါ့။


Old age: Have Time + Money …but no Energy


ဒီတော့ဗျာ ကျွန်တော်စဉ်းစားလိုက်မိလိုက်တာကတော့ ဘဝဆိုတာ တိုတိုလေးပဲ၊ ကိုယ်ကျိုးအတွက်လုပ်သလို အများအကျိုး အတွက်လည်း

တတ်နိုင်သလောက်လုပ်ရင်း ဘဝ ရဲ့ အသက်အပိုင်းအခြားတွေကို ဖြတ်သန်း ကြတာပေါ့။ ဒီပုံလေး ၃ပုံရယ်၊ လက်တလော ဖြစ်ပေါ်လာတဲ့

ခံစားချက်လေးကြောင့် ဒီ post လေးကိုရေး ဖြစ်သွားတာပါ။ Oops !!! Badminton ဆိုင်က ပြန်ချိန်ထားတာ နောက်တောင်ကျနေပြီ လစ်မှ လစ်မှ

ဪ .. အချိန် ...  အချိန် .. အချိန်...

 

ဘောလုံးပွဲထဲက သင်ခန်းစာများ

Friday, 02 July 2010 16:57

ဘောလုံးပွဲတွေ ကြည့်ကောင်းနေချိန်မှာပဲ "Lessons from the Football Field" ဆိုတဲ့ Article တစ်ခုကို Sitepoint Newsletter မှာ

ဖတ်လိုက်ရပါတယ်။ ဒီဘောလုံးပွဲ ကနေ သင်ခန်းစာတွေ ထုတ်ပြီး ကျွန်တော်တို့ ဘဝထဲမှာ ဘယ်လိုပြန် အသုံးချနိုင်တယ် ဆိုတာကို

ရေးသွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူဘဝကို ပိုင်ဆိုင်လာပြီ ဆိုမှတော့ ဘဝရှင်သန်ရေး အတွက် ကျွန်တော်တို့ ရုန်းကန်ကြ ရတဲ့

အခါ အမြဲတန်း အဆင်ပြေ ချောမွေ့နေတယ် ဆိုတာ မရှိပါဘူး။ အဲဒီလို အဆင်မပြေမှု၊  အခက်တွေကြားမှာပဲ ကျွန်တော်တို့ ရင့်ကျက်

ခဲ့ကြတာပဲ မဟုတ်လားဗျား။ နောက်ပြီး ဒီစကားလေးကို ကျွန်တော် အရမ်းကြိုက်ပါတယ်။


တိမ်ညိုတွေ မရှိခဲ့ရင်၊ မိုးသက်လေပြင်းတွေ မကျခဲ့ရင် လှပတဲ့ သက်တန့်ဆိုတာ ရှိလာမှာ မဟုတ်ဘူး


ကျွန်တော် တော်ကီပွါးနေတာနဲ့ သူဘာတွေ သင်ခန်းစာ ထုတ်ယူသွားတယ် ဆိုတာကြည့်လိုက်ရအောင်။

Perseverance

အောင်မြင်မှု အတွက် အရေးကြီးသော ချက်ပဲဖြစ်ပါတယ်။ World Cup မှာကန်နေကြတဲ့ အသင်းတွေကို ကြည့်ရင်လဲ ဒီအဆင့်ကို ရောက်ဖို့

ကန်ခဲ့ရတဲ့ ပွဲတွေ အများကြီးပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ Champion ဖြစ်ဖို့ ကြိုးစားကြရာမှာလည်း သူတို့တွေရဲ့  အံမခန်း ဇွဲ၊လုံ့လဝီရိယ တွေကို

မြင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ Perseverance is Success ဆိုတာလေးကို ဆွဲထုတ် လိုက်ချင်ပါတယ်။



Teamwork

လောကမှာ လူဆိုတာ  တစ်ဦးတစ်ယောက်ထဲ နေလို့မှမရတာပဲကိုး။ ဒီလိုပဲ အလုပ်လုပ်ပြီးဆိုတာနဲ့ အများနဲ့ အတူ တွဲဖက် လုပ်ရတာ

မျိုးတွေ ရှိပါတယ်။ အဲဒီအခါ Teamwork ဆိုတာ အရေးကြီး နေရာကပါလာပါတယ်။ တစ်ဦး တစ်ယောက်ချင်း ဘယ်လောက်တော်နေ

ပါစေ Teamwork ဆိုတာ မရှိလို့ကတော့ အောင်မြင်ဖို့ ဆိုတာ ဝေလားဝေးပါပဲ။ တခြားမကြည့် England အသင်းကိုပဲကြည့်ပါ။ နေရာစုံ

player တွေရဲ့ skill တွေကို စာရွက်ပေါ်မှာ  ချယှဉ်ရင် ကြိုက်တဲ့ အသင်းနဲ့ ယှဉ်လို့ရတယ်ဗျာ။  Teamwork ဆိုတာကို အခြေပြုလို့ 

ည်ီညွတ်ခြင်းသည် အင်အား နဲ့ အောင်မြင်တဲ့ အသင်းအဖွဲ့ တစ်ခု ဖြစ်လာဖို့ သင်ခန်းစာ တစ်ခု အနေနဲ့ ထုတ်ယူ လိုက်ကြရအောင်။

Teamwork ဆိုတာ အရေးကြီးလား မကြီးလား အောက်က ပုံကိုသာ ကြည့်ပါတော့ဗျာ။ ;)



Constant Education

ဘောလုံးသမားတွေလည်း သူတို့ရဲ့ skills တွေတိုးတက်နေအောင် အမြဲပဲ လေ့ကျင့် နေရသလိုမျိုး ကျွန်တော်တို့တွေလဲ ကိုယ့်နဲ့ဆိုင်ရာရာ

နယ်ပယ်တွေမှာ ကိုယ့် knowledge တွေကို အမြဲ update လုပ်ပေးနေရပါတယ်။ ဒီတော့ ရွေ့နေတဲ့ နာရီများ ကဲ့သို့ ကျွန်တော်တို့ တွေလည်း

ကိုယ့်အရည်အသွေး၊ ကိုယ့်ပညာရေး တွေကို အမြဲမပြတ် လေ့လာနေသင့်တယ် ဆိုတာကို သင်ခန်းစာ တစ်ခုအနေနဲ့ ကြည့်နိုင်ပါတယ်။



Celebrating success

အပက်တကုပ် ကြိုးစားခဲ့ရတာတွေ အောင်မြင်လာရင် Celebrate လုပ်ရမှာပေါ့ဗျာ။ ဂိုးသွင်းပြီးတဲ့ အခါ၊ Champion ဖြစ်တဲ့ အခါမျိုး

တွေမှာ ကစားသမားတွေ၊ နည်းပြအဖွဲ့တွေ  ပျော်ရွှင်ကြ၊ အောင်ပွဲခံကြတာကို မြင်တွေ့နိုင်ပါတယ်။  အရှုံးတွေကို သင်ခန်းစာယူပြီး

နောက်တစ်ခါမှာ အောင်မြင်အောင် လုပ်တက်ကြတာကိုလည်း ဘောလုံးပွဲတွေမှာ မြင်တွေ့နိုင်ပါတယ်။ အောင်မြင်လို့ အောင်ပွဲခံတာနဲ့

ပန်းမဝင်ခင် တက်ထောင်တာ မျိုးကိုတော့ ကွဲကွဲပြားပြား သိသင့်တယ် လို့ထင်ပါတယ်။



Communication

စုပေါင်းလုပ်ရတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် ကြားမှာ နားလည်တဲ့ communication တည်ဆောက်နိုင်ဖို့ ကလည်း လိုအပ်ပါတယ်။

ဗူဗူဇီလာတွေကြောင့် communication အရေးကြီးပုံကို  ဒီ world cup မှာမြင်တွေ့ နိုင်ပါတယ်။ ဒါပေါ့ဗျာ ခေါင်းဆောင်နဲ့ နောက်လိုက်

တွေကြား၊ ပြီးတော့ နောက်လိုက်တွေအချင်းချင်း ကြားမှာ အချင်းချင်း တိကျသေချာတဲ့ communicate တွေလုပ်တတ်ဖို့ လုပ်နိုင်ဖို့လို

ပါတယ်။ Argentina 4 - 1 Korea Republic ပွဲမှာလို့ ထင်တယ်။ တစ်ဖတ်ရှေ့တန်း လိုက်တာတာကို မသိလို့ ဂိုးသမားကို ပြန်ပေးဖို့ အလုပ်

တစ်ဂိုးပေးလိုက်ရတာ ရှိပါတယ်။ ဒါဟာ အချင်းချင်းကြားမှာ လုပ်နေတဲ့ communicate ဟာ ဗူဗူဇီလာကြောင့် ပြတ်တောက်သွားပြီး ဒီလိုမျိုး

ဂိုးပေးလိုက်ရ၊ ဆုံးရှုံးလိုက်ရတာမျိုးတွေ ရှိပါတယ်။ စကားမစပ် ဗူဗူဇီလာ အသံကိုနားထောင်ချင်ရင်တော့ youtube က ဘောလုံး icon လေးကို

နှိပ်ပြီး speaker ကောင်းရင်ကောင်းသလောက် နားထောင်နိုင်ပါပြီဗျာ။ :P

 


Self-Belief

ဟုတ်တာပေါ့ဗျာ Self-Belief  မရှိပဲ တည်တံခိုင်မာတဲ့ အောင်မြင်မှု ဘယ်လိုတည်ဆောက်မလဲ?

ဘောလုံးသမားတွေလည်း လူသန်းပေါင်း များစွာရှေ့မှာ အော်ဟစ်၊ လှောင်ပြောင်၊ အားပေးတာတွေကို Self-Belief မရှိရင် ဘယ်လိုရင်

ဆိုင်မလဲ။  ကိုယ်ဆီမှာ ရှိနေ တတ်တဲ့ Self-Belief ရဲ့ဆန့်ကျင်ဘက် Self-Doubt တွေကိုလည်း နှိ့မ်နင်းဖို့ လိုပါတယ်။ Self-Belief နဲ့ 

ပက်သက်လို့ ကျွန်တော်ကြိုက်တာလေးက ကွန်ဖူး ပန်ဒါကားမှာ ပေးသွားတဲ့ ဒီ message လေးပါ။

Self-belief is the key to realizing your potential and Po the panda’s hero’s journey leads him to that realization.

 



ဘောလုံးပွဲတွေကြည့်ရင်း ideas လေးတွေ ထပ်ရလာလို့ ဒီ Post လေးကို နဲတပ်ဖြည့်ချင်ပါတယ်။

Practice Makes Prefect

Practice Make Prefect but no man is Prefect :P အဲလိုတော့ မလုပ်ကြေးပေါ့ဗျာ။ခု World Cup မှာကန်နေကြတဲ့ ကစားသမားတွေလဲ

ဒီနေရာကို ရဖို့ အကြိမ်ပေါင်းများစွာ လေ့ကျင့် ခဲ့ကြရတာပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော် သတိရမိတာလေး တစ်ခုရှိတယ်။ တခြားတော့

မဟုတ်ပါဘူး David Beckham ပါ။  David Beckham ဆိုရင် သူ့ trademark ဖြစ်တဲ့  Free Kick ကို လူတိုင်း နီးပါး သိလောက်မယ်

ထင်ပါတယ်။ သူ့နာမည်ကြီး Free Kick ကို trademark ဖြစ်စေခဲ့တာက Practice Makes Perfect ကြောင့်လို့ပြောနိုင်တယ်။ သူ့အကြောင်း

ဖတ်လိုက်ရတုန်း သိလိုက်ရတာက Beckham ဆိုတာဖြစ်လာဖို့ ကြိုးစားနေချိန်တုန်းကပေါ့ training ပြီး မှာ အားလုံးပြန်သွားရင် ကွင်းထဲမှာ

တစ်ယောက်ထဲ free kick တွေကို အကန်ကျင့်နေတာလေ.... Practice အတွက် Perseverance လဲလိုတာပေါ့နော်



Strategy & Spirit

Skill ရှိပြီး Strategy မရှိရင် အောင်မြင်သင့်သလောက် အောင်မြင်မည်မဟုတ်ပါ။ ပြိုင်ပွဲတွေမှာ power ချင်းတူနေရင် Strategy သာသူက

အနိုင်ရစမြဲပါပဲ။ တခြားမကြည့်နဲ့ ခုခြေစွမ်းတွေ ပြနေတဲ့ ဂျာမဏီကိုသာ ကြည့်ပေတော့။ Business လောကမှာဖြစ်ဖြစ်၊ IT မှာဖြစ်ဖြစ်၊

တခြားသော နယ်ပယ်တွေမှာပဲ ဖြစ်စေ ရေရှည်အောင်မြင်ဖို့ Strategy ကောင်းဖို့လိုပါတယ်။ Strategy ကလည်းကောင်းပြီး Team Spirit

လည်းရှိနေတယ် ဆိုရင်တော့ အတိုင်းထက်လွန်ပေါ့ဗျာ။ အသင်းအဖွဲ့ တစ်ခုမှာ ရဲရဲတောက် တိုက်ပွဲဝင် စိတ်ဓါတ်တွေနဲ့ နောက်ဆုံးအချိန်ထိ

အနိုင်မခံစိတ်ရှိသွားရင် အရမ်းကို ကြောက်ဖို့ကောင်း ပါတယ်။ ဥပမာ 99 တုန်းက ဖလား ၃လုံး ပိုင်ရှင် မန်ယူပေါ့ဗျာ။

 

ကျွန်တော် သူရေးထားတာတွေကို အခြေခံပြီး ကိုယ့် ဗဟုသုတ အနည်းကို ပေါင်းစပ်ကာ ဖတ်ကောင်းအောင် ဘာသာပြန် လိုက်ပါတယ်။ 

ဖတ်တဲ့သူ အနေနဲ့လည်း ရင်ထဲမှာ တစ်ခုခု သိသွားမယ်၊ ကျန်ခဲ့မယ်ဆိုရင် ကျွန်တော်ပျော်ပါတယ်။ သဘောထား ကွဲလွဲတာတွေ ရှိရင်တော့

comment မှာထောက်ပြနိုင်ပါတယ်။




 

Google Command Line Tool

Tuesday, 22 June 2010 18:25

ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ပုဒ်ကို ပြန်ရေးချင်ပါတယ်။ GoogleCL လို့ခေါ်တဲ့ Google Command-Line ကို Google က release

လုပ်လိုက်ပါပြီ။ ဒီ command line ကိုသုံးပြီး Picasa မှာ folder တွေ upload တင်နိုင်တယ်။ Google Calendar မှာ appointments

တွေကို ထည့်နိုင်တယ်။ပြီးတော့ blog မှာ post တင်တာ၊ Google docs ကို edit လုပ်တာ စတာတွေကို လုပ်နိုင်တယ်လို့ ရေးထားပါတယ်။

Youtube မှာလည်း command line နဲ့ upload တင်နိုင်သေးတယ်ဗျာ။ GoogleCL ဟာ Google Data API တွေကို ခေါ်ရေးထားတဲ့

Python Application တစ်ခုပဲဖြစ်ပါတယ်။ ဒီ GoogleCL ကိုစမ်းချင်ရင်တော့ လိုအပ်တဲ့ GoogleCL နဲ့ Python client library တွေကို

အောက်က links မှာ download ယူနိုင်ပါတယ်။


အသုံးပြုပုံ တွေကို ဒီမှာ လေ့လာနိုင်ပါတယ်။ ကျွန်တော်လည်း အားမှစမ်းကြည့်အုံးမယ်ဗျာ။

 

ကြွက်ပြိုင်ပွဲ

Saturday, 19 June 2010 16:16

ကျွန်တော် ဖတ်နေတဲ့ Quite Mind စာအုပ်ထဲက ဘဝဆိုတာကို အမျိုးမျိုး ဖွင့်ဆိုချက်လေးတွေပါတဲ့ Article တစ်ခုပေါ့။ ဖွင့်ဆိုချက်လေး

တွေတိုင်းကို ဆက်ပြီးတွေးလို့ ရနိုင်ပါတယ်။ "ကြွက်ပြိုင်ပွဲ" တဲ့ဆက်ဖတ်လိုက်ပါအုံး။

The trouble with the rat race is even if you win, you’re still a rat.
- Lily Tonlin

ကြွက်ပြိုင်ပွဲရဲ့ပြသာနာက ပြိုင်ပွဲကို သင်နိုင်တယ်ဆိုဦးတော့သင်ဟာ ကြွက်ဖြစ်မြဲပါပဲ။

ကြွက်ပြိုင်ပွဲဆိုတာ မျက်မှောက်ခေတ်ဘ၀ရဲ့ သဘာဝကို မျက်စိဖွင့်ပေးတဲ့ နည်းတစ်မျိုးအဖြစ် တင်စားမှုနဲ့ ပြောခြင်းဖြစ်ပါတယ်။ စီးပွားရေး၊

ကြီးပွားရေးအတွက် မဆုံးနိုင်အောင် သဲကြီးမဲကြီး ယှဉ်ပြိုင်မှုကို ဆိုလိုပါတယ်။ ကြွက်ပြိုင်ပွဲဆိုတာ ဘာလဲ။ သိပ္ပံဓါတ်ခွဲခန်းထဲက ၀င်္ကပါထဲမှာ

ကြွက်တစ်ဒါဇင်လောက်က အလုအယက်ပြေးလွှားပြီး သူတို့ရဲ့ လွတ်လပ်မှုထွက်ပေါက်ကို ရှာဖွေဖို့ သဲကြီးမဲကြီး ကြိုးစားနေကြတာကို မြင်ယောင်

မိပါတယ်။ ဒါဟာ ကြွက်ပြိုင်ပွဲလား၊ ကြွက်တွေကို ဒါဟာ ပြိုင်ပွဲလို့ပြောပြထားသလား၊ ဒီပြိုင်ပွဲမှာ တကယ်ပဲနိုင်တဲ့ကြွက်ရှိသလား။

ဒါဟာကျွန်တော်တို့ဘ၀နေနည်းတွေကို ပြောတဲ့အခါမှာ တင်စားရမယ့် စကားရပ်အဖြစ် ရွေးချယ်သင့်သလား၊ ဟုတ်တယ်လား။

ထိတ်လန့်စရာ ကြီးပါလား။ ”အင်းလေ ကျွန်တော်တို့ အသင့်ပြင်ဆင်ပြီး ကြွက်ပြိုင်ပွဲဝင်ပြိုင်ရမှာပေါ့” အခုလည်း ပြိုင်နေတာပဲတဲ့လား။

ကျွန်တော်တို့အသုံး ပြုတဲ့ တင်စားမှုတွေက ကျွန်တော်ရဲ့ ဘ၀နေနည်းကို ပုံရိပ်ထင်စေရုံ မကပါဘူး။ ကျွန်တော်တို့ ဘ၀နေနည်းကို ဖန်တီး

ပေးနေပါတယ်။ ဘ၀ကိုကြွက်ပြိုင်ပွဲလို့ တင်စားမယ်ဆိုရင် အဲဒီလို ဖြစ်လာဖို့ အလားအလာတွေရှိလာပါလိမ့်မယ်။ ဒါကြောင့် တင်စားမှု

တွေကို ပြောင်းကြပါစို့လား။ အကြံပြုချက် အနည်းငယ် ပေးလိုက်ပါတယ်။

- ဘ၀ဆိုတာ ကြောင်တစ်ကောင်ရဲ့ ချောင်းမြောင်းသွားလာ လှုပ်ရှားခြင်း။

ကျွန်တော်က ဖြည်းညှင်းစွာနဲ့ သေသေချာချာ လှမ်းနေတဲ့ ခြေလှမ်းတွေကို မျှော်မှန်းကြည့်ရတယ်။ ကျွန်တော့ပတ်ဝန်းကျင် ဘာတွေ

ဖြစ်နေသလဲဆိုတာ ကို တည်ငြိမ်တဲ့အသိနဲ့ သိနေတယ်။ ကျွန်တော့်လိုအပ်ချက်တွေနဲ့ သင့်တော်တဲ့ခြေလှမ်းနဲ့ သွားတယ်။

- ဘ၀ဟာ ခွေးတစ်ကောင်ရဲ့လမ်းလျှောက်ထွက်ခြင်း

ကျွန်တော် အခု အခါအသက်ပါတဲ့ စိတ်ဝင်စားမှုနဲ့ လှုပ်ရှားတယ်။ ရပ်တဲ့ အခါရပ်ပြီး သွားတဲ့အခါ သွားတယ်၊ တခြားခွေးတွေ၊ သစ်ပင်

တွေ၊ လူတွေနဲ့လည်း တွေ့ကြုံတယ်။ ဖော်ရွေတဲ့ တယုတယ ဆက်ဆံမှုတွေကိုလည်း အမြဲ တုံ့ပြန်ဖို့ အဆင်သင့်ပါပဲ။

 - ဘ၀ဆိုတာ မြေခွေးအက

ဒါဟာ ခုန်ပေါက်ပြီး စည်းချက်ကျကျ ကရမယ့် ဘ၀ရဲ့အက။ အဖော်တစ်ယောက်ရှာလိုက်ပါ။ သင် တစ်ယောက်ပြီးတစ်ယောက်ပြောင်းပြီး

ကလို့ရပါတယ်။

- ဘ၀ဆိုတာ မျောက်တစ်ကောင်ရဲ့ ချီတက်ပွဲ

- ဘ၀ဆိုတာ မြင်းကလေးတစ်ကောင်ရဲ့ ခုန်ပေါက်ပြေးခြင်း

- ဘ၀ဆိုတာ ဝေလငါးတစ်ကောင်ရဲ့ ချိုးဖောက်ခြင်း

- ဘ၀ဆိုတာ ပျံလွှားငှက်တစ်ကောင်ရဲ့ တစ်ဟုန်ထိုး ပျံတက်ခြင်း

- ဘ၀ဆိုတာ ဆင်တစ်ကောင်ရဲ့လွှားခနဲပြေးခြင်း

- ဘ၀ဆိုတာ ၀က်ဝံတစ်ကောင်ကို လေ့လာခြင်း။

ဒီနေ့ တိတ်ဆိတ်တဲ့ အချိန်ကလေးရှာပြီး ဘ၀ရဲ့ ခရီးအတွက် သင့်ရဲ့ တင်စားမှုတစ်ခု ရွှေးချယ်လိုက်ပါ။

ဆက်ဖတ်သင့်သော Quite Mind Articles များ

 

ကောက်ရိုးပုံဖွသူ

Wednesday, 16 June 2010 22:12

ခုကျွန်တော် ဘာရေးမယ်ဆိုတာ ပုံမြင်တာနဲ့ သိမယ်ထင်ပါတယ်။ ဟုတ်ပါတယ် အိုင်းစတိုင်း အကြောင်းပါ

ဖတ်မိတာလေး ရေးမလို့ပါ။  တစ်ခါသော်-ကတ်သီးကတ်သတ်မေးတတ်သော

ဂျာနယ်လစ် တစ်ဦးက နာမည်ကျော် အိုင်စတိုင်းကြီးကို ဤသို့အမေးရှိသည်ဆိုသတတ်…..

 “ဆရာကြီးခင်ဗျား၊ ဆရာကြီးနဲ့ တခြားသူတွေ ဘာကွာပါသလဲ”

 

“နေဦး၊ ကျုပ်က ခင်ဗျားကို ပြန်မေးရဦးမယ်။ ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်းကျပျောက်တယ် ဆိုပါတော့။ တခြားတစ်ယောက်ကို

အဲဒီ အပ်ရှာခိုင်းရင် ဘာဖြစ်မယ်ထင်လဲ….”

“....ခင်ဗျာ….”

“ခင်ဗျာ မနေနဲ့။ ကိုင်းပါ၊ ကျုပ်မေးခွန်းကို ကျုပ်ကပဲစဖြေပါ့မယ်။ ဒီလူကအပ်ကိုရှာမယ်။ အပ်လည်းတွေ့ပြီဆိုပါတော့….

သူဘာဆက်လုပ်မယ်ထင်သလဲ…. ဒါတော့ ခင်ဗျားဖြေ….”

“အပ်ကိုတွေ့ပြီဆိုမှတော့ ပြီးပြီပေါ့ဆရာကြီး၊ ဘာဆက်လုပ်ရဦးမှာလဲ….”

“ကျုပ်ဆိုရင်တော့ မပြီးသေးဘူးဗျ။ ကောက်ရိုးပုံကို ဆက်ဖွဦးမှာပဲ...”

“ခင်ဗျာ… ဆရာကြီးဘာကိုဆိုလိုတာပါလဲ….”

“ခင်ဗျားမေးခွန်းကိုဖြေတာလေ….”

“ကျွန်တော် နားမရှင်းဘူး ဆရာကြီး”

“မှတ်ထား။ သူတို့က အပ်ကိုရှာတဲ့သူ။ ကျုပ်က ကောက်ရိုးပုံဖွတဲ့သူ…..

အဲဒါ ကွာတာပဲဗျ….”

ဆက်ပြီးတွေး နိုင်ကြပါစေဗျာ။

 

Page 9 of 27

«StartPrev12345678910NextEnd»

Login Form

Categories Table View

RSS Feed

JoomlaWatch Stats 1.2.9 by Matej Koval

Facebook Share

Share on facebook

Accordion FAQ

mod_joomtouch

Version Iphone

Version Iphone by JoomTouch