Google Tips and Tricks(1 to 30)
Tuesday, 24 March 2009 08:03
Google Search Engine ကိုဘယ်လို အသုံးချမယ်ဆိုတဲ့ tips and tricks လေးတွေပါ။ Mail ပို့ပေးတဲ့
MZ ကသူငယ်ချင်းကိုလည်း ကျေးဇူးပါ။ သူ့ attachment file ကို ဖတ်လို့ အဆင်ပြေစေဖို့ type ပြန်ရိုက်ပြီး
တင်ထားတာပါ။ ကျွန်တော်တို့ Google ကိုသုံးနေပေမယ့် သေသေချာချာ မသိတာလေးတွေကို ဒီ POST ထဲမှာ
ရေးထားပါတယ်။ စုစုပေါင်းက tips and tricks ၁၀၁ တောင်ဗျ။ ဒါကြောင့် (1 to 30) ကိုအရင် ရေးလိုက်ပါတယ်။
အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ်။
1 Search box မှာ သမားရိုးကျ ရှာဖွေနေမဲ့ အစား Advanced search ဆိုတဲ့ link ကို click နှိပ်ပြီး ရှာဖွေတဲ့အခါ
ကိုယ်လိုချင်တဲ့ စာသား ဒါမှမဟုတ်ပုံရိပ်အတွက် file ရဲ့ extension ဖြစ်တဲ့ (.doc) (.jpg) စသဖြင့် တိတိကျကျ ရရှိနိုင်ပါတယ်။
2 ဥပမာအားဖြင့် Author Checkov (စာရေးဆရာ ချက်ကော့ဗ်) ဆိုတဲ့ စကားလုံး Pharse (စကားစု) အလိုက်
ရှာဖွေတာထက် Checkov ဒါမှမဟုတ် Author ဆိုပြီး ရှာဖွေပြီးမှ နောက်တစ်ဆင့် ထက်တက်တာဟာ အချိန်ကို
စုပေါင်းပျမ်းမျှ တွက်ကြည့်လိုက်ရင် ပိုမိုမြန်ဆန်တာကို တွေ့ ရပါလိမ့်မယ်။
3 ရှာဖွေလိုတဲ့ ရလဒ်အတွက် လိုအပ်တဲ့ စာမျက်နှာ အရေအတွက်၊ ဘာသာစကား ဖိုင်အမျိုးအစားစတာတွေကို
Advanced Search ဟာ ကောင်းကောင်းအကူအညီပေးနိုင်ပြီး save preference ပြု လုပ်ခဲ့မယ်ဆိုရင် အတိအကျဆုံး
result တွေ ရရှိလာပါလိမ့်မယ်။
4 Advanced search ရဲ့ နောက်ဆက်တွဲ အားသာချက်တစ်ခုကတော့ top level domain name တွေ
(.co.uk,.com) ကို domain ရှိတဲ့ website တွေကို *.co.uk , *.com စသဖြင့် လိုအပ်သလို ရှာဖွေနိုင်ခြင်းပါပဲ။
5 အမှုမဲ့ အမှတ်မဲ့မနေဘဲ ကိုယ်ရှာဖွေရလာတဲ့ result ကို ကြည့်နေလိုက်မယ်ဆိုရင် date, usage mights, and
. more
စသဖြင့် website ရဲ့ အောက်ခြေနားလေးမှာ ခပ်သေးသေး စာသားတွေ အဖြစ်တွေ့ ရမှာပါ။ တစ်ခါတစ်ရံမှာ အဲ့ဒီစာသား link
တွေကို click နှိပ်ပြီးတော့လဲ ကိုယ့်ရှာဖွေမှုတွေကို ပိုပြီးတိကျကြွယ်ဝစေနိုင်ပါတယ်။
6 Advanced search မှာ ကိုယ့်စိတ်ကြိုက် ပြုပြင်ဖွဲ့ စည်းလို့ ရပါတယ်။ ပြီးတဲ့အခါမှာ save လုပ်လိုက်ပါ။ အဲ့ဒီနောက်
အသုံးပြုတဲ့ browser ကို မပိတ်မချင်း google advanced search ဟာ အသက်ဝင်နေမှာ ဖြစ်ပါတယ်။
7 သီအိုရီသဘောနဲ့ ပြောရရင် google ဟာ Boolean Method ကို သုံးစွဲထားပါတယ်။ ဒါကြောင့် Boolean method
မှာပါဝင်တဲ့ အော်ပရေတာတွေ မှန်သမျှဟာ google နဲ့  အလုပ်လုပ်ပါတယ်။ဥပမာ အားဖြင့် AND Operator ကို
သုံးစွဲထားတယ်ဆိုပါစို့ 
.
girl and glass
ဒါဆိုရင် မျက်မှန်တပ်ထားတဲ့ မိန်းကလေး၊ မျက်မှန်နဲ့ ပူးပေါင်းထားတဲ့ မိန်းကလေးပုံရိပ် စတာတွေကို ရှာဖွေပေးတော့မှာ
ဖြစ်ပါတယ်။ နှစ်ခု ဒါမှ မဟုတ် ဒီထက် ပိုမိုစေလိုတဲ့ ရလဒ်တွေကို လိုချင်ရင် AND syntax ကို သုံးစွဲနိုင်ပါတယ်။
8 OR ဆိုတဲ့ operator ကတော့ တစ်ခုမဟုတ် တစ်ခု ဆိုတဲ့ သဘောကို ဆောင်တဲ့ အတွက် girl OR glass
ဆိုပြီး ရှာဖွေခိုင်းမယ်ဆိုရင် girl ကိုရော၊ glass ကိုရော ပါဝင်ဖွဲ့ စည်းထားတဲ့ webpage မှန်သမျှကို ဆွဲထုတ်ပေးပါလိမ့်မယ်။
9 OR operator နဲ့ ဆင်တူတဲ့ syntax တစ်မျိုး ရှိပါသေးတယ်။ keyboard မှာ / နေရာမှာရှိနေတဲ့ | ပဲ ဖြစ်ပါတယ်။
10 တစ်ခုသတိထားဖို့ က operator တွေဖြစ်တဲ့ AND နဲ့  OR ဟာ case sensitive ရှိပါတယ်။ Capital letter
(အက္ခရာစာလုံးကြီးသာ သုံးရပါတယ်) နို့ မို့ ဆိုရင်တော့ အဖြေတွေဟာ တိကျမှာ မဟုတ်ပါဘူး။
11 Syntax OR ကို အုပ်စု တစ်ခုအတွင်းမှာ group ဖွဲ့ ပြီး ရိုက်နှိပ်ဖွေရှာနိုင်ပါတယ်။
ဥပမာ- (Pretty)(girl OR glass)
12 တကယ်လို့  keyword တွေကို မသုံးစွဲဘဲ စကားစု အလိုက် ဖွေရှာမယ်ဆိုရင်လဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Quotation
ပုံစံမျိုးတော့ ထည့်သွင်းပေးမှသာ စကားစု (Phrase) ကို သဘောပေါက်မှာပါ။ Pretty girl with glass
13 တကယ်လို့  Pretty ဆိုတဲ့ စကားလုံးကိုပဲ သတိရတယ်။ Beautiful ဆိုတဲ့ သံကွဲကြောင်းတူ စကားလုံးကို
မေ့လျော့သွားခဲ့တယ်ဆိုခဲ့ရင် ~ သင်္ကေတာကို သုံးစွဲပါ။
~Pretty girl
ဒါဆိုရင် Beautiful ဆိုတဲ့ tag နဲ့ upload တင်ထားတဲ့ မိန်းမချောလှလှတွေရော၊ Pretty ဆိုတဲ့ အမည်နာမနဲ့ 
ယူထားတဲ့ ပုံရိပ်လှလှလေးတွေကိုပါတွေ့ မြင်ရပါလိမ့်မယ်။ Keyboard ရဲ့ အက္ခရာ (၁)နေရာမှာရှိတဲ့ ~ ဟာ (=)
ညီမျှခြင်း သဘောကို ဆောင်ပါတယ်။
14 Google ရဲ့ special operator တွေထဲမှာ _ (အနုတ်သင်္ကေတ) လဲ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ဒါကိုတော့
ကိုယ်မလိုချင်တဲ့ keyword ရဲ့ ရှေ့ မှာ ထည့်ပေးရပါတယ်။
ဥပမာ_ pretty girl-glass
ရလဒ်ကတော့ မျက်မှန်မပါတဲ့ မိန်းမချောလေးကို ရှာဖွေပါမယ်။
15 Google ဟာ I, you, a, an, the စတဲ့ စကားလုံးတွေနဲ့  ပတ်သက်သမျှကို ရှာဖွေမှုမပြုလုပ်ပါဘူး။ ဒါတွေကို stop words
လို့ ခေါ်ဆိုပါတယ်။
ဥပမာ_ I is very common words . စသဖြင့် ကိုယ်ရခဲ့တဲ့ result ရဲ့ အပေါ် search box ရဲ့  အောက်နားမှာ စာလုံးမည်းဖြင့်
ပြန်လည်ဖော်ပြထားတာကို တွေ့ ရပါလိမ့်မယ်။
16 Stop words တွေကို မဖြစ်မနေ သုံးစွဲချင်တဲ့အခါမှာ + operator ကို ခုတုံးလုပ်ပြီး သုံးစွဲနိုင်ပါတယ်။
ဥပမာ_ AND ဟာ operator ပါ။ ဒါပေမဲ့ စာလုံးသေး and ကတော့ stop word ဖြစ်ပါတယ်။ ဒါကြောင့်အခုလိုသုံးစွဲပါ။
girl +and glass
17 stop word ကို နောက်တစ်မျိုးအနေနဲ့  လူလည်ကျပြီး သုံးစွဲနိုင်တဲ့ နည်းလမ်းကတော့ Quote mark လို့ ခေါ်တဲ့
အဖွင့်အပိတ် ကော်မာတွေနဲ့  သုံးစွဲမယ်ဆိုရင်လဲ ရနိုင်ပါတယ်။ အဲဒီမာဂျင်ကနေ pharse တစ်ခုအနေနဲ့  သတ်မှတ်လိုက်မှာ
ဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။
18 ငယ်ငယ်တုန်းက အင်္ဂလိပ်စာ လေ့ကျင့်ခန်းမှာ ကွက်လပ်ဖြည့်ခဲ့သလိုမျိုး fill in a Blank ဆိုသလို google search က
ို သုံးစွဲနိုင်ပါတယ်။ ဥပမာ_ Christopher Columbus discovered ဆိုပြီး စာသားတစ်ဝက်တစ်ပျက် search box မှာ ရိုက်လိုက်ပါ။
ကိုလံဘတ် ဟာ ဘယ်အရာကို ဘယ်တုန်းက ဘယ်လိုရှာဖွေတွေ့ ရှိခဲ့သလဲ ဆိုတဲ့ webpage ထွက်ပေါ်လာပါလိမ့်မယ်။
19 ငွေကြေးစနစ်ရဲ့  ကိန်းဂဏန်းတွေကို လိုအပ်သလို သုံးစွဲရှာဖွေနိုင်ပါတယ်။ ဆိုပါတော့ ဒေါ်လာ ၃၀၀ ကနေ ဒေါ်လာ
၅၀၀ ကြားမှာရှိတဲ့ တီဗွီတွေကို ရှာဖွေချင်ခဲ့ရင် sony TV $ 300
$ 500 ဆိုပြီး ရှာဖွေနိုင်ပါတယ်။
20 Google ဟာ မိုက်ကရိုဆော့ဖ်ထုတ် xls, doc, pps အပါအ၀င် lotus, Adobe post script, shock wave, text စတဲ့
မတူကွဲပြားတဲ့ document formart ပေါင်း (၁၃) မျိုးကျော်ကို သိရှိနားလည်တဲ့အတွက် ကိုယ်လိုအပ်တဲ့ file ကို extension
နဲ့ ရှာဖွေတဲ့အခါမှာ ပိုမိုမြန်မြန်ဆန်ဆန်နဲ့  အဖြေကို ရရှိနိုင်ပါတယ်။
21 ဖိုင်အမျိုးအစားတွေအတွက် ကိုယ်လိုအပ်သလို စာရိုက်ပြီး ရှာဖွေကြည့်မယ်ဆိုရင် ပိုမိုမြန်ဆန်တာကို တွေ့ ရပါလိမ့်မယ်။
soccer-file type:pdf
22 အဲဒီလို file type တွေနဲ့  ရှာဖွေတတ်လာတဲ့အခါမှာ နောက်တစ်မျိုးအနေနဲ့  file type ရယ် Boolean Method တွေရယ်
ရောသမမွှေပြီး ရှာဖွေကြည့်ကြရအောင်
soccer-file type:doc
ဒါဆိုရင် (.doc) နဲ့  အဆုံးသတ်ထားတဲ့ ဖိုင်အမျိုးအစားတွေကလွဲပြီး တခြားဖိုင်အမျိုးအစားတွေကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။
23 Boolean Method ကို နည်းနည်း ယဉ်ပါးလာပြီဆိုတဲ့ အခါမှာတော့ file type+method+syntax. ဆိုပြီး နည်းနည်းလောက်
ကြိုးစားကြည့်ရအောင်။ girl and pretty glass file type : doc
24 Google မှာ အလွန်ကောင်းမွန်တဲ့ syntax တွေ တစ်ပုံတစ်ပင် ရှိပါသေးတယ်။ အဲဒီအထဲကမှ intitle ဆိုတာဟာ webpage
တွေမှာရှိတဲ့ ခေါင်းစဉ်တွေထဲမှာ ရှာဖွေမှာကို ဆိုလိုတာပါ။
ဥပမာ_ intitle : girl
ဒါဆိုရင် ရလဒ်ကတော့ girl ဆိုတဲ့ ပါဝင်တဲ့ ခေါင်းစဉ်တိုင်းကို ဆွဲထုတ်ပြသပေးမှာ ဖြစ်ပါတယ်။
25 တကယ်လို့  index page တွေကိုလဲ လိုချင်တယ်ဆိုရင် index of intitle : girl
26 URL လို့ ခေါ်တဲ့ လိပ်စာအတွင်းမှာသာ ရှာဖွေချင်တယ်ဆိုရင်တော့
inURL : girl
27 တကယ်လို့  ကိုယ့် PC မှာ webcam ကို မချိတ်ဆက်ထားဘူး။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က webcam ကို
အခမဲ့သုံးစွဲချင်တယ်ဆိုရင်တော့ အခုအတိုင်းရယူပါ။
inURL:view/view.shtml
28 Intext keyword ကတော့ webpage ရဲ့ စာသားတွေအတွင်းမှာပဲ ရှာဖွေပေးမှာ ဖြစ်ပါတယ်။
ဥပမာ_ intext:girl
29 Website တစ်ခုဟာ တခြား webpage website တွေ ဘယ်လောက်တောင် link လုပ်ထားသလဲ ဆိုတာကို link ဆိုတဲ့
syntax နဲ့ ကြည့်ရှု သိရှိနိုင်ပါတယ်။
Link:www.mozilla.org
30 ထပ်တူညီတဲ့ စာမျက်နှာတွေကို ရှာဖွေချင်တဲ့အခါမျိုးမှာ related ကို အသုံးပြုပါ။
ဥပမာ_ related: www.myanmarmp3.net ဒါဆိုရင် myanmarmp3.net နဲ့  ဆင်တူတဲ့ အခြား webpage တွေ ရရှိနိုင်ပါတယ်။
| < Prev | Next > |
|---|
Login Form
Latest Post
Categories Table View
- Reader's Conner (133)
- PHP (48)
- Joomla CMS (46)
- Codeigniter (18)
- jQuery (12)
- iDhamma (11)
- Mobile Development (10)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)
- DhammaDroid (1)