ဘောလုံးပွဲထဲက သင်ခန်းစာများ
Friday, 02 July 2010 16:57
ဘောလုံးပွဲတွေ ကြည့်ကောင်းနေချိန်မှာပဲ "Lessons from the Football Field" ဆိုတဲ့ Article တစ်ခုကို Sitepoint Newsletter မှာ
ဖတ်လိုက်ရပါတယ်။ ဒီဘောလုံးပွဲ ကနေ သင်ခန်းစာတွေ ထုတ်ပြီး ကျွန်တော်တို့ ဘဝထဲမှာ ဘယ်လိုပြန် အသုံးချနိုင်တယ် ဆိုတာကို
ရေးသွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူဘဝကို ပိုင်ဆိုင်လာပြီ ဆိုမှတော့ ဘဝရှင်သန်ရေး အတွက် ကျွန်တော်တို့ ရုန်းကန်ကြ ရတဲ့
အခါ အမြဲတန်း အဆင်ပြေ ချောမွေ့နေတယ် ဆိုတာ မရှိပါဘူး။ အဲဒီလို အဆင်မပြေမှု၊ အခက်တွေကြားမှာပဲ ကျွန်တော်တို့ ရင့်ကျက်
ခဲ့ကြတာပဲ မဟုတ်လားဗျား။ နောက်ပြီး ဒီစကားလေးကို ကျွန်တော် အရမ်းကြိုက်ပါတယ်။
တိမ်ညိုတွေ မရှိခဲ့ရင်၊ မိုးသက်လေပြင်းတွေ မကျခဲ့ရင် လှပတဲ့ သက်တန့်ဆိုတာ ရှိလာမှာ မဟုတ်ဘူး
ကျွန်တော် တော်ကီပွါးနေတာနဲ့ သူဘာတွေ သင်ခန်းစာ ထုတ်ယူသွားတယ် ဆိုတာကြည့်လိုက်ရအောင်။
Perseverance
အောင်မြင်မှု အတွက် အရေးကြီးသော ချက်ပဲဖြစ်ပါတယ်။ World Cup မှာကန်နေကြတဲ့ အသင်းတွေကို ကြည့်ရင်လဲ ဒီအဆင့်ကို ရောက်ဖို့
ကန်ခဲ့ရတဲ့ ပွဲတွေ အများကြီးပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ Champion ဖြစ်ဖို့ ကြိုးစားကြရာမှာလည်း သူတို့တွေရဲ့ အံမခန်း ဇွဲ၊လုံ့လဝီရိယ တွေကို
မြင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ Perseverance is Success ဆိုတာလေးကို ဆွဲထုတ် လိုက်ချင်ပါတယ်။

Teamwork
လောကမှာ လူဆိုတာ တစ်ဦးတစ်ယောက်ထဲ နေလို့မှမရတာပဲကိုး။ ဒီလိုပဲ အလုပ်လုပ်ပြီးဆိုတာနဲ့ အများနဲ့ အတူ တွဲဖက် လုပ်ရတာ
မျိုးတွေ ရှိပါတယ်။ အဲဒီအခါ Teamwork ဆိုတာ အရေးကြီး နေရာကပါလာပါတယ်။ တစ်ဦး တစ်ယောက်ချင်း ဘယ်လောက်တော်နေ
ပါစေ Teamwork ဆိုတာ မရှိလို့ကတော့ အောင်မြင်ဖို့ ဆိုတာ ဝေလားဝေးပါပဲ။ တခြားမကြည့် England အသင်းကိုပဲကြည့်ပါ။ နေရာစုံ
player တွေရဲ့ skill တွေကို စာရွက်ပေါ်မှာ ချယှဉ်ရင် ကြိုက်တဲ့ အသင်းနဲ့ ယှဉ်လို့ရတယ်ဗျာ။ Teamwork ဆိုတာကို အခြေပြုလို့
ည်ီညွတ်ခြင်းသည် အင်အား နဲ့ အောင်မြင်တဲ့ အသင်းအဖွဲ့ တစ်ခု ဖြစ်လာဖို့ သင်ခန်းစာ တစ်ခု အနေနဲ့ ထုတ်ယူ လိုက်ကြရအောင်။
Teamwork ဆိုတာ အရေးကြီးလား မကြီးလား အောက်က ပုံကိုသာ ကြည့်ပါတော့ဗျာ။ 

Constant Education
ဘောလုံးသမားတွေလည်း သူတို့ရဲ့ skills တွေတိုးတက်နေအောင် အမြဲပဲ လေ့ကျင့် နေရသလိုမျိုး ကျွန်တော်တို့တွေလဲ ကိုယ့်နဲ့ဆိုင်ရာရာ
နယ်ပယ်တွေမှာ ကိုယ့် knowledge တွေကို အမြဲ update လုပ်ပေးနေရပါတယ်။ ဒီတော့ ရွေ့နေတဲ့ နာရီများ ကဲ့သို့ ကျွန်တော်တို့ တွေလည်း
ကိုယ့်အရည်အသွေး၊ ကိုယ့်ပညာရေး တွေကို အမြဲမပြတ် လေ့လာနေသင့်တယ် ဆိုတာကို သင်ခန်းစာ တစ်ခုအနေနဲ့ ကြည့်နိုင်ပါတယ်။

Celebrating success
အပက်တကုပ် ကြိုးစားခဲ့ရတာတွေ အောင်မြင်လာရင် Celebrate လုပ်ရမှာပေါ့ဗျာ။ ဂိုးသွင်းပြီးတဲ့ အခါ၊ Champion ဖြစ်တဲ့ အခါမျိုး
တွေမှာ ကစားသမားတွေ၊ နည်းပြအဖွဲ့တွေ ပျော်ရွှင်ကြ၊ အောင်ပွဲခံကြတာကို မြင်တွေ့နိုင်ပါတယ်။ အရှုံးတွေကို သင်ခန်းစာယူပြီး
နောက်တစ်ခါမှာ အောင်မြင်အောင် လုပ်တက်ကြတာကိုလည်း ဘောလုံးပွဲတွေမှာ မြင်တွေ့နိုင်ပါတယ်။ အောင်မြင်လို့ အောင်ပွဲခံတာနဲ့
ပန်းမဝင်ခင် တက်ထောင်တာ မျိုးကိုတော့ ကွဲကွဲပြားပြား သိသင့်တယ် လို့ထင်ပါတယ်။

Communication
စုပေါင်းလုပ်ရတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် ကြားမှာ နားလည်တဲ့ communication တည်ဆောက်နိုင်ဖို့ ကလည်း လိုအပ်ပါတယ်။
ဗူဗူဇီလာတွေကြောင့် communication အရေးကြီးပုံကို ဒီ world cup မှာမြင်တွေ့ နိုင်ပါတယ်။ ဒါပေါ့ဗျာ ခေါင်းဆောင်နဲ့ နောက်လိုက်
တွေကြား၊ ပြီးတော့ နောက်လိုက်တွေအချင်းချင်း ကြားမှာ အချင်းချင်း တိကျသေချာတဲ့ communicate တွေလုပ်တတ်ဖို့ လုပ်နိုင်ဖို့လို
ပါတယ်။ Argentina 4 - 1 Korea Republic ပွဲမှာလို့ ထင်တယ်။ တစ်ဖတ်ရှေ့တန်း လိုက်တာတာကို မသိလို့ ဂိုးသမားကို ပြန်ပေးဖို့ အလုပ်
တစ်ဂိုးပေးလိုက်ရတာ ရှိပါတယ်။ ဒါဟာ အချင်းချင်းကြားမှာ လုပ်နေတဲ့ communicate ဟာ ဗူဗူဇီလာကြောင့် ပြတ်တောက်သွားပြီး ဒီလိုမျိုး
ဂိုးပေးလိုက်ရ၊ ဆုံးရှုံးလိုက်ရတာမျိုးတွေ ရှိပါတယ်။ စကားမစပ် ဗူဗူဇီလာ အသံကိုနားထောင်ချင်ရင်တော့ youtube က ဘောလုံး icon လေးကို
နှိပ်ပြီး speaker ကောင်းရင်ကောင်းသလောက် နားထောင်နိုင်ပါပြီဗျာ။ 

Self-Belief
ဟုတ်တာပေါ့ဗျာ Self-Belief မရှိပဲ တည်တံခိုင်မာတဲ့ အောင်မြင်မှု ဘယ်လိုတည်ဆောက်မလဲ?
ဘောလုံးသမားတွေလည်း လူသန်းပေါင်း များစွာရှေ့မှာ အော်ဟစ်၊ လှောင်ပြောင်၊ အားပေးတာတွေကို Self-Belief မရှိရင် ဘယ်လိုရင်
ဆိုင်မလဲ။ ကိုယ်ဆီမှာ ရှိနေ တတ်တဲ့ Self-Belief ရဲ့ဆန့်ကျင်ဘက် Self-Doubt တွေကိုလည်း နှိ့မ်နင်းဖို့ လိုပါတယ်။ Self-Belief နဲ့
ပက်သက်လို့ ကျွန်တော်ကြိုက်တာလေးက ကွန်ဖူး ပန်ဒါကားမှာ ပေးသွားတဲ့ ဒီ message လေးပါ။
Self-belief is the key to realizing your potential and Po the panda’s hero’s journey leads him to that realization.

ဘောလုံးပွဲတွေကြည့်ရင်း ideas လေးတွေ ထပ်ရလာလို့ ဒီ Post လေးကို နဲတပ်ဖြည့်ချင်ပါတယ်။
Practice Makes Prefect
Practice Make Prefect but no man is Prefect :P အဲလိုတော့ မလုပ်ကြေးပေါ့ဗျာ။ခု World Cup မှာကန်နေကြတဲ့ ကစားသမားတွေလဲ
ဒီနေရာကို ရဖို့ အကြိမ်ပေါင်းများစွာ လေ့ကျင့် ခဲ့ကြရတာပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော် သတိရမိတာလေး တစ်ခုရှိတယ်။ တခြားတော့
မဟုတ်ပါဘူး David Beckham ပါ။ David Beckham ဆိုရင် သူ့ trademark ဖြစ်တဲ့ Free Kick ကို လူတိုင်း နီးပါး သိလောက်မယ်
ထင်ပါတယ်။ သူ့နာမည်ကြီး Free Kick ကို trademark ဖြစ်စေခဲ့တာက Practice Makes Perfect ကြောင့်လို့ပြောနိုင်တယ်။ သူ့အကြောင်း
ဖတ်လိုက်ရတုန်း သိလိုက်ရတာက Beckham ဆိုတာဖြစ်လာဖို့ ကြိုးစားနေချိန်တုန်းကပေါ့ training ပြီး မှာ အားလုံးပြန်သွားရင် ကွင်းထဲမှာ
တစ်ယောက်ထဲ free kick တွေကို အကန်ကျင့်နေတာလေ.... Practice အတွက် Perseverance လဲလိုတာပေါ့နော်

Strategy & Spirit
Skill ရှိပြီး Strategy မရှိရင် အောင်မြင်သင့်သလောက် အောင်မြင်မည်မဟုတ်ပါ။ ပြိုင်ပွဲတွေမှာ power ချင်းတူနေရင် Strategy သာသူက
အနိုင်ရစမြဲပါပဲ။ တခြားမကြည့်နဲ့ ခုခြေစွမ်းတွေ ပြနေတဲ့ ဂျာမဏီကိုသာ ကြည့်ပေတော့။ Business လောကမှာဖြစ်ဖြစ်၊ IT မှာဖြစ်ဖြစ်၊
တခြားသော နယ်ပယ်တွေမှာပဲ ဖြစ်စေ ရေရှည်အောင်မြင်ဖို့ Strategy ကောင်းဖို့လိုပါတယ်။ Strategy ကလည်းကောင်းပြီး Team Spirit
လည်းရှိနေတယ် ဆိုရင်တော့ အတိုင်းထက်လွန်ပေါ့ဗျာ။ အသင်းအဖွဲ့ တစ်ခုမှာ ရဲရဲတောက် တိုက်ပွဲဝင် စိတ်ဓါတ်တွေနဲ့ နောက်ဆုံးအချိန်ထိ
အနိုင်မခံစိတ်ရှိသွားရင် အရမ်းကို ကြောက်ဖို့ကောင်း ပါတယ်။ ဥပမာ 99 တုန်းက ဖလား ၃လုံး ပိုင်ရှင် မန်ယူပေါ့ဗျာ။

ကျွန်တော် သူရေးထားတာတွေကို အခြေခံပြီး ကိုယ့် ဗဟုသုတ အနည်းကို ပေါင်းစပ်ကာ ဖတ်ကောင်းအောင် ဘာသာပြန် လိုက်ပါတယ်။
ဖတ်တဲ့သူ အနေနဲ့လည်း ရင်ထဲမှာ တစ်ခုခု သိသွားမယ်၊ ကျန်ခဲ့မယ်ဆိုရင် ကျွန်တော်ပျော်ပါတယ်။ သဘောထား ကွဲလွဲတာတွေ ရှိရင်တော့
comment မှာထောက်ပြနိုင်ပါတယ်။
| < Prev | Next > |
|---|
Latest Post
Login Form
Categories Table View
- Reader's Conner (103)
- PHP (45)
- Joomla CMS (36)
- Codeigniter (10)
- jQuery (6)
- PHP & AJAX (4)
- Apache (3)
- For Mac (3)
- mySQL (2)

သဘောထားမကွဲလွဲဘူး...
teamwork အကြောင်းပြောတာ အရမ်းထိသွားတယ်..
thanks, very good article